← Chapters

နတ်ဘုရား လက်နက်၏ စွမ်းအား

Vol. 11 Ch. 1099

နတ်ဘုရား လက်နက်၏ စွမ်းအား

Vol. 11 Ch. 1099

ထိုဓားကျိုးသည် သူ ကမ္ဘာမြေသို့ ပြန်လည် ရောက်ရှိပြီးနောက် ရရှိခဲ့မျှထဲတွင် အဖိုး အတန်ဆုံး ရတနာ ဖြစ်ပေသည်။ ထိုအရာသည် ကောင်းကင် စစ်သည်တော် တစ်ယောက် ကိုင်ဆောင်ခဲ့သည့် ဝိညာဥ်ချီ ကုန်ဆုံးနေသော သာမန် ဓားတစ်ချောင်းသာလျှင် ဖြစ်ပေသည်။ ၎င်းသည် လုံးဝ အသုံးမကျသည့် အနက်ရောင် သံဓားတစ်ခုနှင့်ပင် တူညီနေပုံပေါ်၏။

သို့သော်လည်း ချန်းဖန်မှာမူ ထိုဓားကျိုးကို ရရှိခဲ့ခြင်း အတွက် ပျော်ရွှင်နေခဲ့ပေသည်။ မည်သို့ပင် ဆိုစေ ထိုအရာသည် နတ်ဘုရား လက်နက် တစ်ခု ဖြစ်ပေသည်။ ထိုဓားကျိုးသည် မည်သည့် နတ်ဘုရား စွမ်းအင်ကိုမှ ပိုင်ဆိုင် မထားတော့သည့်တိုင် ၎င်း၏ ထက်ရှမှု တစ်ခုတည်းကပင် မည်သည့် ကောင်းကင် ရတနာကို မဆို ပိုင်းဖြတ်နိုင်နေဆဲ ဖြစ်သည်။

“မင်းမှာက နာမည်တောင် မရှိဘူး ဆိုတော့... ငါထင်တယ် မင်းက ကျော်ကြားတဲ့ လက်နက် တစ်ခုတော့ မဟုတ်လောက်ဘူး... မင်း ငါ့နောက်ကို လိုက်ခွင့်ရတာ ဂုဏ်ယူသင့်တယ်”

ချန်းဖန်က ပြုံးကာ နတ်ဘုရား လက်နက် နန်းတော်ထဲမှ ထွက်ခွာ လာခဲ့သည်။ သူသည် မည်သည့် ရတနာမှ ကျန်မရှိနေကြောင်း သေချာစေရန် တစ်ချက် ကြည့်ပြီးခါမှ အလင်းတန်း အသွင် ပြောင်းလဲကာ အပိုလို နတ်ဘုရား မင်းသား၏ နောက်သို့ လိုက်တော့သည်။

အပိုလို နတ်ဘုရား မင်းသားသည် သူ၏ အရှိန်အဝါကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည့်တိုင် သူ၏ သွေးစက်များမှာမူ ကြမ်းပြင်ပေါ်၌ ယိုစီးနေခဲ့လေသည်။ ချန်းဖန်သည် သွေးစက်များ အတိုင်း လိုက်လာခဲ့ရာ မကြာခင်မှာပင် မူလ နတ်ဘုရား နန်းတော် အတွင်းပိုင်းရှိ ကြီးကျယ် ခမ်းနားသော ခန်းမကြီး တစ်ခုသို့ ရောက်ရှိ လာခဲ့သည်။

ထိုခန်းမကြီးသည် အခြား ခန်းများထက် ဆယ်ဆခန့် ပိုမို ကြီးမားလှသည်။ ချန်းဖန်သည် ခန်းမ အတွင်းသို့ ဝင်လိုက်ရာ နံရံတစ်ခုကို ကပ်၍ ရပ်နေသော အပိုလို နတ်ဘုရား မင်းအားသား တွေ့လိုက်ရသည်။ သူသည် ရွှေရောင် မီးတောက်များ ဝန်းရံနေသည့် လူသား အသွင်သို့ ပြန်လည် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

“မင်း ငါ့နောက်ကို လိုက်လာရဲတယ်ပေါ့...”

အပိုလို နတ်ဘုရား မင်းသားက ချန်းဖန်ကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

“မင်းက နတ်ဘုရား မင်းသား တစ်ယောက်ပဲလေ... ငါက ဘာလို့ မင်းကို ကြောက်ရမှာလဲ”

ချန်းဖန်က ဖြည်းညင်းစွာ ဆိုလိုက်ရင်း ရှေ့သို့ တိုးလာခဲ့၏။

“ဟဟ... မင်းက ငါ့ကို သတ်နိုင်မယ် ထင်နေတာလား”

အပိုလို နတ်ဘုရား မင်းသားက ယုံကြည်ချက် ရှိဟန် ရယ်‌မောလိုက်သည်။ ထို့နောက် သူက နဂါး သဏ္ဌာန် ရှိသော ဆေးမြစ် တစ်ခုကို ထုတ်ယူကာ လက်ဖြင့် ခြေမွှ၍ ပါးစပ်အတွင်း ထည့်လိုက်သည်။ ထိုအခါ သူ၏ စွမ်းအားမှာ ဒဏ်ရာ မရခင် အမြင့်ဆုံး အဆင့်အထိ ပြန်လည် မြင့်တက်လာ၏။

“နှစ်ငါးသောင်း သက်တမ်းရှိနဲ့ နတ်ဘုရား တစ်ပိုင်း ဆေးမြစ်...”

ချန်းဖန်၏ မျက်လုံးများမှာ အနည်းငယ် ကျဥ်းမြောင်းသွား၏။

“ဟုတ်တယ်... ချန်းပေ့ရွှမ်း ငါမင်းကို အထင်သေးခဲ့မိတယ် ဆိုတာ ဝန်ခံတယ်... ဒါကြောင့်ပဲ နန်းတော်ရှေ့မှာတုန်းက မင်းကို ငါ လက်နက်တစ်မျိုးတည်းကို သုံးပြီး တိုက်ခိုက်ခဲ့တာ... ဒါပေမဲ့ အခုတော့ အပိုလို နန်းတော်နဲ့ အပိုလို နတ်ဘုရား မင်းသားက ဘာတွေ လုပ်နိုင်စွမ်း ရှိလဲ ဆိုတာ မင်းကို မင်းကိုငါ ပြရမှာပေါ့”

အပိုလို နတ်ဘုရား မင်းသား ဆေးသုံးလုံးကို ထပ်မံ ထုတ်ယူကာ သောက်လိုက်ပြန်၏။ ထိုအရာများမှာ အလွန်တရာ အဖိုးတန်လှသည့် နတ်ဘုရားတစ်ပိုင်း ဆေးများ ဖြစ်ကြပေသည်။

“ဝှစ်... ဝှစ်... ဝှစ်...”

ဆေးသုံးလုံးကို သောက်ပြီးနောက် အပိုလို နတ်ဘုရား မင်းသား၏ ပတ်လည်ရှိ မီးတောက်များမှာ ပို၍ တောက်ပလာသည်။ အဆုံး၌ သူသည် နေတစ်စင်း အသွင် ပြောင်းလဲသွား၏။ သူကား ပထမက ထက်ပင် အဆ များစွာ ပိုမို အစွမ်းထက်လာ နေခဲ့ပြီ ဖြစ်လေသည်။ သူ၏ မျက်လုံးများသည် တဖျပ်ဖျပ် တောက်ပနေကာ စွမ်းအင် အခိုးအငွေ့များမှာ သူ၏ ပါးစပ်၊ နားနှင့် နှာခေါင်းတို့မှ ထွက်ပေါ်လာ၏။

သို့တိုင်အောင် သူသည် ကျေနပ်ခြင်း မရှိသေးပဲ လက်သီးဆုပ် အရွယ်ရှိ တစ်စုံတစ်ခုကို တစ်ခုကို ထပ်မံ ထုတ်ယူလိုက်သည်။

“ချန်းပေ့ရွှမ်း... မင်း ဒီလို ရတနာမျိုးကို ကြားတောင် ကြားဖူးမှာ မဟုတ်ဘူးလို့ ငါယုံတယ်”

သူက ချန်းဖန်အား လှောင်ပြန်ဟန် ကြည့်ကာ ဆိုလိုက်၏။

“ဒါက ငါတို့ နတ်ဘုရား အင်ပါယာ ကိုယ်တိုင် လုပ်ထားတဲ့ အပိုလို သံချပ်ကာပဲ... သုံးကြိမ်ပဲ အသုံးပြုနိုင်တယ် ဆိုပေမဲ့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ရဲ့ စွမ်းအားကို ပေးနိုင်စွမ်း ရှိတယ်... ဖြစ်နိုင်ရင် ဒီရတနာကို ငါ မသုံးချင်ဘူး... ဘာပဲဖြစ်ဖြစ်လေ မင်းလို အဆုံးသတ် ပန်းပွင့် ဖန်တီးထားနိုင်တဲ့ လူတစ်ယောက် အပေါ် သုံးရတာ ထိုက်တန်ပါတယ်”

“ဝှစ်...”

ရုတ်တရက် ရွှေရောင် အလင်းသည် တစ်ချက် တောက်ပသွား၏။ ထို့နောက် အပိုလို နတ်ဘုရား မင်းသား၏ ခန္ဓာကိုယ်၌ သံချပ်ကာ တစ်ခု ပေါ်လာခဲ့သည်။ ထိုသံချပ်ကာသည် ရွှေအတိဖြင့် ပြီးကာ အထွတ်အမြတ် စွမ်းအား တစ်ခုကို သယ်‌ဆောင်ထားသည်။

“ဘုန်း...”

ရွှေရောင် သံချပ်ကာကို ဆင်မြန်းပြီးသည်နှင့် အပိုလို နတ်ဘုရား မင်းသား၏ စွမ်းအားမှာ မခန့်မှန်းနိုင်သော အဆင့် တစ်ခု အထိ မြင့်တက်သွားသည်။ ကောင်းကင်တွင် ဓမ္မ ဥပဒေသများ ဖြစ်ပေါ်လာကာ ထိုအထဲမှ အချို့မှာ နတ်ဘုရား ချိန်းကြိုးများ အသွင် ပြောင်းလဲသွားသည်။ ရွှေအဆင်း ရှိသော ဓမ္မ ဥပဒေသများသည် နေကို ကိုယ်စားပြုကာ နန်းတော် ပတ်လည်တွင် ကခုန်ကြလေ၏။

“ချန်းပေ့ရွှမ်း... မင်းက ငါ့အတွက်တော့ ပုရွက်ဆိတ်ပဲ... ငါခြေဖနှောင့် တစ်ချက်ပေါက်ရုံနဲ့တင် မင်းကို သတ်လို့ ရနေပြီ”

အပိုလို နတ်ဘုရား မင်းသားက မောက်မာစွာ ပြောရင်း ရွှေရောင်လှံ တစ်ခုကို ထုတ်ယူလိုက်၏။

“ဒီလှံက ဝိညာဥ် ဖြစ်တည်ခြင်း  အဆင့် မဟာ ကျင့်ကြံသူ တစ်ပါး ပြုလုပ်ထားတဲ့ နတ်ဘုရား တစ်ပိုင်း လှံပဲ... မင်း ဒီလို လက်နက်မျိုးနဲ့ သေရတာ ဂုဏ်ယူလိုက်စမ်း”

အပိုလို နတ်ဘုရား မင်းသားက လှံအား ချန်းဖန်ဘက်သို့ ဦးတည်၍ ထိုးချိန်လိုက်၏။ ထိုအခိုက်၌ သူကား နတ်ဘုရား တစ်ပါးအလား ခန့်ညား ထည်ဝါလှပေသည်။

“မင်း အဆင်သင့်ဖြစ်ပြီလား...”

ချန်းဖန်က အေးဆေးစွာ မေးလိုက်၏။ သူသည် အနက်ရောင် ဓားကျိုး မည်မျှ အစွမ်းထက်သည်ကို အပိုလို နတ်ဘုရား မင်းသားဖြင့် စမ်းသပ်ရန် စဥ်းစားထားသည်။ ထို့ကြောင့်ပင် သူသည် ထိုငတိ ဒဏ်ရာ ကုသခြင်း၊ လက်နက် တပ်ဆင်ခြင်းနှင့် လေကြီးလေကျယ် ကြွားဝါ ပြောဆိုနေခြင်းတို့ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။

“ဟဟ... မင်းက သေဖို့ကို ဘာဖြစ်လို့ ဒီလောက်တောင် လောနေရတာလဲ... ဘာလဲ မင်းက သံချေးတက်နေတဲ့ ဓားနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား”

အပိုလို နတ်ဘုရား မင်းသားက လှောင်ပြောင်လိုက်၏။

“အဆင်သင့်ဖြစ်ရင် စပြီ...”

ချန်းဖန်မှာ အချိန် ထပ်မံဖြုန်းရန် စိတ်မရှည်တော့ချေ။ သူက ကြမ်းတမ်းစွာပင် ဓားအား လွှဲယမ်းကာ ခုတ်ထစ်လိုက်တော့သည်။

“ကလန့်...”

ရုတ်ချည်းပင် ဓားအလင်းတစ်ခုမှာ ခန်းမ အတွင်း ယှက်ဖြာသွားလေ၏။ ထိုအလင်း၏ ရှေ့မှောက်၌ မည်သည့် သံချပ်ကာ၊ ဓမ္မ ရတနာမှ ပိတ်ပင် တားဆီးရန် မတတ်နိုင်ခဲ့ချေ။

ချန်းဖန် ပင်လျှင် သူ၏ ဓားကျိုး မည်မျှ အစွမ်းထက်ကြောင်း မသိပါချေ။ ထိုအရာမှာ ဝိညာဥ်ချီ ကုန်ဆုံးနေသည့် သတ္တုဓား တစ်လက် ဖြစ်သည်။ ထက်ရှမှုနှင့် မာကြောမှုတို့သာလျှင် ၎င်း၌ ကျန်ရှိ၏။ သို့သော်လည်း ချန်းဖန်သည် ဓားကျိုး၏ အတွင်းပိုင်း၌ ရှိနေသည့် နတ်ဘုရား စွမ်းအင်‌ကြောများကို ခံစားမိနေဆဲ ဖြစ်သည်။ ထိုအရာသည် နတ်ဘုရား လက်နက်၏ စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ထုတ်လွှတ်နိုင်ဆဲ ဖြစ်သည်။

“ဘုန်း...”

ချန်းဖန် ဓားအား လွှဲခုတ်လိုက်သည်နှင့် မိုးကြိုးသံ တစ်ခုမှာ ထွက်ပေါ်လာ၏။ အပိုလို နတ်ဘုရား မင်းသားသည် နတ်ဘုရား ဧကရာဇ်၏ ပြိုင်ဘက်ကင်း ဓားတစ်စင်းအလား ကောင်းကင်၌ အလင်းရောင်ခြည် တစ်ခု ယှက်ဖြာလာသည်ကို တွေ့ရလေသည်။ ထိုအလင်းသည် ရွှေရောင်လှံကို လွယ်ကူစွာ ထက်ပိုင်း ပိုင်းဖြတ်သွား၏။ အပိုလို သံချပ်ကာသည်လည်း စက္ကူစ တစ်ခုကဲ့သို့ ဖျက်ဆီးခြင်းကို ခံရသည်။

“ဘုန်း...”

အပိုလို နတ်ဘုရား မင်းသား၏ နတ်ဘုရား စိတ်ဝိညာဥ်မှာ အလယ်မှ ထက်ခြမ်းကွဲသွား၏။ သို့သော်လည်း ဓားအလင်းသည် ရပ်တန့်ခြင်း မရှိသေးပဲ အပိုလို နတ်ဘုရား မင်းသား၏ နောက်ရှိ ကျောက်တုံး တိုင်ကြီးကိုပါ ဆက်လက် ခုတ်ထစ်သည်။ ထိုတိုင်ကြီးသည် နတ်ဘုရား သင်္ကေတများ ပြည့်နှက်နေပြီး နန်းတော်၏ အဓိက ထောက်တိုင် တစ်ခု ဖြစ်သည့်တိုင် ဓားအလင်း၏ ကျရောက်မှုတွင် တစ်လက်မခန့် ရှိသော အက်ရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဒါက...”

အပိုလို နတ်ဘုရား မင်းသားမှာ ပထမ၌ ဆွံအ နေ၏။ သို့သော်လည်း တစ်စက္ကန့်မျှ အကြာ၌မူ သူသည် ဖြစ်ပျက်သမျှ အလုံးစုံကို သဘောပေါက် သွားခဲ့လေသည်။

“မဖြစ်နိုင်တာ...”

“ဘုန်း...”

ကောင်းကင်တွင် မိုးသည် ထစ်ချုန်းလာ၏။ သူ၏ အခြေတည် ဝိညာဥ်သည် ထက်ပိုင်းပြတ်ကာ သွေးများမှာ တရဟော ထွက်ပေါ်လာသည်။ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများ အတွက် သူတို့၏ အခြေတည် ဝိညာဥ်မှာ အရာရာ ဖြစ်သည်။ အခြေတည် ဝိညာဥ်မှ ထွက်သည့် သွေးတစ်စက်ချင်းစီမှာ နှစ်ပေါင်း ဆယ်ချီ ကျင့်ကြံရသော ပမာဏကို ကိုယ်စားပြုသည်။

“မဖြစ်ဘူး... ငါသေလို့ မဖြစ်ဘူး...”

အပိုလို နတ်ဘုရား မင်းသားက များစွာသော ဆေးလုံး၊ ဆေးမြစ်များကို ထုတ်ယူ၍ ပါးစပ် အတွင်း ထိုးသိပ်ကာ ဝါးစားလိုက်သည်။ ထိုအထဲဤ အဆင့်မြင့် ကောင်းကင် ဆေးဝါးများ၊ တစ်ဝက်တစ်ပျက် နတ်ဘုရား ဆေးဝါးများစွာ ပါရှိ၏။

သို့တိုင်အောင် သူက ကျေနပ်ခြင်း မရှိသေးပဲ နတ်ဘုရား အဆင့် ဆေးမြစ် အပိုင်းအစ တစ်ခုကိုပါ ထုတ်ယူလိုက်သည်။ ထိုအပိုင်းအစသည် မူလ နတ်ဘုရား ဆေးမြစ်၏ ဆယ်ပုံ တစ်ပုံသာ ကျန်ရှိတော့သည့်တိုင် ခရမ်းရောင် အလင်းနှင့် အထွတ်အမြတ် စွမ်းအားကို သယ်ဆောင်ထားဆဲ ဖြစ်သည်။

“ဝှစ်..”

အပိုလို နတ်ဘုရား မင်းသားသည် ထိုအပိုင်းအစ၏ တစ်ဝက်ကို ဝါးစားပစ်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ပေါ်၌ ရှိနေသော ဒဏ်ရာများမှာ ချက်ချင်း ပြန်လည် ကောင်းမွန်လာာ သူ၏ အခြေတည် ဝိညာဥ် နှစ်ပိုင်းမှာလည်း တဖြည်းဖြည်း ပြန်လည် ဆက်သွားသည်။

“ဓားက မဆိုးဘူးပဲ...”

ချန်းဖန်က ပြုံးရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူက နံရံကို မှီကာ ထိုင်နေသည့် အပိုလို နတ်ဘုရား မင်းသားထံသို့ လျှောက်လာကာ ဓားဖြင့် ရင်ဘတ်အား ထိုးစိုက်လိုက်သည်။ အပူပေးထားသည့် သံဓား တစ်ခုကို ရေခဲထဲတွင် စိုက်လိုက်သည့် အလား တရှဲရှဲ အသံများ ထွက်ပေါ်လာ၏။

“အား... ဆွဲထုတ်ပေးပါ... ငါ မခံနိုင်တော့ဘူး”

အပိုလို နတ်ဘုရား မင်းသားက အော်ဟစ်ကာ တောင်းပန်လိုက်၏။ ထိုနာကျင်မှုကား နတ်ဘုရား စိတ်ဝိညာဥ်ကို မီးတောက်နှင့် လောင်ကြွမ်းစေသည့် အလား ဆိုးရွား လွန်းလှသည်။ သူ့ကဲ့သို့ အပိုလို နတ်ဘုရား မင်းသား ပင်လျှင် ခံနိုင်ရည် မရှိပဲ ငိုကြွေးရသည်။

***

All Chapters