← Chapters

ငါ မင်းကို သေခိုင်းရင် သေလိုက်

Vol. 12 Ch. 1123

ငါ မင်းကို သေခိုင်းရင် သေလိုက်

Vol. 12 Ch. 1123

ဝူကျိဂိုဏ်း၏ တတိယ နတ်ဘုရား မင်းသား ရီချင်ကား သေဆုံး သွားခဲ့ချေပြီ။ သူသာလျှင် မက ဝူကျိဂိုဏ်းမှ သူ ခေါ်ဆောင်လာခဲ့သည့် ဒါဇင်ပေါင်း များစွာသော အခြေတည် ဝိညာဥ် အဆင့်များနှင့် ထောင်ချီသော ရွှေအမြုတေ အဆင့်များမှာလည်း အသတ်ခံ လိုက်ရပြီ ဖြစ်၏။

ချန်းဖန်သည် ရီချင် ကျန်ရစ်သော ရတနာများကို သိမ်းဆည်းပြီးနောက် မူလ အသွင်အပြင်သို့ ပြန်လည် ပြောင်းလဲကာ ကမ္ဘာမြေဆီ ဆင်းသက် လာခဲ့သည်။ တစ်ကမ္ဘာလုံးသည် အောင်ပွဲခံသံများဖြင့် ပြည့်နှက်နေ၏။ မြောက်ပိုင်းချုံး ဂိုဏ်းသားများသည် ချန်းဖန်အား နတ်ဘုရား ပြန်လည် ဝင်စားသည့် လူတစ်ယောက် အလား လေးစားစွာ မော်ကြည့် နေကြသည်။ အားရှို့၊ လုယန်ရွယ်၊ ချီရှို့အာနှင့် အန်တီထန်တို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကြသည်။

နှိုင်းယှဥ်ရပါက အခြား ဂြိုဟ်များမှ လာသည့် ကျင့်ကြံသူများမှာမူ ကြောက်ရွံ့ ထိတ်လန့်နေကြ၏။ သူတို့ထဲမှ အချို့အဝက်မှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရပြီး ဖြစ်သည့်တိုင် ဖူဟိုင်၊ ထူရှန်း၊ သွေးမျိုးဆက် ပထမ သွေးဘိုးဘေးနှင့် ကောင်းကင်အရှင် အန်ပိုတို့ အပါအဝင် များစွာသော အခြေတည် ဝိညာဥ် အဆင့်များမှာ အသက်ရှင် ကျန်ရှိနေဆဲ ဖြစ်သည်။ သူတို့သည် နတ်ဘုရား မင်းသား ရီချင် အခြေအနေ မကောင်းကြောင်း မြင်ကတည်းက တိတ်တဆိတ်လေး ထွက်ပြေး နေကြပြီ ဖြစ်သည်။

သို့သော်လည်း ကမ္ဘာကြီးကား သေးငယ်လွန်းလှ၏။ သူတို့ မည်သည့် နေရာသို့ ပြေးမည်နည်း။ သူတို့ ကမ္ဘာမှ ထွက်ခွာကာ သူတို့ မွေးရပ်မြေဂြိုဟ်များသို့ မပြန်သေးသမျှ ချန်းဖန်သည် သူတို့ကို ရှာဖွေနေနိုင်ဆဲ ဖြစ်ပေသည်။

“ဘုန်း...”

ချန်းဖန်သည် ထွက်ပြေးရန် ကြိုးစားနေသည့် နဂါးမိစ္ဆာ တစ်ကောင်ကို တစ်ချက်တည်းဖြင့် တိုက်ခိုက် သတ်ဖြတ် ပစ်လိုက်သည်။ ထို့နောက် သူက မြောက်ပိုင်းချုံး တောင်ထိပ်၌ ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျှက် ကြေညာလိုက်လေ၏။

“မြောက်ပိုင်းချုံး တပည့်တွေ... အမိန့်နာခံကြ... ခုချက်ချင်း ကမ္ဘာ တစ်ခုလုံးမှာ ရှိတဲ့ လက်ကျန် ကျင့်ကြံသူတွေရဲ့ နောက်ကို လိုက်ပါ... တကယ်လို့ သုံးရက် အတွင်း သူတို့ မြောက်ပိုင်းချုံး ရှေ့မှာ ဒူးထောက် မလာဘူး ဆိုရင် တစ်ခါတည်း သတ်ပစ်လိုက်ကြ... နောက်ပြီး ငါကိုယ်တိုင် သူတို့ရဲ့ မွေးရပ်မြေ ဂြိုဟ်တွေ အထိ သွားပြီး သူတို့ရဲ့ မျိုးနွယ် တစ်ခုလုံးကိုပါ ရှင်းပစ်မယ်”

“ကောင်းပါပြီ...”

အားရှို့နှင့် အခြားလူများက အော်ဟစ်လိုက်ကြသည်။ ထိုအခိုက်အတန့်၌ သူတို့သည် မျိုးနွယ်ခြား ကျင့်ကြံသူများနှင့် အ‌ခြေတည် ဝိညာဥ် အဆင့်များကို အလွန်တရာ မုန်းတီးနေမိသည်။ မရေမတွက်နိုင်သော မြောက်ပိုင်းချုံး တပည့်များမှာ ထိုလူများ၏ လက်၌ ကျဆုံးခဲ့ရသည်။ ချန်းဖန်သည် သူတို့ကို ပြန်လည် မွေးဖွားခြင်း စက်ဝန်း အတွင်းပစ်ထည့်ခဲ့သည့်တိုင် ထိုအရာက သေဆုံးခြင်းသာလျှင် ဖြစ်ပေသည်။

အခြားဂြိုဟ်များမှ လာသည့် များစွာသော ကျင့်ကြံသူများ၏ မျက်နှာများမှာ ဖြူရော်သွား၏။ သူတို့သည် မည်သို့မျှ လွတ်လမ်း မရှိတော့ကြောင်း နားလည်ထားကြပေသည်။

“ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ နတ်ဘုရား အရှင်...”

ဒါဇင်ပေါင်း များစွာသော အခြေတည် ဝိညာဥ် အဆင့်များမှာ မြောက်ပိုင်းချုံး တောင်ရှေ့၌ ဒူးထောက် လိုက်ကြ၏။ ထိုအထဲ၌ ရွှေရောင် ကလန်ဘိုးဘေးမှာ အလေးစားဆုံး ဖြစ်သည်။ သူသည် မြေပြင်၌ ဝပ်တွားကာ ခေါင်းနှင့် ခြေကြီးကို အကြိမ်ကြိမ်ဆောင့်နေခဲ့သည်။ သူကား ဖြစ်နိုင်လျှင် ချန်းဖန်၏ ဖိနပ်ကိုပါ ပြေး၍ လျက်ချင်နေပုံ ရ၏။

တစ်ချိန်တည်း၌ ကောင်းကင်အရှင် အန်ပိုနှင့် တပည့်များမှာလည်း ရိုသေစွာ ဒူးထောက်နေကြသည်။ သူတို့သည် ပါးစပ်မှ နေ၍ “ခွင့်လွှတ်ပေးပါ” ဆိုသော စကားကို အကြိမ်ကြိမ် ‌ရေရွတ် နေကြ၏။

“မြောက်ပိုင်းချုံး တပည့်တွေကို သတ်ထားတဲ့ ကျင့်ကြံသူတွေ ဒီလို လာပြီး အသေခံပါ... မင်းတို့ အဲ့လို လုပ်မယ် ဆိုရင် ငါမင်းတို့ရဲ့ မိသားစုတွေနဲ့ မျိုးနွယ်တွေကို ချမ်းသာပေးမယ်”

ချန်းဖန်က တည်ငြိမ်စွာပင် ဆိုလိုက်၏။

“ဝှစ်... ဝှစ်...”

ချက်ချင်းပင် အချို့ ကျင့်ကြံသူများမှာ အလင်းတန်းများ အသွင် ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ချန်းဖန်က လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လှံပုဆိန်သည် ကောင်းကင်၌ ပေါ်လာကာ သူတို့အား တမုဟုတ်ချင်း သတ်ဖြတ်သွား၏။

ထိုမြင်ကွင်းကို မြင်ပြီးနောက် အခြေတည် ဝိညာဥ် အဆင့် သုံးယောက်မှာ ဖြူရော်သော မျက်နှာများနှင့် ရှေ့သို့ တက်လာကြသည်။ သူတို့သည် ချန်းဖန်၏ အရှေ့၌ ဒူးထောက်ကာ တုန်ရီနေသော လေသံများဖြင့် ဆိုလိုက်ကြလေ၏။

“နတ်ဘုရားအရှင်... ကျွန်တော်တို့ ဒူးထောက်နေပါပြီ... ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ မျိုးနွယ်တွေကို ခွင့်လွှတ်ပေးပါ”

သူတို့ကား ရွှေရောင်ကလန်၊ မွန်းစတား ကလန်နှင့် ရေနေလူသား မျိုးနွယ်တို့မှ အရှင်သခင်များပင် ဖြစ်သည်။ လက်ရှိ ရောက်ရှိနေသော ကျင့်ကြံခြင်း အဆင့်နှင့် ဂုဏ်သိက္ခာ အရဆိုပါက သူတို့ကား အညံ့ခံရန်ထက် သူသေ ကိုယ်သေသာ တိုက်ခိုက်လိုသည့် လူများ ဖြစ်သည်။

သို့သော်လည်း ချန်းပေ့ရွှမ်းနှင့် ရင်ဆိုင်ရခြင်းမှာမူ ခြားနား၏။ သူကား ရှေ့ဟောင်းခေတ်မှ နတ်ဘုရား အရှင်များနှင့်ပင် နှိုင်းယှဥ်နိုင်သည့် ပုဂ္ဂိုလ် ဖြစ်သည်။ ထို့အပြင် သူနှင့် ယှဥ်၍ တိုက်ခိုက်လျှင် စွန့်လွှတ်ရမည်က အသက်တစ်ချောင်းတည်း မဟုတ်ချေ။ ချန်းပေ့ရွှမ်းမှာ ပြောသည့်အတိုင်း လုပ်တတ်သူ ဖြစ်လေရာ သူတို့ မွေးရပ်မြေဂြိုဟ်များသို့ သွားပြီး လက်ကျန် မျိုးနွယ်များကိုပင် ရှင်းလင်းပစ်မည်က မလွဲမသေပင်။  ထို့ကြောင့်ပင် အခြေတည် ဝိညာဥ် အဆင့်များမှာ တိုက်ခိုက်ရန်ထက် အညံ့ခံရန်သာ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ပေသည်။

“ကောင်းပြီလေ... ငါကတိပေးထားတဲ့ အတိုင်း မင်းတို့ သေပြီးရင် မင်းတို့ရဲ့ မျိုးနွယ်တွေကို မသတ်ဘူး”

ချန်းဖန်က ခေါင်းညိတ်ကာ လက်တစ်ဖက်အား ဝှေ့ယမ်းလျှက် ထိုအခြေတည် ဝိညာဥ် အဆင့် သုံးယောက်ကို သတ်ဖြတ်ပစ်လိုက်သည်။

အခြားဂြိုဟ်များမျ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းများ ငုံ့လိုက်မိကြသည်။ သူတို့သည် အရှေ့ဂြိုဟ်၌ နတ်ဘုရား အရှင်အသစ် တစ်ယောက် ပေါ်ထွန်း လာခဲ့ပြီ ဖြစ်ကြောင်း လက်ခံလိုက်မိကြပြီ ဖြစ်လေသည်။

တစ်ချိန်တည်း၌ ထိုမြင်ကွင်းကို တိုက်ရိုက် ထုတ်လွှင့်မှုများမှ တစ်ဆင့် ကြည့်နေကြသော  လူများသည်လည်း ချန်းဖန်၏ စွမ်းအားကြောင့် ဆွံ့အ နေခဲ့ကြသည်။ ထိုကျင့်ကြံသူများကား အခြေတည် ဝိညာဥ် အဆင့်များ ဖြစ်ကာ အဆုံးမဲ့သော စွမ်းအားကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သို့တိုင်အောင် ချန်းဖန်၏ စကား တစ်ခွန်းတွင်ပင် သူတို့သည် အသာတကြည့် အသေခံခဲ့ရသည်။ ထိုအရာကား ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

မစ္စတာ လေ့လာသူသည် စီအိုင်အေ ဖိုရမ်တွင် ဤကဲ့သို့ မှတ်ချက် တစ်ခုကို ရေးသားလေ၏။

“ဒီအချက်ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားအရှင်ချန်းရဲ့ စွမ်းအားက အခြေတည် ဝိညာဥ်တွေနဲ့ ကြီးကြီးမားမား ကွာခြားနေပြီ ဆိုတာ တွေ့မြင်နိုင်တယ်... မဟုတ်ရင် အဲဒီ အခြေတည် ဝိညာဥ် အဆင့် သုံးယောက်က ဘာကိစ္စ ကြည်ကြည်ဖြူဖြူ အသတ်ခံမှာလဲ”

မရေမတွက်နိုင်သော လူများမှာ ထိုအရာကို သဘောတူကြ၏။ ထိုအခိုက်၌ ဂျပန်၊ အမေရိကန်နှင့် ဥရောပတို့မှ လူများ ပင်လျှင် ချန်းဖန်၏ အောင်မြင်မှု အတွက် စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့သည် လမ်းမများထက်သို့ ထွက်ကာ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ရင်း အောင်ပွဲခံ နေကြလေသည်။

ချန်းပေ့ရွှမ်းကား မြောက်ပိုင်းချုံး တစ်ခုတည်းကို ကိုယ်စားပြုသူ မဟုတ်ချေ။ သူကား ကမ္ဘာဂြိုဟ်တွင် မွေးဖွား ကြီးပြင်းလာသည့် ကမ္ဘာသား တစ်ယောက် ဖြစ်သည်။ သူ၏ မြင့်တက်လာမှုသည် ကမ္ဘာဂြိုဟ်ကိုပါ တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေသည်။ အနာဂတ်၌ ကမ္ဘာသားတို့သည် မည်သည့် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေသားကိုမှ ကြောက်ရွံ့ ထိတ်လန့်စွာ မော့ကြည့်နေစရာ လို‌တော့မည် မဟုတ်ချေ။

“နတ်ဘုရား အရှင်ချန်း... သူက တကယ့်ကို နတ်ဘုရား အရှင်ချန်းပဲ...”

များစွာသော ကျင့်ကြံသူများမှာ ရေရွတ်လိုက်မိကြ၏။ အဇူရာ နဂါးသည် စိတ်လှုပ်ရှားမှုကြောင့် အသံများပင် တုန်ရီနေသည်။ သူသည် ချန်းဖန် ထိုကဲ့သို့သော စွမ်းအားကို အချိန်တို အတွင်း ပိုင်ဆိုင် လာလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ ဆယ်စုနှစ် တစ်ခုကျော် ကုန်လွန်သွားသည့်တိုင် သူသည် ကျန်းပေ့နယ် ဆရာချန်းဟု စတင် နာမည်ကြီးလာသည့် ဆယ်ကျော်သက် လူငယ် ကလေးကို မှတ်မိနေဆဲ ဖြစ်သည်။

“နတ်ဘုရား အရှင် ကြိုဆိုပွဲ အခမ်းအနား လုပ်ဖို့ အချိန်ကျပြီ... အဲဒီ အခမ်းအနားကို တစ်ကမ္ဘာလုံးက လူသားတွေနဲ့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးကိုပါ ဖိတ်ကြားရမယ်... အလွန် ကြီးမြတ်တဲ့ နတ်ဘုရား အရှင် တစ်ပါး ပေါ်ထွန်းလာပြီ ဆိုတဲ့ အကြောင်း တစ်လောကလုံးကို ငါတို့ ကြေညာရမယ်”

ခွန်ရှုနယ်မြေမှ အတွေ့အကြုံရင့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်က အကြံပြု၏။ မြောက်ပိုင်းချုံး တစ်ခုလုံးသည် သူ၏ အကြံပြုချက်ကို ချက်ချင်းပင် သဘောတူကြသည်။ အဇူရာ နဂါးနှင့် အခြား လူများသည် ထိုသတင်းကို တစ်ကမ္ဘာလုံးအား ဖြန့်ကျက်သည်။ မကြာခင်မှာပင် သုံးနှစ် အရွယ် ကလေးငယ် တစ်ယောက် ပင်လျှင် ထိုသတင်းကို ကြားသိသွားကြပြီ ဖြစ်လေသည်။

နောက်တစ်နေ့သို့ အရောက်၌ အားရှို့နှင့် ကျန်းချူရန်တို့သည် မြောက်ပိုင်းချုံး နန်းတော်ကို အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ကြသည်။ ထို့နောက် သူတို့သည် ချန်းဖန်ထံ နတ်ဘုရား အရှင် ကြိုဆိုပွဲ အကြောင်း ပြောပြကာ ပြုလုပ်ခွင့်ပြုရန် တောင်းပန်ကြ၏။ ပုံမှန်အားဖြင့် ဆိုပါက ချန်းဖန်သည် ထိုကဲ့သို့ ပွဲလမ်းသဘင်မျိုးကို သဘောမကျသော်လည်း အများ၏ အပျော်ကို မပျက်စီးလိုသဖြင့် ခေါင်းညိတ် လိုက်လေသည်။

အခမ်းအနားကား နောက်ခြောက်လ အကြာ၌ တရားဝင် ကျင်းပမည် ဖြစ်သည်။ ထိုအချိန်ကာလသည် အခြား ဂြိုဟ်မှ ကျင့်ကြံသူများ ရောက်ရှိလာရန်နှင့် အခမ်းအနား အတွက် အစစ အရာရာ အတွက် ကြိုတင် ပြင်ဆင်ရန် လုံလောက်သော အချိန် တစ်ခု ဖြစ်သည်။  ထို့အပြင် ချန်းဖန်သည် ထိုခြောက်လ အတွင်း ကမ္ဘာ့ မျက်နှာပြင်သို့ ပြန်လည် ထွက်ပေါ်လာရန် ရည်မှန်းထား၏။

ချန်းဖန်ထံမှ ခွင့်ပြုချက်ကို ရရှိပြီးနောက် ကမ္ဘာပေါ်ရှိ ကြီးမားသော နိုင်ငံကြီးများမျာ အံ့အားသင့် ကုန်ကြလေ၏။ မဟာ အင်အားကြီး နိုင်ငံ ငါးနိုင်ငံသည် အတူတကွ ပူးပေါင်းကာ ထိုကိစ္စကို ကူညီရန် အစွမ်းကုန် ကြိုးစားကြလေသည်။ သူတို့သာလျှင် မက အခြား ဂြိုဟ်မှ ကျင့်ကြံသူများမှာလည်း အခမ်းအနား အတွက် တက်ကြွလက်ကြွ ကူညီကြ၏။ ချန်းဖန်သည် အကူအညီ အားလုံးကို မငြင်းပယ်ပဲ လက်ခံ ခဲ့လေသည်။

လုယန်ရွယ်နှင့် အခြားလူများသည် ချုကျိုးတောင်၏ အထက် ကောင်းကင်၌ ကြီးကျယ် ခမ်းနားသော နန်းတော် တစ်ခုကို နေရာချကြသည်။ ထိုနန်းတော်ကား ခွန်ရှုနယ်မြေမှ ယွင်ထျန်း နန်းတော်ပင် ဖြစ်ပေသည်။ ထိုအရာသည် မြောက်ပိုင်းချုံး နန်းတော် ကဲ့သို့ မြောက်ပိုင်းချုံးဂိုဏ်းကြီး၏ အရေးကြီးသော နေရာတစ်ခု ဖြစ်လာခဲ့လေသည်။

“ဟူး... ဟူး...”

ချန်းဖန်၏ ကိုယ်ပွား တစ်ဖြစ်လည်း ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်သည် ယွင်ထျန်း နန်းတော် အတွင်း၌ တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့သည်။ သူသည် ယွင်ထျန်း နန်းတော်ကို သန့်စင်ကာ ကောင်းကင် ရတနာ အဖြစ်မှ ပိုမို မြင့်မားသော အဆင့် တစ်ခုသို့ မြှင့်တင်နေခဲ့သည်။ သူသည် ထိုအရာသည် ကောင်းကင် ဂလက်စီ အစီအရင်နှင့် ချိတ်ဆက်ကာ မြောက်ပိုင်းချုံးကို မထိုးဖောက်နိုင်သည့် သံတောင်ကြီး တစ်ခုအလား ပြောင်းလဲနေ၏။

နေ့စဥ်နေ့တိုင်း၌ တပည့်များသည် ချန်းဖန်ထံသို့ ရောက်ရှိလာကာ သူတို့၏ ကျင့်ကြံခြင်း အခက်အခဲများကို‌ မေးမြန်းကြသည်။ ချန်းဖန်သည် မည်သူကိုမှ ငြင်းဆိုခြင်း မပြုချေ။ သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရား ကုန်းမြေ အတွင်း၌ ကျင့်ကြံနေလေရာ ထိုအရာက သူ့အတွက် အချိန်ဖြုန်းခြင်း မမည်ချေ။

***

All Chapters