← Chapters

နတ်ဘုရား ပျံသန်းခြင်း

Vol. 11 Ch. 1096

နတ်ဘုရား ပျံသန်းခြင်း

Vol. 11 Ch. 1096

“ချန်းပေ့ရွှမ်း...”

နတ်ဘုရား မင်းသားများမှာ ချန်းဖန်၏ နာမည်ကြောင့် အံ့အားသင့် သွားကြ၏။

“မင်းပဲကိုး...”

ဝူကျိဂိုဏ်း၏ နတ်ဘုရား မင်းသားက ချန်းဖန်ကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။ သူတို့သည် ချန်းပေ့ရွှမ်း ဆိုသော နာမည်ကို ကြားဖူးခဲ့ပြီး ဖြစ်သည်။ ထိုကောင်စုတ်ကား ကမ္ဘာမြေ မျက်နှာပြင်ထက်၌ သူတို့ တည်ထောင်ထားသည့် ဂိုဏ်းများအား ဖျက်ဆီး ပစ်ခဲ့သူ ဖြစ်ပေသည်။

သို့သော်လည်း ထိုအရာများမှာ သူတို့ အင်အားစု သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်ပေသည်။ သို့ဖြစ်ရာ မည်သူမှ ထိုအရာကို အရေးတယူလုပ် မစဥ်းစားခဲ့ကြချေ။

သို့သော်လည်း ထိုခွေးကောင်မှာ ရပ်တန့်ခြင်း မရှိပဲ နတ်ဘုရား ကုန်းမြေ  အတွင်းထိ လိုက်လာကာ သူတို့၏ အခြေတည် ဝိညာဥ် အဆင့်များကို ထပ်မံ သတ်ဖြတ် ပစ်ခဲ့သည်။ ထိုအရာက စည်းမျဥ်းများနှင့် သည်းခံနိုင်စွမ်းကို ကျော်လွန်နေသော လုပ်ရပ်တစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

“ချန်းပေ့ရွှမ်း... မင်းရဲ့ လုပ်ရပ်အတွက် အ‌ရှေ့ဂြိုဟ် တစ်ခုလုံး ပြန်ပေးဆပ်ရမယ်... ချက်ချင်း ဒူးထောက်ပြီး ငါတို့ကို တောင်းပန်စမ်း... အဲဒါဆို မင်းကို သက်သက်သာသာ သေခွင့်ပြုမယ်”

တိုင်ချူ နတ်ဘုရား မင်းသားက ပြောလိုက်သည်။ အဇူရာ မိုးကြိုးများသည် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံနေ၏။

“ဟုတ်တယ်... မင်း အညံ့မခံဘူး ဆိုရင် လက်စားချေဖို့ အတွက် မင်းရဲ့ ဂြိုဟ်ပေါ်မှာ ရှိတဲ့လူတွေ အားလုံးကိုပါ ငါတို့ သတ်ပစ်မယ်”

ဝူကျိဂိုဏ်း၏ နတ်ဘုရား မင်းသားကလည်း ငွေရောင် တဖျပ်ဖျပ် လက်နေ‌သော မျက်လုံးများဖြင့် ပြောလိုက်သည်။

“ရှုပ်တယ်ကွာ... ဘာလို့ သူ့ကို အညံ့ခံခိုင်းနေတာလဲ... တစ်ခါတည်း သတ်ပစ်လိုက်တော့ရော မပြီးဘူးလား”

နဲ့ကုန်းဂိုဏ်း၏ နတ်ဘုရား မင်းသားက စိတ်မရှည်ဟန်ဖြင့် ပြောသည်။ သူ၏ အသံသည် ရေခဲတမျှ အေးစက်နေ၏။

“ကိုယ်ဘာကိုယ် သတ်သေမလား... ငါတို့ သတ်တာ ခံမလား”

သူတို့ထဲ၌ အစွမ်း အထက်ဆုံး ဖြစ်သော အပိုလို နန်းတော်၏ နတ်ဘုရား မင်းသားကမူ ထိုကဲ့သို့ တစ်ခွန်းတည်းသာ ဆိုသည်။

သူသည် မီးများ၏ ဝန်းရံမှု အလယ်၌ ရှိနေကာ သူ၏ မျက်ခုံး မွေးများနှင့် ဆံပင်များ ပင်လျှင် ရွှေရောင် ဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဓမ္မ စွမ်းအားသည် သူ၏ ခန္ဓာကိုယ် အတွင်း စီးဆင်းနေ၏။ သူသည် တည်ငြိမ်စွာ ရပ်နေကာ တစ်လောကလုံးမှာ သူ့အပါး၌ ခစားနေရဟန် ရသည်။ သူကား တောင်ပိုင်း ဒေသငယ် ကောင်းကင် သတ်မှတ်ချက်၏ အစွမ်း အထက်ဆုံး နတ်ဘုရား မင်းသားပင် ဖြစ်ပေတော့သည်။

“ဘုန်း...”

နတ်ဘုရား မင်းသားများမှာ ကြီးမားသော စွမ်းအင် ဖိအားကို ထုတ်ဖော် လိုက်ကြ၏။ ချက်ချင်းပင် ချန်းဖန်၏ ပတ်လည် ပေတစ်ထောင် ဝန်းကျင်မှာ ကြောက်မက်ဖွယ် စွမ်းအားများနှင့် ပြည့်နှက် သွားတော့သည်။ နတ်ဘုရား မင်းသားများစွာ အတူတကွ ပူးပေါင်းခြင်းက မည်မျှ အထိ အစွမ်းထက်သနည်း။ ရှင်းလင်းစွာ ဥပမာ ပေးရပါက အခြေတည် ဝိညာဥ် အဆင့် တစ်ရာ ပင်လျှင် ထိုအင်အားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“ချန်း... ချန်းဖန်... ပြေးတော့... နင် သူတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး”

ကျန်းချူရန်က အော်ဟစ် လိုက်သည်။ သို့သော်လည်း ချန်းဖန်မှာ သူမ၏ အသံကို မကြားသည့် အလား တည်ငြိမ်စွာ ရပ်တည်နေဆဲ ဖြစ်၏။

နတ်ဘုရား မင်းသားများစွာနှင့် ထိပ်တန်း ပါရမီရှင် များစွာသည် ချန်းဖန်အား ထွက်ပေါက် မရှိအောင် ဝန်းရံထား၏။ နဲ့ကုန်း နတ်ဘုရား မင်းသားသည့် ကမ္ဘာနှစ်ခုကို ကျော်ဖြတ်၍ သွားလာနိုင်သည့် နတ်ဘုရား စွမ်းအား တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူသည် ခြေတစ်လှမ်းတည်းဖြင့် ပေတစ်ထောင် ဧရိယာကို ကျော်ဖြတ်နိုင်စွမ်း ရှိလေရာ ချန်းဖန်၏ နောက်၌ အချိန် မရွေး ပေါ်လာနိုင်ပေသည်။

“ဘုန်း...”

တစ်ချိန်တည်း၌ အခြား အကြီးအကဲများမှာလည်း သူတို့၏ စစ်သင်္ဘောများကို အသက်သွင်းကာ ချန်းဖန်အား ပစ်ခတ် လိုက်ကြတော့သည်။ ချက်ချင်းပင် ချန်းဖန်မှာ တိုက်ပွဲ၏ အောက်စည်းသို့ ပြန်လည် ကျ‌‌ရောက် သွားခဲ့ရပြီ ဖြစ်သည်။

“သတ်...”

အေးစက်သော ရေရွတ်သံနှင့် အတူ ပန်းပွင့် သုံးပွင့်မှာ ချန်းဖန်၏ ဦးခေါင်းထိပ်၌ နောက်တစ်ကြိမ် ပြန်ပေါ် လာခဲ့၏။ ပန်းသုံးပွင့် ပေါ်လာသည်နှင့် သူ၏ ခန္ဓာ၊ နတ်ဘုရား စိတ်ဝိညာဥ်နှင့် ဓမ္မ စွမ်းအား သုံးခု စလုံးမှာ အမြင့်ဆုံး အဆင့်ထိ ရောက်အောင် ထိုးတက် သွားကြသည်။ မတူညီသည့် မီးတောက် သုံးခုသည် ချန်းဖန်၏ ခန္ဓာကိုယ်ကို လောင်ကြွမ်းနေ၏။

“ဘုန်း...”

ချန်းဖန်က လက်သီးကို ဆန့်ထုတ် လိုက်ရာ အနက်ရောင် တွင်းပေါက် ခြောက်ခုမှာ သူ၏ အနောက်၌ ပေါ်လာခဲ့သည်။ ၎င်းတို့သည် နတ်ဘုရား ကုန်းမြေထက်ရှိ မိစ္ဆာချီများကို စုပ်ယူကာ ချန်းဖန်အား အဆုံးမဲ့ အင်အားကို ထောက်ပံ့ပေး၏။

“ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး...”

“ဘုန်း...”

လက်သီး စွမ်းအင်ကား အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ တောင်ပိုင်း ဒေသငယ် ကောင်းကင် သတ်မှတ်ချက်ဝင် လူငယ် ကျင့်ကြံသူ သုံးယောက်မှာ သူတို့၏ ဓမ္မ ရတနာများကို ထုတ်ဖော်ရန် အခွင့် မသာမှီတွင်ပင် အသတ်ခံလိုက်ရ၏။

“ဘုန်း...”

လက်သီးစွမ်းအင်သည် ထိုမျှနှင့် ရပ်တန့်ခြင်း မရှိပဲ အနောက်ရှိ အပိုလို ရွှေသင်္ဘော၏ ကိုယ်ထည် တစ်ဝက်ကိုပါ  တိုးတင် ဖျက်ဆီးပစ်၏။ သင်္ဘာထက်၌ ရှိနေသည့် အပိုလို နန်းတော်၏ ရွှေအမြုတေ ကျင့်ကြံသူများစွာမှာ ချက်ချင်းပင် သေဆုံး သွားကြသည်။

“အတင့်ရဲလှချည်လား...”

အပိုလို နတ်ဘုရား မင်းသားက အော်ဟစ် လိုက်သည်။ သူကား ‌ရွှေရောင် မီးတောက်များ၏ ဝန်းရံမှု အလယ်၌ ရွှေရောင် ခြင်္သေ့မင်း တစ်ကောင် အလား ဒေါသထွက် နေခဲ့ချေသည်။ သူသည် နေတစ်စင်း အလား ရောင်ဝါများကို သယ်ဆောင်ရင်း ချန်းဖန်ထံသို့ တိုးဝင် တိုက်ခိုက်လိုက်၏။

“ဘုန်း...”

သို့သော်လည်း ချန်းဖန်၏ လက်သီးတစ်ချက်ကို ရင်ဆိုင်ရသည်နှင့် သူသည် နောက်သို့ ပြန်လည် လွင့်စဥ် သွားခဲ့သည်။

ချန်းဖန်သည် အပိုလို နတ်ဘုရား မင်းသားကို တိုက်ခိုက်ပြီးနောက် အခြား ပါရမီရှင်များထံ တိုးဝင် သွားပြန်၏။ နတ်ဘုရား မင်းသားများသည် သူတို့၏ လူများကို ကာကွယ်ပေးရန် ကြိုးစားကြသော်လည်း သူတို့ ကိုယ်တိုင်မှာလည်း ချန်းဖန်၏ လက်သီးချက်တိုင်း၌ လွင့်စဥ် နေရသည်။

“ဘုန်း...”

ချန်းဖန်သည် အခွင့်အရေး ရသည်နှင့် အခြေတည် ဝိညာဥ် အလယ်ဆင့် လူငယ် တစ်ယောက်ကို ဖမ်းဆီးကာ သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ဆွဲခွဲ ပစ်လိုက်သည်။

“တိုင်ချူ မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကျင့်စဥ်...”

တိုင်ချူ နတ်ဘုရား မင်းသား၏ နောက်၌ ကမ္ဘာတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ထိုကမ္ဘာက တောက်ပလာကာ အလင်းတန်း တစ်ခု ဖြစ်ပေါ်လာ၍ ချန်းဖန်ထံ တိုးဝင် သွားသည်။

“သတိထား...”

ကျန်းချူရန်က အော်ဟစ် လိုက်သည်။

ထိုအရာကား တိုင်ချူ နတ်ဘုရား နယ်မြေ၏ ကြောက်မက်ဖွယ် အကောင်းဆုံးနှင့် အစွမ်း အထက်ဆုံး ဖြစ်သော နတ်ဘုရား စွမ်းအားများ အနက် တစ်ခု ဖြစ်ပေသည်။ ၎င်းသည် ကမ္ဘာ၏ ဖိအားကို စွမ်းအင် အဖြစ် သုံးကာ ရက်စက်သည့် သတ်ဖြတ်ခြင်း တိုက်ကွက် အဖြစ် ပြောင်းလဲသည့် ကျင့်စဥ် တစ်ခု ဖြစ်၏။ တိုင်ချူ နတ်ဘုရား မင်းသား ဖန်တီးထားသည့် ကမ္ဘာမှာ သိပ်ကြီးမားခြင်း မရှိသည့်တိုင် ထိုတိုက်ကွက်မှာ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များကိုပင် သေစေနိုင်သည် အထိ အစွမ်းထက်၏။

“ဘုန်း...”

ချန်းဖန်က တိုင်ချူ မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကျင့်စဥ် တိုက်ခိုက်မှုကို ကျောဖြင့် ခံပေးလိုက်သည်။ သူ၏ အစစ်အမှန် အမတေသည် ကြေမွသွားကာ အပေါက်တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအပေါက်သည် တစ်လက်မခန့် နက်ပြီး တစ်ချောင်းဖြင့် ထိုးဖောက်ထားသယောင် ထင်ရသည်။ ချန်းဖန်၏ ခန္ဓာကိုယ် အလွန် သန်မာခြင်းကြောင့်သာ မဟုတ်ပါက ထိုတိုက်ခိုက်မှုမှာ သူ၏ အသက်ကိုပင် နှုတ်ယူ သွားလောက်ပြီ ဖြစ်ပေသည်။

“သူက အသက်ရှင်နေသေးတာလား...”

တိုင်ချူ နတ်ဘုရား မင်းသားမှာ အံ့အားသင့် သွား၏။

“ဘုန်း...”

ထိုအချိန်မှာပင် ချန်းဖန်က တန်ပြန် လက်သီးချက်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လေသည်။

“အား...”

တိုင်ချူ နတ်ဘုရား မင်းသားမှာ နောက်သို့ လွင့်စဥ်သွားကာ သူ၏ ခန္ဓာကိုယ်မှာလည်း ပျက်စီးလု မတတ် ဖြစ်သွားခဲ့၏။ ကမ္ဘာငယ်များ၏ ကာကွယ်ထားခြင်းကြောင့် ကံကောင်းထောက်မစွာ အသက်မသေ ဟု ဆိုရပေမည်။ သူသည် သွားလေသူကြီး နတ်ဘုရား ဗိုလ်ချုပ်လင်း၏ နောက်သို့ လိုက်ရရန် သီသီလေးသာ လိုခဲ့သည်။

“သေစမ်း...”

အပိုလို နတ်ဘုရား မင်းသားမှာ ချန်းဖန်ထံ နောက်တစ်ကြိမ် တိုးဝင် လာပြန်၏။ သူသည် အပိုလို နတ်ဘုရား လှံတံကို လွှဲကာ ချန်းဖန်အား ထိုးစိုက်ရန် ကြိုးစားသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ချန်းဖန်သည် အပိုလို နတ်ဘုရား မင်းသား၏ လှံချက်များကို လက်ဗလာဖြင့် ပြန်လည် ရင်ဆိုင်သည်။

အပိုလို နတ်ဘုရားလှံတံသည် မဟာ တန်ခိုးရှင် တစ်ပါး ဖန်တီးထားသော လက်နက် ဖြစ်လေရာ ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်သည်။ ၎င်းသည် နတ်ဘုရား တစ်ပိုင်း လက်နက် ဖြစ်၏။ လှံတံနှင့် ထိပ်တိုက် တွေ့ဆုံမှုတွင် ချန်းဖန်၏ လက်သီးထိပ်မှာ အရေပြားများ ဖွာလန်ကြဲ ကုန်သည်။ လတ်ဆတ်သော သွေးများသည် စီးကျလာကာ ရွှေရောင် အရိုးများပင် ပေါ်လာခဲ့၏။

အပိုလို နတ်ဘုရား မင်းသားသည် ချန်းဖန်၏ လက်သီးချက်ကြောင့် နောက်သို့ လွင့်စဥ် သွားခဲ့သည့်တိုင် အကြောင်းအရာ တစ်ချက်ကမူ ရှင်းလင်းပေသည်။ ချန်းပေ့ရွှမ်းကား ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။ “

“အဲဒီကောင်ကို သတ်ပစ်... သူက အလိမ်အညာကောင်... အဆုံးသတ် ပန်းပွင့် သုံးပွင့် ပိုင်ဆိုင်ထားတဲ့ အခြေတည် ဝိညာဥ် အဆင့်က အဲဒီတော့ အားမနည်းဘူး... သူတို့က ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေနဲ့တောင် ထိပ်တိုက် တိုက်ခိုက်နိုင်ကြတာ... သတ်ကြဟေ့ ဘာမှ ကြောက်မနေကြနဲ့”

အပိုလို နတ်ဘုရား မင်းသားက အော်ဟစ် လိုက်သည်။ ဝူကျိ နတ်ဘုရား မင်းသား ဆိုလျှင် ဓားပျံ တစ်စင်းကို ကိုင်ဆောင်ကာ ချန်းဖန်ထံ တိုးဝင် သွားခဲ့ပြီ ဖြစ်သည်။

စကြဝဠာ ဓားချီ...

ထိုအရာကား ဝူကျိဂိုဏ်း၏ အစွမ်း အထက်ဆုံး နတ်ဘုား စွမ်းအား တစ်ခု ဖြစ်ပေသည်။ ဓားအလင်းများသည် မိုးစက်မိုးပေါက်များ အလား ကျဆင်းကာ ချန်းဖန်အား နောက်ဆုတ်စေ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

သေးငယ်သည့် အစင်းကြောင်း အတော်များများမှာ ချန်းဖန်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။ ချန်းဖန်သည် ကျန်းချူရန်ကိုလည်း လက်တစ်ဖက်ဖြင့် ကာကွယ်နေရသေးရာ ထိုအရာက သူ၏ တိုက်ခိုက်မှု၊ ခုခံမှုများကို အနည်းငယ် အခက်တွေ့စေသည်။

“ဝှစ်...”

ထိုအချိန်မှာပင် နဲ့ကုန်း နတ်ဘုရား မင်းသားက ခုန်ကာ ချန်းဖန်၏ နောက်ကျောကို သူ၏ လက်ထဲမှ ဓားဖြင့် ထိုးနှက် လိုက်သည်။ ချက်ချင်းပင် ချန်းဖန်၏ အရေပြားမှာ အက်ကွဲကာ အရိုး၌ သုံးလက်မခန့် ရှည်သော ဒဏ်ရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ချန်းဖန်... ငါ့ကို ထားခဲ့တော့... မဟုတ်ရင် နင် သေသွားလိမ့်မယ်”

ကျန်းချူရန်မှာ မျက်ရည်များ ဝဲနေခဲ့ပြီ ဖြစ်သည်။ သူမသည် ချန်းဖန်ကို စိတ်နာကာ မုန်းတီးမိသည့်တိုင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ကြုံရသည့် အခါတွင်မူ သူမ၏ နှလုံးသားမှာ နာကျင်လာရသည်။

“နင့်ကို ပြန်ခေါ်လာဖို့ အန်တီထန်ဆီမှာ ငါ ကတိပေးထားတယ်... ငါ ကတိကို မဖျက်နိုင်ဘူး... နောက်ပြီး သူတို့ကလည်း ပုရွက်ဆိတ် သာသာ ကောင်လေးတွေပဲလေ... ငါ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ”

ချန်းဖန်က အေးဆေးစွာ ပြောလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်၏။

“ကလန့်...”

လော့ချန်ရှန်းထံမှ ရရှိထားသည့် ကြေးဓားမှာ ချန်းဖန်၏ လက်တွင် ပေါ်လာခဲ့သည်။ ကြေးဓား၏ မူလ ပိုင်ရှင်မှာ အလွန် ကျော်ကြားသည့် ပြိုင်ဘက်ကင်း ဓားသခင် တစ်ယောက် ဖြစ်သည်။ ထိုဓားသခင်သည် ကြေးဓားအား ကိုင်ဆွဲကာ အခြေတည် ဝိညာဥ် အဆင့်ဖြင့်ပင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူများကို စိန်ခေါ် ခဲ့သည်။

“ကလန့်...”

ဓားကို ကိုင်ဆွဲသည်နှင့် ချန်းဖန်၏ ပုံစံမှာ ဓားနတ်ဘုရား တစ်ပါး အသွင် ပြောင်းလဲသွား၏။ ထက်ရှသော ဓားချီများသည် သူ၏ ဘေးနား၌ ရစ်ဝဲကာ လေထုကိုပင် ခုတ်ထစ်ဟန် ပြုသည်။

“သူ့ကို တားကြစမ်း...”

အပိုလို နတ်ဘုရား မင်းသားက အော်ဟစ်လိုက်၏။ သို့သော်လည်း ထိုအချိန်မှာပင် ချန်းဖန်သည် ဓားအား လွှဲယမ်းကာ ခုတ်ထစ်ခဲ့ပြီး ဖြစ်သည်။

“နတ်ဘုရား ပျံသန်းခြင်း...”

“ကလန့်...”

အလွန်တရာ တောက်ပလှသော ငွေ‌ရောင် ဓားအလင်း တစ်ခုမှာ ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ ဓားသမားသည် အရက်ကို သောက်ရင်း စကြဝဠာ တစ်ခွင် လှည့်လည်၏။ ချန်းဖန်သည် ဓားကို ကိုင်ဆောင်ထား၏။ ထိုဓားချက်အား ဖော်ပြရန် စကားလုံး မရှိပါချေ။

ထိုအရာကား လူသား ကမ္ဘာမှ ပိုင်ဆိုင်နိုင်သည့် ဓားကျင့်စဥ် တစ်ခု မဟုတ်ပါချေ။ နတ်ဘုရားတို့သာ ခုတ်ထစ် နိုင်သည့် တိုက်ခိုက်မှုမျိုး ဖြစ်သည်။ ထိုကဲ့သို့သော ဓားကျင့်စဥ်မှာ ဤကဲ့သို့သော နေရာမျိုး၌ ရှိမနေသင့်ပါချေ။

“ခရက်...”

တောင်ပိုင်း ဒေသငယ် ကောင်းကင် သတ်မှတ်ချက်ဝင် ပါရမီရှင် ဆယ့်သုံးယောက်၏ ခန္ဓာကိုယ်များမှာ ပြာမှုန် အဖြစ် ပြောင်းလဲသွား၏။

အပိုလို ရွှေသင်္ဘောနှင့် ဝူကျိ ကြယ်သင်္ဘောတို့ အပါအဝင် ဧရာမ စစ်သင်္ဘောကြီးများမှာလည်း ထက်ဝက် ပိုင်းပြတ်သွားသည်။ သင်္ဘောများထက်၌ ရှိနေသည့် အကြီးအကဲနှင့် တပည့် ရာချီတို့မှာ ချက်ချင်းပင် သတ်ဖြတ်ခံရ၏။

အဆုံး၌ နတ်ဘုရား မင်းသားတို့၏ ခန္ဓာကိုယ်များတွင်ပင် သွေးစများ ပေါ်လာခဲ့သည်။ သူတို့သည် မည်မျှ အစွမ်းထက်သော ဓမ္မ ရတနာ၊ နတ်ဘုရား စွမ်းအားတို့ကို သုံးစေကာမူ ချန်းဖန်၏ ဓားချက်ကို ခုခံနိုင်စွမ်း မရှိခဲ့ပါချေ။

“ဒါက ဘယ်လို ဓားကျင့်စဥ်မျိုးလဲ...”

တိုင်ချူ နတ်ဘုရား မင်းသားက အိပ်မက်မက်နေသည့် အလား လေသံဖြင့် မေးလိုက်သည်။

ချန်းဖန်က ပြုံးလိုက်၏။

“ဒါကို နတ်ဘုရား ပျံသန်းခြင်း ဓားချက်လို့ ခေါ်တယ်... ကြယ်ပင်လယ်ထဲမှာ ရှိတဲ့ အမည်မဲ့ ဓားတန်ခိုးရှင် တစ်ယောက်က ဒါကို ဖန်တီးထားခဲ့တာလေ... အမည်မဲ့ ဓားတန်ခိုးရှင်က ဒီဓားကျင့်စဥ်ကို သုံးပြီး တာအို ပေါင်းစည်းခြင်း အဆင့် ဝမ်ရှင်း တန်ခိုးရှင် တစ်ပါးကိုတောင် သတ်ဖြတ်ခဲ့ဖူးတယ်”

သို့သော်လည်း ကံမကောင်းစွာပင် တိုင်ချူ နတ်ဘုရား မင်းသားမှာ ချန်းဖန်၏ အဖြေကို ဘယ်တော့မှ မကြားနိုင်ခဲ့ချေ။

အဘယ်ကြောင့် ဆိုသော်...

***

All Chapters