← Chapters

ငွေဒင်္ဂါး မြောက် များစွာ

Vol. 1 Ch. 8

ငွေဒင်္ဂါး မြောက် များစွာ

Vol. 1 Ch. 8

ငွေဒင်္ဂါးတစ်ခု

ရေထဲတွင် အချိန်ကာလတစ်ခု အထိ နစ်မြုပ်နေခဲ့သဖြင့် မျက်နှာပြင်ပေါ်တွင် အမည်းရောင် ဖြစ်နေပေမဲ့ ထိုအရာမှာ ငွေဒင်္ဂါးပင် ဖြစ်သည်။

၎င်း၏ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် ပုံစံတို့က ငွေဒင်္ဂါးဟု ဖော်ပြနေပေသည်။

လျူယောင်လည်း ခန့်မှန်းခြေ ယွမ် နှစ်ရာ သုံးရာခန့် တန်ကြေးရှိသော ငွေဒင်္ဂါးကို ကြည့်ကာ အကျေနပ်ကြီး ကျေနပ်နေပေသည်။

" မင်းတော်တယ် လိပ်ကလေး "

လိပ်ကလေးမှာ အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။

" သခင် အဲ့တာက တန်းဖိုးရှိတယ်လား "

" ရှိတာပေါ့ကွ၊ ဒါက တရုတ်ပြည်သူ့သမ္မတ နိုင်ငံခေတ်က ငွေဒင်္ဂါးပဲ၊ ဒီအပိုင်းအစလေးက အနည်းဆုံး ယွမ် နှစ်ရာ သုံးရာလောက် တန်တယ်ကွ "

စကားဆုံးသည်နှင့် လျူယောင်မှာ ယခုလို အပိုင်းအစ တစ်ခုသာ ရှိသဖြင့် အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။ သုံး၊ လေး၊ ငါး ဒါဇင်ခန့် ရှိပါက ပိုကောင်းမှာ ဖြစ်သည်။

ထိုစဉ်မှာပင် လျူယောင် မမျှော်လင့်ထားတဲ့ အရာတစ်ခုကို လိပ်ကလေးမှ ပြောချလိုက်သည်။

" သခင် ဒီလိုဟာတွေက ကန်အောက်မှာ ပေါတယ် "

ထိုအခါ လျူ‌ယောင် စိတ်တက်ကြွသွားကာ လိပ်ကလေးကို ပြောလိုက်သည်။

" အဲ့တာဆိုလည်း ငါ့ဖို့ အကုန်ယူခဲ့ကွာ "

" အိုကေဘာ သခင် "

လိပ်ကလေးမှာလည်း ပျော်ရွှင်သွားပုံရကာ ရေကန်ထဲသို့ ပြန်လည် ကူခတ်သွားသည်။

ကန်‌ရဲ့အောက်ခြေရှိ မြင်ကွင်းကို လျူယောင်သာ မြင်နိုင်ပါက အံ့ဩသွားမည်မှာ အသေအချာပင်။

ကန်၏အောက်ခြေတွင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျက်စီးနေပုံပေါ်တဲ့ မြေအိုးကြီး တစ်လုံးမှာ ရွှံ့နွံထဲတွင် ရှိနေပေသည်။

ထိုအိုးထဲတွင် ငွေဒင်္ဂါး အ‌မြောက်အမြား ရှိနေပြီး တစ်စုံတစ်ဦးက ဝှတ်ထားခဲ့ခြင်း ဖြစ်ပေမည်။

သူဌေးတစ်ဦး ဖြစ်နိုင်သကဲ့သို့ ကုန်သည်ကြီး တစ်ဦး၊ သို့မဟုတ် ဂုဏ်ကျတ်သရေရှိ လူကြီး တစ်ဦးလည်း ဖြစ်နိုင်ပေသည်။

ရှန်ဟိုင်းမြို့ကြီးသည် ရှည်လျားသော သမိုင်းကြောင်း ရှိသည့် မြို့ကြီး တစ်မြို့ ဖြစ်သည့် အပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ လက်ထက်တွင်လည်း မြို့ကြီး ဖြစ်ခဲ့သည့်အတွက် ကြွယ်ဝချမ်းသာသူ များစွာရှိခဲ့သည်။

" လိပ်ကလေးရေ ငွေဒင်္ဂါးတွေ အကုန်လုံးကို ငါ့ဆီယူလာခဲ့ပေး "

လျူ‌ယောင်က လိပ်ကလေးနဲ့ ဆက်သွယ်ပြောကြားလိုက်သည်။

" အိုကေဘာ သခင် "

လိပ်ကလေးမှာ ရေကန်အောက်ခြေသို့ ကူးခတ်သွားပြီးနောက် နှစ်မိနစ် သုံးမိနစ် အတွင်းမှာပင် ငွေဒင်္ဂါးများကို ရှိရာကို ရောက်ရှိသွားလေသည်။

လိပ်ကလေးမှာ ပါးစပ်ဖြင့် ငွေဒင်္ဂါးများကို ကိုက်ချီခဲ့တဲ့အပြင် သူ့ရဲ့ ရှေ့လက်များဖြင့်လည်း ငွေဒင်္ဂါးများကို ညှပ်ကာ သယ်သူခဲ့လေသည်။

အလေးချိန် ကတ်တီ ဒါဇင်ကျော် ရှိနေပြီ ဖြစ်သည့် လိပ်ကလေးမှာ တစ်ကြိမ်လျှင် ငွေဒင်္ဂါးများစွာကို သယ်သူနိုင်သည့်အတွက် သယ်ယူပို့ဆောင်ရေးသမားကောင်း ဟုပင် သတ်မှတ်နိုင်ပေသည်။

တစ်ခု၊ နှစ်ခု၊ သုံးခု

စုစုပေါင်း ငွေဒင်္ဂါး ရှစ်ခုရှိနေပြီး လျူယောင်က ထိုအရာအားလုံးကို သူ့ရဲ့ ကျောပိုးအိတ်ထဲသို့ ထည့်ကာ နောက်တစ်ကြိမ် ကံကောင်းမှုနှင့် ကြုံရပြန်ဘီဟု တွေးလိုက်မိသည်။

" သခင် နောက်ထပ် အများကြီး ရှိသေးတယ်၊ ကျတော် သွားယူလိုက်အုံးမယ် "

အများကြီး ကျန်သေးတယ်!

ဆိုလိုတာက နောက်ထပ် ယွမ် တစ်ဒါဇင်၊ ယွမ်တစ်ဒါဇင်ကျော် သို့မဟုတ် ယွမ်ရာပေါင်းများစွာပင် ဖြစ်နိုင်သေးသည်။

ချမ်းသာပီကွ၊ ချမ်းသာပီ!

နှစ်မိနစ်၊ သုံးမိနစ် အတွင်းမှာပင် လိပ်ကလေးက ငွေဒင်္ဂါး ခုနစ်ခု၊ ရှစ်ခုဖြင့် ပြန်ရောက်လာသည်။

တစ်ကြိမ်လျှင် ခုနစ်ခု၊ ရှစ်ခုသာဆိုလျှင် လိပ်ကလေးမှာ အခေါက်ခေါက် အခါခါ သွားနေရမည် ဖြစ်၍ လျူ‌ယောင်က ပိုက်ကွန်အိတ် တစ်ခုရှာကား ပေးလိုက်သည်။

မိနစ်အနည်းငယ် အတွင်းမှာပင် လိပ်ကလေးမှာ ကန်အောက်ခြေမှ ပြန်လည်ရောက်ရှိလာခဲ့သည်။ယခင် နှစ်ကြိမ်ကနှင့် မတူပဲ ယခု အကြိမ်တွင်တော့ လိပ်ကလေးက ငွေဒင်္ဂါးဒါဇင်များ ပါဝင်တဲ့ အိတ်ကို ကိုက်ချီ လာခဲ့ခြင်း ဖြစ်သည်။

ဒီလောက် များတဲ့ ငွေဒင်္ဂါးတွေ!

လျူယောင်လည်း ပတ်ဝန်းကျင်ကို လျင်မြန်စွာပင် အကဲခတ်လိုက်ပြီးနောက် ဘယ်သူကမှ သူ့ကို ဂရုစိုက်မနေတာကို တွေ့လိုက်ရမှ စိတ်သက်သာရာ ရသွားသည်။ ထို့နောက် လိပ်ကလေးဆီမှ အိတ်ကို ယူကာ ငွေဒင်္ဂါး များကို သူ၏ ကျောပိုးအိတ်ထဲသို့ လောင်းထည့်လိုက်သည်။

ငွေဒင်္ဂါးများက ရွှံ့များဖြင့် စိုစွတ်နေသည်ကိုပင် ဂရုမစိုက်အားချေ။

ပိုက်ကွန်အိတ်ကို လိပ်ကလေးထံ ပြန်ပေးကာ ငွေဒင်္ဂါးများအားလုံးကို ယူရန် ထပ်မံ ခိုင်းလိုက်သည်။ အခေါက်ခေါက် အခါခါ သွားပြီးနောက် လျူယောင်ရဲ့ ကျောပိုးအိတ်မှာ ငွေဒင်္ဂါးများဖြင့် လေးလံနေပေသည်။

လိပ်ကလေး ရေကန်ထဲကို ပြန်သွားတာကို ကြည့်ပြီးနောက် လျူယောင်လည်း သူ့ရဲ့ ကျောပိုးအိတ်ကို လွယ်ကာ အိမ်ကို စိုင်းပြင်းကာ ပြန်သွားခဲ့သည်။

မှင်ကန် ပန်းြခံမှာ လူတိုင်းအတွက် အခမဲ့ ဖွင်ပေးထားတာကြောင့် လျူယောင်က ဂိတ်ပေါက်အတိုင်း မပြန်ဘဲ အခြား လူရှင်းနေတဲ့ နေရာမှ အိမ်ကို ပြန်လာခဲ့သည်။

လမ်းတစ်လျှောက် လျူယောင်ရဲ့ကျောပိုးအိတ်မှာ ရေတစ်စက်စက် ကျနေသဖြင့် လူများက အာရုံစိုက်ကြပေမဲ့ တစ်ခဏမျှသာ ဖြစ်သည်။

အိမ်အောက်ထပ်ကို အရောက်တွင် အိမ်ပိုင်ရှင်ကို တွေ့လိုက်ရသည်။

" ရှောင်လျူ၊ မကြာခင်မှာပဲ မင်း အိမ်လခ ပေးရတော့မှာနော်၊ ငါလာကောက်ရင် အိမ်လခပေးဖို့ ပြင်ထားအုံး "

ယခုကဲ့သို့ ငွေရှိမနေပါက လျူယောင် အနေဖြင့် အိမ်လခအတွက် စိတ်ပူနေရမည် ဖြစ်ကာ အိမ်ပိုင်ရှင်ကိုလည်း ရက်အနည်းငယ် ဆိုင်းငံ့ရန် တောင်းပန်နေရမှာ ဖြစ်သည်။

လျူယောင်လည်း စိတ်အေးလက်အေး အမူအယာဖြင့် ပြန်ပြောလိုက်သည်။

" ရပါတယ်ဗျာ၊ အဆင်ပြေတဲ့အချိန် အိမ်လခ လာကောက်လှည့် "

ထို့သို့ပြောပြီးနောက် လျူယောင် သူ့ရဲ့ကျောပိုးအိတ်ကို သယ်ကာ အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။

အိမ်ပိုင်ရှင်မှာလည်း ပဟေဠိ ဖြစ်ကာ ကျန်နေရစ်ခဲ့သည်။ လျူယောင်တွင် အလုပ်မရှိပေမဲ့ အိမ်လခပေးရန် လွယ်ကူနေတဲ့ ပုံပေါက်နေခြင်းကြောင့် ဖြစ်ပေသည်။

အချိန်အတော်ကြာတဲ့အထိ အိမ်ပိုင်ရှင်မှာ မှင်သက်နေမိသည်။

လျူယောင်အတွက်တော့ အိမ်ပိုင်ရှင်ရဲ့ အဖြစ်ကို အာရုံစိုက်နေရန် အချိန်မရှိချေ။ ထို့ကြောင့် စကားပြောပြီးနောက် ချက်ချင်းပင် သူငှားထားတဲ့ အခန်းကို ဆက်တက်လာခဲ့သည်။

အိမ်ထဲဝင်ပြီးနောက် တံခါးကို သေချာ လော့ခ်ချကာ ဘေစင်ကို သွားလိုက်သည်။ ထို့နောက် သူ့ရဲ့ ကျောပိုးအိတ်ထဲမှ ငွေဒင်္ဂါးများကို သွန်ချလိုက်ရာ ဘေစင် ပြည့်လုလု အထိ ဖြစ်သွားခဲ့သည်။

ထို ငွေဒင်္ဂါးများကို ပျော်ရွှင်စွာ ကြည့်ရင်း ရေဖြင့် အကြိမ်ပေါင်းများစွာ

ဆေးကြောလိုက်သည်။ ဆေးကြောပြီးနောက် ပဝါဖြင့် ခြောက်သွေ့အောင် သုတ်လိုက်သည်။

ငွေဒင်္ဂါးများကို ခြောက်အောင် သုတ်နေရင်း ပျော်ရွှင်စွာဖြင့် လျူယောင် တစ်ယောက် တေးသီချင်းများ ညည်းနေလိုက်သည်။

ထို့နောက် ခြောက်သွေ့နေတဲ့ ငွေဒင်္ဂါးများကို စား‌ပွဲပေါ်တင်ကာ ရေတွက်လိုက်သည်။

ငွေဒင်္ဂါးများမှာ ပုံပန်းသဏ္ဌာန်ကို သေချာမြင်နိုင်သော်လည်း အရောင်မှာ အနည်းငယ်မှိန်နေပေသည်။ သက်ရောက်မှု့ အနည်းငယ်သာ ဖြစ်သဖြင့် မပြောပလောက်ပေ။

စုစုပေါင်း ငွေဒင်္ဂါး 326 ခုရှိပြီ အများစုမှာ ယွမ် ဒါတူး များ ဖြစ်ပြီး ဂွမ်ရှု ငွေဒင်္ဂါး ဒါဇင် အနည်းငယ်လည်း ရှိပေသည်။

( ယွမ် ဒါတူး ဆိုတာကလည်း အရင်ခေတ်ကဘတရုတ်တွေ သုံးခဲ့တဲ့ ဒင်္ဂါးပြားတွေပါပဲ )

လျူယောင်လည်း ၎င်းတို့ကို အမျိုးအစားခွဲ၍ စုစည်းကာ ဗီရိုထဲတွင် ထည့်ကာ သိမ်းဆည်းထားလိုက်သည်။

ထိုအရာများပြီးသွားတဲ့ နောက် ငွေဒင်္ဂါးတစ်ခုက အနည်းဆုံး ယွမ် နှစ်ရာ သုံးရာ ခန့် တန်ကြေးရှိပေမဲ့ လက်ရှိပေါက်ဈေး ကို လျူယောင် သိချင်လာသည်။

ငွေဒင်္ဂါး 326 ခုမှာ သေးငယ်သော ပမာဏ တစ်ခု မဟုတ်ပေ။

ယခင် တစ်ခေါက်က ရွှေဆွဲကြိုး ရလိုက်သလို ယခုလည်း ဘာမှမကြာသေးပဲ ငွေဒင်္ဂါးများ ရလိုက်တဲ့အတွက် လိပ်တစ်ကောင် မွေးရတာ အကျိုးမယုတ် ဟု လျူယောင် တွေးလိုက် မိသည်။

ထို့နောက် လျူ‌ယောင်သက်သောင့်သက်သာ ထိုင်လိုက်ကာ ဖုန်းကို ထုတ်ပြီး လက်ရှိ ငွေဒင်္ဂါးဈေးကွက်ကို စစ်ကြည့်လိုက်သည်။

စစ်ကြည့်ရာတွင် လျူယောင်တစ်ယောက် ထိတ်လန့်သွားခဲ့သည်။ ယွမ် ဒါတူး မှာ ယွမ်ငွေ နှစ်ရာ သုံးရာ ဟုထင်ခဲ့ပေမဲ့ ဈေးကွက်ထဲတွင် ထောင်ဂဏန်းပေါက်လေသည်။

ငွေဒင်္ဂါးများမှာလည်း ယွမ် နှစ်ရာ သုံးရာမှ ယွမ်တစ်ထောင် အထိ ဈေးပေါက်လေသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရှစ်နှစ်မြောက်တွင် ထုတ်လုပ်ခဲ့တဲ့ ယွမ် ဒါတူး မှာ ဈေးအကြီးဆုံးဖြစ်သည်။ များသောအားဖြင့် ဝယ်ဈေးမှာ တစ်ထောင် အထက်ရှိနေပြီး ရောင်းစျေးမှာ နှစ်ထောင်ပင် ကျော်လေသည်။

မြတ်စွာဘုရား၊ ယွမ်ဒါတူး က ဈေးကောင်းသားပဲ!

လျူယောင်မှာ အပြင်တွင် ယွမ်ဒါတူး က စျေးဘယ်လောက် ရှိတယ်ဆိုတာ ကို မသိရသေးပေမဲ့ လိုင်းပေါ်ရှိဈေးက‌ သူ့အတွက် လန့်စရာပင်။

ယွမ် ဒါတူး အပြင် လျူယောင့်တွင် ဂွမ်ရှု ငွေဒင်္ဂါးများလည်း ရှိနေသေးသည်။ ထို ငွေဒင်္ဂါးများကရော ဘယ်ဈေးပေါက်မလဲ။

All Chapters