← Chapters

လိပ်ခွံအကာအကွယ် နည်းစနစ်

Vol. 1 Ch. 6

လိပ်ခွံအကာအကွယ် နည်းစနစ်

Vol. 1 Ch. 6

"အဲ့တာ သူပဲ "

ကိုင်ဟူပင်းက ဒီနေရာတစ်ဝိုက်တွင်လမ်းသလားနေသူ ဖြစ်တာကြောင့် လျူ‌ယောင် ချက်ချင်း မှတ်မိလိုက်သည်။ကိုင်ဟူပင်းက လျူယောင်ကို ပြုံးပြကာမေးလိုက်သည်။

တစ်ဖက်လူမှာ လမ်းပေါ် မှာရှိတဲ့ လူများကို ကလိမ်ကကျစ်ကျလေ့ ရှိသူအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတာကြောင့် လျူယောင်လည်း ပြဿနာ မတက်ချင်သဖြင့် လှည့်ထွက်လိုက်သည်။

ထိုသို့လှည့်ထွက်လိုက်ခြင်းက ကိုင်ဟူပင်းကို ကြောက်တယ်ဟု မဆိုလိုချေ။ တစ်ယောက်ချင်း ဖြစ်သဖြင့် ထိုလူကို လျူယောင် ကြောက် မနေပေ။

အဓိကမှာ ပြဿနာ မတက်ချင်လို့ ဖြစ်သည်။

သို့သော် ခြေလှမ်း အနည်းငယ် အတွင်းမှာ ကိုင်ဟူပင်းက မှီလာပြီး လျူ‌ယောင်ကို တားလိုက်သည်။

" ငါ့ညီ မင်းရွှေဆွဲကြိုးရောင်းတာ ယွမ် တစ်သောင်းကျော် ရခဲ့တယ်မလား "

ထိုအခိုက်မှာ ဘာအတွက်လည်းဆိုတာ လျူယောင် နားလည်လိုက်သည်။

" လက်တလော ငါ ပိုက်ဆံပြတ်နေလို့ ငါပိုင်တဲ့ ရွှေဆွဲကြိုးကို ထုတ်ရောင်းခဲ့တာလေ၊ ပြဿနာ ရှိလို့လား "

ကိုင်ဟူပင်းမှာ အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

" ပြဿနာတော့ မရှိပါဘူး၊ ငါလဲ ပိုက်ဆံပြတ်နေလို့ ယွမ်တစ်သောင်းလောက် ချေး "

အမှန်တကယ်တွင် ချေးယူနေခြင်း မဟုတ်ပဲ လုယူနေခြင်းပင်။

အပေါ်ယံတွင် ချေးနေပေမဲ့ သေချာပေါက် ပြန်ပေးမှာ မဟုတ်ပေ။ လျူယောင်က ငတုံး မဟုတ်တာမို့ ရယ်လိုက်မိသည်။

ထိုအရာမှ ကိုင်ဟူပင်းရဲ့ လှောင်ပြောင်မှု့ သပ်သပ်သာ ဖြစ်ပေသည်။

ကိုင်ဟူပင်းက ဓားမြှောင်အသေးတစ်ချောင်းကို ထုတ်ကာ ကိုင်လိုက်ရင်း ပြောလိုက်သည်။

" မြန်မြန်လုပ်၊ မဟုတ်မှ ငါ့အဆိုး မဆိုနဲ့၊ ဒီလမ်းကြားထဲမှာ ဘယ်သူမှ ရှိမနေဘူး‌ကွ "

တစ်ဖက်လူရဲ့ လက်ထဲက ဓားမြှောင်ကို မြင်လိုက်ရာတွင် လျူယောင် အနည်းငယ်လန့် သွားသည်။ဘာကြောင့်လည်းဆိုတော့ ဓားဖြင့်အထိုးခံရပါက သေနိုင်တယ်လေ။

"ငါကံကောင်းလို့ ရခဲ့တာကို ဘာလို့ သူ့ကို ယွမ် တစ်သောင်းပေးရမှာလဲ "

လျူယောင် အလျင်အမြန်စဉ်းစားလိုက်ရာ ရုတ်တရက်ပင် အကြံတစ်ခု ရလိုက်လေသည်။

" အကိုဟူ မင်းဘယ်လိုရောက်လာတာလဲ "

"လခွမ်း၊ တစ်ယောက်ယောက်လာနေတာလား"

လျူယောင်ရဲ့ စကားသံကို ကြားတာနှင့် ကိုင်ဟူပင်းက ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။

အခွင့်ကောင်းပဲ

ထိုအခွင့်အရေးကို လျူယောင် စောင့်နေခြင်းဖြစ်ပြီး ချက်ချင်းပင် ဓားကိုင်ထားတဲ့ လက်ကောက်ဝတ်ကို ရိုက်ချလိုက်သည်။

ဓားက မြေပေါ်ပြုတ်ကျသွားတာနဲ့ လျူယောင်ကို ကန်ထုတ်လိုက်သည်။

" အိုး "

ကိုင်ဟူပင်းမှာ သူ အရူးလုပ်ခံလိုက်ရတာကို သိတဲ့အခါ မျက်နှာက ကြောက်စရာကောင်းလောက်အောင် ရှုံတွသွားပြီး အော်ပြောလိုက်သည်။

" ကောင်လေး မင်းငါ့ကို လာကစားနေတာလား "

လျူယောင်လည်း ပြန်ခနဲ့လိုက်သည်။

" ဒီလို အသိဉာဏ်လေးနဲ့ ငါ့ပိုက်ဆံကို လိုချင်တာလား၊ ဟာသပဲ "

ထိုအခါ ကိုင်ဟူပင်းမှာ အမှန်တကယ် ဒေါသထွက်သွားပြီး အနားရှိ အုတ်ပုံမှ အုတ်ခဲ တစ်ခဲ ကို ကောက်ယူလိုက်သည်။

သူက လမ်းသရဲ ဖြစ်တာမို့ တိုက်ခိုက်ရေး အတွေ့အကြုံမှာ မနည်းချေ။

လျူယောင်မှာ ငယ်စဉ်ကပင် လူယဉ်ကျေးလေး ဖြစ်သဖြင့် တစ်ခါမျှ ရန် မဖြစ်ဖူးပေ။

ကိုင်ဟူပင်းက အုတ်ခဲဖြင့် ရိုက်လိုက်တဲ့ ပထမ အချက်ကို ရှောင်နိုင်ပေမဲ့ ဒုတိယ အချက်ကို မရှောင်နိုင်တော့ပဲ လျူယောင့်ရဲ့ကျောကို ရိုက် မိသွားသည်။

" ဗုန်း "

အသံမှာ ခပ်အုပ်အုပ်သာ ထွက်လာသည်။ အုတ်ခဲဖြင့် အရိုက်ခံရတဲ့ လျူ‌ယောင် တစ်ယောက် သူရဲ့မျက်နှာနှင့် ကမ္ဘာမြေကြီး မိတ်ဆက်တော့မည်ကို တွေးကာ ကိုင်ဟူပင်း တိတ်တဆိတ် ပျော်ရွှင်သွားသည်။

လခွမ်း၊ ဘာလို့ သူဘာမှ မဖြစ်တာလဲ

အုတ်ခဲဖြင့် အရိုက်ခံလိုက်ရတာကို ကလိထိုးသလို ခံစားလိုက်ရပြီး မသက်မသာ ဖြစ်တာမျိုး လျူယောင် မခံစားမိချေ။

သို့သော် ပြိုင်ဘက်က အားနည်းခြင်း မဟုတ်တာကို လျူယောင် နားလည်သွားသည်။ ထိုအရာမှ ပထမအဆင့် လိပ်ခွံ အကာအကွယ် နည်းစနစ်ကြောင့် ဖြစ်လိမ့်မည်။

ဒီအချက်ကို နားလည်ပြီးနောက် လျူယောင်ကြောက်မနေတော့ပဲ အုတ်ခဲ တစ်ချပ်ကို ကောက်ယူလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ ကိုင်ဟူပင်းကို ပြန်တိုက်ရပေမည်။

" ဗုန်း "

လျူယောင်က အုတ်ခဲဖြင့် ရိုက်လိုက်ချိန်တွင် ကိုင်ဟူပင်းလည်း ပြန် ရိုက်သည်။

ကိုင်ဟူပင်းကတော့ လိပ်ခွံအကာအကွယ်စွမ်းရည် မရှိသဖြင့် အုတ်ခဲ ဖြင့် အရိုက်ခံရခြင်းမှာ ဟာသ မဟုတ်ပေ။

ထို့ကြောင့် ကိုင်ဟူပင်း အော်ဟစ်လိုက်ရသည်။

ထိုအချိန်မှာပဲ လျူ‌ယောင်က နောက်တစ်ချက် ထပ်ရိုက်လိုက်ရာ ကိုင်ဟူပင်းရဲ့ပခုံးကို ပြင်းထန်စွာရိုက်မိသွားသည်။ အရိုးကျိုး မကျိုး မသေချာပေမဲ့ ပခုံးတစ်ခုလုံး ယောင်ကိုင်းလာသဖြင့် ရက်အနည်းအနား မယူရင် သက်သာမည် မဟုတ်ချေ။

ကိုင်ဟူပင်း ထပ်မံအော်ဟစ်လိုက်ရသည်။

သူနားမလည်တာက လျူယောင်မှာ အရိုက်ခံရတာကို ဘာမှမဖြစ်သလို နေနိုင်ခြင်းဖြစ်သည်။

""ဘုရားသခင်! "

ဒီကောင်တစ်ခုခု လှည့်စားလိုက်တာလား၊ ဒါမှမဟုတ် ငါကပဲ တကယ်အားမရှိတာလား

လျူယောင်က ကိုင်ဟူပင်းရဲ့ မျက်နှာကို ထပ်မံရိုက်ချလိုက်ရာ ကိုင်ဟူပင်းမှာ ဝက်တစ်ကောင်ကဲ့သို့ စူးစူးဝါးဝါးပင် အော်ဟစ်လိုက်ရသည်။

ကိုင်ဟူပင်း တစ်ယောက် နှာခေါင်းသွေးများ အပြင် မျက်ရည်များပါ ကျလာသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူပြီး လျူယောင် ကိုင်ဟူပင်းရဲ့ ခေါင်းကို အုတ်ခဲဖြင့် ထပ်မံရိုက်ချလိုက်ပြန်သည်။ ခေါင်းပေါက်သွားသဖြင့် သွေးများစီးကျလာသည်။

ယခုလို ဆက်အရိုက်ခံနေရပါက သေသွားနိုင်တာကို ကိုင်ဟူပင်း တွေးမိကာ ပြန်လည် တိုက်ခိုက်လိုစိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ ထို့ကြောင့် အုတ်ခဲကို ချကာ သုတ်ခြေတင် ပြေးတော့သည်။

လျူယောင်က အုတ်ခဲကို လက်တွင်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ကိုင်ဟူပင်းကို ညွှန်ပြီး အော်ပြောလိုက်သည်။

" လာပါဟ၊ ငါပိုက်ဆံတွေ လာယူပါအုံး "

ထိုသို့အော်ဟစ်လိုက် မှ ဒေါသ အနည်းငယ်ပြေသွားပြီး အုတ်ခဲကို ချကာ သူငှားထားတဲ့ အိမ်ကိုလျူယောင် ပြန်လာခဲ့လိုက်သည်။

အိမ်ရောက်ရောက်ချင်း လျူယောင်က အဝတ်အစားများကို ချွတ်ကာ စစ်ဆေးကြည့်ပြီးနောက် စိတ်သက်သာရာ ရသွားသည်။

"လိပ်ကလေးရာ၊ ငါမင်းကို တကယ်ချစ်သွားပီ"

"လိပ်ခွံ အကာအကွယ် နည်းစနစ်က တကယ်မိုက်တာပဲ""

အဝတ်အစားပေါ်မှ ဖုန်မှုန့်တစ်ချို့မှ လွဲလျှင် လျူယောင်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ယောင်ရမ်းတာ မူမမှန်တာမျိုး ရှိမနေချေ။

သူ့ လက်မောင်းကို အုတ်ခဲဖြင့် အရိုက်ခံရပေမဲ့ ယခုမူ အကောင်းတိုင်း ဖြစ်သည်။

ထို့ကြောင့် လျူယောင်မှာ စိတ်သက်သာရာရသွားသဖြင့် ဖုန်းကို ထုတ်ကာ ယွမ် 14000 ကို စစ်ကြည့်ပြီးနောက် ဟူဂျွန်းရှီရဲ့ နံပါတ်ကို နှိပ်လိုက်သည်။

" ဂျွန်ဇီ၊ မင်းအားရင် ဒီည လျူဂျိမှာ ပင်လယ်စာ သွားစားရအောင်လေ "

ဖုန်းထဲတွင် ဟူဂျွန်းရှီမှာ အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။

ဟွာဟိုင်းမှ နိုင်ငံတကာဆက်သွယ်ရေးမြို့ ဖြစ်သဖြင့် ကုန်ကျစရိတ်မှာ မသေးလှချေ။ ကမ်းရိုးတန်းမြို့ဖြစ်ပေမဲ့ ပင်လယ်စာများကဈေးကြီးလှသည်။

လျူဂျိ ပင်လယ်စာ စားသောက်ဆိုင်မှာ အတော်အတန် အဆင့်အတန်း မြင့်တဲ့ အထဲတွင် ပါလေသည်။ ပင်လယ်စာကို လူနှစ်ယောက်စားမည် ဆိုပါက အနည်းဆုံး ဒေါ်လာ ရာဂဏန်းခန့် ကုန်ကျလိမ့်မည်။

ဟူဂျွန်းရှီ အံ့အားသင့်သွားတာကို သိလိုက်ရတဲ့အတွက် လျူယောင် ရယ်လိုက်မိသည်။

" အဟုတ်ပဲ၊ ငါကံကောင်းလို့ ပွပေါက်တိုးထားတာကွ "

" တကယ်ကြီးလား "

ဟူဂျွန်းရှီမှာ မယုံကြည်တဲ့ လေသံဖြင့် ထပ်မံ ပြောလိုက်သည်။

" မြန်မြန်သာ လာခဲ့စမ်းပါ၊ ငါ လျူဂျိ ပင်လယ်စာ ဆိုင်မှာ စောင့်နေမယ် "

" အေး အေး အဲ့တာဆိုလည်း ငါလာခဲ့လိုက်မယ်"

နောက်ဆုံးတော့ ဟူဂျွန်းရှီမှာ ယုံကြည်သွားကာ လျူယောင်အတွက် ဝမ်းသာသွားသည်။ ယခင်က သူ လျူယောင့်အတွက် စိတ်ပူနေခဲ့ရသည်။

ထို့ကြောင့် "လျူယောင်နှင့် တွေ့ရင် " ကံကောင်းပြီး ပွပေါက်တိုးတာ ငွေဘယ်‌လောက်ရလိုက်လဲ မေးရမယ်" ဟု ဟူဂျွန်းရှီ တွေးလိုက် သည်။

All Chapters