← Chapters

Chapter 100

Vol. 10 Ch. 100

Chapter 100

Vol. 10 Ch. 100

မဒမ်လီက ခဏလောက်တိတ်ဆိတ်သွားခဲ့ပြီး သူမရဲ့ဆေးတံကို လှမ်းယူလိုက်မိတယ်။ ထို့နောက် ဆေးတံထဲသို့ ဆေးရွက်ကြီးတွေ ထည့်လိုက်ပြီး ခြင်းတောင်းထဲမှ နိုင်ငံခြားဖြစ်မီးခြစ်ကို ထုတ်ယူလိုက်တယ်။

ပြီးမှ ကျန်းကျန်းက ဆေးလိပ်နံ့ကို မကြိုက်တာကို သတိရသွားပြီး ဆေးတံကို အမြန်ပြန်ဖယ်ရင်း မီးခြစ်ကို ခန်ပေါ်မှာ ပြန်တင်လိုက်တယ်။

ပြီးမှ နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီး နူးညံ့စွာပြောလိုက်တယ်။

“မင်းရဲ့အစ်ကိုအကြီးဆုံးက အိမ်ကနေ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မကုန်ဘဲ နှစ်တွေအကြာကြီးတက္ကသိုလ်တက်နေခဲ့တာ.. သူ့ရဲ့ကျောင်းကနေ လစဉ် ထောက်ပံ့ကြေးတွေတောင် ရနေသေးတယ်.. ဒါက မလုပ်ချင်တော့ဘူးဆိုပြီး နှုတ်ထွက်ချင်တိုင်း နှုတ်ထွက်လို့ရတဲ့အရာမျိုး မဟုတ်ဘူး”

မစ္စလီက သူမရဲ့အဝတ်အစားတွေကို ပြန်ဝတ်ပြီး ခန်ပေါ်ကနေဆင်းကာ ကျန်းကျန်းကို လှဲခိုင်းလိုက်တယ်။

“ဒီမကြောင်းတွေကိုမတွေးနဲ့တော့.. မျက်လုံးမှိတ်ပြီး အိပ်လိုက်.. နောက်မှပဲ မင်းအမေကို လာခေါ်ခိုင်းလိုက်မယ်”

ကျန်းကျန်းလည်း လီမင်တုန်ရဲ့အလုပာတာဝန်နှင့် ပတ်သက်ပြီး ဘာမှ လုပ်နိုင်တာ မရှိတော့တာကြောင့် သူမရဲ့မျက်လုံးတွေကိုသာ ပိတ်လိုက်ပြီး ဖြည်းညှင်းစွာ အိပ်ပျော်သွားခဲ့တယ််။

မဒမ်လီက ကျန်းကျန်းရဲ့စကားတွေထဲမှ တစ်စုံတစ်ရာကို သတိပြုမိခဲ့တာလားဆိုတာကိုတော့ မသိပေမဲ့ ရက်အနည်းငယ်ကြာအောင် လီမင်တုန်ရဲ့ ဘွဲ့ရပြီးနောက် အလုပ်အကြောင်းကိုပြောဖို့ စိတ်မဝင်စားတော့ဘူး။ သူမက ရံဖန်ရံခါမှာ မီးဖိုရှေ့မှာ တစ်ယောက်တည်း ထိုင်နေခဲ့ပြီး တောက်လောင်နေတဲ့ မီးတောက်တွေကို ငေးကြည့်နေတတ်တယ်။

လီမင်တုန်အပြင် သူတို့ရဲ့မိသားစုမှာ လီမင်ရှီလည်းရှိနေပြီး သူကတော့ စစ်သင်တန်းကျောင်းသို့ သွားခဲ့တဲ့အတွက် လက်ရှိမှာ စစ်သားဖြစ်နေပြီ ဖြစ်တာကြောင့် စိတ်ပူစရာ မရှိတော့ဘူး။

လီမင်နန်ရဲ့ ပညာရေးအရည်အချင်းကလည်း ကောင်းမွန်တယ်။

အရင်တုန်းကတော့ သူ့မိသားစုမှ တတ်နိုင်ရင် သူ့ကို ကောလိပ်တက်ခိုင်းမယ်ဆိုတဲ့ အတွေးကို အမြဲပြောလေ့ရှိတာကြောင့် သူက စာကြိုးစားလေ့ရှိတယ်တယ်။

သို့ပေမယ့် နှစ်ရက်လောက် စဉ်းစားပြီးနောက်မှာတော့ မဒမ်လီက ရုတ်တရက် လေသံပြောင်းသွားခဲ့ကာ သူ့ကို အထက်တန်းကျောင်းမှ ပြန်ထွက်လာခိုင်းခဲ့ပြီး ရေအားလျှပ်စစ်စက်ရုံကို ဝင်ဖို့အတွက် လီမင်နန်ကို အိမ်ပြန်ခေါ်ခဲ့တယ်။

လီမင်နန်က လီမင်တုန်လိုမျိုး ပညာရေးအပေါ် အလွန်အမင်းထူးချွန်တာမျိုးမရှိဘူး။ ဒီတော့ မဒမ်လီမှ ထိုသို့ပြောလာချိန်မှာ ကန့်ကွက်တာမျိုးမလုပ်ခဲ့ပဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို လက်လျှော့လိုက်တယ်။

သူ့ရဲ့မိသားစုမှာ လူတွေပိုများလာတယ်လို့ ထင်ရပြီး လီမူဝူကသာ အလုပ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ တစ်ဦးတည်းသောလူပဲ။ ပိုက်ဆံတွေက အများကြီးလိုအပ်နေလိမ့်မယ်။

ဒါကြောင့် လီမင်နန်က နောက်ထပ်မေးခွန်းတွေ မမေးတော့ဘဲ သဘောတူခဲ့တယ်။

လူနာပြက္ကဒိန်ရဲ့ ဆယ်နှစ်လမြောက်နေ့မှာတော့ နှင်းများထူထပ်စွာကျဆင်းနေချိန်မှာပဲ လီမင်ရှီက အိမ်သို့ပြန်လာနိုင်ခဲ့တယ်။

ဝန်စုဖန်းတစ်ယောက် သူမရဲ့ ပိန်ပါးသွယ်လျသွားခဲ့တဲ့ ဒုတိယသားဖြစ်သူကို မြင်တော့ မျက်ရည်တွေကျဆင်းလာခဲ့ရတယ်။

လီမင်ရှီ ကောလိပ်တက်ပြီးကတည်းက အားလုံးပေါင်း အိမ်ကိုနှစ်ကြိမ်လောက်သာ ပြန်ရောက်လာခဲ့ဖူးပေမယ့် အချိန်တိုင်းလိုလို သူ့ရဲ့အသားအရည်က ပိုမိုမည်းနက်လာတတ်ပြီး သူ့ရဲ့မျက်နှာပေါ်မှ အသားတွေကလည်း ပိုပိုနည်းပါးလာတတ်တယ်။

မဒမ်လီက အပြင်ဘက်မှ လှုပ်ရှားမှုတွေကိုကြားတော့ စိတ်လှုပ်ရှားစွာနဲ့ လက်ထဲမှ ငှက်တောင်ကိုပါ ကိုင်ဆောင်ပြီး အခန်းထဲမှ ထွက်ကာ လီမင်ရှီကိုတွေ့ဖို့ ရောက်လာခဲ့တယ်။

လက်တစ်ဖက်မှာ ငှက်မွှေးတုတ်ကိုကိုင်ထားရင်း ထွက်လာတဲ့ အဖွားဖြစ်သူကိုမြင်တော့ လီမင်ရှီတစ်ယောက် အလွန်ထိတ်လန့်သွားခဲ့ရပြီး တံခါးကို မှီရင်းနဲ့ သူ့ရဲ့ တုန်ယင်နေတဲ့ခြေထောက်တွေက အနောက်ဘက်ကို ပြန်ရွှေ့ချင်နေခဲ့တယ်။

“အဖွား.. ကျွန်တော် ဘာမှ မလုပ်ထားပါဘူး.. အဖွား ဘာလုပ်မလို့လဲလဲ၊ ကျွန်တော့်ကို ရိုက်ဖို့ လုပ်နေတာလား”

“မင်းဘာတွေ ကြောက်လန့်နေရတာလဲ? မင်းက စစ်သားတစ်ယောက်ဖြစ်နေပြီလေ.. ဒီထက် ပိုပြီး တင်းတင်းမာမာ မနေနိုင်ဘူးလား”

မဒမ်လီက သူ့ကို ဒေါသတကြီး ရယ်မောလိုက်ပြီး သူ့ရဲ့ခြေထောက်တွေပေါ်မှာရှိတဲ့ နှင်းတွေကို ထိုငှက်မွှေးတံနဲ့ ဖယ်ရှားပေးလိုက်တယ်။

“ဘာလို့ ဘွတ်ဖိနပ်မစီးလာခဲ့ရတာလဲ.. နှင်းတွေဒီလောက်ကျနေတာကို ဒီဖိနပ်နဲ့ စီးပြီးပြန်လာတယ်.. မင်းရဲ့ခြေထောက်တွေအားလုံး စိုချွဲနေပြီမလား?

သွားသွား .. အထဲကိုဝင်ပြီး ဘောင်းဘီနဲ့ ဖိနပ်ကို သွားလဲလိုက်.. ဒီနှစ် မင်းအမေက မင်းအတွက် ချည်ဖိနပ်အသစ်တစ်ရံချုပ်ပေးထားတယ်.. အဲဒါက အတော်လေးထူတယ်”

လီမင်ရှီက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူ့ရဲ့ အညိုရောင်သန်းနေတဲ့မျက်နှာကလည်း နီရဲလာခဲ့တယ်။

“ကျွန်တော် ကျောင်းမှာ စာကျက်ရတာတွေ၊ တိုက်ခိုက်ရတာတွေ ကြံ့ကြံ့ခိုင်ခိုင်နဲ့လုပ်ခဲ့တယ်.. ဒါပေမယ့် အဖွားကို မြင်တော့ ထပ်ပြီး မကြံ့ခိုင်နေနိုင်တော့ဘူး”

“မင်းက မင်းရဲ့အဖွားကို ကြမ်းတမ်းတယ်လို ပြောနေတာလား”

မဒမ်လီက မြေးဖြစ်သူကြောင့် ရယ်မောလိုက်မိတယ်။

လီမင်နန်က အလျှင်အမြန်ပြေးလာခဲ့ကာ လီမင်ရှီရဲ့အိတ်ကို အမြန်လှမ်းယူလိုက်ပြီး ညီအစ်ကိုနှစ်ယောက်က စကာစပြောရင်းနဲ့ အနောက်ဘက်ခန်းဆီသို့ ဝင်သွားခဲ့ကြတယ်။

လီမင်ရှီ ပြန်ရောက်လာပြီဖြစ်လို့ အိမ်ရဲ့ အငွေ့အသက်တွေက သိသိသာသာကြီး ပိုမိုအသက်ဝင်လာခဲ့တယ်။

မဒမ်လီက လီမင်ရှီအတွက် ပျားရည်တစ်ခွက် လောင်းထည့်ပေးလိုက်တယ်။

ထို့နောက် သူမက လီမင်ပေကိုဆေးတံနဲ့ အသာတို့ပြီး ပြောလိုက်တယ်။

“ကြက်ခြံထဲကိုသွားပြီး ကြက်တစ်ကောင်လောက် သွားဖမ်းပြီး သတ်ခဲ့လိုက်.. ကြက်သားနှင့်မှိုစတူးဟင်းချက်စားရအောင်”

လီမင်ပေက ခေါင်းကို မြင့်မြင့်မော့ကာ ရင်ကော့ရင်း အိမ်ထဲမှာ လျှောက်သွားနေတဲ့ ကြက်သားနှပ်ကိုကြည့်ပြီး အပြုံးတစ်ခုနဲ့ လှမ်းပြောလာတယ်။

“ဘာလို့ အပြင်ကိုထွက်ပြီး ကြက်ဖမ်းနေဦးမှာလဲ.. ဒီမှာ တစ်ကောင်ရှိနေတာပဲ မဟုတ်ဘူးလား”

ကြက်သားနှပ်တစ်ကောင် ချက်ချင်းပဲ အေးခဲသွားကာ ဦးတည်ချက်မဲ့စွာနဲ့ ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်ပြီး သူ့ကို ဘယ်သူကမှ မတားဆီးလာတာကိုတွေ့လို့ တောင်ပံတွေကို အလျှင်အမြန်ခတ်ရင်း အရှေ့ဘက်ခန်းဆီသို့ ပြန်ပြေးသွားတော့တယ်။ လီမင်ပေကတော့ သူ့ကိုကြည့်ရင်း ဟားတိုက်ရယ်မောလာခဲ့တယ်။

လီမင်ပေတစ်ယောက် စိတ်အားထက်သန်စွာနဲ့ရယ်မောနေတာကိုကြည့်ရင်း လီမင်ရှီ ပြောလာတယ်။

“နှစ်တွေကြာလာတာနဲ့ မင်းရဲ့ အရပ်တွေလည်း လိုက်မြင့်လာပေမယ့် ဦးနှောက်ကတော့ ပိုပြီး ကြီးထွားမလာဘူးလား.. မင်းရဲ့ ဦးနှောက်က ကြက်သားနှပ်ရဲ့ဦးနှောက်ထက်တော့ အများကြီး ပိုကောင်းနေလိမ့်မယ်လို့ ငါမထင်ဘူး”

လီမင်ပေက ရယ်မောလိုက်တယ်။ တစ်ဖက်မှ လီမင်နန်က သူ့ရဲ့အပေါ်ထပ်အဝတ်အစားတွေကို ဝတ်ပြီး အပြင်ထွက်ဖို့လုပ်နေတာကို မြင်တော့ သူလည်း ချက်ချင်းပဲ အဝတ်အစားကို ဝတ်လိုက်ပြီး လှမ်းပြောလိုက်တယ်။

“တတိယအစ်ကို ကျွန်တော်လည်းအတူလိုက်ခဲ့မယ်.. ကြက်လှောင်အိမ်ထဲမှာ ကြက်မအငယ်လေးတွေရှိတယ်.. အကြီးတစ်ကောင်ကိုပဲ သတ်ရအောင်”

ကြက်သားနှပ်က အရှေ့ဘက်ခန်းထဲသို့ အလျင်အမြန်ပြေးလာခဲ့ပြီး သူ့ရဲ့ခေါင်းကိုပြူထွက်ကာ ချောင်းကြည့်နေခဲ့တယ်။

လီမင်ပေ အခန်းထဲမှ ပြေးထွက်လာတာကိုမြင်တော့ အလွန်အမင်းထိတ်လန့်သွားရပြီး မြေပြင်ပေါ်မှာ လဲကျသွားတော့တယ်။

လီမင်ကျုံး သူ့ဘေးနားကိုရောက်လာနေပြီဖြစ်တဲ့ လီမင်ပေကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကိုပြန်လှည့်ကာ ကြက်သားနှပ်ကို ပါးစပ်နဲ့ကိုက်ချီလိုက်တယ်။ သူ့ရဲ့အသိုက်ထဲသို့ ပစ်ချကာ လီမင်ပေရဲ့အမြင်အာရုံကနေ တားဆီးလိုက်ပြီး တံခါးကို တိတ်တဆိတ်ပိတ်လိုက်လေတယ်။

ကျန်းကျန်းက ခန်ပေါ်မှာထိုင်ပြီး စာအုပ်ဖတ်နေရင်းကနေ တစ်ကိုယ်လုံး တုန်ယင်နေတဲ့ ကြက်သားနှပ်ကိုမြင်တော့ အော်ရယ်လိုက်မိကာ သူ့အတွက် ဖရဲစေ့အနည်းငယ်လောက်ချပေးလိုက်တယ်။

“မင်းဆီကို ရောက်မလာပါဘူး.. ဘာလို့ ဒီလောက်တောင် ကြောက်လန့်နေရတာလဲ”

ကြက်သားနှပ်က ကြက်သိုက်ထဲကနေ ခေါင်းတစ်ခုတည်းကိုပဲ ထုတ်ဖော်လာခဲ့ပြီး သူ့ရဲ့ မတ်ပဲစေ့လေးတွေလို မျက်လုံးတွေက ဒီအကြောင်းနဲ့ ပတ်သက်ပြီး အနည်းငယ် မကျေနပ်ကြောင်း ပြနေခဲ့တယ်။

“ ငါက ဉာဏ်ရည်မြင့်လို့ အရိုက်မခံရတာလေ.. နောက်ပြီး နှစ်တိုင်း တုတ်တွေနဲ့ ရောက်လာတဲ့အချိန်တိုင်း အရမ်းမြန်မြန်ပြေးပုန်းနိုင်လို့လွတ်နေတာ”

ကျန်းကျန်း သူ့ရဲ့စကားတွေကြောင့် ရယ်ချင်သွားခဲ့ရတယ်။ ထိုနှစ်တုန်းက သူတို့ရဲ့ မိသားစုမှာ ကြက်တွေနှင့် ဝက်တွေကို စတင်မွေးမြူပြီးကတည်းက နှစ်သစ်အစတိုင်းလိုလိုမှာ အိမ်မှာမွေးထားတဲ့ ဝက်ကလေးတစ်ကောင်နှင့် ကြက်အကောင်ရေအနည်းငယ်လောက်ကို ဖမ်းသွားလိမ့်မယ်။

ထိုကြက်တွေက အချိန်အနည်းငယ်လောက် ကြာပြီးသွားရင် အရိုက်ခံလိုက်ရကာ ချက်လိုက်ကြပေမဲ့ အမြဲတမ်း ကျန်ရစ်နေခဲ့တဲ့ အကောင်ကတော့ ကြက်သားနှပ်ပဲ။

ကျန်းကျန်းက သူ့ကို သဘောကျတာကိုတွေ့တာကြောင့် မဒမ်လီက သူ့ကိုချန်ထားဖို့ အမြဲပြောတတ်လေ့ရှိတယ်။

ဒီတော့ ကြက်သားသာ အားအင်ပြည့်ဝနေမယ်ဆိုရင် သူမက သူ့ကို စတူးဟင်းချက်ဖို့စိတ်ဝင်စားမှာမဟုတ်ဘူး။ သူမက ကြက်သားနှပ်ကို ချက်စားဖို့ ရည်ရွယ်ချက်မရှိသလို ဒီနေ့လိုမျိုး အေးခဲတဲ့နေ့တွေမှာ အိမ်ထဲမှာတောင် ခေါ်ထားလေ့ရှိတယ်။ အခုဆိုရင် သူ့မှာ လီမင်ကျုံးရဲ့ဘေးနားမှာ ကိုယ်ပိုင်အသိုက်လေးရှိနေပြီ။

ကြက်သားနှပ်နဲ့ လီမင်ကျုံးတို့ကို ကျန်းကျန်းက ကောင်းစွာ လေ့ကျင့်ထားတယ်လို့ ပြောနိုင်တယ်။ ဆောင်းရာသီမှာဆိုရင် ဒီအိမ်ထဲမှာ ကြက်တစ်ကောင်နဲ့ ခွေးတစ်ကောင်တို့က ပေါင်းသင်းဆက်ဆံရေးအလွန်ကောင်းမွန်းပြီး အလွန်တရာမှ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေသေးတယ်။

မနက်ဖြန်မနက်ပိုင်းကိုရောက်ရင်တော့ လီမင်ကျုံးက ကြက်သားနှပ်တစ်ကောင် သတ်မှတ်နေရာတစ်ခုဆီမှာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းနိုင်ရန်အတွက် တံခါးကိုဖွင့်ပေးပြီး အပြင်သို့ ထွက်ခိုင်းလိမ့်မယ်။

သူ့ရဲ့ အလုပ်ကိစ္စတွေကနေ ပြန်လာ တဲ့အချိန်မှာလည်း တခြားသူတွေက တံခါးဖွင့်ပေးဖို့ မလိုအပ်ဘူး။ သူကိုယ်တိုင် မတ်တပ်ရပ်ပြီး တံခါးကို ဖွင့်ပေးနိုင်တယ်။

ဝမ်စုဖန်းက သန့်ရှင်းမှုကို အလွန် နှစ်သက်သဘောကျတယ်။ သူမက ကြက်သားနှပ်ကို အိမ်ထဲမှာ ထည့်ထားမယ်ဆိုတဲ့စကားကိုကြားတော့ အလွန်ပမင်း မပျော်ရွှင်ခဲ့ဘူး။ တစ်အိမ်လုံး ညစ်ပတ်နေပြီး အနံ့အသက်ဆိုးတွေ ထွက်လာမှာကို သူမ စိတ်ပူနေခဲ့တယ်။ နောက်ပြီး လီမင်ကျုံးက သူ့ကိုရန်ရှာပြီးဟောင်မှာကိုလည်း စိတ်ပူခဲ့တယ်။

ဒါကြောင့် သူတို့ကို နေ့တိုင်း ပြောင်းထမင်းနည်းနည်းလောက်ဆီ အတူကျွေးဖို့ လုပ်ခဲ့တယ်။

ဆောင်းရာသီအတွင်းမှာဆိုရင် ကျန်းကျန်းက သိပ်ပြီး အပြင်ကို မထွက်တတ်ဘူး။ ဒါကြောင့် ခွေးတစ်ကောင်နှင့် ကြက်တစ်ကောက်က သူမနဲ့အတူရှိနေတာကြောင့် အထီးကျန်ခြင်းကို အများကြီး သက်သာစေခဲ့တယ်။

လီမင်ပေတို့က ကြက်တစ်ကောင်ကိုသတ်ပြီးနောက် သန့်ရှင်းခဲ့ကာ ပြင်ဆင်ထားတဲ့ မှိုတွေကို ထည့်ပြီး တစ်နာရီခန့် ဆူပွတ်နေအောင်တည်ထားခဲ့တယ်။ ဒါကြောင့် အိမ်အတွင်းပိုင်းအထိ အသားနံ့တွေရနေခဲ့တယ်။

လီမင်ကျုံးက မကြာခဏ မီးဖိုချောင်ဘက်သို့ သွားကြည့်ခဲ့ပြီး ကျန်းကျန်းနဲ့ ပြန်လာပြီး ဆွေးနွေးတော့တယ်။

“ ကြက်ခေါင်းကို ဘယ်သူမှ စားရတာမကြိုက်ဘူးမလား.. ငါ့ကို ပေးလို့ရမလား”

ကြက်သားနှပ်က သူ့ရဲ့ ကြက်သိုက်ထဲကနေ ခေါင်းထောင်ပြီ ထလာကာ လီမင်ကျုံးရဲ့ခေါင်းကို နှုတ်သီးနဲ့ ထိုးဆိတ်လာခဲ့တယ်။

“မင်းက ဒီလောက်ထိ စားတော်ပွဲကျင်းပချင်နေတယ်ပေါ့လေ.. ငါ့ရှေ့မှာ ကြက်ခေါင်းစားဖို့လာပြောနေတယ်.. အဲဒီကြက်ခေါင်းက ငါ့ခေါင်းလောက် အရသာရှိလား”

လီမင်ကျုံးက သူ့ရဲ့ ထိုးဆိတ်ခံရမှုကြောင့် စိတ်ဆိုးသွားခဲ့ပြီး ခေါင်းကိုလှည့်ကာ သူ့ရဲ့ရှေ့ခြေထောက်တွေကို မြှောက်ပြီး ကြက်သားနှပ်ကို ကြက်သိုက်ထဲသို့ ပြန်ပို့ပြီး ဖိထားလိုက်တယ်။

ကျန်းကျန်း ဆောင်းရာသီကတည်းက အပြင်ကိုထွက်တာ သိပ်မရှိတော့သလို လီမူဝူကလည်း ဒီဆောင်းရာသီမှာ အလုပ်ရှုပ်နေတာကြောင့် အမဲလိုက်ဖို့ အချိန်မရှိခဲ့ဘူး။ ဒါကြောင့် မိသားစုထဲမှာ လစဉ်ဝယ်နိုင်တဲ့ ဝက်သား (22)ကယ်တီ ဝေစုသာ ရှိနေခဲ့ပြီး လူတစ်ဦးစီရဲ့ ဝေစုအရ ဆာလောင်မှုကို ပြေပျောက်စေဖို့အတွက် အသားတချို့ကို လှီးဖြတ်ပြီး အသီးအရွက်တွေနဲ့ မွှေကြော်ရုံသာ စားနိုင်ခဲ့တယ်။

ကျန်းကျန်းလည်း လီမင်ကျုံးက အမှန်တကယ်စားချင်နေမှန်းကိုသိတာကြောင့် သူမရဲ့ဘေးနားကို ခေါ်ပြီး ခေါင်းကို ပွတ်ပေးရင်းပြောလိုက်တယ်။

“ကြက်သားအရိုးတွေက ပါးလွှာတယ်.. မင်း စားတဲ့အချိန်ကျရင် ဝါးလို့ရပေမဲ့ မျိုမချလိုက်နဲ့.. အရိုး လည်ချောင်းမှာ ကပ်မနေအောင် သတိထားဦး”

လီမင်ကျုံးက မျှော်လင့်တကြီးနဲ့ ခေါင်းညိတ်ပြလာပြီး ကျန်းကျန်းရဲ့နောက်ကနေ ညစာစားဖို့ လိုက်သွားခဲ့တယ်။ ကြက်သားနှပ်ကတော့ သူ့ရဲ့အသိုက်ထဲကနေ ခေါင်းပြူထွက်ရင်း မကျေမနပ် ပြောကာ ကျန်ရစ်ခဲ့လေတယ်။

“မှိုနဲ့ရောချက်တဲ့ ကြက်စတူးက ဘာတွေများ အရမ်းအရသာရှိနေလို့လဲ! ငါ့ရဲ့ကြက်သားနှပ်လိုမျိုး မွှေးကြိုင်ပြီး အရသာရှိလို့လား?! အေကာင်းစားကိုမသိတတ်တဲ့ခွေးငတုံးကောင်!”

All Chapters