← Chapters

Chapter 99

Vol. 10 Ch. 99

Chapter 99

Vol. 10 Ch. 99

မိသားစုက တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်လာနေခဲ့ကြပြီး အခြေအနေ ငြိမ်သက်သွားချိန်မှာ မဒမ်လီက လီမင်တုန်ရဲ့ အလုပ်အကြောင်းကို ပြန်တွေးလိုက်မိပြန်တယ်။

လီမင်တုန်က နွေဦးပွဲတော်ပြီးလို့ နောက်နှစ်ကိုရောက်ချိန်မှာ ဘွဲ့ရမှာဖြစ်ကြောင်းကိုတွေးရင် မဒမ်လီက အခြေအနေကိုမေးမြန်းဖို့အနောက်ဘက်ခန်းသို့သွားခဲ့တယ်။

မဒမ်လီက တံခါးထဲကနေဝင်လာပြီးနောက် သူမရဲ့ ချိုင်းထောက်ကိုချလိုက်ပြီး အပေါ်ထပ်အင်္ကျီအထူကို တံခါးဝနားမှာ ချိတ်ဆွဲလိုက်တယ်။ ထို့နောက် သူမ အခန်းရှေ့ကနေ နှုတ်ဆက်ပြီး လှမ်းခေါ်လိုက်တယ်

“မင်တုန် ထွက်လာခဲ့ဦး.. စကားပြောရအောင်”

လီမင်တုန်က သူမကို အခန်းထဲမှာ အမြန်ထိုင်ဖို့ ခေါ်လိုက်တော့ မဒမ်လီက သူမရဲ့လက်ကို ဝှေ့ရမ်းပြီး ငြင်းဆန်လိုက်တယ်။

“ငါ့ရဲ့ တစ်ကိုယ်လုံးက လေအေးတွေနဲ့ ပြည့်နေတာ.. ကလေးကို အေးသွားစေလိမ့်မယ်.. မလာတော့ဘူး.. ငါက မင်း ဘွဲ့ရပြီးရင် ဘာတွေလုပ်မလဲဆိုတာမေးမလို့ လာခဲ့တာ.. အရှေ့ဘက်ခန်မှာပဲ ထိုင်ရအောင် အခန်းထဲမှာ မီးလှုံရင်း စကားပြောကြတာပေါ့”

မဒမ်လီက မြေပြင်ပေါ်မှ ထင်းရှူးနီ အပိုင်းအစတွေကို ကောက်ယူပြီး မီးဖိုထဲသို့ ထည့်လိုက်တယ်။ မီးဖိုအတွင်းပိုင်းမှ ထင်းတွေက တောက်လောင်လာတာကြောင့် လူနှစ်ယောက်ရဲ့ မျက်နှာတွေက အလင်းရောင်ရဲ့ ရောင်ပြန်ဟတ်မှုကြောင့် နီရဲသွားခဲ့တယ်။

“မင်း ဘွဲ့ရပြီးတာနဲ့ မင်းကို တာဝန်ချထားမှုနဲ့ ပတ်သက်တဲ့ စာတွေရောက်ပြီလား.. မင်းကို ဘယ်သွားရမှာတဲ့လဲ”

လီမင်တုန်က သတိကြီးကြီး ထားတတ်တဲ့သူပဲ။ မူလတုန်းက သူက တရားဝင် အကြောင်းကြားစာကို ရပြီးမှ သူ့ရဲ့မိသားစုကို ပြောပြချင်ပေမဲ့ မဒမ်လီက မေးလာတာကြောင့် ပြောပြလိုက်တယ်။

“သိထားပြီးပြီ အဖွား.. ကျွန်တော်တို့အိမ်နဲ့ဆိုရင် အန်းပေက အနီးဆုံးပဲလို့ ဆရာမက ပြောတယ်.. အနီးဆုံးနေရာတွေကို ထည့်သွင်းစဉ်းစားပေးမှာဆိုတော့ ကျွန်တော်ကို အန်းပေရဲ့ စိုက်ပျိုးရေးကောလိပ်မှာ သင်ကြားဖို့ တာဝန်ပေးခံရမယ်လို့ ခန့်မှန်းထားပါတယ်”

“ဆရာတစ်ယောက်ဖြစ်လာရတာက ကောင်းပေမဲ့ အိမ်နဲ့ဝေးလွန်းတယ်”

မဒမ်လီက နှုတ်ခမ်းကို ဖိပြီး ပြောလာတယ်။

“အဲဒီနေရာက ငါတို့အိမ်နဲ့ ကီလိုမီတာ 100 ကျော် ဝေးသေးတယ်”

လီမင်တုန်က သူ့ရဲ့မျက်မှန်ကို တွန်းတင်လိုက်ပြီး ကူကယ်ရာမဲ့ ပြုံးလာတယ်။

“ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးရွေးချယ်နိုင်တဲ့အလုပ်ပဲလေ.. ကျွန်တော်က စိုက်ပျိုးရေးကို သင်ယူနေပြီး စိုက်ပျိုးရေးမှာ ကျွမ်းကျင်ခဲ့တာဆိုတော့ ပေရှားမှာက စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ကျောင်းတွေ မရှိဘူး.. ဘယ်လိုပဲ တာဝန်ခွဲပေးပါစေ မိသားစုနဲ့တော့ အရမ်းကြီး နီးကပ်နိုင်မှာမဟုတ်ဘူး..

တကယ်တော့ အန်းပေက သိပ်မဝေးပါဘူး.. ရထားစီးသွားရင် အရမ်းမြန်တယ်လေ.. ရိတုန်လောက်ပဲ ရှိတာပါ”

ရိတုန်နဲ့ အကွာအဝေးအတူတူလောက်မှာပဲ ရှိကြောင်းကိုကြားတော့ မဒမ်လီ အနည်းငယ် ပြေလျော့သွားရတယ်။

ရေအားလျှပ်စစ် စက်ရုံရဲ့ အထက်တန်းကျောင်းသို့ သွားခဲ့တဲ့ လီမင်ပေကလွဲရင် သူမရဲ့ ကျန်တဲ့မြေးတွေအားလုံးက ရိတုန် အထက်တန်းကျောင်းမှာ တက်ခဲ့ကြပြီး တစ်လကို တစ်ကြိမ် ၊ ဒါမှမဟုတ် နှစ်လ တစ်ကြိမ်လောက် အမြဲပြန်လာကြတယ်။ ဒါကြောင့် သိပ်ပြီး ဝေးကွာတယ်လို့ မထင်မိဘူး။

ကွေ့ဟွားရဲအကြောင်းကို တွေးတောလိုက်မိတော့ မဒမ်လီက သူမရဲ့ဆေးတံကို ကာကာ တစ်ဖွာရှိုက်လိုက်ပြီး ပြောခဲ့တယ်။

“မင်းလက်ထပ်ပြီးကတည်းက မင်းရဲ့ဇနီးသည်နဲ့ သိပ်ပြီး ဆုံစည်းခွင့် မရခဲ့ဘူး.. ကျောင်းတက်နေတုန်းကတော့ ဆောင်းရာသီအားလပ်ရက်နဲ့ နွေရာသီ အားလပ်ရက်တွေ ပေါင်းပြီး တစ်နှစ်မှာ နှစ်တစ်ဝက်လောက်တော့အတူ ရှိနိုင်ခဲ့တယ်..

ဒါပေမယ့် အလုပ်ကိုသွားရတော့မယ်ဆိုရင်တော့ အဲလိုအားလပ်ရက်တွေ ရချင်မှ ရနိုင်တော့မှာ.. ကလေးတွေကို အိမ်မှာထားခဲ့ပြီး ကွေ့ဟွားကို မင်းနဲ့အတူ အန်းပေကိုခေါ်သွားလိုက်ပါလား”

လီမင်တုန်က ခေါင်းညိတ်လာတယ်။

“အဆင်ပြေပါတယ်.. ဒါပေမယ့် ဒါကိုပြောဖို့ စောလွန်းသေးတယ် .. အန်းပေကိုရောက်ရင် ဘယ်လိုနေမလဲဆိုတာကို သိရအောင် အဲဘက်ကို သွားလို့ရတဲ့အထိ စောင့်ရဦးမယ်..

ဒီထက်ပိုကျယ်ဝန်းတဲ့ တစ်ယောက်နေအိပ်ဆောင်တစ်ခု ရခဲ့ရင်တော့ ကွေ့ဟွားကိုပါ ခေါ်သွားလိုက်မယ်..

အသားမုန့်လုံးနဲ့ ပဲမုန့်လုံးတို့ကိုတော့ ခေါ်သွားရမယ်ထင်တယ်.. ကွေ့ဟွားက ကလေးတွေမပါရင် စိတ်မဖြောင့်ဖြစ်နေမှာစိုးရတယ်”

“မင်းတို့ရဲ့ သဘောအတိုင်းပဲ လုပ်လေ”

မဒမ်လီက သူမရဲ့ သားတွေနဲ့မြေးတွေကို အကြံပြုရုံသာ ပြောတတ်ပြီး ဖိအားပေးခြင်းမရှိဘူး။ သူတို့မှာ တခြား အကြံဥာဏ်တွေ ရှိရင်လည်း ထိုအတိုင်းလုပ်ဖို့ ခွင့်ပြုလိမ့်မယ်။

“တကယ်တော့ ကလေးတွေက မိဘတွေနဲ့ နေရမယ်ဆိုရင် အကောင်းဆုံးဘဲ.. ဒါပေမယ့် မင်းတို့ကို ပင်ပန်းစေလိမ့်မယ်”

လီမင်တုန်က ပြုံးလိုက်ပြီး မဒမ်လီအတွက် ဆေးရွက်တွေ လိပ်ပေးခဲ့တယ်။

“ကျွန်တော်တို့က ငယ်ရွယ်တော့ အပင်ပန်းခံနိုင်သေးတယ်.. ဒါကို စိတ်ပူစရာ မလိုပါဘူး.. ကျွန်တော်တို့ရဲ့ အဖွားနဲ့ မိဘနှစ်ပါးကတော့ အသက်ကြီးပြီလေ.. အဖွားတို့တွေ ကိုယ့်ဘာသာကိုယ် ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်အေးလက်အေး နေသင့်နေပါပြီ”

လီမင်တုန်ရဲ့စကားတွေကိုကြားတော့ မဒမ်လီကရဲ့ ခန္ဓာကိုယ်က စိတ်သက်သာရာရစွာနဲ့ ပြေလျော့သွားခဲ့ပြီး သူမရဲ့အပြုံးကြောင့် အရေပြားတွန့်ချိုးမှုတွေကလည်း ထင်ရှားလာခဲ့တယ်။

“မင်းရဲ့ စကားတွေနဲ့တင် လုံလောက်ပါပြီ.. ငါတို့တွေ လှုပ်ရှားနိုင်တုန်းပဲဆိုတော့ မင်းတို့ကို ကူညီနိုင်ပါသေးတယ်.. ဒီမျိုးဆက်က မင်းတို့ မြင်တွေ့နေသလောက်လည်း မလှုပ်မရှားနိုင်မဖြစ်သေးပါဘူး..

တကယ်တော့ တစ်သက်လုံး အလုပ်တွေလုပ်လာခဲ့ပြီမှ ဘာအလုပ်မှ မလုပ်ဘဲ တစ်ရက်လောက်နေလိုက်ရရင် ဗလာဖြစ်နေသလို ခံ၀ားနေရတာ”

အကြီးဆုံးမြေးဖြစ်သူရဲ့ အလုပ်က ပြေလည်သွားပြီဖြစ်လို့ မဒမ်လီလည်း စိတ်သက်သာရာရသွားခဲ့တယ်။

သူမက သူမအခန်းထဲသို့ ပြန်သွားခဲ့ပြီး ဝမ်စုဖန်းကို လီမင်တုန်ပြောတဲ့အတိုင်း ပြန်ပြောပြလိုက်တယ်။

“အိမ်နဲ့ဘယ်လောက်ပဲဝေးဝေး.. ဒါက တည်ငြိမ်ပြီး ကောင်းတဲ့အလုပ်ပါပဲ”

ဝမ်စုဖန်းက သူမရဲ့ သားဖြစ်သူက တက္ကသိုလ်မှာ ဆရာတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာကို ကြားလိုက်ရတော့ အပျော်လွန်သွားခဲ့ရတယ်။

“တုန်ဇီရဲ့ ဦးနှောက်က အရမ်းကောင်းတာပဲ.. ဒါဆို အခု ကောလိပ်ကျောင်းသားတွေကတောင် သူ့ဆီက ပြန်ပြီး သင်ယူရတော့မှာပေါ့ ဟုတ်တယ်မလား”

အရှေ့ဘက်မှာ ယောက္ခမနဲ့ချွေးမနှစ်ယောက်သားက စိတ်လှုပ်ရှားစွာနဲ့ ဆွေးနွေးနေကြပေမယ့် ကျန်းကျန်းကတော့ နားထောင်နေရင်းနဲ့ သူမရဲ့နှလုံးသားထဲမှာ နစ်မြုပ်သွားခဲ့ရတယ်။

ဒီဆယ်စုနှစ်အကြောင်းကို သူမ သိပ်ပြီးမသိဘူးဆိုပေမဲ့လည်း ထိုအချိန်တုန်းက တက္ကသိုလ် ဆရာတွေရဲ့ အဆင့်အတန်းတွေက ဘယ်လောက်ထိ နိမ့်ကျသွားခဲ့လဲဆိုတာကိုတော့ သူမသိတယ်။

ဒီအချိန်ကာလကို “ညစ်ညမ်းမှုကိုးနှစ်တာ”လို့ခေါ်ခဲ့ကြပြီး ဆရာတွေကလည်း ပြဿနာတွေနှင့် ဆိုးဆိုးဝါးဝါးဝေဖန်ခံခဲ့ကြရတယ်။

ကျန်းကျန်း ဒီကိစ္စကို အချိန်အတော်ကြာအောင် စဉ်းစားခဲ့ပေမယ့် အဆုံးမှာတော့ မဒမ်လီနှင့် အစမ်းသဘော ညှိနှိုင်းဖို့ ဆုံးဖြတ်ခဲ့တုန်းပဲ။

“အဖွား အစ်ကိုကြီးရဲ့ ဒီအလုပ်က မကောင်းဘူးလို့ ထင်တယ်.. အစ်ကိုကြီးကို နှုတ်ထွက်ခိုင်းတာ ပိုကောင်းလိမ့်မယ်၊ အိမ်ကိုပြန်လာပြီး ရေအားလျှပ်စစ်စက်ရုံမှာ လုပ်တာက ပိုကောင်းပါတယ်”

“ကလေးတွေ နားမလည်ဘူး.. အဓိပ္ပါယ်မရှိတဲ့ စကားကို မပြောနဲ့.. နိုင်ငံတော်က ပေးအပ်တဲ့အလုပ်ကို မလုပ်နိုင်ဘူးလို့ ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မှာလဲ”

မဒမ်လီက ကျန်းကျန်းရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်တယ်။

“မင်းရဲ့အစ်ကိုကြီးနဲ့ယောက်မတို့ကို ခွဲရဖို့ ဝန်လေးနေတာမလား.. အဆင်ပြေပါတယ်.. သူတို့က အားလပ်ရက် ရှိသေးတယ်လေ.. အဲဒီအချိန် အိမ်ကိုပြန်လာနိုင်တယ်”

ကျန်းကျန်း မပျော်မရွှင်ဖြင့် ပါးကိုဖောင်းကားလိုက်တယ်။

“ဒီအလုပ်ကို ကြားကတည်းက သမီးကြောက်လန့်သလိုခံစားနေရတယ်”

“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့”

မဒမ်လီက ကျန်းကျန်းကို ပွေ့ချီလိုက်ပြီး သူမကိုကျွေးဖို့ ထင်းရှူးစေ့တွေကို အခွံခွာလိုက်တယ်။

“မင်းအစ်ကိုက ဒီအလုပ်ကို အရမ်းကြိုက်နေတာ အဖွားတွေ့တယ်.. သူ့မျက်နှာက ဒါကိုပြောရင်းရွှင်လန်းနေခဲ့တာ .. မင်း သူ့ရှေ့မှာ ဒီလိုမျိုး ဆိုးသွန်းတဲ့စကားတွေ မပြောရဘူးနော် သိပြီလား”

ကျန်းကျန်း ကူကယ်ရာမဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူမသည်လည်း လီမင်တုန်က သူ့ရဲ့ တက္ကသိုလ်ဆရာ အလုပ်ကို စွန့်လွှတ်မှာမဟုတ်ဘူးဆိုတာကို နှလုံးသားထဲကနေ နားလည်နေခဲ့တယ်။ ဒါပေမယ့် ဒီအကြောင်းကို ပြောဖို့နည်းလမ်းမရှိဘူးဆိုရင်တောင် သူမရဲ့မိသားစုက ယုံမှာမဟုတ်ဘူးဆိုတာကို သူမရဲ့စိတ်ထဲမှာ သိနေရင်တောင် ကြိုးစားချင်နေခဲ့တုန်းပဲ။

ဘာပဲဖြစ်ဖြစ် လီမင်တုန်လိုမျိုး ကောလိပ်ကျောင်းသားတစ်ယောက်အနေနဲ့ အလုပ်တစ်ခု လုပ်ကိုင်ဖို့က မရှိမဖြစ်လိုအပ်သလို ဒီဘက်ခေတ်မှာ အလုပ်တချို့ လုပ်တာက ကြီးကြီးမားမားကိစ္စမျိုး မဟုတ်ဘူး။

ကျန်းကျန်း အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် အန်းပေက ဘယ်လိုပုံစံမျိုးလဲဆိုတာကို သိဖို့အတွက် သွားကြည့်ရန် ဆုံးဖြတ်လိုက်တယ်။

အန်းပေဆိုတာက ပေရှားမှကီလိုမီတာ 100 ကျော်အကွာအဝေးမှာရှိတဲ့ သေးငယ်တဲ့ခရိုင်မြို့တစ်ခုပဲ။ အရှေ့ဘက်မှာ သစ်တောတွေရှိပြီး အနောက်ဘက်မှာတော့လယ်ကွင်း တစ်ဒါဇင်ကျော်ရှိတယ်။

အန်းပေရဲ့အကြီးဆုံးသော လယ်ကွင်းတွေက အရင်းရှင်တွေနှင့် ပညာတတ်တွေကို ဖိနှိပ်ဖို့ ပြောင်းလဲသွားစေနိုင်တဲ့အရာ ဖြစ်လာနိုင်တယ်။

ကျန်းကျန်း လှည့်ပတ်ကြည့်လိုက်တယ်။ တက္ကသိုလ်နေရာက သန့်ရှင်းနေသေးပြီး ကန်တင်းမှာလည်း စားစရာတွေ အများကြီး ရှိနေတာကို တွေ့ခဲ့ရတယ်။ ကောက်နှံတွေကို ပြန်လည်ရိတ်သိမ်းချိန်မဟုတ်သေးပေမဲ့ ပန်ကိတ်တွေ အပြည့်ရှိနေပြီး ဗိုက်ဆာလောင်ပြီးနေရတာမဖြစ်နိုင်လောက်ဘူး။

ပေရှားကိုပြန်ရောက်တော့ ကျန်းကျန်းတစ်ယောက် သူမရဲ့အတိတ်ဘဝတုန်းက ထိုဆယ်နှစ်လောက် အကြောင်းတွေကို အများကြီးမသိခဲ့တဲ့အပေါ် စိတ်ပျက်နေမိတယ်။

ပညာတတ်တွေနဲ့ အရင်းရှင်လူတန်းစားတွေသ အချိန်အခါကောင်းမရခဲ့တယ်ဆိုတာကိုသာ သိခဲ့တယ်။

ယဥ်ကျေးမှုတော်လှန်ရေးအတွင်းမှာ ဘယ်မြို့တွေက ဘယ်အတိုင်းအတာလောက်အထိ ဖြစ်ပျက်ခဲ့တာလဲဆိုတာတွေကို သူမ ဘာမှ မသိခဲ့ဘူး။

ဒီအဓိကရုန်းထဲမှာ ပါဝင်မိခြင်းမှ ရှောင်ရှားပြီး ထိုအချိန်ဆယ်နှစ်တာ ကာလအတွင်းမှာ မိသားစုကို ဘေးကင်းစွာ ဖြတ်သန်းနိုင်အောင် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲဆိုတာကိုလည်း သူမ မသိခဲ့ဘူး။

အိပ်ရေးမဝတဲ့ညကနေ မိုးလင်းလာပြီးနောက် မဒမ်လီတစ်ယောက် သူမရဲ့မြေးကိုမနက်ပိုင်း လာနှိုးချိန်မှာ မြေးဖြစ်သူရဲ့ ငေးကြောင်နေတဲ့ မျက်လုံးတွေကိုတွေ့လိုက်ရတယ်။

သူမ အံ့အားသင့်စွာမေးလိုက်တယ်။

“ဘာဖြစ်လို့လဲ.. မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား”

ကျန်းကျန်း သမ်းဝေလိုက်ပြီး ခုတင်ပေါ်ကနေ ထထိုင်လိုက်ကာ မျက်လုံးတွေကို ပွတ်သပ်ရင်း အနည်းငယ် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။

“အစ်ကိုကြီးရဲ့ အလုပ်အကြောင်း တွေးလိုက်မိရင် စိတ်ထဲမှာ စိုးရိမ်စိတ်တွေဖြစ်ပြီး ရင်တုန်နေသလိုခံစားရတယ်.. အဖွား အစ်ကိုကြီးနဲ့ သူ့ရဲ့အတန်းဖော်တွေက ဘွဲ့ရပြီးရင် ဘယ်လိုအလုပ်မျိုးတွေကို လုပ်နိုင်တာလဲ”

“ငါ မင်းအစ်ကိုကြီးဆီကနေ ကြားထားတာတော့ သူတို့အားလုံးက ဆရာ၊ဆရာမတွေဖြစ်လာလိမ့်မယ်တဲ့..သူတို့ရဲ့ စိုက်ပျိုးရေး ကောလိပ်က ပြည်နယ်တဝှမ်းက စိုက်ပျိုးရေး ပညာရှင်တွေကို ခေါ်ယူပြီး လူတွေရဲ့ စိုက်ပျိုးနည်းပညာတွေကို တိုးတက်အောင် ကူညီပေးလိမ့်မယ်.. သူတို့တွေက လယ်သမားတွေကို လယ်ယာကောင်းမွန်ပြီး ကောက်နှံစပါးတွေဖြစ်ထွန်းအောင်အောင်မြင်အောင် စိုက်ပျိုးနိုင်ဖို့အတွက် လမ်းပြပေးနိုင်လိမ့်မယ်”

မဒမ်လီက ကျန်းကျန်းကို အိပ်ယာပေါ်မှာ ပြန်ချပြီး အပေါ်ထပ်အင်္ကျီကိုဝတ်ပေးလိုက်တယ်။

ကျန်းကျန်း အဖွားဖြစ်သူရဲ့စကားကိုကြားပြီးနောက် အနည်းငယ်အုံ့မှိုင်းသွားရတယ်။

“ဆရာဖြစ်မှ ရမှာလား? သမီး အဲဒီအကြောင်းကိုတွေးပြီး စိတ်မချသလို ခံစားရတယ်”

All Chapters