← Chapters

နတ်ဘုရား မင်းသား ဟုတ်လား ပုရွက်ဆိတ်ပါပဲ

Vol. 11 Ch. 1095

နတ်ဘုရား မင်းသား ဟုတ်လား ပုရွက်ဆိတ်ပါပဲ

Vol. 11 Ch. 1095

သို့သော်လည်း သူတို့၏ အသိတရားဝင်မှုက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“ဘုန်း...”

ချန်းဖန်သည် လက်သီးတစ်ချက်ကို ထိုးနှက်လိုက်၏။ သူ၏ လက်သီး၌ လောင်ကျွမ်းနေသည့် သုံးရောင်ခြယ် မီးသည် တိုင်ချူ ကောင်းကင် သင်္ဘော၏ အလွှာများကို တိုက်စားသွား၏။ အဆုံး၌ ၎င်းက တိုင်ချူ နတ်ဘုရား အစီအရင်ကိုပါ နှစ်ပိုင်းပိုင်း ပစ်လိုက်သည်။

“ဘုန်း...”

တိုင်ချး ကောင်းကင် သင်္ဘောမှာ ထက်ပိုင်း ပြတ်ကာ ပေါက်ကွဲ သွား၏။ သင်္ဘောထက်ရှိ ရွှေအမြုတေ အဆင့် တစ်ဝက်နီးပါးနှင့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်မှာ ချက်ချင်းပင် အသတ်ခံလိုက်ရသည်။

“ဝှစ်...”

ချန်းဖန်သည် ကျန်းချူရန်ကို အချိန်မှီ ဆွဲထုတ်လိုက်ကာ သူမ၏ ခါးအား ဖက်၍ ကိုင်ထားလိုက်၏။

“အား... ချန်းပေ့ရွှမ်း...”

နတ်ဘုရား ဗိုလ်ချုပ်လင်းကား ပျက်စီသွားသော တိုင်ချူ ကောင်းကင် သင်္ဘောကို ကြည့်ကာ အလွန်တရာ ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ သူသည် ချန်းဖန်ထံသို့ တိုးဝင်ကာ အရူးတစ်ယောက် အလား တိုက်ခိုက် တော့၏။

“ဘုန်း...”

ချန်းဖန်က ကျန်းချူရန်ကို လက်တစ်ဖက်ဖြင့် ဖက်ရင်း အခြား လက်တစ်ဖက်ဖြင့် ထိုးနှက် လိုက်သည်။ သူကား ခန္ဓာ၊ နတ်ဘုရား စိတ်ဝိညာဥ်နှင့်၊ ဓမ္မ စွမ်းအား တည်းဟူသော စွမ်းအင် သုံးခုလုံးကို အသုံးပြု၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်ရာ ထိုတိုက်ခိုက်မှုမှာ အလွန် ပြင်းထန်လှ၏။

“ဘုန်း...”

နတ်ဘုရား ဗိုလ်ချုပ်လင်း၏ ခန္ဓာကိုယ် တစ်ဝက်မှာ ပေါက်ကွဲသွား၏။ သို့တိုင်အောင် လက်သီး စွမ်းအားမှာ ရပ်တန့်ခြင်း မရှိသေးပဲ နတ်ဘုရား ဗိုလ်ချုပ်လင်း၏ နောက်ရှိ အပိုလို ရွှေသင်္ဘောကို ထိကာ အပေါ်ကြီး တစ်ခု ဖြစ်ပေါ်လာစေသည်။

“ဘုန်း...”

ချန်းဖန်က နောက်ထပ် လက်သီးတစ်ချက်ကို ထိုးလိုက်ပြန်၏။ ထိုတိုက်ခိုက်မှုသည် နတ်ဘုရား ဗိုလ်ချုပ်လင်း၏ ကျန်ခန္ဓာ တစ်ဝက်ကို ဖျက်ဆီးကာ ဝူကျိ ကြယ်သင်္ဘောထံ ဆက်လက် ရွေ့လျားသည်။

“ဘုန်း...”

ဝူကျိ ကြယ်သင်္ဘောမှာ ချာချာလည်ကာ နောက်ပေတစ်ထောင်ခန့် အထိ လွင့်စဥ် သွားလေ၏။

ထိုအခိုက်တွင်ပင်...

“အတင့်ရဲလှချည်လား...”

အေးစက်သော အသံနှင့် အတူ ရွှေရောင် အလင်းတန်း တစ်ခုမှာ မူလ နတ်ဘုရား နန်းတော်၏ တံခါးဝမှ ထွက်ပေါ်လာ၏။

“ဝှစ်...”

ထိုအလင်းတန်းက လူငယ် တစ်ယောက် အသွင်သို့ ပြောင်းလဲကာ ချန်းဖန်အား အေးစက်စွာ ကြည့်သည်။  သူ၏ မျက်လုံးများသည် ဒဏ္ဍာရီဆန်ကာ ဖန်ဆင်းမှု အားလုံး၏ အခြားတစ်ဖက်၌ ရှိ၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများကား နတ်ဘုရား ဗိုလ်ချုပ်လင်း၊ နတ်ဘုရား ဗိုလ်ချုပ် ရွှမ်မင်တို့ထက်ပင် ပို၍ ပြင်းထန် နေချေသေးသည်။

တိုင်ချူ နတ်ဘုရား နယ်မြေ၏ အကြီးအကဲ တစ်ယောက်က ငိုယိုကာ တိုင်တောလိုက်၏။

“အရှင်မင်းသား... နတ်ဘုရား ဗိုလ်ချုပ်လင်းနဲ့ အခြား တပည့်တွေ အတွက်  ဒီလူကို သတ်ပြီး ပြန်လက်စားချေပေးပါ”

ထိုလူငယ်ကား တိုင်ချူ နတ်ဘုရား နယ်မြေ၏ နတ်ဘုရား မင်းသားပင် ဖြစ်သည်။ သူသည် နတ်ဘုရား ဗိုလ်ချုပ်လင်း၏ အလောင်းနှင့် ပျက်စီးနေသော တိုင်ချူ ‌ကောင်းကင် သင်္ဘောကို ကြည့်ကာ မျက်လုံးများ နီရဲ လာခဲ့၏။ ကျန်းချူရန်၏ ခါးကို ဖက်ကာ ရပ်နေသော ချန်းဖန်ကို မြင်သော အခါတွင်မူ သူကား ဒေါသကို မထိန်းချုပ် နိုင်တော့ချေ။

“မင်း... ခွေးကောင်... ”

သို့သော်လည်း သူ၏ စကား မဆုံးခင်မှာပင် ချန်းဖန်ကား လက်သီး တစ်ချက်ကို ပစ်လွှတ် လိုက်ပြီ ဖြစ်သည်။

“ဘုန်း...”

လက်သီး စွမ်းအင်သည် ချန်းဖန်၏ ခွန်အား အပြည့်ကို သယ်ဆောင်ထားခြင်း မရှိသည့်တိုင် တိုင်ချူ နတ်ဘုရား မင်းသားအား နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားစေ၏။

“ဟဟ... နတ်ဘုရား မင်းသား ဟုတ်လား... ငါ့မျက်လုံးထဲမှာတော့ မင်းက ပုရွက်ဆိတ်ပဲ”

ချန်းဖန်က ရယ်မော လိုက်သည်။

“မင်း...”

တိုင်ချူ နတ်ဘုရား မင်းသားက ချန်းဖန်အား မုန်းတီး ရွံရှာစွာ ကြည့်လိုက်သည်။ ထိုအခိုက်၌ သူကား ချန်းဖန်ကို အထင်သေးရဲခြင်း မရှိတော့ချေ။

“ကောင်စုတ်လေး... မင်း ဘယ်သူလဲ ဆိုတာ ငါမသိဘူး... ဒါပေမဲ့ မင်း လုပ်ခဲ့တဲ့ လုပ်ရပ် အတွက် အသက်နဲ့ ပြန်ပြီး ပေးဆပ်ရမယ် ဆိုတာကိုတော့ ငါမိုးကောင်းကင်ကို သက်သေထားပြီး ကျိန်ဆိုတယ်”

ထိုအခိုက်တွင်ပင်...

“ဝှစ်... ဝှစ်... ဝှစ်....”

အခြား နတ်ဘုရား မင်းသားများမှာ မူလ နတ်ဘုရား နန်းတော်ထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။

သူတို့ထဲမှာ အချို့မှာ ခရမ်းရောင် မျက်လုံးနှင့် ငွေရောင် ဆံပင်ကို ပိုင်ဆိုင် ထားကြကာ အချို့မှာမူ ရွှေခန္ဓာကို ပိုင်ဆိုင် ထားကြသည်။ သူတို့ တစ်ယောက်ချင်းစီမှာ အလွန် အစွမ်းထက်ကြကာ အားအနည်းဆုံး တစ်ယောက် ပင်လျှင် နတ်ဘုရား ဗိုလ်ချုပ်များနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။

သူတို့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများသည် နေတစ်စင်း အလား ကြောက်မက်ဖွယ် ကောင်းသည့် ခံစားချက် ဖိအားများကို ပေးသည်။ ချန်းဖန်၏ ကာကွယ်မှု အောက်၌ ရှိနေသည့် ကျန်းချူရန် ပင်လျှင် ထိုဖိအားများကြောင့် အသက်ရှူရန် ခက်ခဲလာနေခဲ့၏။

“နတ်ဘုရား မင်းသားတွေရဲ့ စွမ်းအား ဆိုတာ ဒါမျိုးလား...”

ကျန်းချူရန်က စိတ်ထဲမှ တွေးလိုက်မိ၏။ ထို့နောက် သူမက သူမ၏ ခါးကို ဖက်ထားသည့် ချန်းဖန်အား မော့ကြည့် လိုက်မိသည်။

ချန်းဖန်သည် လက်တစ်ဖက်ဖြင့်ပင် တိုင်ချူ နတ်ဘုရား မင်းသားကို နောက်သို့ ခြေနှစ်လှမ်း ဆုတ်ခွာစေခဲ့သည်။ ထိုအရာက သူ၏ ခွန်အားမှာ ထိုနတ်ဘုရား မင်းသားများထက် ပိုမိုသည်ဟု အဓိပ္ပာယ် ရသလော။

“ဘာတွေ ဖြစ်နေတာလဲ...”

တစ်ချိန်တည်း၌ နတ်ဘုရား မင်းသားများမှာ ဝင်ပေါက်၌ ဖြစ်ပျက်နေသည့် အရာများကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေကြ၏။

“ဟိုဟာက ချီယွင်ဂိုဏ်းက ‌ရောင်းရင်းချန်းရဲ့ အလောင်းမလား... သူ့ ခေါင်း တစ်ခုလုံးက ကြေမွ နေတာပဲ”

“ဟုတ်တယ်... ဟိုမြေပေါ်မှာ ပြုတ်နေတဲ့ဟာကြီးက ကျင်းတင်းဂိုဏ်း အကြီးအကဲ လုထျန်းမင်ရဲ့ ပုဆိန်မလား... ဒီလို ကောင်းကင် ရတနာကိုတောင် နှစ်ပိုင်းပြတ်တဲ့ အထိ ဘယ်သူက လုပ်လိုက်တာပါလိမ့်”

“နောက်ပြီး ဝိုင်နတ်ဘုရားဂိုဏ်းရဲ့ ဝူယွမ်လည်း သေပြီ... သူ့ရဲ့ ဗူးသီးခြောက်လည်း ကွဲနေပြီ”

သူတို့ကား မူလ နတ်ဘုရား နန်းတော်ထဲကို လွန်ခဲ့သည့် သုံးရက်မှသာ ဝင်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခု ပြန်ထွက်လာချိန်တွင်မူ သွေးအိုင် တစ်ခုကသာ သူတို့ကို ဆီးကြိုနေခဲ့သည်။

အားလုံးထဲ၌ တိုင်ချူ နတ်ဘုရား နန်းတော် တစ်ခုတည်း သာလျှင် အကြီးအကျယ် အထိနာခဲ့ခြင်း မဟုတ်ချေ။ အခြားသော ထာဝရဂိုဏ်းကြီးများမှာလည်း ၎င်းတို့၏ ကျင့်ကြံသူ တစ်ဝက်ခန့်ကို ဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်သည်။ အချို့ ဂိုဏ်းငယ်များ ဆိုလျှင် ဂိုဏ်းလုံးကျွတ်ပင် အသတ်ခံ ခဲ့ရသည်။

နတ်ဘုရား မင်းသား အချို့သည် ဝူကျိဂိုဏ်း၏ နတ်ဘုရား ဗိုလ်ချုပ်ယွင် မရှိတော့သည်ကို သတိထားလိုက်မိကြ၏။ ပေထောင်ချီ ကွာဝေးသော အရပ်တွင်မူ နတ်ဘုရားဗိုလ်ချုပ်ယွင်၏ လက်နက် ဖြစ်ဟန်တူသော လှံကျိုး တစ်စင်းကို တွေ့ရသည်။ ကြည့်ရသည်က တိုက်ပွဲ အတွင်း နတ်ဘုရား ဗိုလ်ချုပ်ယွင်ပါ သေဆုံး သွားခဲ့သည်လား။

“ဘာတွေ ဖြစ်နေတာလဲ... လွန်ခဲ့တဲ့ သုံးရက်လုံးလုံး သူတို့က တိုက်ခိုက်ခဲ့ကြတာလား...”

“မဖြစ်နိုင်ပါဘူး... လွန်ခဲ့တဲ့ သုံးနာရီလောက် အထိ သူတို့ အားလုံး အဆင်ပြေနေကြတာပဲဟာ... နောက်ပြီး ငါတို့တွေလည်း မူလ နတ်ဘုရား နန်းတော်ထဲမှာ ဘာကိုမှ ရှာမတွေ့သေးဘူးလေ... တိုက်ခိုက်ဖို့က စောလွန်းပါသေးတယ်”

နတ်ဘုရား မင်းသားများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် မည်သည့် အရာများ ဖြစ်ပျက်သွားသည်ကို စဥ်းစား မရခဲ့ချေ။

ထိုအချိန်မှာပင် ဝူကျိဂိုဏ်း၏ အကြီးအကဲ တစ်ယောက်က ချန်းဖန်ကို လက်ညိုးထိုးရင်း အော်ဟစ် တိုင်တော လိုက်၏။

“အရှင်မင်းသား... ဒီမိစ္ဆာကောင်က ကျွန်တော်တို့ရဲ့ ရောင်းရင်းတွေကို သတ်ဖြတ်ခဲ့ပါတယ်... နတ်ဘုရား နတ်ဘုရား ဗိုလ်ချုပ်ယွင်တောင် ကျဆုံး သွားခဲ့ရပါပြီ... သူ့ကို သတ်ပြီး လက်စားချေပေးပါ”

“အရှင်မင်းသား...”

နဲ့ကုန်းဂိုဏ်း၊ ချန်ရှန်းဂိုဏ်းနှင့်  အပိုလို နန်းတော်၏ အကြီးအကဲများကလည်း သူတို့၏ နတ်ဘုရား မင်းသားများထံ ဖြစ်ပျက်သမျှ အလုံးစုံကို အစီရင်ခံ လိုက်ကြသည်။

“ဘာ... ဒီဟာတွေ အကုန်လုံးကို သူ တစ်ယောက်တည်း လုပ်ခဲ့တာလား”

နတ်ဘုရား မင်းသားများမှာ ချန်းဖန်ကို ကြည့်ကာ အံ့သြသွားကြ၏။ သူတို့ကား သုံးရက်တည်းသာ မူလ နတ်ဘုရား နန်းတော် အတွင်း ဝင်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအတောအတွင်း၌ ထိုလူငယ်လေးသည် အခြေတည် ဝိညာဥ်အဆင့် တစ်ရာ နီးပါးနှင့် နတ်ဘုရား ဗိုလ်ချုပ် နှစ်ယောက်တို့ကို သတ်ဖြတ် ပစ်ခဲ့သည်။ သူက နတ်ဘုရား အစီအရင်၏ ကာကွယ်မှု ‌အောက်၌ ရှိနေသည့် ဓမ္မ ရတနာကြီး တစ်ခုကိုပင် ဖျက်ဆီးခဲ့သည်။

“မင်းက ဘယ်သူလဲ...”

တိုင်ချူ နတ်ဘုရား မင်းသားက အေးစက်သော လေသံဖြင့် မေးလိုက်သည်။

“ငါ့နာမည်က ချန်းပေ့ရွှမ်း...”

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြန်ဖြေ လိုက်၏။

***

All Chapters