← Chapters

နတ်ဘုရား အရှင်ချန်း

Vol. 12 Ch. 1114

နတ်ဘုရား အရှင်ချန်း

Vol. 12 Ch. 1114

ကမ္ဘာသည် စစ်မက်ဒဏ် ကင်းဝေးကာ ငြိမ်းချမ်းလျှက် ရှိ၏။ လင်းမြို့တော် လုမိသားစု၊ ဟောင်ကောင် ကျန်းမိသားစု၊ တုန်းဟယ်နယ် အန်မိသားစုနှင့် ရန်ကျင်းနယ် ဝမ်မိသားစုတို့သည် မြောက်ပိုင်းချုံးကို အမှီသဟဲပြုကာ သူတို့၏ မိသားစုများကို တဖြည်းဖြည်း ချဲ့ထွင်နေကြသည်။ သူတို့သည် တရုတ်တွင် လွှမ်းမိုးသူများ ဖြစ်လာကြကာ ကမ္ဘာတွင်ပင် ပထမတန်းစား မိသားစုများ အဖြစ် ကျော်ကြားလာကြသည်။

ချန်းမိသားစုမှာ ပို၍ပင် တိုးတက်သေး၏။ ထိုအရာကား ချန်းဖန်၏ မိသားစု ဖြစ်ပေသည်။ ဂုဏ်ထူးဆောင် ချန်းဟွိုက်အန်းနှင့် ချန်းကောရှင်းတို့ ပျောက်ဆုံးနေသည့်တိုင် တတိယ မျိုးဆက်များ ဖြစ်သည့် ချန်းကောကောနှင့် ချန်းနဥ်တို့သည် မိသားစုကို ဦးဆောင်နေကြသည်။ သူတို့သည် အသက် သုံးဆယ်သာ ရှိသေသည့်တိုင် မိသားစုကို ကိုယ်စားပြုနိုင်သည့် အရည်အချင်းများကို ပိုင်ဆိုင် ထားခဲ့ကြပြီး ဖြစ်လေသည်။

တစ်ချိန်တည်း၌ မြောက်ပိုင်းချုံး လုပ်ငန်းစုသည်လည်း စီးပွားရေး လုပ်ငန်းများကို ပြန်လည် လည်ပတ်နေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ကမ္ဘာပေါ်ရှိ ဝိညာဥ်မိုင်းတွင်း တစ်ဝက်ခန့်ကို သိမ်းပိုက်ထားတာ ဝိညာဥ် ကျောက်တုံးများ၊ ဝိညာဥ် ဆေးပင်များ၊ အဆောင်များနှင့် ဓမ္မ ရတနာများကို ရောင်းချကြသည်။

အရာအားလုံးကား အဆင်ပြေ ချောမွေ့ကာ ကမ္ဘာကြီးမှာ မြောက်ပိုင်းချုံးအတွက် ကောင်းချီ မင်္ဂလာပေးသယောင် ရှိနေသည်။ သို့သော်လည်း မမြင်နိုင်သည့် ဘေးအန္တရာယ် တစ်ခုကား ကပ်ဆိုးကြီးကို သယ်ဆောင်ကာ ကမ္ဘာသို့ လာရောက်နေခဲ့ပြီ ဖြစ်လေသည်။

***

အမှောင်အတိပြီးသည့် အာကာသ တစ်နေရာ...

ဝူကျိဂိုဏ်း၏ တတိယ နတ်ဘုရား မင်းသား ရီချင်သည် ကမ္ဘာအား လှမ်းမျှော်ကြည့် နေခဲ့သည်။ အပြာရောင် မှိန်ဖျော့ဖျော့ ထွန်းလင်းနေသော ဂြိုဟ်ငယ်လေးသည် သူ၏ အမြင်အာရုံတွင် ဖြည်းညင်းစွာ လည်ပတ်နေခဲ့သည်။

နတ်ဘုရား အစီအရင်များမှာ ပျောက်ကွယ်နေသည့်တိုင် ဂြိုဟ်တစ်ခုလုံးမှာ ဝိညာဥ်ချီဖြင့် ပြည့်နှက်နေ၏။ စွမ်းအင်များသည် နဂါးများ အလား ပျံသန်းနေကြသည်။ မရေမတွက်နိုင်သည့် ဓမ္မ ဥပဒေသများနှင့် တာအို ဥပဒေသများသည် သံပြားတစ်ခုအလား ဖွဲ့စည်းထားသည်။ အမတေချီသည် အလွန်အမင်း ထူထပ် သိပ်သည်းလှ၏။ ကမ္ဘာမြေပေါ်ရှိ ဝိညာဥ်ချီမှာ စက္ကန့်နှင့် အမျှ တိုးပွားလာနေကာ မိုင်ထောင်ဂဏန်း ရှည်လျားသော စွမ်းအင် နဂါးများမှာ ကမ္ဘာအား လှည့်ပတ် ပျံသန်း နေကြလေသည်။

လွန်ခဲ့သည့် ရှစ်နှစ် အတွင်း ကမ္ဘာပေါ်ရှိ ဝိညာဥ်ချီသည် ထျန်းဟောင်ဂြိုဟ်ထက်ပင် သုံးဆခန့် ပိုမို ထူထပ်လာခဲ့သည်။ ထိုအရာကား တောင်ပိုင်း ဒေသငယ် ကောင်းကင်နယ်မြေရှိ အလွန် ကျော်ကြားသော ဂြိုဟ်များကိုပင် မီလုမီခင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“တကယ့်ကို ကောင်းမွန်တဲ့ ကျင့်ကြံခြင်းဂြိုဟ် တစ်ခုပဲ... ဒါပေမဲ့ ကံမကောင်းစွာပဲ ကပ်ဘေး ကံကြမ္မာက ဒီဂြိုဟ်ပေါ်မှာ ကျရောက်နေတယ်... အန္တရာယ်ကို မကျော်ဖြတ်နိုင်ရင် ချက်ချင်း ကျဆင်း သွားရလိမ့်မယ်”

ရီချင်က မည်သည့် ခံစားချက်မှ မပါသော အသံဖြင့် ဆိုလိုက်သည်။  သူသည် ကမ္ဘာအား ရစ်ပတ်နေသည့် နတ်ဘုရား အစီအရင်များကို မမြင်နိုင်သည့်တိုင် သူ့ဘိုးဘေးများ ထားရစ်ခဲ့သည့် စာအုပ်များမှ တစ်ဆင့် ကမ္ဘာဂြိုဟ် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိရှိခဲ့ပြီး ဖြစ်လေသည်။

တောင်ပိုင်း ဒေသငယ်မှ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်သည် ကမ္ဘာအား သွားရောက်ကာ ဓမ္မ စွမ်းအားကို ဖြန့်ကျက်လျှက် မဟာအခွင့်အရေးကို ရှာဖွေရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း အရောင်မျိုးစုံ တောက်ပနေသော အစီအရင် တစ်ခုမှာ ရုတ်တရက် ပေါ်လာခဲ့ကာ ထိုကျင့်ကြံသူကို အပိုင်းပိုင်း အစစ ဖြစ်အောင် ဖျက်ဆီး ပစ်ခဲ့ဖူးလေသည်။

“ဒါပေမဲ့ ဒီမမြင်ရတဲ့ အစီအရင်တွေက ငါ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် စွမ်းအားကို မသုံးမချင်း နိုးထလာမှာ မဟုတ်ဘူး... နောက်ပြီး ဒီလို ဂြိုဟ်လေးပေါ်မှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် စွမ်းအားကို သုံးဖို့ လိုမှာလည်း မဟုတ်ပါဘူး”

ရီချင်က ပြုံးလိုက်သည်။ ထို့နောက် သူက သူ၏ နောက်၌ ရပ်နေသည့် အကြီးအကဲအား လှည့်ကာ ပြောလိုက်သည်။

“ယာဥ်ကို ဒီမှာ ရပ်လိုက်တော့... နောက်ပြီး ကမ္ဘာကို ရောက်နေတဲ့ ဝူကျိဂိုဏ်းက တပည့်တွေကို ငါ့ကို လာကြိုဆိုဖို့ပါ တစ်ခါတည်း အကြောင်းကြာလိုက်... ငါ သူတို့ကို ညီလေး အကြောင်း မေးချင်သေးတယ်”

“ကောင်းပါပြီ...”

ငွေရောင် သံချပ်ကာ ဝတ်ဆင်ထားသော နတ်ဘုရား ဗိုလ်ချုပ်က ဦးညွှတ်လိုက်သည်။ ထို့နောက် သူသည် ရွှေအမြုတေ အဆင့်များစွာ ခြံရံ၍ ကြယ်ပျံ တစ်စင်း အသွင် ပြောင်းလဲကာ ကမ္ဘာပေါ်သို့ ထိုးဆင်းသွားတော့သည်။

...

မြောက်အမေရိက၊ ဂရစ်ဖစ် နက္ခတ်တာရာကြည့် မျှော်စင်...

“နေဦး... ဘာလဲ”

ဝန်ထမ်း တစ်ယောက်မှာ ဟမ်ဘာဂါစားရင်း ရုတ်တရက် မျက်လုံးများ ပြူးကျယ် သွားလေ၏။

စခရင် ထက်တွင်မူ...

ပေတစ်ထောင်မျှ ရှည်လျားသော သင်္ဘောအိုကြီး တစ်စင်းသည် အာကာသထံတွင် လွင့်မြောနေသည်။ ထိုအရာကြီးသည် ဓားရာများ၊ လှံရာများ၊ ပုဆိန်ရာများ၊ သားရဲတို့၏ လက်သည်းရာများဖြင့် ပြည့်နှက်နေ၏။ ‌ငွေရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် မရေမတွက်နိုင်သော လူများသည် သင်္ဘောကြီးထက်၌ လွင့်မြော နေကြသည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် နီးကပ်စွာ ရပ်ရင်း သင်္ဘောကြီးကို အစောင့်များ ကဲ့သို့ ကာကွယ်နေကြ၏။ ထိုအရာကြီးကား ကမ္ဘာ့ လေထုအပြင်ဘက်၌ ရပ်ရင်း ကမ္ဘာဂြိုဟ်ကို သားရဲကြီး တစ်ကောင်အလား စောင့်ကြည့်နေခဲ့လေသည်။

“မြန်မြန်ဟေ့... အချက်ပေးသံ လွှင့်လိုက်... အခြားဂြိုဟ်က ကျင့်ကြံသူ‌တွေ ကမ္ဘာကို ထပ်ရောက် လာကြပြန်ပြီ... ကြည့်ရတာ အရင်တစ်ခေါက်ထက် ပိုပြီး အစွမ်းထက်ပုံ ရတယ်”

ဝန်ထမ်းက အော်ကြီးဟစ်ကျယ်ဖြင့် ပြောလိုက်လေသည်။

မြောက်အမေရိကတွင် သာမက ဥရောပ၊ တရုတ်၊ သြစတေးလျ၊ ဂျပန် စသည့်နိုင်ငံများမှာလည်း ဝူကျိဂိုဏ်း၏ စစ်သင်္ဘောကြီးကို ဖမ်းယူရရှိကြသည်။ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ စစ်သင်္ဘောများနှင့် နှိုင်းယှဥ်ရပါက ထိုသင်္ဘောကြီးမှာ အဆမတန် ပိုမို များပြားသော ဖိအားများကို ထုတ်လွှတ်နေခဲ့လေသည်။

“ဒင်... ဒင်... ဒင်...”

ထိုအခိုက်အတန့်၌ ကမ္ဘာပေါ်ရှိ မတူကွဲပြားသော နိုင်ငံများတွင် အချက်ပေး အလန်းသံများမှာ တစ်ပြိုင်နက်တည်း လိုလို ထွက်ပေါ်လာသည်။

အမေရိကန် ပြည်ထောင်စု၊ အာခက်တောင်တန်း...

ကျောက်တုံး နန်းတော် အတွင်း၌ ကောင်းကင်အရှင် အန်ပိုသည် တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့သည်။ သူသည် သူ၏ တပည့်အချို့နှင့် စကားပြောနေခြင်း ဖြစ်၏။

ထိုအချိန်တွင်ပင် ရုတ်တရက် ကောင်းကင်အရှင် အန်ပိုမှာ တစ်ချက် တုန်ရီသွားကာ ကောင်းကင်သို့ မော့ကြည့်လိုက်လေသည်။

“ဟမ်...”

တောင်အမေရိက...

ရွှေရောင် ကလန် ဘိုးဘေး အချို့သည် ဘရာဇီးနိုင်ငံ၊ မိုးသစ်တောထဲ၌ စုဝေး နေကြလေသည်။ သူတို့သည် တစ်ချိန်တည်း လိုလိုပင် ကောင်းကင်သို့ မော့ကြည့်လိုက်မိကြလေသည်။

“အဲဒါက...”

အရှေ့ ဥရောပ...

“ဝှစ်...”

အနက်ရောင် အလင်း တစ်ခုသည် သွေးမျိုးဆက် ရဲတိုက်၏ ကောင်းကင်၌ ပေါ်လာခဲ့၏။ ထိုအလင်းသည် ပျောက်ကွယ်သွားပြီးနောက် ဖြူဖပ်ဖြူရော် အသားအရေ ရှိသည့် ပထမ သွေးဘိုးဘေး၏ ပုံရိပ်မှာ ပြန်လည် ပေါ်လာခဲ့သည်။ သူသည် သွေးရောင် တဖျပ်ဖျပ် လက်နေသည့် မျက်လုံးများဖြင့် ကောင်းကင်ကို စူးစိုက် ကြည့်နေခဲ့လေသည်။ သင်္ဘောဦးရှိ အဖြူအနက် ထိုက်ကျိ စက်ဝိုင်းကို တွေ့မြင်ပြီးနောက် သူ၏ ဖြူရော်သော မျက်နှာပေါ်တွင် ပျော်ရွှင်ခြင်းများ ပေါ်လာခဲ့လေသည်။

“အဲဒါ ဝူကျိဂိုဏ်းပဲ...”

“နောက်ဆုံးတော့ ကြယ်ပင်လယ် ဂိုဏ်းကြီးတွေ ရောက်လာပြီ...”

ကမ္ဘာပေါ်ရှိ လူအားလုံး နီးပါးသည် စစ်သင်္ဘောပေါ်ရှိ သင်္ကေတကို တွေ့မြင်ပြီးနောက် ထိတ်လန့် ကုန်ကြလေသည်။

ကြယ်ပင်လယ် ဂိုဏ်းကြီးများ၏ တည်ရှိမှုသည် ကမ္ဘာသားတို့ အတွက် လျှို့ဝှက်ချက် တစ်ခု မဟုတ်ပါချေ။ ဝူကျိဂိုဏ်းသည် လွန်ခဲ့သော နှစ်များ ကတည်းကပင် ကမ္ဘာပေါ်၌ ဂိုဏ်းတစ်ခုကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ ထောင်ချီသော ရွှေအမြုတေ အဆင့်များနှင့် ရောက်ရှိလာခဲ့ခြင်းမှာမူ ပထမဆုံး အကြိမ် ဖြစ်ပေသည်။

“မကောင်းတော့ဘူး... ဝူကျိဂိုဏ်း ရောက်လာပြီ... နတ်ဘုရား အရှင်ချန်း ဘာလုပ်နေတာ ပါလိမ့်”

ကောင်းကင် ဂျူပီတာဂြိုဟ်မှ ကျင့်ကြံသူများနှင့် မြောက်ပိုင်းချုံးနှင့် နီးစပ်သည့် ကျင့်ကြံသူများသည် ထိုကဲ့သို့ တွေးနေခဲ့ကြလေသည်။

မြောက်ပိုင်းချုံး နန်းတော် အတွင်း၌

မြောက်ပိုင်းချုံး ဂိုဏ်းသားများသည် နတ်ဘုရားအရှင် ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်ရန် ဆွေးနွေး နေကြလေသည်။ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိသည့် အလား ကျန်းချူရန်၊ အားရှို့၊ မူရှောင်နှင့် လင်းယွင်တို့သည် ကောင်းကင်သို့ ပျံတက်လာကြ၏။ သူတို့က ဓမ္မ စွမ်းအားများကို ဖြန့်ကျက်ကာ အာကာသထဲသို့ လှမ်းကြည့်လိုက်ကြလေသည်။

“အဲဒါက တကယ်ပဲ  ဝူကျိဂိုဏ်းရဲ့ စစ်သင်္ဘောပဲ... အနက်နဲ့ အဖြူ ထိုက်ကျိ စက်ဝိုင်းက ဝူကျိဂိုဏ်းရဲ့ အမှတ် လက္ခဏာပဲ”

လင်းယွင်က ကြောက်လန့်တုန်ရီစွာဖြင့် ရေရွတ်လိုက်၏။

“ငါတို့တော့ သွားပြီ... နတ်ဘုရားအရှင်ချန်းက ဝူကျိဂိုဏ်းရဲ့ စတုတ္ထ နတ်ဘုရား မင်းသားကို သတ်ထားတာ... သူတို့က အဲဒီ ကိစ္စကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး”

ကျန်းချူရန် အပါအဝင် ကျန်လူ အကုန်လုံးမှာလည်း ကြောက်လန့် ကုန်ကြလေ၏။

၂၀၂ရ၊ သြဂုတ်လ ၁၃ ၇က်...

ဝူကျိဂိုဏ်း ရှေ့ပြေး တပ်ဖွဲ့သည် ကမ္ဘာမြေပြင်သို့ ဆင်းသက် လာခဲ့လေသည်။ ဝူကျိဂိုဏ်း၏ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်သည် ထိုတပ်ဖွဲ့ကို ဦးဆောင်လာ၏။ သူသည် ကမ္ဘာပေါ်သို့ ရောက်ရှိနေသော အခြေတည် ဝိညာဥ် အဆင့် အကုန်လုံးကို နတ်ဘုရား မင်းသား ရီချင်၏ အမိန့်အား နာခံရန် ကြေညာခဲ့လေသည်။

သို့သော်လည်း လူသား ကျင့်ကြံသူများစွာမှာ ထိုအမိန့်ကို နာခံရန် ငြင်းဆန်ကြ၏။ မည်သို့ပင်ဆိုစေ သူတို့ကား ခွန်အား ကြီးသူထံတွင် ကျွန်ခံရန် ဝန်မလေးသည့် အမှောင်မျိုးနွယ်များ မဟုတ်ပါချေ။ ထို့အပြင် တောင်ပိုင်း ဒေသငယ်နှင့် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေတို့မှာလည်း အလင်းနှစ်များစွာ အလှမ်း ကွာဝေးလွန်းလှပေသည်။ သို့ဖြစ်ရာ အဘယ်ကြောင့် သူတို့က ထိုနတ်ဘုရား မင်းသား၏ အမိန့်ကို နာခံရပါမည်နည်း။

“နတ်ဘုရားအရှင် တထျန်းနဲ့ နတ်ဘုရားအရှင်ချန်းတို့တောင် အဲဒီလောက် မမောက်မာဘူး”

ယင်ချွန်းဂြိုဟ်မှ ကျင့်ကြံသူများက ပြောလိုက်သည်။

“မင်းတို့က နတ်ဘုရားမင်းသားရဲ့ အမိန့်ကို ဆန့်ကျင်ချင်တယ်ပေါ့... သတ်စမ်း”

ယင်ဟိုင်က ခံစားချက် ကင်းမဲ့သော လေသံဖြင့် အမိန့်ပေး လိုက်သည်။

“ဘုန်း...”

ချက်ချင်းပင် ဒါဇင်ပေါင်း များစွာသော ရွှေအမြုတေ အဆင့်များသည် ယင်ချွန်းဂြိုဟ်မှ ကျင့်ကြံသူများထံသို့ ပျံသန်းသွားကာ ဝိုင်ဝန်း တိုက်ခိုက်ကြတော့၏။ မကြာခင်မှာပင် အခြေစိုက် စခန်း တစ်ခုလုံးမှာ သွေးအိုင်ထွန်း သွားရလေတော့သည်။

***

All Chapters