← Chapters

မူလ

Vol. 11 Ch. 1100

မူလ

Vol. 11 Ch. 1100

“ဝှစ်...”

ချန်းဖန်က အနက်ရောင် သံဓားအား ဆွဲနှုတ်လိုက်ရာ အပိုလို နတ်ဘုရား မင်းသား၏ ရင်ဘတ်၌ အပေါ်ကြီး တစ်ခု ကျန်ရစ်နေ၏။ အပိုလို နတ်ဘုရား မင်းသားသည် မည်မျှပင် ကြိုးစား ကုသစေကာမူ ထိုအရာက အသုံး မဝင်ခဲ့ချေ။ အနက်ရောင် သံဓားမှ ခရမ်းရောင် အလင်းကား အဆိပ် တစ်ခုနှယ် အပိုလို နတ်ဘုရား မင်းသား၏ ခန္ဓာ၌ ဆွဲကပ်နေခဲ့ပြီ ဖြစ်လေသည်။

ချန်းဖန်က အပိုလို နတ်ဘုရား မင်းသားကို အပေါ်စီးမှ ငုံ့ကြည့်လိုက်၏။

“မြောက်ပိုင်းချုံးကို ဖျက်ဆီးဖို့ အမိန့်ပေးလိုက်တာ မင်းလား...”

“ငါ... ငါ မဟုတ်ဘူး... နရန်ပါ... ငါက သူ့ကို ကမ္ဘာပေါ်မှာ ရှိတဲ့ ကျင့်စဥ် တစ်ချို့ကို ရှာဖွေလာဖို့ပဲ မှာလိုက်တာ... သူ လုပ်ခဲ့သမျှက ငါနဲ့ မဆိုင်ဘူး...”

အပိုလို နတ်ဘုရား မင်းသားက ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ဖြေ လိုက်သည်။

“အဲဒီ နရန်က ဘယ်မှာလဲ... အပြင်မှာ ကြားတာတော့ သူက မင်းတို့နဲ့ အတူ မူလ နတ်ဘုရား နန်းတော်ထဲ ဝင်သွားတယ်ဆို”

ချန်းဖန်က ထပ်မေးလိုက်၏။

အပိုလို နတ်ဘုရား မင်းသားမှာ ချန်းဖန်၏ မေးခွန်းကို ပြန်မဖြေပဲ တိတ်ဆိတ်သွား၏။ ချန်းဖန်က အလိုက်တသိပင် အနက်ရောင် သံဓားကို သူ၏ ရင်ဘတ် အတွင်း ထိုးသွင်းပေးလိုက်ပြန်သည်။ အပိုလို နတ်ဘုရား မင်းသားမှာ ခံနိုင်ရည် မရှိလေရာ နောက်ဆုံး၌ ပါးစပ်ဖွင့် လာရတော့သည်။

“သူက ကြယ်ပင်လယ်ကို ပြန်သွားတာပါ... ငါတို့က ကိုယ်စားပြုတဲ့ ဂိုဏ်းတွေရဲ့ ရှေ့ပြေး တပ်ဖွဲ့ တာဝန်ကို ယူထားရတာ... ငါတို့ ဒီကို အရင်ဆုံး ရောက်လာရတဲ့ ရည်ရွယ်ချက်က မဟာ အခွင့်အရေးကို ရှာဖွေဖို့နဲ့ မဟာ နတ်ဘုရား မင်းသားတွေကို အစီရင်ခံဖို့ပဲ”

“ကြယ်ပင်လယ်ကို ပြန်သွားတယ်...”

ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။ သူက တစ်ခဏမျှ ငြိမ်သက်ကာ စဥ်းစားပြီးနောက် အပိုလို နတ်ဘုရား မင်းသားကို ထပ်မေးလိုက်သည်။

“မင်းတို့ တွေ့ထားတဲ့ မဟာ အခွင့်အရေး ဆိုတာက ဘာလဲ...”

ယခုတစ်ကြိမ်တွင်မူ အပိုလို နတ်ဘုရား မင်းသားမှာ လုံးဝ ပါးစပ်ပိတ် သွားတော့၏။ ချန်းဖန်၏ ဓား သူ၏ ရင်ဘတ်အတွင်းသို့ အကြိမ် မည်မျှ ဝင်စေကာမူ သူသည် အသံတစ်သံပင် ထွက်မလာတော့ချေ။

“ဟဟ... မင်းမပြောရင်လည်း ငါက သိပါတယ်”

ချန်းဖန်က ရယ်မောရင်း အနက်ရောင် သံဓားကို ပြန်လည် ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ခန်းမကြီး၏ အလယ်၌ ရှိနေသော ရေတွင်းထံ လမ်းလျှောက် သွားလိုက်၏။

အပိုလို နတ်ဘုရား မင်းသားမှာ ချန်းဖန် ရေတွင်းနှင့် နီးကပ်လာသည်နှင့် အမျှ ပိုမို စိတ်လှုပ်ရှားလာဟန် ရလေသည်။ သူက ချက်ချင်းပင် တုန်တုန်ရီရီဖြင့် ချန်းဖန်ကို လှမ်းမေးလိုက်သည်။

“မင်း ဘာသိထားတာလဲ...”

ချန်းဖန်က ရေတွင်းရှေ့၌ ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။

“မူလ နတ်ဘုရား နန်းတော်... ငါ မူလ ဆိုတဲ့ စကားလုံးကို အခုထိ ရှာမတွေ့သေးဘူး... အဲဒါက ရေတွင်းထဲမှာပဲ ဖြစ်ရမယ်”

“ဒီရေတွင်းက သာမန်ကြည့်ရင် ဗလာပဲ... ဒါပေမဲ့ နတ်ဘုရား ကုန်းမြေပေါ်မှာ ရှိတဲ့ အစီအရင်တွေနဲ့ ချိတ်ဆက်နေတယ်... အဲဒါက ဒီနတ်ဘုရား ကုန်းမြေကို ထိန်းချုပ်ထားတဲ့ အမြုတေတွေထဲက တစ်ခု ဖြစ်နိုင်တယ်... ငါခန့်မှန်းတာ မမှားရင် ဒီနတ်ဘုရား ကုန်းမြေမှာ ဒီလို နန်းတော်မျိုးက တစ်ခုပဲ ရှိတာ မဟုတ်ဘူး... အနည်းဆုံး ကိုးဆယ့်ကိုးခု ရှိလိမ့်မယ်... အဲဒီ နန်းတော် ကိုးဆယ့် ကိုးခုကို ထိန်းချုပ်နိုင်တဲ့ ဘယ်သူမဆို နတ်ဘုရား ကုန်းမြေကိုပါ ထိန်းချုပ်နိုင်လိမ့်မယ်... အဲဒီ အခါကျရင် မဟာ အခွင့်အရေးကိုလည်း ရရှိဖို့ လွယ်ကူသွားပြီပေါ့”

အပိုလို နတ်ဘုရား မင်းသားမှာ ချန်းဖန်၏ စကားကို နားထောင်ပြီးနောက် ဆွံ့အ သွား၏။ သူက ချန်းဖန်ကို သရဲတစ္ဆေ တစ်ကောင်အလား ထိတ်လန့်စွာ ကြည့်ရင်း မေးလိုက်သည်။

“မင်း... မင်း ဘယ်လိုသိတာလဲ”

ချန်းဖန်က ပြန်မဖြေပဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။ သူသည် “မဟာ အခွင့်အ‌ရေး” ဆိုသော အရာကိုပင် သိရှိ ထားခဲ့ပြီး ဖြစ်သည်။

“မူလ... မူလ...”

ဆရာ ထန်ချင်နှင့် အခြားလူများသည် ထိုစကားကို နန်းတော် ဝင်ပေါက်၌ ထားရစ်ခဲ့သည်။ ထိုစကားလုံးသည် နတ်ဘုရား ကုန်းမြေအောက်၌ လဲလျောင်းနေသည့် မိစ္ဆာ ဖုတ်ကောင်ကြီးကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။

နတ်ဘုရား လောင်းလျာမှာ ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ဆရာ ထန်ချင်တို့သည် ဤကမ္ဘာသို့ နောက်တစ်ကြိမ် လာရောက်‌တော့မည် မဟုတ်ချေ။ သို့သော်လည်း သူတို့ ထားရစ်ခဲ့သည့် မိစ္ဆာချီကို နတ်ဘုရားချီ ဖြစ်အောင် သန့်စင်ပေးနိုင်သည့် အစီအရင်များမှာမူ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

“မူလ နန်း‌တော် ကိုးဆယ့် ကိုးခုကို ထိန်းချုပ်နိုင်တဲ့ ဘယ်သူမဆို နတ်ဘုရားချီကို ယူဆောင်နိုင်လိမ့်မယ်... အဲဒါက တကယ့်ကို မဟာ အခွင့်အ‌ရေးလို့ ဆိုနိုင်တယ်... တကယ်လို့ မိစ္ဆာ ဖုတ်ကောင်ဆီမှာ စွမ်းအား အပုံတစ်ထောင်ပုံ တစ်ပုံပဲ ကျန်တော့မယ် ဆိုရင်‌တောင် အဲဒီ တစ်ပုံက ဝိညာဥ် ဖြစ်တည်ခြင်း  အဆင့် တစ်ယောက်ကို အလွယ်တကူ ‌မွေးထုတ်ပေးနိုင်စွမ်း ရှိနေတုန်းပဲ”

ချန်းဖန်က တီးတိုး ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ တဖျပ်ဖျပ် လင်းလက် တောက်ပနေ၏။

အကယ်၍ မူလ နန်းတော် ၉၉ ခုကို ထိန်းချုပ်နိုင်ပါက သူသည် အခြေတည် ဝိညာဥ် အဆင့်ကို လွယ်ကူစွာ တက်လှမ်းနိုင် ပေလိမ့်မည်။ ဝိညာဥ် ဖြစ်တည်ခြင်း  အဆင့်ကိုပင် ဆယ်စုနှစ် တစ်ခု အတွင်း တက်လှမ်းရန် ဖြစ်နိုင်ချေ ရှိ၏။ ထိုအချိန်သို့ ရောက်လျှင် သူသည် ‌တောင်ပိုင်း ဒေသငယ် တစ်ခုလုံးရှိ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် အားလုံးကို အနိုင်ယူလာနိုင်လိမ့်မည် ဖြစ်သည်။ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းသို့ ပြန်ရန်ပင် ကြောက်လန့်စရာ လိုတော့မည် မဟုတ်ချေ။

“ဟဟ...”

အပိုလို နတ်ဘုရား မင်းသားက အနည်းငယ် ရယ်မောလိုက်၏။

“ချန်းပေ့ရွှမ်း... မင်း ဒီလျှို့ဝှက်ချက်တွေကို ဘယ်ကနေ ကြားလာလဲ ဆိုတာတော့ ငါမသိဘူး... ဒါပေမဲ့ မင်း အနေနဲ့ မူလ နတ်ဘုရား နန်းတော် အကုန်လုံးကို ဘယ်တော့မှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး ဆိုတာ‌တော့ ငါသိတယ်... ဒီနန်းတော်ထဲမှာ ဟိုးအရင်က ဝိညာဥ် ဖြစ်တည်ခြင်း  အဆင့် မိစ္ဆာ တစ်ကောင် ရှိခဲ့ဖူးတယ်... ငါတို့ ဘိုးဘေးတွေထဲက တစ်ယောက်ဟာ အဲဒီ မိစ္ဆာကို ထိပ်တိုက် ရင်ဆိုင်ပြီး သတ်ဖြတ်ခဲ့ဖူးတယ်... ဒါပေမဲ့ သူလည်း ဒီနန်းတော်ထဲမှာပဲ သေဆုံးခဲ့ရတယ်... ဒီနန်းတော်ထဲမှာ ရှိတဲ့ မိစ္ဆာက သေသွားပြီ ဆိုပေမဲ့ အခြား နန်းတော်တွေထဲက မိစ္ဆာတွေကတော့ ခုထိ အသက်ရှင်နေတုန်းပဲ... မင်း အနေနဲ့ မူလ နန်းတော် ၉၉ ခုကို ထိန်းချုပ်ချင်ရင် အရင်ဆုံး အဲဒီ မိစ္ဆာတွေကို သတ်ပစ်မှပဲ ဖြစ်နိုင်လိမ့်မယ်”

အပိုလို နတ်ဘုရား မင်းသား၏ မျက်လုံးများထဲ၌ နာကျင်မှု တစ်ခု ပေါ်နေခဲ့သည်။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ဘိုးဘေး တစ်ယောက်၏ သေဆုံးမှုသည် အပိုလို နန်းတော် အတွက်ပင် ကြီးမားသော ဆုတ်ယုတ် ကျဆင်းမှုကို ဖြစ်ပေါ်စေသည်။ အပိုလို နန်းတော်သည် ထိုဆုံးရှုံးမှုကို ကာမိစေရန် နှစ်ပေါင်းများစွာတိုင် ရုန်းကန်ခဲ့ရသည်။

“ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်...”

ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။ ထိုအရာကား သူ့အတွက်ပင်လျှင် လေးပင်သော ခေါင်းစဥ် တစ်ခု ဖြစ်ပေသည်။

“ဝိညာဥ် ဖြစ်တည်ခြင်း” ဟူသော ကျင့်ကြံခြင်း အဆင့်၌ ရှိနေသည့် မည်သည့် မွန်းစတား၊ လူသားနှင့် နတ်ဆိုး မိစ္ဆာ မဆို အရာလုံးကား ခြားနားလှသည်။ ချန်းဖန်သည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် မိစ္ဆာ တစ်ကောင်ကို လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်နိုင်ပေသည်။ သို့သော်လည်း ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မိစ္ဆာ တစ်ကောင်နှင့်‌ ရင်ဆိုင်တွေ့လျှင်မူ သူသည် အသက်ရှင် ကျန်ရစ်ရန် အတွက်ပင် ဝှက်ဖဲ အကုန်လုံးကို အသုံးပြုရလိမ့်မည် ဖြစ်သည်။

“ဆရာ ထန်ချင်နဲ့ အခြားလူတွေ ဘာလို့ သူတို့ရဲ့ အစီအရင်တွေကို စိတ်ချ လက်ချ ထားခဲ့သလဲ ဆိုပြီး ငါ အံ့သြနေတာ... လက်စသတ်တော့ ဒီလိုကိုး”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

“ဘာပဲဖြစ်ဖြစ်... နန်းတော် တစ်ခုက လုံလောက်ပါတယ်လေ... နတ်ဘုရားချီ တစ်ရှိုက်လောက် ရှူခွင့်ရမယ် ဆိုရင်တောင် ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ပိုပြီး တိုးတက်လာမှာပါ”

ချန်းဖန်က ရေတွင်းရှေ့၌ တင်ပျဥ်ချိတ်ကာ ထိုင်ချလိုက်သည်။ ထို့နောက် သူက လက်ညိုးကို ဆန့်ထုတ်ကာ သင်္ကေတ အချို့အား ရေးဆွဲလိုက်၏။

“ဝှစ်... ဝှစ်...”

သူရေးဆွဲလိုက်သည့် သင်္ကေတများမှာ ‌လေထဲ၌ မြောပါကာ ရေတွင်းဆီသို့ ပျံသန်း သွားကြသည်။

“ဟမ့်... မင်းက အဲဒါကို ဖွင့်နိုင်မယ် ထင်နေတာလား...”

အပိုလို နတ်ဘုရား မင်းသားက ချန်းဖန်အား ကြည့်ကာ နှာခေါင်းရှုံ့ လိုက်သည်။

“ငါတို့ ဘိုးဘေးတောင် ဒီနေရာ အထိ ရောက်ခဲ့ပေမဲ့ ရေတွင်းကို မဖွင့်နိုင်ခဲ့ဘူး... အဲဒါက ကောင်းကင်မှာ ရှိတဲ့ နတ်ဘုရား အစီအရင်တွေနဲ့ ချိတ်ဆက်နေတာ... မင်းအနေနဲ့ ရေတွင်းကို ဖွင့်ချင်ရင် အရင်ဆုံး မူလ နန်းတော် ကိုးဆယ့် ကိုးခုကို ထိန်းချုပ်နိုင်ဖို့ လိုတယ်... ချွင်းချက် အနေနဲ့ နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်းရဲ့ တပည့် ဖြစ်မယ် ဆိုရင်လည်း အခွင့်အ‌ရေး ရှိနိုင်တယ်... အဲဒီ နှစ်ချက်ထဲက အနည်းဆုံး တစ်ချက်နဲ့မှ မကိုက်ညီဘူး ဆိုရင်တော့ ဘယ်တော့မှ ရေတွင်းကို ဖွင့်နိုင်မှာ မဟုတ်ဘူး”

အပိုလို နတ်ဘုရား မင်းသားက ပြောပြီးနောက် ကြမ်းပြင်ပေါ်သို့ လှဲချလိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင်မူ ရွှေရောင် အလင်းများဖြင့် ပြန်လည် ကုစားနေသော ဒဏ်ရာ အပေါက်ကြီး ရှစ်ခု ရှိလေ၏။

“ဪ... ဒါနဲ့ နတ်ဘုရား ဂိုဏ်းကြီး ကိုးဂိုဏ်း ဆိုတာရော မင်း ကြားဖူးရဲ့လား... အဲဒါက စကြဝဠာနဲ့ ကြယ်ပင်လယ် တစ်ခုကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းကြီးတွေလေ... အဲဒီဂိုဏ်းတွေက မင်းအနေနဲ့ ဒီတစ်သက် ရောက်ဖူးမှာ မဟုတ်တဲ့ ဗဟို ဂလက်စီ ဆိုတဲ့ နေရာမှာ တည်ရှိတာပေါ့... တကယ်လို့ မင်းအနေနဲ့ ဒီရေတွင်းကို ဖွင့်ချင်ရင် နောက်ဘဝကျ အဲဒီ နတ်ဘုရား ဂိုဏ်းကြီး ကိုးဂိုဏ်းထဲက တစ်ဂိုဏ်းမှ မွေးဖွားလာဖို့ ဆုတောင်းပေါ့ကွ ဟားဟား...”

အပိုလို နတ်ဘုရား မင်းသားက အော်ဟစ် ရယ်မောလိုက်သည်။ သို့သော်လည်း နောက်တစ်စက္ကန့်မျှ အကြာ၌ သူ၏ ရယ်မောသံမှာ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွား၏။ အကြောင်းရင်းကား...

“ဘုန်း...”

ပေါက်ကွဲသံနှင့် အတူ အလင်း တစ်ခုမှာ ရေတွင်းထဲမှ ထွက်ပေါ်လာသည်။ ထိုအလင်းသည် နန်းတော်၏ ခေါင်မိုးကို ကျော်ဖြတ်ကာ လေထုကို ထိုးဖောက် သွားသည်။ အဆုံး၌ ၎င်းသည် လေထုထဲရှိ အစီအရင်များနှင့် ချိတ်ဆက်လေ၏။

ထို့နောက် နတ်ဘုရား ကုန်းမြေ တစ်ခုလုံးမှာ စတင် တောက်ပလာသည်။ အထက်မှ ကြည့်ပါက ကျယ်ပြေသော နတ်ဘုရား ကုန်းမြေသည် ကြယ်စင်များ တဖျပ်ဖျပ် လင်းလက်နေသည့် ကောင်းကင် တစ်ခုနှင့်ပင် တူနေသေး၏။

“ဘာလဲ...”

အပိုလို နတ်ဘုရား မင်းသား၏ မျက်လုံးများမှာ ပြူးကျယ်နေ၏။ သူသည် ချန်းဖန်အား တစ်ခါမှ မမြင်ဖူးသည့် လူတစ်ယောက် အလား ကြည့်နေမိ‌တော့သည်။

***

All Chapters