← Chapters

အခြေတည် ဝိညာဉ် အဆင့်သို့ တက်လှမ်းခြင်း (၁)

Vol. 12 Ch. 1124

အခြေတည် ဝိညာဉ် အဆင့်သို့ တက်လှမ်းခြင်း (၁)

Vol. 12 Ch. 1124

တစ်နေ့၌ အားရှို့သည် ချန်းဖန်ထံသို့ ရောက်ရှိလာကာ ပြော၏။

“ဆရာ... တကယ်ဆို နတ်ဘုရားအရှင် ကြိုဆိုပွဲ အခမ်းအနားကို အလျင်စလို မလုပ်သင့်ဘူးနော်... ကျွန်မတို့ အနေနဲ့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးကို သတင်းပျံ့သွားတဲ့ အထိ နှစ်နှစ်၊ သုံးနှစ် စောင့်လို့ရတာပဲကို... အဲဒါဆို ဂြိုဟ်နယ်မြေ တစ်ခုလုံးက လူတွေပါ ဆရာ့ဆီကို လာပြီး ဂါရဝ ပြုလို့ရမှာ”

သူမ၏ အမြင်အရ ဆိုလျှင် နတ်ဘုရားအရှင် ကြိုဆိုပွဲမှာ အလွန် ကြီးကျယ် ခမ်းနားသည့် ပွဲ‌တော် တစ်ခု ဖြစ်သည်။ အိုလံပစ်နှင့် ကမ္ဘာ့ဖလား ဘောလုံးပွဲတို့ပင်လျှင် ရှစ်နှစ်ခန့် အချိန်ယူကာ ပြင်ဆင်ကြသည်။ သာမန် ဂိုဏ်းလေးများ ဆိုလျှင် သူတို့၏ ဂိုဏ်းချုပ် တင်မြှောက်ပွဲ အတွက် ဆယ်စုနှစ်များစွာ အချိန်ယူလေ့ ရှိကြသည်။ ကောင်းကင်အရှင် တထျန်း သရဖူဆောင်းခဲ့စဥ်က ထျန်းဟောင်ဂြိုဟ်နှင့် တောင်တန်း အင်ပါယာတို့သည် နတ်ဘုရား အရှင် ကြိုဆိုပွဲ အတွက် နှစ်ပေါင်းငါးရာ တိုင်တိုင် အချိန်ယူခဲ့လေသည်။

သို့သော်လည်း ချန်းဖန် အတွက်မှာမူ ခြောက်လသာ ပြင်ဆင်ချိန် ရခဲ့သည်။ ထိုအရာက အလောတကြီးနိုင်လွန်းသည် ဟုပင် ဆိုနိုင်ပေသည်။

“အဲဒီလောက်ထိ စောင့်လို့ မရဘူး အားရှို့ရဲ့... ငါ့မှာ အားရှို့နဲ့ အမေတို့ကို သွားရှာဖို့လည်း ရှိသေးတယ်လေ”

ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အားရှို့၏ ဆံနွယ်များကို ပွတ်သပ်လိုက်သည်။

“နောက်ပြီးတော့ ငါ့မှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေလည်း အများကြီး ရှိသေးတယ်... အဲဒီ ကိစ္စတွေကို အခမ်းအနား အတွင်း အပြီးဖြတ်ဖို့ ငါတွေးထားတယ်”

ချန်းဖန်၏ မျက်လုံးတွင် အေးစက်မှုတစ်ခုမှာ ယှက်ဖြာသွား၏။

“ဆရာကလည်း  ဘာပြဿနာတွေ ရှိသေးလို့လဲ... ဆရာက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးမှာ အစွမ်း အထက်ဆုံး ဖြစ်နေပြီလေ”

အားရှို့က နားမလည်စွာဖြင့် ဆိုလိုက်၏။ ထို့နောက် ရုတ်ချည်းပင် သူမမှာ ကြောက်မက်ဖွယ် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။

“မဟုတ်မှလွဲရော ဆရာ ပြောတာတဲ့ ပြဿနာက ကြယ်ပင်လယ်က ဂိုဏ်းကြီးတွေလား... သူတို့က လာနေပြီလား”

ချန်းဖန်က ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်စွာသာ နေလိုက်သည်။ မြောက်ပိုင်းချုံးဂိုဏ်းဝင်များ အနက် ကျန်းချူရန်နှင့် လင်းယွင်တို့သာ သိသော အရာများ ရှိပေသည်။ သူတို့သည် အားရှို့နှင့် လုယန်ရွယ်တို့ကိုပင် ပြောပြခဲ့ခြင်း မရှိချေ။

ကမ္ဘာကား မဟာ အခွင့်အ‌ရေး တည်ရှိရာ နေရာ ဖြစ်ပေသည်။ ကြယ်ပင်လယ်မှ ဂိုဏ်းကြီးများကား ထိုအရာကို ရရှိရန် လွန်ခဲ့သည့် နှစ်သိန်းချီ ကတည်းက အစီအစဥ်စွဲ ထားခဲ့ခြင်း ဖြစ်သည်။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များ ပင်လျှင် ကမ္ဘာကို မျက်စိကျနေကြသည်။ အပိုလို နတ်ဘုရား မင်းသားနှင့် ရီချင်တို့မှာ အကိုင်းအဖျားများသာ ဖြစ်သည်။ အစစ်အမှန် တပ်ဖွဲ့များမှာ ကမ္ဘာသို့ လာရောက်နေကြပြီ ဖြစ်လေသည်။

ချန်းဖန်သည် ကမ္ဘာသို့ ရောက်ရှိလာသမျှ လူတိုင်းကို သတ်ဖြတ်ခဲ့ပြီးသည့်တိုင် ထိုအရာက နတ်ဘုရား မင်းသား အချို့နှင့် အခြေတည် ဝိညာဥ် ဒါဇင်ဂဏန်းသာ ဖြစ်သည်။ ထိုထာဝရဂိုဏ်းကြီးများကား ရာချီသော နတ်ဘုရား မင်းသားများ၊ နတ်ဘုရား ဗိုလ်ချုပ်များ အပါအဝင် အခြေတည် ဝိညာဥ် အဆင့် ထောင်ဂဏန်းကို ပိုင်ဆိုင် ထားကြသည်။

ချန်းဖန်သည် ထိုထာဝရဂိုဏ်းများကို မျက်လုံးထဲ မထည့်သော်လည်း သူကိုယ်တိုင်မှာ ယခုမှ ရွှေအမြုတေ အဆင့်သို့သာ ရောက်ရှိသေးသည်။ ထိုအဆင့်ဖြင့် ထောင်ချီသော  အခြေတည် ဝိညာဥ် အဆင့်များကို ရင်ဆိုင်ရန်မှာ ထင်သလောက် မလွယ်ချေ။ ထို့ကြောင့်ပင် ချန်းဖန်သည် တံခါးပိတ်ကာ သူ၏ ခန္ဓာနှင့် နတ်ဘုရား ဝိညာဥ်အား နတ်ဘုရားချီဖြင့် သန့်စင် နေခဲ့ခြင်း ဖြစ်သည်။ သူသည် သူ၏ ခန္ဓာ၊ ဓမ္မ စွမ်းအားနှင့် ဝိညာဥ် သုံးခုကို အမြင့်ဆုံး အဆင့်အထိ ‌‌ရောက်အောင် ကျင့်ကြံကာ တစ်ခုတည်း အဖြစ် ပေါင်းစည်းရန် ကြိုးစားနေခဲ့ခြင်း ဖြစ်ပေသည်။

အချိန်သည် လျှင်မြန်စွာ စီးဆင်းနေ၏။

မူလ နတ်ဘုရား နန်းတော် အတွင်းပိုင်းတွင်...

ချန်းဖန်၏ ခန္ဓာကိုယ်သည် မူလရေတွင်း အရှေ့တွင် ထိုင်လျက် ရှိနေသေးဆဲ ဖြစ်သည်။ ထိုအခိုက်၌ ကိုးရောင်ခြယ်သော နတ်ဘုရား စက်ဝန်းတစ်ခုသည် သူ၏ ဦးခေါင်းထက်တွင် ဖြည်းညင်းစွာ လည်ပတ်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် စိန်သား အလား ကြည်လင် ချောမွတ်နေသည်။ တစ်ချိန်တည်း၌ နတ်ဘုရား စိတ်ဝိညာဥ်သည် သူ၏ စိတ်အသိ အတွင်း နေရာယူကာ တောက်ပသော ရွှေရောင်အလင်းများကို ထုတ်လွှတ်နေခဲ့လေသည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ဘေးမှ ကြည့်နေပါက ချန်းဖန်၏ နတ်ဘုရား စိတ်ဝိညာဥ်မှာ ပြီးပြည့်စုံခြင်းတို့ကို သယ်‌ဆောင်ကာ ကောင်းကင်၌ လွင့်မြောနေသယောင် တွေ့မြင် ရလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်း၌ ချန်းဖန်၏ ခြေ‌ထောက်‌‌အောက်ရှိ ရွှေရောင် ကြာပွင့်သည် မြင့်မြတ်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ထိုကဲ့သို့ ထူးကဲသော အသွင်သဏ္ဌာန်များ၏ ဝန်းရံခစားမှု အောက်၌ ချန်းဖန်ကား နတ်ဘုရာ တစ်ပါးနှင့်ပင် တူနေသေးတော့သည်။

နတ်ဘုရား ဝိညာဥ်...

ချန်းဖန်ကား ဒဏ္ဍာရီလာ နတ်ဘုရား အဆင့် ဝိညာဥ်ကို ဖွဲ့စည်း ပြီးခဲ့ပြီ ဖြစ်လေသည်။ နတ်ဘုရား ခန္ဓာ၊ နတ်ဘုရား ဝိညာဥ်နှင့် နတ်ဘုရား ရွှေအမြုတေတို့ အနက် နတ်ဘုရား ဝိညာက်သည် အောင်မြင်ရန် အခက်ခဲဆုံး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်သိန်းချီ ကာလအတွင်း နတ်ဘုရား ခန္ဓာနှင့် နတ်ဘုရား အမြုတေကို ဖွဲ့စည်းနိုင်သည့် ကျင့်ကြံသူ အနည်းငယ် ပေါ်ထွက်ခဲ့ဖူးသည်။ သို့သော်လည်း နတ်ဘုရား ဝိညာဥ်ကို ဖွဲ့စည်းနိုင်သည့် ကျင့်ကြံသူများမှာမူ အလွန် မြင်တွေ့ရခဲ၏။

သို့သော်လည်း ချန်းဖန် အတွက် နတ်ဘုရား ဝိညာဥ် ဖွဲ့စည်းရခြင်းမှာမူ အခက်အခဲ သိပ်မရှိခဲ့ချေ။ သူသည် နတ်ဘုရားချီဖြင့် လပေါင်း အတန်ကြာ သန့်စင် အပြီးတွင်ပင် နတ်ဘုရား ဝိညာဥ်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ချန်းဖန်က ထိုအရာမှာ သူ၏ အတိတ်ဘဝ အောင်မြင်မှုနှင့် ဆက်စပ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ အတိတ်ဘဝ၌ သူ၏ စိတ်ဝိညာဥ်သည် နတ်ဘုရား အဆင့်ကိုပင် တက်လှမ်းနိုင်ခဲ့ပေသည်။

“နောက်ဆုံးခြေလှမ်းကို လှမ်းဖို့ အချိန်ကျပြီ...”

ချန်းဖန်က အပေါ်သို့ မော့ကြည့်လိုက်၏။ ထိုအခါ သူသည် မသန့်စင်ခြင်းများ လုံးဝ  ကင်းစင်နေသည့် အဆုံးသတ် ပန်းသုံးပွင့်ကို တွေ့မြင်ရသည်။ ထိုအရာက ချန်းဖန်၏ ခန္ဓာ၊ ဝိညာဥ်နှင့် ဓမ္မ စွမ်းအား သုံးခု စလုံးမှာ အထွတ်အထိပ် သို့မဟုတ် အဆုံးသတ်သို့ ရောက်နေပြီ ဖြစ်ကြောင်း ဖော်ပြနေ၏။ ထိုအရာကား စကြဝဠာ၏ သမိုင်း တစ်လျှောက်လုံးတွင်ပင် အလွန်တရာ ရှားပါးကာ မြင်တွေ့ရခဲသည့် “နတ်ဘုရား လှပခြင်း သုံးပါး” ပင် ဖြစ်လေသည်။

နောက်တစ်ဆင့်ကား ထိုသုံးခု စလုံးကို ပေါင်းစည်းကာ အခြေတည် ဝိညာဥ် အဆင့်သို့ တက်လှမ်းရန် ဖြစ်ပေသည်။ ထိုအဆင့်သို့ ရောက်မှသာလျှင် သူသည် အရာရာကို ဖျက်ဆီးနိုင်သည့် စွမ်းအားများကို ပိုင်ဆိုင် လာပေလိမ့်မည် ဖြစ်သည်။

နတ်ဘုရား လှပခြင်း သုံးပါး ဆိုသည်မှာ အဘယ်နည်း။ ကျင့်ကြံသူ အများစု အတွက် ကောင်းကင် အဆင့် ရွှေအမြုတေ၊ ကောင်းကင်အဆင့် ခန္ဓာနှင့် ကောင်းကင်အဆင့် ဝိညာဥ်တို့ကိုပင် ဖွဲ့စည်းရန်မှာ အလွန် ခက်ခဲ နေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်သည့် ကျင့်ကြံသူများကို နတ်ဘုရား မင်းသားများ ဟု ခေါ်ကြသည်။ သူတို့သည် ထာဝရဂိုဏ်းများ၏ အနာဂတ် ခေါင်းဆောင်များ ဖြစ်ကာ ဘီလျံချီသော လူများ၏ ယုံကြည် ကိုးကွယ်ခြင်းအား ခံကြရသည်။ အပိုလို နတ်ဘုရား မင်းသား၊ ဝူကျိဂိုဏ်း နတ်ဘုရား မင်းသား၊ ရီချင်နှင့် ဝူကိုင်တို့သည် ထိုအထဲမှ ဖြစ်ပေသည်။

အကယ်၍ ကျင့်ကြံသူ တစ်ယောက်သည် ကောင်းကင်အဆင့် ရွှေအမြုတေ၊ ကောင်းကင်အဆင့် ခန္ဓာနှင့် ကောင်းကင်အဆင့် ဝိညာဥ်တို့ကို တစ်ပြိုင်နက်တည်း ဖွဲ့စည်းနိုင်ပါက ထိုအရာကို “ကောင်းကင် လှပခြင်း သုံးပါး” ဟု ခေါ်ဆိုကြသည်။ ကောင်းကင် လှပခြင်း သုံးပါး ပိုင်ရှင် ကျင့်ကြံသူများသည် ကံကောင်းခြင်းများ မလိုအပ်ပဲ အချိန်ကျလာသည်နှင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို အလိုအလျောက် တက်လှမ်းနိုင်ကြသည်။ များသောအားဖြင့် ကောင်းကင် သားရဲများ၏ မျိုးဆက်များသည် ထိုအဆင့်၌ ရှိကြပေသည်။

ချန်းဖန်၏ တပည့်များ အနက် အစစ်အမှန် နဂါး သွေးကြောပိုင်ရှင် ရှောင်မန်နှင့် ဖီးနစ် ကောင်းကင် သွေးကြောပိုင်ရှင် ချီရှို့အာသည် ထိုကဲ့သို့သော ပါရမီမျိုးကို ပိုင်ဆိုင်ထားကြပေသည်။

ကောင်းကင် လှပခြင်း သုံးပါးသည် နတ်ဘုရား မင်းသားများ အကြားတွင်ပင် အလွန်တရာ ရှားပါးလှ၏။ တောင်ပိုင်း ဒေသငယ်တွင် ဆိုလျှင် တစ်ယောက် ပင်လျှင် မရှိချေ။ ဗဟို ဂလက်စီရှိ ကြီးမားသော ဂိုဏ်းကြီးများ၊ ထိပ်တန်း အထွတ်အမြတ် နယ်မြေများတွင်ပင် ထိုကဲ့သို့ ပါရမီရှင်များ ရှိတတ်ပေသည်။ အကယ်၍ ထိုအကြောင်းကို လူများ သိကုန်ပါက တောင်ပိုင်း ဒေသငယ် တစ်ခုလုံးမှာ တုန်လှုပ် သွားပေလိမ့်မည် ဖြစ်လေသည်။

သို့သော်လည်း ချန်းဖန် အောင်မြင်ခဲ့သည့် အရာကား “ကောင်းကင် လှပခြင်း သုံးပါး” ထက် အဆများစွာ ပိုမို မြင့်မားသည့် “နတ်ဘုရား လှပခြင်း သုံးပါး” ဖြစ်ပေသည်။

နတ်ဘုရား အဆင့် ရွှေအမြုတေ၊ စဦး အောင်မြင်ခြင်း အဆင့် နတ်ဘုရား အဆင့် ခန္ဓာ၊ နတ်ဘုရား အဆင့် ဝိညာဥ်...

လွန်ခဲ့သည့် နှစ်သန်းချီ သမိုင်း အတွင်း ထိုအထဲမှ တစ်ခုကိုလျှင် အောင်မြင်သည့် ကျင့်ကြံသူမှာ အလွန် ရှားပါးခဲ့သည်။ အတိတ်ဘဝ၌ ချန်းဖန်သည် နတ်ဘုရား အဆင့် ရွှေအမြုတေ ပိုင်ရှင်ကို ပင်လျှင် တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ နတ်ဘုရား အဆင့် ခန္ဓာနှင့် နတ်ဘုရား အဆင့် ဝိညာဥ်တို့ ဆိုလျှင် ပို၍ပင် ရှားပါးသေး၏။ ထိုသုံးခု စလုံးကို တစ်ပြိုင်နက်တည်း ဖွဲ့စည်းနိုင်သည့် ကျင့်ကြံသူမှာ သမိုင်း တစ်လျှောက်လုံး၌ အရှားပါးဆုံး ဖြစ်လိမ့်မည်မှာ သေချာပေသည်။ အကယ်၍ ထိုသတင်းမှာ ပျံ့နှံ့သွားပါ တောင်ပိုင်း ဒေသငယ်သာ မက၊ စကြဝဠာ တစ်ခုလုံးပါ အံ့သြတုန်လှုပ် သွားကြလိမ့်မည် ဖြစ်သည်။

ချန်းဖန်သည် အတိတ်ဘဝ၌ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်ကို တက်လှမ်းပြီးနောက် “အထွတ်အမြတ် လှပခြင်း သုံးပါး” ကို ပိုင်ဆိုင်ခဲ့သည်။ သူသည် ထိုကျင့်ကြံခြင်း အုတ်မြစ်ဖြင့် များစွာသော ကျင့်ကြံခြင်း အဆင့်များကို အလွယ်တကူ ချိုးဖျက်ကာ “အတိဒုက္ခ” အဆင့်ထိ ရောက်အောင် တက်လှမ်းနိုင်ခဲ့သည်။ ယခု ဘဝ၌ ရရှိသည့် “နတ်ဘုရား လှပခြင်း သုံးပါး” မှာ “အထွတ်အမြတ် လှပခြင်း သုံးပါး” ထက် ပိုမို မြင့်မားလှပေသည်။ ပို၍ ကျေနပ်စရာ ကောင်းသည့် အချက်ကား သူသည် ထို “နတ်ဘုရား လှပခြင်း သုံးပါး” ကို ရွှေအမြုတေ အဆင့်ဖြင့်ပင် ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“နတ်ဘုရား လှပခြင်း သုံးပါးက စောစော အောင်မြင်လေ ပိုကောင်းလေပဲ... ငါ့ရဲ့  ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်က အတော်လေး ခိုင်မာသွားပြီလို့ ဆိုနိုင်နေပြီ”

ချန်းဖန်က ရေရွတ်လိုက်၏။ နတ်ဘုရားချီကို တစ်နှစ်ကြာမျှ စုပ်ယူပြီးနောက် သူ၏ ခန္ဓာကိုယ်၊ ကြွက်သားနှင့် နတ်ဘုရား ဝိညာဥ် အားလုံးမှာ အသွင် ပြောင်းလဲကာ တလက်လက် တောက်ပသော ရောင်စဥ်များကို ထုတ်လွှတ် နေခဲ့သည်။ သူ၏ ကိုယ်လက် အင်္ဂါများသည် အနက်၊ အဖြူ၊ အဇူရာ၊ အနီနှင့် အဝါတည်းဟူသော ရောင်စဥ်ငါးခုဖြင့် လင်းလက်နေ၏။ သူ၏ သွေးကြောအတွင်းတွင်မူ အစိမ်းရောင် အလင်းသွေးများသည် မြစ်တစ်စင်း အလား ဟိန်းဟောက်သံကို ထုတ်လွှတ်ရင်း စီးဆင်း နေခဲ့လေသည်။

တစ်ချိန်တည်း၌ နတ်ဘုရား စက်ဝန်းသည် သူ၏ ဦးခေါင်းထက်တွင် လည်ပတ်နေသည်။ လည်ပတ်မှု တစ်ခုချင်းစီတိုင်း၌ အမတေချီ အမျိုးအစား တစ်ခုသည် ချဥ်းကပ်ကာ လောကရှိ ဓမ္မ ဥပဒေသ တစ်မျိုးကို ဆွဲဆောင်နေသည်။

နတ်ဘုရား ဝိညာဥ်သည် နတ်ဘုရား တစ်ပါး၏ ဝိညာဥ် ဖြစ်သည်။ ရှေးဟောင်း နတ်ဘုရားများသည် မူလ အဆင့်၊ ရွှေအမြုတေ အဆင့်ဖြင့် ခန္ဓာကိုယ် ဖျက်ဆီးခံရလျှင်ပင် သူတို့၏ နတ်ဘုရား ဝိညာဥ်များသည် ဆက်လက် ရှင်သန်ကြီးထွားနိုင်ဆဲ ဖြစ်သည်။ အကယ်၍ ယခုအချိန်၌ ချန်းဖန်၏ နတ်ဘုရား ဝိညာဥ်သာ ရီချင်နှင့် ရင်ဆိုင်ရပါက တစ်စက္ကန့်အတွင်း ဝူကျိ စစ်သင်္ဘောနှင့် အခြေတည် ဝိညာဥ် အဆင့် အကုန်လုံးကို အမှုန့်ခြေပစ် နိုင်လိမ့်မည် ဖြစ်သည်။ ထိုအရာသည် “ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်” ထက်ပင် များစွာ ပိုမို အစွမ်းထက်သည်။ ထို့ကြောင့်ပင် ချန်းဖန်သည် ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်ကို သူ၏ ကိုယ်ပွား အဖြစ် အပြင် လောကသို့ စေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။

***

All Chapters