← Chapters

ငါ့ရဲ့အိမ်မွေးလိပ်ကလေး

Vol. 1 Ch. 2

ငါ့ရဲ့အိမ်မွေးလိပ်ကလေး

Vol. 1 Ch. 2

" လခွမ်း! ငါ့ကို တကယ်ကြီးကိုက်တာပဲဟ "

နာကျင်မှုကြောင့် လျူယောင်လည်း လက်ကို ပြန်ရုတ်လိုက်ရသည်။ လိပ်ကလေးကိုက်လိုက်သောကြောင့် သူ၏လက် မှာ ပေါက်သွားပြီး သွေးထွက်လာသည်။

" ငါ ဒီလိပ်ကို မမွေးခဲ့သင့်ဘူးပဲ။ အစားကြီးရုံတင်မကပဲ ကိုက်လဲ ကိုက်တက်သေးတယ်။ " ဟုလျူယောင်တွေးရင်း အနည်းငယ် ဝမ်းနည်းသလို ခံစားမိလိုက်သည်။

ဒါပေမဲ့ လိပ်ကလေးရဲ့ ပါးစပ်တွင် ပေနေသော သူရဲ့ သွေးများမှာ အံ့ဩစရာကောင်းလောက်အောင် လျင်လျင်မြန်မြန် ပျောက်ကွယ်သွားတာကိုတော့ လျူယောင် တစ်ယောက် မသိလိုက်ပေ။

လျူယောင်က သူ၏ ဒဏ်ရာကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး အနာကပ်ပလာစတာဖြင့် ကပ်ထားလိုက်သည်။

ဒဏ်ရာက မကြီးသောကြောင့် ဆေးရုံသွားရန် သူ မစဉ်းစားပေ။ ထို့ပြင် ဤဒဏ်ရာလေးဖြင့် ဆေးရုံသွားပါက အပိုကုန်မည်ဖြစ်သည်။

" ဒါက ဘာလဲဟ "

ဂြိုလ်သားနည်းပညာနှင့် တူတဲ့ မှန်ပုံစံ အကွက်တစ်ခုက လျူယောင်ရဲ့ ရှေ့‌တွင်ပေါ်လာခဲ့သည်။ထိုအရာကို မြင် မြင်လိုက်ခြင်း လျူယောင် မျက်လုံးများ ပြာသွားသည်။ မျက်လုံးများ ပြန်ကောင်းလာတဲ့အခါ ပျော်ရွှင်သွားသည်။

" ဒီဟာက ငါရဲ့ ရွှေလက်ချောင်း ဖြစ်နိုင်လား ! "

လျူယောင်လည်း ချက်ချင်းပင် လေးနက်စွာကြည့်လိုက်သည်။ မှန်ကွက်ပေါ်တွင် အထင်ရှားဆုံးမှာ အသက်ဝင်နေတဲ့ လိပ်‌တစ်ကောင်ပင် ဖြစ်သည်။

လိပ်ရုပ်ပုံအပြင် ပင်ကိုအရည်အချင်းနှင့် စွမ်းရည်များလည်း ရှိပသည်။

အိမ်မွေးတိရစ္ဆာန် အမျိုးအစား-

သန္ဓေပြောင်း လျှပ်တစ်ပြတ် လိပ်

ခွန်အား - ၃

ခန္ဓာကိုယ် ကြုံခိုင်မှု - ၂

လျင်မြန် ဖျတ်လတ်မှု - ၁

ရေထဲတွင်တစ်နာရီ အမြန်နှုန်း - 5 ကီလိုမီတာ။

အလေးချိန် - 282 ဂရမ်

ကျွမ်းကျင်မှုများ- အဆင့် ၁ လိပ်ခွံအကာအကွယ် နည်းစနစ်၊ အဆင့် ၁ လိပ်အသက်ရှုနည်းစနစ်

လျူယောင် အစပိုင်းတွင် အံ့အားသင့်သွားပေမဲ့ နောက်တွင် ဝမ်းသာသွားသည်။

သူ့အနေဖြင့် ဒီလိပ်လေးဟာ ထူးထူးခြားခြား သန္ဓေပြောင်းမျိုးစိတ် ဖြစ်နေမယ်လို့ မထင်ထားမိပေ။ ကံကောင်းထောက် မစွာဖြင့် ဘုရားသခင်က သူ့ကို မေ့မထားခဲ့ဘဲ နောက်ဆုံးတွင် ရွှေလက်ချောင်းတစ်ခု ရှိလာပြီဖြစ်သည်။

မကြာမီ လျူယောင်က "ခွန်အား"၊ "ကိုယ်ခန္ဓာ ဖွဲ့စည်းပုံ" နှင့် "လျင်မြန်ဖျတ်လတ်မှု" တို့ရဲ့ နောက်တွင် မျှဝေနိုင်‌တဲ့ ခလုတ်များကို သတိပြုမိပြီး ကျွမ်းကျင်မှု့နှစ်ခုရဲ့ နောက်တွင်လည်း မျှဝေနိုင်တဲ့ ခလုတ်များ ရှိ‌နေသည်။

ပိုင်ရှင်က လိပ်ရဲ့ အရည်အချင်းများနှင့် စွမ်းရည်ကို မျှဝေနိုင်သည်။

ဒါက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။

လျှပ်တစ်ပြက်လိပ်က ဆက်လက်ကြီးထွားနိုင်ပြီး သူ့ရဲ့ အရည်အချင်းများနှင့် စွမ်းရည်များလည်း ပိုမိုအစွမ်းထက်လာမာ်လို့ လျူယောင် ခန့်မှန်းမိသည်။ ထိုကဲ့သို့ ကြီးထွားလာပါက လိပ်ရဲ့ အရည်အချင်းများနှင့် စွမ်းရည်များကို မျှဝေတဲ့ အချိန်တွင် အလွန် အံ့အားသင့်ဖွယ်ကောင်းလိမ့်မည်။

ယခုလက်ရှိတွင် လိပ်ကလေးက ငယ်ရွယ်လွန်းတဲ့ အပြင် သူရဲ့ စွမ်းရည်များမှာလည်း နိမ့်ကျနေပေသေးသည်။

လျူယောင်လည်း လိပ်အသက်ရှူနည်းစနစ် နှင့် လိပ်ခွံအကာအကွယ်နည်းစနစ် တို့ရဲ့ နောက်ရှိ မျှာဝေနိုင်တဲ့ ခလုတ်ကို နှိပ်လိုက်သည်။နှိပ်ပြီး မကြာခင်မှာပဲ နည်းနစ်နှစ်ခုနှင့် ပက်သက်တဲ့ အကြောင်းအရာများစွာက သူရဲ့ စိတ်ထဲကို တိုးဝင်လာခဲ့သည်။

အချိန်တို အတွင်းမှာပဲ လျူယောင်အနေဖြင့် စွမ်းရည်နှစ်ခုလုံးကို ကျွမ်းကျွမ်းကျင် တက် မြောက်သွား‌သည်။လိပ်ခွံအကာအကွယ် နည်းစနစ်ဖြင့် လူတစ်ယောက်ရဲ့ခုခံကာကွယ်နိုင်စွမ်းကို အတိုင်းအတာ တစ်ခု အထိ တိုးမြှင့်နိုင်သည်။

လုံးဝဥဿုံလုံခြုံတယ် ဟု မဆိုနိုင်ပေမဲ့ ထိုးနှက်ချက်တွေကို ခုခံ ကာကွယ်နိုင်စွမ်းမှာ သာမန်လူတစ်ယောက်ထက် သာတာကိုတော့ ငြင်းလို့မရပေ။

လိပ်အသက်ရှူနည်းစနစ်ကို ကျွမ်းကျွမ်းကျင်ကျင်တက် မြောက်ပြီးတဲ့ နောက် အသက်ရှူနှုန်းကို အချိန်အတော်အတန်ကြာ ထိန်းထားနိုင်ကြောင်း သိရပေမဲ့ အသက် မရှူပဲ မည်မျှကြာကြာ နေနိုင်တာ ကိုတော့ စမ်းသပ်ရန် ကျန်ရှိနေသေးသည်။

ရုတ်တရက် လျူယောင် သူ့ရဲ့ လိပ်နဲ့ ဆက်နွယ်မှု တစ်ခု ရှိလာတာကို ခံစားလိုက် မိသည်။ သူက လိပ်ကလေးနဲ့ အမှန်တကယ် ဆက်သွယ်နိုင်ပေသည်။

" ခုနက ကိုက်လိုက် မိတာ တောင်းပန်ပါတယ် သခင် "

တကယ်ကြီး ဆက်သွယ်နိုင်တာပဲ။

လျူယောင် အံဩမှုနှင့်အတူ ဝမ်းသာသွားသည်။ သူက လိပ်နဲ့ ဆက်သွယ်နိုင်တာ ကြောင့် ပိုအဆင်ပြေသွားသည်။

စကားအနည်းငယ်ပြော ပြီးနောက် လိပ်ရဲ့ ဉာဏ်ရည်မှာ သုံးနှစ်အရွယ်ကလေးလောက်ပင် ကောင်းကောင်းမဖွံ့ဖြိုးသေးကြောင်း သိလိုက်ရသည်။

ဆက်လက် ကြီးထွားလာမှာ မို့လို့ ထိုအရာက ပြဿနာ မဟုတ်ပေ။

ညအရောက် လိပ်ကလေးက လျူယောင်ကို ဆက်သွယ်ပြောဆိုလာသည်။

" သခင် ကျတော် ဗိုက်ဆာတယ်။ ကျတော့်ကို ငါးနည်းနည်းလောက် ကျွေးနိုင်မလား? "

" မင်းက တကယ့်ကို အစားပုပ်လေးပဲ၊ နေ့လည်ကပဲ ငါးတွေစားထားတာ မဟုတ်လား "

" သခင် ကျတော် ဗိုက်ဆာတယ် "

" ဟုတ်ပြီ။ ဒီကျန်တဲ့ငါး‌တွေ အကုန် ငါမင်းကို ကျွေးလိုက်မယ်။ နောက်ထပ် စားချင်ရင်တော့ မနက်ထိ စောင့် "

" ဟုတ် ဟုတ် "

ငါးတွေစားရမှာကို တွေးရင်း လိပ်ကလေးက လျင်လျင်မြန်မြန်ပဲ သဘောတူလိုက်သည်။

လျူယောင်လည်း တစ်ကောင်ချင်း ကျွေးမနေတော့ပဲ ကျန်နေတဲ့ ငါးများကို ပုံးထဲ ထည့်ပေးလိုက်သည်။ နေ့လယ် ကလိုပင် လိပ်ကလေးက လောဘတကြီး စားသောက်နေပေသည်။

လိပ်ကလေးက အစားကြီးတာကြောင့် အိမ်မှာထားဖို့ အဆင်မပြေနိုင်ကြောင်း လျူယောင် စဉ်းစားမိသည်။

လိပ်ကလေး စားပြီးသည့်နောက် လျူယောင်က ရေပြန်လဲပေးလိုက်သည်။

" ဒီမှာပဲနေ။ ဘယ်မှ မသွားနဲ့ "

လိပ်ကလေးသည်လည်း နာခံစွာဖြင့် ငြိမ်နေသည်။ ရေအသစ် လဲပေးပြီးသည့်နောက် လိပ်ကလေးကို ပုံထဲ ပြန်ထည့်ထားလိုက်သည်။

နောက်တစ်ရက် မနက်စောစောမှာတော့ လျူယောင် အိပ်ယာထကာ အခြားအလုပ်တစ်ခုခု ရှာရန်အတွက် စဉ်းစားမိသည်။ အလုပ်မရှိ ဝင်ငွေမရှိပါက ဟွာဟိုင်းလိုနေရာမျိုးတွင် ကြာကြာနေရန်အတွက် မလွယ်ကူပေ။

" သခင် ကျတော်ဗိုက်ဆာနေပြီ။ ဆာလွန်းလို့ သေတော့မယ် "

ဟု လိပ်ကလေးက ရုတ်တရက်ဆိုသလို ဆက်သွယ်လာသည်။

လျူယောင်လည်း လိပ်ကလေးနှင့် ဆက်သွယ်မှု အကန့် ကိုဖွင့်ကြည့်လိုက်ပြီးနောက် အံ့ဩသွားပေသည်။

လိပ်ကလေးရဲ့ အရည်အချင်းများမှာ ၁ မှတ်၊ ၂ မှတ် အစရှိသည်ဖြင့် အတိုင်းအတာ တစ်ခု အထိ တိုးတက်လာပေသည်။ လျူယောင် အမှန်တကယ် အံ့ဩသွားတာက လိပ်ကလေးရဲ့ အလေးချိန် ဖြစ်သည်။

မနေ့က ၂၈၂ ဂရမ်သာ ရှိပေမဲ့ အခု ၄၂၂ ဂရမ်ရှိနေပြီဖြစ်သည်။

တစ်ညထဲနဲ့ ဂရမ်တစ်ရာကျော်တောင် ကြီးလာတာလား!

လျူယောင် ရေပုံးထဲကို အလျင်စလို သွားကြည့်လိုက်ရာ လိပ်ကလေးမှာ အမှန်တကယ်ပင် မနေ့ကထက် အရွယ်အစား သိသိသာသာ ကြီးလာတာကို တွေ့လိုက်ရသည်။

စားလဲ စားနိုင်သလို အရွယ်အစားကြီးတာကလည်တယ်မြန်သကိုး။

လိပ်ကလေးက အစားသန်တဲ့ အတွက် အိမ်ထဲတွင် ဆက်လက် မွေးမြူရန် အဆင်မပြေတော့ပေ။ လိပ်ကလေးမှာ စားလေလေ ကြီးလာလေလေ၊ ကြီးလာလေလေ ပိုစားနိုင်လေလေ ဖြစ်တဲ့ အတွက် လျူယောင်အနေနဲ့ မွဲပြာကျသွားနိုင်သည်။

အလေးချိန်မှာ ကီလိုဂရမ်အထိ ရှိလာပါက ၎င်းကို ကျွေးဖို့ တစ်ရက်လျှင် ဆယ်ဒေါ်လာခန့် ကုန်ကျနိုင်သည်။

" မတက်နိုင်ဘူး၊ ငါတကယ် မတက်နိုင်ဘူး "

လျူယောင် ငြီးငြူလိုက်သည်။

ထိုကဲ့သို့ ကြီးထွားပုံမျိုးနဲ့ ဆိုပါက နောက်နှစ်ရက်လောက်ဆိုလျှင် ရေပုံးဖြင့် ဆန့်မည် မဟုတ်တော့ပေ။

လျူယောင်လည်း လိပ်ကလေးအနေဖြင့် ကိုယ့်ကိုကိုယ် အားကိုးပြီးဝ မ်းစာရှာကာ ကိုယ့်အားကိုယ်ကိုး နိုင်ရန် အပြင်မှာ ထားသင့်တယ် ဟုတွေးမိလိုက်သည်။

" လိပ်ကလေး လွတ်လွတ်လပ်လပ် နေပြီး ငါးတွေ ပုဇွန်တွေကို မင်းစိတ်ကြိုက် စားလို့ရတဲ့နေရာ တစ်ခုကို ငါတွေ့ထားတယ် ၊ မင်း အဲ့မှာနေချင်လား "

" ကြိုက်တယ် ကြိုက်တယ် ၊ ကျတော်အဲ့လိုနေရာမှ နေချင်တယ် "

လိပ်ကလေးက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

ထို့ကြောင့် လျူ‌ယောင်လည်း လိပ်ကလေးကို အိပ်ထဲထည့်ကာ အပြင်ထွက်လာလိုက်သည်။

လိပ်ကလေးကို ထားရန်နေရာအတွက် မူ သူကြိုတင် စဉ်းစားပြီးဖြစ်သည်။

ဒီနေရာနဲ့ မနီးမဝေးရှိ ပန်းခြံထဲမှာ နာမည်ကြီး ရေကန်တစ်ကန် ရှိသည်။ ရေကန်ရဲ့ အောက်ခြေမှာ မြေအောက် မြစ်နဲ့ ဆက်သွယ်ထားတယ် ဟုဆိုကြသည်။

ပန်းခြံကို ရောက်အောင် လျူယောင် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ခဲ့ရသည်။

ရေကန်က မကြီးပေမဲ့ ဧက ၃၀ မှ ၅၀ ခန့်အထိ ကျယ်ဝန်းပေသည်။

ရေကန်အတွင်းရှိရေမှာ ကြည်စိမ်းနေသည်။

ရေမှာ အတော်နက်တာကြောင့် ကန်အလယ်တွင် အနည်းငယ် နက်နေသည်။ ထို့ကြောင့် ဒီရေကန်ကို မှင်ရေကန် ဟုခေါ်ကြသည်။

" ဒါ မင်းရဲ့နေရာ အသစ်ပဲ၊ မင်းဒီမှာ ယာယီတော့ နေရလိမ့်မယ် "

လျူယောင်က လိပ်ကလေးကို အိတ်ထဲမှ ထုတ်ရင်း ပြောလိုက်သည်။

ရေထဲကို ရောက်ရောက်ချင်း လိပ်ကလေးမှာ ဒီနေရာက ရေပုံးထဲမှာနေရတာထက် ဆယ်ဆမက ပိုကောင်းကြောင်း သိလိုက်ရသည်။

" ကျတော် ဒီနေရာကို အရမ်းကြိုက်တယ် သခင်ရေ။ တာ့တာ "

လိပ်ကလေးမှာ ပျော်ရွှင်စွာ ကူးခတ်ကာ ပျောက်ကွယ်သွားပေသည်။

ရုတ်တရက် လျူယောင်အနေနဲ့ အနည်းငယ် ဝန်လေးမိသည်။

လိပ်ကလေးက ဒီနေရာမှာ ဘေးကင်းလောက် မှာပါဟုတွေးရင်း လျူယောင် အနည်းငယ် စိတ်ပူမိသည်။

All Chapters