← Chapters

ဝိညာဉ် ကိုယ်ပွား

Vol. 12 Ch. 1117

ဝိညာဉ် ကိုယ်ပွား

Vol. 12 Ch. 1117

"အဲဒီ အစီအရင်က အတော်သေး အစွမ်းထက် သားပဲ… ဒါပေမဲ့ ထိန်းချုပ်တဲ့ လူတွေက အရမ်းကို အားနည်းလွန်းနေတယ်"

အာကာသထဲမှ နေ၍ ထိုတိုက်ပွဲကို ကြည့်နေသော နတ်ဘုရား မင်းသား ရီချင်က မှတ်ချက်ပြုလိုက်သည်။

"အရှင်မင်းသား… ဘာပဲဖြစ်ဖြစ် ဒီနေရာက ပုရွက်ဆိတ်တွေ နေတဲ့ ဂြိုဟ်တစ်ခုပါပဲ… သူတို့ ဖွဲ့စည်းထားတဲ့ အစီအရင်က ဘယ်လို လုပ်ပြီး ဝူကျိဂိုဏ်းရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာလဲ"

အကြီးအကဲ တစ်ယောက်က ပြုံးရင်း ဆိုလိုက်၏။

"အမှန်ပဲ… ဒီလို ဂြိုဟ်တစ်ခုကို ငါ့ရဲ့ အကြီးအကဲ တစ်ယောက်နဲ့ တပ်ဖွဲ့ တစ်ခုကတင် ဖျက်ဆီးနိုင်တယ်"

ရီချင်က ခေါင်းညိတ် လိုက်သည်။ သူသည် ဝူကျိဂိုဏ်းကြီး၏ တတိယ နတ်ဘုရား မင်းသား ဖြစ်လေရာ မရေမတွက် နိုင်သော ဂြိုဟ်များ၊ ပါရမီရှင်များကို တွေ့မြင်ဖူးသည်။ ကမ္ဘာပေါ်ရှိ အစီအရင် တစ်ခုက သူ့အား စိတ်လှုပ်ရှားအောင် လုပ်နိုင်စွမ်း မရှိချေ။

"ယင်ဟိုင်ကို မြောက်ပိုင်းချုံး တစ်ခုလုံးကို ရှင်းပစ်ဖို့ ပြောလိုက်… တစ်ယောက်မှ မချန်ထားနဲ့… နေဦး… ဟိုမိန်းကလေးက အတော်လေး လှပြီး ပါရမီလည်း မဆိုးဘူး… သူက ငါ့ကိုယ်လုပ်တော် တစ်ယောက် ဖြစ်ဖို့ အရည်အချင်း ရှိတယ်"

နတ်ဘုရား မင်းသား ရီချင်က ပြောလိုက်သည်။

"ကောင်းပါပြီ အရှင်မင်းသား…"

သူ၏ နောက်ရှိ အကြီးအကဲက ခေါင်းတစ်ချက် ညိတ်ကာ ထွက်ခွာ သွားသည်။

ထိုအချိန်၌ ယွင်ဝူတောင်ထိပ်သည် သွေးပင်လယ် အသွင် ပြောင်းလဲ နေခဲ့ပြီ ဖြစ်လေသည်။

ကောင်းကင် ဂလက်စီသည် ထိုနေရာ၌ ရှိနေဆဲ ဖြစ်သည့်တိုင် ကောင်းကင်ဓား လေးချောင်း သာလျှင် ကောင်းကင်တွင် ကျန်ရှိတော့သည်။ လင်းယွင်တို့သည် မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားနေရ၏။ ယင်ဟိုင်အား အနိုင်ယူရန်မှာ သူတို့ အတွက် မည်သို့မျှ မဖြစ်နိုင်တော့ချေ။ ဝူကျိဂိုဏ်း၏ ထိုနတ်ဘုရား ဗိုလ်ချုပ်ကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူကား နတ်ဘုရား တစ်ပါးနှင့်ပင် နှိုင်းယှဉ် နိုင်ပေသည်။

"ငါ နင့်ကို ဆယ်စက္ကန့် စဉ်းစားဖို့ အချိန် ပေးမယ်… ချန်းပေ့ရွှမ်းကို အခု ချက်ချင်း ခေါ်ထုတ်ပေးမလား… သေမလား"

နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က အေးစက်စွာ မေးလိုက်၏။ သူကား လက်တစ်ဖြင့် အားရှို့၏ လည်ပင်းကို ဖျစ်ညှစ်ထားဆဲ ဖြစ်သည်။

"ငါက ငါ့ဆရာကို ဘယ်တော့မှ သစ္စာ မဖောက်ဘူး"

အားရှို့က အံကို တင်းတင်းကြိတ်ကာ ငြင်းဆန် လိုက်သည်။

"နင်က သူ့တပည့်ကိုး… ကောင်းတယ်… ဒီတော့ ငါက နင့်ကို ပထမဆုံး သတ်ရတာပေါ့… ပြီးမှ မြောက်ပိုင်းချုံး တစ်ခုလုံးက လူတွေကို တစ်ယောက်ချင်းစီ သတ်ပစ်မယ်… ပြီးတာနဲ့ ဒီဂြိုဟ် တစ်ခုလုံးပေါ်က လူတွေကိုပါ သတ်ပစ်မယ်"

ယင်ဟိုင်က ပြောလိုက်သည်။ သူသည် အားရှို့၏ မျက်လုံးမျာအား နတ်ဆိုး တစ်ကောင် အလား ပြုံးရင်း ကြည့်နေခဲ့လေ၏။

"မိစ္ဆာကောင်ကြီး… ငါ့ဆရာက နင့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"

အားရှို့က ယင်ဟိုင်အား မုန်းတီးစွာ ကြည့်ရင်း ပြောလိုက်သည်။

"ဟဟ… နင်ပြောတဲ့ ချန်းပေ့ရွှမ်းက ဘယ်လိုလုပ်ပြီး ငါ့ကို ရင်ဆိုင်နိုင်မှာလဲ… အခု ငါက မြောက်ပိုင်းချုံးရဲ့ မရေမတွက်နိုင်တဲ့ တပည့်တွေကို သတ်ပြီးတာတောင် သူက ပေါ်လာသေးတာ မဟုတ်ဘူး… သူ့ကို လူကြောက်မျိုးကို ငါက ဘာလို့ ပြန်ကြောက်ရမှာလဲ… ဟားဟား"

နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က အော်ဟစ် ရယ်မောလိုက်လေသည်။

ထိုအချိန်တွင်ပင် ရုတ်တရက် အေးစက်သော အသံ တစ်ခုမှာ ထွက်ပေါ်လာခဲ့တော့၏။

"တကယ်လား…"

ထိုအသံသည် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ နောက်နားမှ ပြောလိုက် သကဲ့သို့ နီးကပ်စွာ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ အခြေတည် ဝိညာဉ် အဆင့်များသည် ပတ်ချာလည် လှည့်၍ ရှာဖွေ လိုက်ကြသည့်တိုင် အသံရှင်အား တွေ့ရှိခဲ့ခြင်း မရှိပါချေ။

"သူက ဘယ်မှာလဲ…"

နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်မှာ အနည်းငယ် ကြက်သီးထသွားခဲ့၏။ သူသည် ထိုအသံရှင် မည်သည့် နေရာ၌ ရှိနေကြောင်း အတိအကျ မသိသည့်တိုင် ပတ်ဝန်းကျင် ပေတစ်ရာ အတွင်း ပျံ့နှံ့နေသည့် စွမ်းအား တစ်ခုကိုမူ ခံစားမိနေခဲ့လေသည်။ ထိုစွမ်းအားကား သူ့ကိုပင် ထိတ်လန့်စေ၏။

နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်သည် ကမ္ဘာသို့ ရောက်ရှိ လာသည့် အချိန်ကတည်းက မိမိကိုယ် မိမိ အမြဲ ယုံကြည်ချက် ရှိခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ထိုယုံကြည်ချက်မှာ စတင်ကာ ကျိုးပျက် နေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ချန်းဖန်၏ "စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးတွင် အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်" ဟူသော ဂုဏ်ပုဒ်သည် သူ့အား ခြိမ်းခြောက် နေခဲ့လေသည်။

သို့သော်လည်း ယင်ဟိုင်ကား တိုက်ပွဲပေါင်း ရာချီကို ကျော်ဖြတ်ခဲ့သူ ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူသည် လွယ်လွယ် လက်လျှော့တတ်သူ မဟုတ်ပါချေ။

"ဝှစ်…"

သူက မိုင်တစ်ရာ အချင်းဝက် အတွင်းကို နတ်ဘုရား စိတ်အာရုံဖြင့် ဖုံးအုပ် ပစ်လိုက်လေ၏။ ထိုဧရိယာ အတွင်းရှိ ခြင်တစ်ကောင်၊ မြက်တစ်ပင်နှင့် အမတေချီ တစ်မှုန် ပင်လျှင် သူ၏ စောင့်ကြည့်မှု အောက်မှ ကင်းလွတ်ခြင်း မရှိတော့ချေ။

"ဝှစ်…"

ထိုအချိန်တွင်ပင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အနက်ရောင် ဆံပင် ပိုင်ရှင် လူငယ် တစ်ယောက်သည် သူနှင့် ပေတစ်ရာ မဝေးသော အကွာအဝေး တစ်ခုတွင် ထွက်ပေါ်လာသည်။ သူကား လက်နှစ်ဖက်ကို နောက်ပစ်ကာ မားမားမတ်မတ် ရပ်တန့်လျှက် ရှိ၏။

"ဆရာ…"

ချီရှို့အာနှင့် အားရှို့တို့က အော်ဟစ် လိုက်ကြသည်။

"ချန်းဖန်…"

ကျန်းချူရန်နှင့် လုယန်ရွယ်တို့မှာလည်း အံ့အားသင့် သွားကြ၏။

"နတ်ဘုရား အရှင်ချန်း… ဂိုဏ်းချုပ်… နောက်ဆုံးတော့ ပြန်ရောက် လာခဲ့ပြီပေါ့"

မြောက်ပိုင်းချုံး တပည့်များနှင့် အဇူရာ နဂါးတို့မှာ ပျော်ရွှင် သွားကြကာ ထအော် လိုက်ကြလေသည်။

တစ်ချိန်တည်း၌ တိုက်ရိုက် ထုတ်လွှင့်မှု များမှ တစ်ဆင့် ကြည့်နေကြသည့် ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော လူများမှာ ဆွံ့အ နေခဲ့ကြလေသည်။

ချန်းပေ့ရွှမ်းကား ပြန်လာခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ မြောက်ပိုင်းချုံးမှာ လုံခြုံသွားပြီဟု ဆိုနိုင်ပေသည်။ ကောင်းကင်အရှင် အန်ပိုနှင့် ကျန်းမိသားစု ဘိုးဘေးတို့ ပင်လျှင် မျက်လုံးများ ပြူးကျယ် နေကြ၏။

ချန်းပေ့ရွှမ်းကား ရွှေအမြုတေ အဆင့်ဖြင့်ပင် တောင်တန်း အင်ပါယာကိုပင် အနိုင်ယူကာ ထျန်းဟောင်ဂြိုဟ်၏ ဧကရာဇ် ဖြစ်လာခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့သော ပါရမီရှင်မျိုးမှာ ကြောက်စရာ ကောင်းလွန်းလှသည်။

"မင်းက ချန်းပေ့ရွှမ်း ဆိုတာလား…"

ယင်ဟိုင်က မျက်လုံးများကို ကျဉ်းမြောင်းရင်း ချန်းဖန်အား စူးစိုက် ကြည့်လိုက်၏။ ထို့နောက် သူက ရုတ်တရက် ထရယ်လိုက်သည်။

"ဟဟ… ငါက မင်းကို သတ္တိကောင်းလှချည်လား တွေးနေဝာာ… လက်စသတ်တော့ နတ်ဘုရား စိတ်ဝိညာဉ် ကိုယ်ပွား တစ်ခုပဲကိုး… ဘာလဲ မင်းက တကယ့် ခန္ဓာကိုယ် အစစ်နဲ့ လာရင် သေသွားမှာ ကြောက်နေတာလား"

"ဘာ… နတ်ဘုရား စိတ်ဝိညာဉ် ကိုယ်ပွား…"

လူတိုင်းမှာ အံ့ဩ သွားကြလေသည်။ အားရှို့နှင့် အခြားလူများသည် ချန်းဖန်ကို သေချာစွာ ကြည့်လိုက်ကြ၏။

ထိုအခိုက်၌ ချန်းဖန်၏ ခန္ဓာကိုယ်မှာ ရွှေရောင် အလင်းများဖြင့် ဝန်းရံထားသည်။ သူ၏ ခြေထောက်များသည် ဝေဟင်တွင် ပေါလော မျောပါနေ၏။ သူ၏ ခန္ဓာကိုယ်ကား ပုံရိပ်ယောင် တစ်ခုအလား ထင်ရသည်။ တစ်ချိန်တည်း၌ သူ၏ နဖူးထက်တွင် ရွှေရောင် အလင်းတန်း တစ်ခုမှာ ထွက်ပေါ်နေ၏။ သူကား အစစ်အမှန် လူတစ်ယောက်နှင့် အနည်းငယ်ပင် တူညီခြင်း မရှိချေ။

"အဲဒါက တကယ့်ကို နတ်ဘုရုး စိတ်ဝိညာဉ် ကိုယ်ပွားတစ်ခုပဲ… ချန်းပေ့ရွှမ်းက အဲဒီလို လူကြောက် တစ်ယောက်ပဲလား"

အာကာသထဲရှိ စစ်သင်္ဘောထက်မှ ကြည့်နေသော နတ်ဘုရား မင်းဟား ရီချင်သည် ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးရင်း ခေါင်းအား ခါယမ်းလိုက်သည်။

သူ၏ ဘေးနားရှိ အကြီးအကဲများမှာလည်း ရယ်မောရင်း တစ်ယောက်နှင့် တစ်ယောက် ပြောဆို လိုက်ကြသည်။

"ဟားဟား… သူက တကယ့်ကို စွန့်ပစ်ခံ ဂြိဟ်နယ်မြေရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ပီသပါပေတယ်… နောက်ပြီး သူ့ရဲ့ ဂိုဏ်းကလည်း ငါတို့ တောင်ပိုင်း ဒေသငယ်ရဲ့ ဂိုဏ်းစုတ်ဂိုဏ်းပြတ် တစ်ခုလောက်တောင် အစွမ်းအစ မရှိဘူး"

"ဟုတ်ပါ့… နောက်ပြီး ငါတို့ ဝူကျိဂိုဏ်းဆို အတိုက်ခိုက် ခံရတာနဲ့ ဂိုဏ်းချုပ်က အစ တပည့် အဆုံး အကုန်လုံး အရှုံးမပေးပဲ အသေခံ တိုက်ခိုက်ကြတာ… ငါတို့က မနိုင်ဘူး ဆိုရင်တောင် ဘယ်တော့မှ မရှူံး မပေးဘူး"

"ဟဟ… ဒါပေါ့ဗျ... မဟုတ်ရင် ဝူကျိဂိုဏ်းက ဘယ်လို လုပ်ပြီး ကြယ်ပင်လယ်မှာ နတ်ဘုရား တစ်ပါးလို ရပ်တည်နိုင်မှာလဲ"

တစ်ချိန်တည်း၌ ကမ္ဘာပေါ်ရှိ လူများမှာလည်း စိတ်ပျက် လက်ပျက် ဖြစ်နေကြလေသည်။

"အဲဒါက ကိုယ်ပွား တစ်ခုပဲလား"

အတုံးဆုံး လူပင်လျှင် အစစ်အမှန် ခန္ဓာနှင့် ကိုယ်ပွားတို့ အကြားတွင် ကြီးမားသော ကွာခြားချက် တစ်ခု ရှိကြောင်း သိရှိ ထားပေသည်။

ကိုယ်ပွားခန္ဓာ မည်မျှပင် အစွမ်းထက် စေကာမူ အစစ်အမှန် ခန္ဓာ၏ စွမ်းအား ငါးဆယ် ရာခိုင်နှုန်း (၅၀%) လောက်ကိုသာ သုံးနိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် ကိုယ်ပွား ခန္ဓာသည် အချိန် ကြာမြင့်စွာ မပျောက်မပျက် တည်ရှိ နိုင်လိမ့်မည် မဟုတ်ချေ။

"ငါတို့တော့ သွားပြီ… နတ်ဘုရား အရှင်ချန်းက ကိုယ်ပွား ခန္ဓာနဲ့ ဆိုရင် ဘယ်လိုမှ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်ကို နိုင်မှာ မဟုတ်ဘူး"

မြောက်ပိုင်းချုံးဂိုဏ်း၏ တပည့်များမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။

သို့သော်လည်း ချန်းဖန်၏ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ် ကိုယ်ပွားမှာမူ ထိုအရာကို အမှုထားဟန် မရချေ။ သူက အေးစက်သော လေသံဖြင့် ဆိုလိုက်၏။

"ငါက ကမ္ဘာ့ အတွင်းပိုင်း တစ်နေရာမှာ ကျင့်ကြံနေတာ… ငါနဲ့ ချိတ်ဆက်ထားတဲ့ ကြေးဓားဆီက တုန်ခါမှု လှိုင်းတွေကို ခံစားမိတဲ့ အတွက် ကိုယ်ပွားကို စေလွှတ်ပြီး လာလေ့လာတာပဲ… ဟမ့်… မင်းတို့က ငါ့ဂိုဏ်းကို တိုက်ခိုက်ပြီး ငါ့တပည့်တွေကို သတ်ရဲတဲ့ အထိ သတ္တိကောင်းနေတယ်ပေါ့"

ချန်းဖန်က လက်တစ်ဖက်ကို မြှောက်ကာ လေထုအား ညင်သာစွာ ကုတ်ဆွဲလိုက်၏။

"ဟူး…ဟူး…"

ရုတ်တရက် လေစိမ်းများသည် မညှာမတာ တိုက်ခတ် လာကာ မူရှောင်နှင့် ဝိညာဉ်စားမျောက်တို့၏ အရိပ်များမှာ မီးများ အသွင်ဖြင့် ပြန်လည် ဖွဲ့စည်း လာခဲ့၏။

ထိုမွန်းစတား နှစ်ယောက်ကား မကြာသေးခင်ကပင် ယင်ဟိုင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်များမှာ မိစ္ဆာ ကိုယ်ပွားများမှာ မိစ္ဆာ ခြောက်ပါး အထွတ်အမြတ် ကမ္ဘာနှင့် ချိတ်ဆက်နေရာ ချန်းဖန်၏ ကိုယ်ပွားများနှင့် အလား သဏ္ဌာန် တူ၏။

သူတို့ အသတ်ခံလိုက်ရလျှင်ပင် အချိန် မကြာသေးသမျှ ချန်းဖန်သည် သူတို့၏ ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်တို့ကို ပြန်လည် စုစည်း ပေးနိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့၏ စွမ်းအား အပြည့်အစုံကို ပြန်လည် ရရှိရန်မှာမူ အချိန်တချို့ ယူရလိမ့်မည် ဖြစ်သည်။

နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်မှာ ချန်းဖန်အား နှောက်ယှက်ခြင်း မပြုပဲ ကြည့်နေခဲ့၏။ သူကား ချန်းဖန် မည်သည့် အရာ လုပ်နေသည်ကို စိတ်ဝင်စား နေမိသည်။

"ဖွဲ့စည်းစမ်း…"

ချန်းဖန်က လက်ညိုးအား ဆန့်ထုတ်ကာ အစီအရင် တစ်ခုကို ရေးဆွဲ လိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နတ်ဘုရား စိတ်အာရုံဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်၏။

ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်သည် အခြေတည် ဝိညာဉ် ဖွဲ့စည်းသည့် အခြား နည်းလမ်း တစ်ခု ဖြစ်သည်။ သာမန် အခြေတည် ဝိညာဉ် အဆင့်များသည် ထိုကဲ့သို့ ပြုလုပ်ရန် အတွက် စွမ်းအင် သုံးခုကို စုစည်းရန် လိုအပ်သော်လည်း ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်မှာမူ နတ်ဘုရား စိတ်အာရုံသာ လိုအပ်ပေသည်။ ထို့ကြောင့်ပင် ချန်းဖန်၏ ကိုယ်ပွားသည် ဓမ္မ စွမ်းအား မရှိရာ မည်သည့် နတ်ဘုရား စွမ်းအားကိုမှ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ချန်းဖန်၏ ဝိညာဉ် စွမ်းအင်မှာ လူတိုင်း၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန် နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူ ဖန်တီးလိုက်သော ဝိညာဉ် ဓမ္မ အစီအရင်သည် ပိုမို အစွမ်းထက်သော အကျိုးသက်ရောက်မှုကိုပင် ဆောင်ကျဉ်း နိုင်ပေသည်။

***

All Chapters