ကားလိပ်ချခြင်း
Vol. 020 Ch. 1946
ကျွင်းချိုးယွင်သည် ယခုလက်ရှိ သူကြုံတွေ့နေရသည့် အခြေအနေက အစစ်အမှန်မဟုတ်သလို ခံစားရပေသည်။ သူသည် ယခင်က ဖန်းလိုင်ကုန်းမြေ၏ ထိပ်သီးအင်အားစုတစ်ခုဖြစ်သော ကျွင်းကလန်မှ သခင်ငယ်လေးတစ်ယောက်ဖြစ်သည်။ သူ၏ အဆင့်အတန်းက မြင့်မားကာ သူ၏ ပါရမီကလည်း ထူးချွန်ပြောင်မြောက်လှပေသည်။ သူသည် ရန်ဟောင်အဆင့်မှ အစွမ်းထက်တန်ခိုးရှင်တစ်ဦးလည်း ဖြစ်သည်။ ဖန်းလိုင်ကုန်းမြေတစ်ခုလုံးတွင် သူက စေလိုရာစေနိုင်သူ တစ်ယောက်ဖြစ်ပေသည်။
သူသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ သွားရောက်ရန် ခရီးအတွက် လုံလောက်သောပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့သည်။ သူက အရှေ့နတ််ဘုရားကျွန်းစုနယ်မြေသို့ သွား၍ မဟာလမ်းစဥ်အခွင့်အလမ်းများကို ကြုံတွေ့နိုင်သည့် အခွင့်အရေးကို ရရှိကာ သူ၏ ကိုယ်ပိုင်စွမ်းရည်ကို တိုးမြင့်ပြီး ခိုင်မာလာစေရန် ရည်ရွယ်ထားသည်။
သို့သော်လည်း ဤသို့သော အခြေအနေမျိုးဖြင့်သာ အဆုံးသတ်သွားခဲ့၏။
သူက ဒုက္ခိတဖြစ်သွားခဲ့ပြီး သူ၏ ကလန်သည်လည်း အမြစ်ဖြတ်ချေမှုန်းခံရမည့် ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အကြီးအကဲများသည် ထိုမီးလျှံများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ အကြီးအကဲများ၏ ကြောက်ရွံတုန်လှုပ်စွာ အော်ဟစ်ငြီးငြူသံများကိုပင် ကြားနေရပေသည်။ ထိုသည်မှာ သူ၏ မျက်နှာကို ပြာမှုန်များကဲ့သို့ ဖြူဖျော့သွားစေခဲ့သည်။ ကျွင်းကလန်မှ လူအားလုံး သုတ်သင်ခံရခြင်းက သူတို့ကို ဤကိစ္စ၌ ပါဝင်ပတ်သတ်စေခဲ့၍ ဖြစ်နိုင်သလား။
မည်သည့်အတွက်ကြောင့် ထိုသို့ ဖြစ်ပျက်သွားရသနည်း။
ကျွင်းချိုးယွင်၏ ကျင့်ကြံဆင့်ထက်ပင် နိမ့်ပါးသော အဆင့်နိမ့်ရန်ဟောင်တစ်ပါးက မည်သို့ဖြစ်၍ ဖန်းလိုင်ကုန်းမြေ၏ ထိပ်သီးအင်အားစုတစ်ခုဖြစ်သော ကျွင်းကလန်၏ ရှင်သန်ရပ်တည်မှုကို သက်ရောက်မှုကို သက်ရောက်စေနိုင်ရသနည်း။
ဘုန်း…
ကောင်းကင်ထက်တွင် နတ်မီးလျှံများက အရာအားလုံးကို ဝါးမြိုနေခဲ့သည်။ မရေတွက်နိုင်သော ဝူထုံသစ်ရွက်များက ကောင်းကင်တွင် ကခုန်နေခဲ့၏။ သစ်ရွက်များက မြေပြင်သို့ ကြွေလွင့်လာသည့်အခါ အထဲ၌ မည်သည့်အရာမှ ကျန်ရှိတော့ခြင်း မရှိတော့ပေ။ ကျွင်းကလန်၏ ဘိုးဘေးက ချက်ချင်းပင် အပြီးတိုင်ပျောက်ကွယ်သွားခဲ့လေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ လှပသောကျွန်းသခင်သာလျှင် ကောင်းကင်ထက်တွင် ရပ်ကျန်နေခဲ့ပြီး သူမ နောက်တွင် မြင့်မြတ်သော ဖီးနစ်၏ ကြီးမားလှသည့် ပုံရိပ်ယောင်ကြီးတစ်ခုက ကောင်းကင်ထက်တွင် တည်ရှိနေခဲ့သည်။
အရာအားလုံးက အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
ကျွင်းကလန်၏ ဘိုးဘေးသည်ပင် တိုက်ပွဲကို ပြန်လည် လှည့်ပြောင်းရန် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိဘဲ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းစုသခင်ကသာလျှင် စစ်မှန်သော စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ပုံ ပေါ်လေသည်။ ထိုဘိုးဘေးက နေရာ၌ပင် ချက်ချင်းအသတ်ခံခဲ့ရသည်။ ဤတိုက်ပွဲ၌ မည်သည့်မျှော်လင့်ချက်မှ မကျန်ရှိတော့ပေ။
လေပြင်းတိုက်ခတ်လာပြီး မရေတွက်နိုင်သော ဝူထုံသစ်ရွက်များက လေထဲတွင် ကခုန်နေခဲ့သည်။ သစ်ရွက်တစ်ခုချင်းစီတွင် ကျယ်ပြောသော လေဟာနယ်အား ဖြန့်ကျက်လွှမ်းခြုံထားနိုင်သည့် မဟာလမ်းစဥ် နတ်မီးလျှံစွမ်းအားတို့ ပါဝင်နေ၏။ ချက်ချင်းပင် သူမ၏ ပုံရိပ်ကို ဗဟိုပြုကာ ထွက်ပေါ်လာသော သဏ္ဌာန်မဲ့ မဟာလမ်းစဥ်နတ်မီးလျှံစွမ်းအားတို့က တလောကလုံးကို ဝါးမြိုလောင်ကျွမ်းနေသလို ထင်မှတ်ပေသည်။
"ပြန်ဆုတ်" ကျွင်းရှောင်ယောင်က အမိန့်ပေးလိုက်သည်။ သူသည် နေရာအနှံ့တွင် ရှိနေသည့် မဟာလမ်းစဥ်နတ်မီးလျှံများကို ခံစားမိနိုင်ပြီး ၎င်းတို့က ကောင်းကင်တစ်ခုလုံးကိုပင် လွှမ်းခြုံနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ပြိုင်ဘက်၏ ထိန်းချုပ်ခံလိုက်ရသည်မှာအပ ထွက်ပြေးစရာ နေရာဟူ၍ မရှိတော့ပေ။
ဘုန်း…
လောကတစ်ခုလုံးက မီးလျှံများနှင့် လောင်ကျွမ်းနေသလို ထင်မှတ်ရပေသည်။ ကြီးမားလှသော ဖီးနစ်၏ အရိပ်ကြီးက ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ၎င်းက ကောင်းကင်တစ်ခုလုံးကို ဝါးမြိုထားသလို ထင်မှတ်ရပေသည်။ ကျွင်းကလန်၏ ရန်ဟောင်များ၏ မျက်နှာက ဆိုးဆိုးရွားရွား ပျက်ယွင်းသွားခဲ့သည်။ သူတို့သည် မီးလျှံစွမ်းအားများက သူတို့ကို ဝန်းရံထားခဲ့ကြောင်း တွေ့ရှိခဲ့ရပေသည်။
ကျွင်းကလန်မှ ရန်ဟောင်များက ကောင်းကင်သို့ တပြိုင်တည်း ထိုးတက်သွားကာ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော် ယခုတွင် အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ ကောင်းကင်ထက်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်က ပြိုင်ဘက်ကင်းနတ်ဘုရားမ တစ်ပါးကဲ့သို့ ရပ်နေခဲ့သည်။ အဆုံးမဲ့ နတ်မီးလျှံအလင်းများက သူမ၏ ပုံရိပ်မှ ထွက်ပေါ်နေခဲ့၏။ ကောင်းကင်တစ်ခွင်လုံးက မီးလျှံများနှင့် ပြည့်နှက်သွားခဲ့သည်။
အဆုံးမဲ့ အော်ဟစ်ငိုညည်းသံများကို ကြားလိုက်ရပေသည်။ ဤနေရာ၌ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်သည် လွန်ဆန်၍ မရနိုင်သော တည်ရှိမှုမျိုးဖြစ်သည်။ ကျွင်းကလန်၏ မဟာအကြီးအကဲသည်ပင် မဟာလမ်းစဥ်နတ်မီးလျှံကြောင့် ချက်ချင်းလောင်ကျွမ်းသေဆုံးသွားခဲ့ရသည်။ မည်သူက သူမ၏ မဟာလမ်းစဥ်စွမ်းအားကို ခံနိုင်ရည်ရှိလိမ့်မည်နည်း။
ရန်ဟောင်များက နတ်မီးလျှံတို့ဖြင့် ဖုံးလွှမ်းထားခြင်းကို ခံရပေသည်။ သူတို့သည် အလွန် သနားစဖွယ်ဖြစ်နေခဲ့၏။
"ကျွန်းသခင် သနားညှာတာပေးပါ။" တစ်စုံတစ်ယောက် သနားညှာတာပေးရန် အော်ဟစ် တောင်းပန်လိုက်သည်။ သူတို့က အလွန်အစွမ်းထက်လျှင်ပင် သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားနေရဆဲပင် ဖြစ်သည်။
"ရှင်တို့က ငါ့ရဲ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို အနိုင်ကျင့်ခဲ့တုန်းက ကျင့်ခဲ့ပြီးတော့ အခုမှ တောင်းပန်နေတာ အဓိပ္ပာယ်မရှိဘူး။" ကောင်းကင်ထက်မှ အေးစက်သော အသံတစ်ခုက ပြောလိုက်သည်။ သူမသည် အစပိုင်းတွင် တိုက်ခိုက်ခြင်းမပြုချင်ခဲ့ဘဲ ဖန်းလိုင်ကုန်းမြေမှ အဖွဲ့ဝင်များကို သူမ၏ စွမ်းရည်အား ရှင်းရှင်းလင်းလင်းသိစေချင်ရုံသာ ဖြစ်သည်။ သူမက အမှောင်ထဲမှနေ၍ စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း ကျွင်းကလန်က သူတို့ကို သတ်ရန် ပြေးဝင်လာခဲ့သည်။ ကျွင်းကလန်၏ မဟာအကြီးအကဲသည်ပင် တိုက်ခိုက်လာခဲ့၏။ သူမက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွင်းမှ ထွက်ပေါ်လာရန် ဖိအားပေးခံခဲ့ရပေသည်။
ကျွင်းကလန်နှင့် ယွင်ကလန်တို့က ယနေ့ တိုက်ခိုက်မှုစတင်ရန် လုပ်ဆောင်နေခဲ့သည်။ သူတို့က အမှန်ပင် သူမ၏ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဖိအားပေးနိုင်မည်ဟု ယုံကြည်နေခဲ့ကြသည်။ သို့ဆိုလျှင် သူမက သူတို့အား သတ်ဖြတ်ဖို့ရာ တွေဝေနေရန် အကြောင်း မရှိပေ။
တိုက်ပွဲမြေပြင်တွင် ရန်ဟောင်များက နာကျင်စွာ ညည်းညူအော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက မဟာလမ်းစဥ်နတ်မီးလျှံကြောင့် ပြာမှုန်များအဖြစ် လောင်ကျွမ်းသွားပြီး လေထဲတွင် လွင့်ပါသွားကြသည်။ အထွတ်အထိပ် တန်ခိုးရှင်များကြားမှ တိုက်ပွဲတွင် စွမ်းရည်များကြားမှ ကွာခြားမှုက လုံလောက်စွာကြီးမားနေခဲ့လျှင် ထွက်ပြေးရန် ဖြစ်နိုင်စရာအကြောင်းမရှိပေ။ အားနည်းလှသူများမှာ သေဖို့ရာ ထိုင်စောင့်နေရုံသာ တတ်နိုင်ကြပေသည်။
"ကျွန်းသခင် ဒီကိစ္စက ကျုပ်တို့ ယွင်ကလန်နဲ့ မသက်ဆိုင်ပါဘူး။ ကျုပ်တို့က ကျွင်းကလန်နှင့် မိတ်ဆွေတွေဖြစ်နေတော့ သူတို့က ဒီနေရာကို လာဖို့ ဖိတ်ခေါ်ခဲ့တာပါ။ ကျုပ်တို့မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ ဒါကြောင့်မို့လို့ ကျွန်းသခင်က ဒီကျူးကျော်မှုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။" ယွင်မုသည် ရန်ဟောင်များတစ်ယောက်ပြီးတစ်ယောက် သုတ်သင်ခံနေရသည်ကို မြင်သည့်အခါ စတင်၍ တုန်လှုပ်လာခဲ့သည်။ ကျွင်းကလန်မှ ရန်ဟောင်များက ထိုကဲ့သို့ သတ်ဖြတ်ခံနေသည်ဆိုလျှင် သူတို့ ယွင်ကလန်မှ ရန်ဟောင်များလည်း အသတ်ခံရလိမ့်မည်သာ ဖြစ်သည်။
ထိုသို့ ဆက်ဖြစ်နေလျှင် သူတို့အားလုံးက ဤနေရာ၌ အမြစ်ဖြတ်သုတ်သင်ခံလိမ့်ရပေမည်။
"ရှင် ဒီကို ရောက်လာမှတော့ ဒီမှာပဲ နေလိုက်တော့ပေါ့။" အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ နယ်မြေသခင်က ပြောလိုက်သည်။ မဟာလမ်းစဥ်နတ်မီးလျှံက ဆက်လက်၍ လောင်ကျွမ်းနေခဲ့ပြီး ရန်ဟောင်များကလည်း အဆက်မပြတ် သုတ်သင်ခံနေရသည်။ တစ်ချိန်တည်းမှာပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ တန်ခိုးရှင်များသည်လည်း တိုက်ခိုက်နေခဲ့သည်။ ထိုကြောင့် တစ်ဖက်သတ် သတ်ဖြတ်ခြင်းက စတင်ခဲ့ပြီဖြစ်သည်။ အရှေ့နတ်ဘုရကျွန်းစုနယ်မြေ၏ ကျွန်းသခင်က တိုက်ပွဲမြေပြင်တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့သည်။ အခြေအနေက လုံးဝ တစ်ဖက်သတ်ဆန်နေခဲ့၏။
"သူမက ရူးသွားပြီပဲ။"
အဝေးမှနေ၍ တိုက်ပွဲအား ကြည့်ရှုနေသူများ၏ နှလုံးက တုန်ယင်လာခဲ့သည်။ မကြာသေးခင်က သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ကံကြမ္မာအခွင့်အလမ်းများရှာရန်အတွက် သွားခဲ့ကြသည်။
သို့သော်လည်း ဤတစ်ကြိမ်၌ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ရက်စက်ကာ အညှာအတာကင်းမဲ့သည့် တစ်ဖက်သတ် သတ်ဖြတ်ခြင်းကို စတင်နေခဲ့၏။ ရန်ဟောင်အများအပြားမှာ ခဏလေးအတွင်း၌ သုတ်သင်ခံလိုက်ရပေသည်။
ကုန်းမြေအသီးသီးမှ လာခဲ့သော တန်ခိုးရှင်များအတွက် ဤသည်မှာ ထိုသို့ ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းကို ပထမဆုံးအကြိမ်မြင်တွေ့ရခြင်း ဖြစ်ပေသည်။ ရန်ဟောင်များက ပုရွက်ဆိတ်များကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရသည်။ ထိုသို့သော မြင်ကွင်းသည် ရန်ဟောင်များကြားမှာ တိုက်ပွဲများတွင်သာ ကြုံတွေ့နိုင်ပေသည်။
သူတို့သည် ယနေ့တွင် ဤသို့သော တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
တိုက်ပွဲမြေပြင်တွင် ရန်ဟောင်များက လျော့ပါးလာခဲ့သည်။ ကျွင်းကလန်မှ ရန်ဟောင်များက ဆက်တိုက်ပင် သတ်ဖြတ်ခြင်းကို ခံနေရသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် စန့်ကွမ်းကလန်အတွက်မှု အဆုံးအရှုံးသိပ်မရှိခဲ့ပေ။ ထိုသို့သော အခြေအနေအောက်တွင် ထိုသည်က လုံးဝ တစ်ဖက်သတ် သတ်ဖြတ်ခြင်းပွဲတော်ကြီးပင် ဖြစ်ပေသည်။
ကျွင်းကလန်နှင့် ယွင်ကလန်က ပြီးဆုံးသွားပြီ ဖြစ်သည်။ ဖန်းလိုင်ကုန်းမြေ၏ ဒေသခံတန်ခိုးရှင်များက စိတ်မကောင်းဖြစ်သွားခဲ့သည်။ ကံကြမ္မာဟူသည်မှာ ရက်စက်လွန်းလှပေသည်။ ဖန်းလိုင်ကုန်းမြေတွင် လွှမ်းမိုးနိုင်စွမ်းရှိသော ကလန်ခေါင်းဆောင်နှစ်ဦးမှာ ထိုကဲ့သို့ပင် ကျဆုံးသွားရတော့မည် ဖြစ်သည်။ သူတို့သည် ဖန်းလိုင်ကုန်းမြေ၏ ယခင် အရှင်သခင်က မည်သူဖြစ်ကြောင်း မေ့သွားခဲ့ပုံရလေသည်။
စန့်ကွမ်းကလန်က ဤတစ်ကြိမ်၌ ဘက်ရွေးမှန်ခဲ့သည်။ သူတို့က တိုးတက်လာနိုင်သည့် အခွင့်အရေးရှိပြီး ပို၍ပင် အားကောင်းသန်မာလာနိုင်သည်။ သူတို့က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ချည်နှောင်ထားလိမ့်မည် ဖြစ်ပေသည်။
ယခု အခြေအနေကို ကြည့်လျှင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နှစ်ပေါင်းများစွာ အပြင်လောက အရေးကိစ္စများကို ဝင်မစွက်ခဲ့သော်လည်း ဖန်းလိုင်ကုန်းမြေ၌ အစွမ်းထက်ဆုံး အင်အားစု ဖြစ်နေကြောင်းကို မည်သူမဆို ပြောနိုင်လိမ့်မည် ဖြစ်သည်။
ဖန်းလိုင်ကုန်းမြေ၏ ဝူရှန်မြို့မှ မြို့တော်သခင်ငယ်သည်လည်း လူအုပ်ကြားထဲတွင် ရှိနေခဲ့သည်။ သူနှင့်အတူ ဝူရှန်မြို့မှ တန်ခိုးရှင်များလည်း ရှိနေခဲ့၏။ သူတို့က ထိုမြင်ကွင်းကို စိတ်ထိခိုက်စွာ ကြည့်နေခဲ့သည်။ အစွမ်းထက်ပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ ထိုကဲ့သို့ပင် သုတ်သင်ခံလိုက်ပြီး သမိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ဖန်းလိုင်ကုန်းမြေ၏ အခြေအနေက အနာဂတ်တွင် မည်သို့ ဖြစ်လာလိမ့်မည်ကို မည်သူသိနိုင်ပါမည်နည်း။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဖန်းလိုင်ကုန်းမြေ၏ အရေးအခင်းများကို ဝင်ရောက်စွက်ဖတ်ပြီး လောက၏ အမြင်၌ ပြန်လည် ထွက်ပေါ်လာလိမ့်မည်လား။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ထိုနှစ်ဖက် အင်အားစုမှ တန်ခိုးရှင်များက နည်းသထက် နည်းပါးလာသည်။ ကျွင်းရှောင်ယောင်နှင့် ယွင်မုတို့က အဝိုင်းခံထားရသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ နယ်မြေသခင်သည်လည်း ကောင်းကင်ထက်မှ တိုက်ခိုက်နေသည့်အတွက် အပြင်းအထန်ရုန်းကန်နေရသည်အား မြင်တွေ့ပြီးသည်။ အလွန်လျှင်မြန်စွာပင် သူတို့နှစ်ယောက်က ဒဏ်ရာများရရှိသွားပြီး နောက်သို့ဆုတ်ခွာ သွားခဲ့ရသည်။
"ဒီလိုပဲ အဆုံးသတ်လိုက်တော့မှာလား။" ကျွင်းရှောင်ယောင်က ကောင်းကင်ထက်မှ အမျိုးသမီးရန်ဟောင်ကို ကြည့်ကာ မေးလိုက်သည်။ ကျင့်ကြံခြင်း ဟူသည်မှာ မလွယ်ကူပေ။ သူသည် သူလက်ရှိရောက်နေသော ကျင့်ကြံခြင်းအဆင့်သို့ ကျင့်ကြံရန်မှာ ပို၍ပင် ခက်ခဲသေးသည်။ သို့သော်လည်း အရာအားလုံးက အချည်းနှီး ဖြစ်သွားပုံရလေသည်။
"သူတို့ကို သတ်။" အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်က ထိုစကားများကို ပြောလိုက်သည်။ သူမက ကျွင်းရှောင်ယောင်အား မတုံ့ပြန်ခဲ့ပေ။ သူတို့သည် ရှုံးနိမ့်ခဲ့ပြီးဖြစ်ရာ သူမက သက်ညှာခြင်းကို ပြသလိမ့်တော့မည် မဟုတ်ပေ။
မြင့်မြတ်သော ဖီးနစ်က သူတို့ပေါ်သို့ ကျဆင်းကာ တိုက်ခိုက်လာခဲ့သည်။ မကြာခင်မှာပင် ကျွင်းရှောင်ယောင်က တိုက်ခိုက်မှုများကို ထက်၍ ခံနိုင်ရည်မရှိတော့ဘဲ နတ်မီးလျှံနှင့် လောင်ကျွမ်းသွားခဲ့ပေသည်။
.....
တိုက်ပွဲ အဆုံးသတ်သည့်အခါ ဖန်းလိုင်ကုန်းမြေ၏ အင်အားစု နှစ်ခုကြားတွင် ကျွင်းချိုးယွင်သည်သာ အသက်ရှင် ကျန်ရစ်ခဲ့သူ ဖြစ်လေသည်။ တိုက်ပွဲကို လာရောက်ခဲ့သော တန်ခိုးရှင်များအားလုံးက အသတ်ခံလိုက်ရ၏။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် အနည်းမျှပင် သက်ညှာမှု မပြခဲ့ပေ။
ကျွင်းချိုးယွင်က သူ၏ ရှေ့မှာ မြင်ကွင်းကို မြင်သည့်အခါ မျက်လုံးများကို နာကျင်စွာ ဖိမှိတ်လိုက်ပြီးနောက် ပြောလိုက်သည်။ "ကျုပ်ကိုပါ သတ်လိုက်ပါတော့။"
ယခု သူ၏ စိတ်က သေဆုံးသွားခဲ့ပြီး ဖြစ်သည်။ သူသည် အသက်ရှင်ရန် ဆန္ဒမရှိတော့ပေ။ ဤနေရာ၌ အသက်ရှင် ကျန်နေခဲ့ခြင်းမှာ မည်သည့် အဓိပ္ပာယ် ရှိမည်နည်း။
ယခု သူ၏ ကလန်သည်ပင် အမြစ်ဖြတ် သုတ်သင်ခံလိုက်ရပြီး ဖြစ်သည်။
ရီဖူရှင်းက ကျွင်းချိုးယွင်ထံသို့ လျှောက်လာခဲ့သည်။ ရီဖူရှင်းသည် ဤစမ်းသပ်မှုအတွင်း ဖိအားအများကြီး မရှိခဲ့ပေ။ ယခင်က သူသည် ကျွင်းချိုးယွင်အား လွှတ်ပေးခဲ့သည်။ ရီဖူရှင်းက သူတော်စင်တစ်ယောက် မဟုတ်ပေ။ သူသည် ကျွင်းကလန်ကိုယ်တိုင် ပါဝင်ပတ်သတ်လာစေခြင်းမရှိဘဲ ပြသာနာများအား ဖြေရှင်းချင်ခဲ့သည်။ နှစ်ဖက်စလုံးက ပြသာနာကို လက်လွှတ်နိုင်ပြီး နောက်ထပ် ဖိအားပေး ဆက်လိုက်ခြင်း မရှိတော့လျှင် ပိုကောင်းပေသည်။
သို့သော်လည်း ရီဖူရှင်းသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အပေါ် ကျွင်းကလန်က လက်မခံနိုင်ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထို့ကြောင့် သူတို့က ယခု ဤနေရာ၌ ယခုလို အဆုံးသတ်ရခြင်း ဖြစ်သည်။
ကျွင်းချိုးယွင်က သူ့ရှေ့မှ ပုံရိပ်ကို ကြည့်ကာ မေးလိုက်သည်။ "ကျုပ် မင်းကို တစ်ခုလောက်မေးချင်တယ်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက မင်းအတွက် ဘာလို့ တိုက်ခိုက်ပေးခဲ့ရတာလဲ။"
ထိုသည်မှာ ရီဖူရှင်း၏ ထူးခြားလှသော ပါရမီကြောင့် ဖြစ်နိုင်သလား။
ကျွင်းချိုးယွင်က နားမလည်နိုင်ခဲ့ပါချေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက မည်သည့် အရေးအခင်းများတွင်မဆို နှစ်ပေါင်းများစွာ ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ပေ။ သို့သော် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက မည်သည့်အတွက်ကြောင့် ရီဖူရှင်းအတွက် တိုက်ခိုက်ပေးပြီး လောက၏ အမြင်၌ တဖန် ပြန်လည် ပေါ်ထွက်လာရသနည်း။
ရီဖူရှင်းက ကျွင်းချိုးယွင်ကို လက်ညှိးညွှန်လိုက်သည်။ ဓားစွမ်းအားများက ချက်ချင်းပင် ရှေ့သို့ ထိုးဖောက်သွားခဲ့၏။ နာကျင်စွာ ညည်းညူသံနှင့်အတူ သွေးများက ကျွင်းချိုးယွင်၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများက အရောင် မှေးမှိန်သွားပြီး သေဆုံးသွားခဲ့ပေသည်။
ကျွင်းချိုးယွင်၏ မျက်လုံးများက ပြူးကျယ်နေခဲ့ပြီး ငြိမ်းချမ်းစွာ သေဆုံးခဲ့ခြင်းမျိုး မဟုတ်ပေ။ သူက တဖက်လူ၏ အဖြေကို ကြားနိုင်ရန်မျှပင် ထိုက်တန်ခြင်း မရှိခဲ့ပါချေ။
အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ထိုသို့သော မုန်တိုင်းမျိုးက ဤသို့ ရက်စက်လှသော အခြေအနေနှင့် အဆုံးသတ်သွားခဲ့သည်။ သုတ်သင်ရှင်းလင်းခြင်းက နောက်ထပ် လာမည့် အရာ ဖြစ်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ကျွန်းသခင်။" ရီဖူရှင်းက မော့ကြည့်ရင်း ကျွန်းသခင်ကို ကျေးဇူးစကားဆိုလိုက်သည်။ သူက မည်သို့ လုပ်ခဲ့ပါစေ ဤတစ်ကြိမ်၌ သူက တစ်ဖက်လူအပေါ်တွင် မှီခိုခဲ့ရခြင်း ဖြစ်သည်။ မဟုတ်လျှင် ရီဖူရှင်းက အဆင့်ကိုး ရန်ဟောင်တစ်ပါးနှင့် မည်သို့ ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မည်နည်း။ သူက ဤတစ်ကြိမ်၌ သူမ၏ အင်အားစုအပေါ် မှီခို၍ အမြတ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက သူနှင့် လိုလိုလားလား ပူပေါင်းခဲ့ခြင်းဖြစ်ကြောင်းသူ သေသေချာချာ သတိပြုမိပေသည်။
အရှေ့ နတ်ဘုရားကျွန်းစုနယ်မြေ၏ သခင်က သူ့ကို လျှို့ဝှက်စွာ အရိပ်အမြွက်ပေးလိုက်သည်။
"ဒါက မပြီးသေးပါဘူး။ စန့်ကွမ်းဟုန် ကျွန်မ လူနည်းနည်းခေါ်ပြီး ယွင်ကလန်ကို သွားမယ်။ အဲဒီအချိန်မှာ ရှင်က ကိုယ့်လူတွေကို ခေါ်သွားပြီးတော့ ကျွင်းကလန်ဆီ သွားလည်လိုက်။" ကျွန်းသခင်က စန့်ကွမ်းဟုန်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ နောက်ပိုင်းတွင် သူတို့က မည်သည့် မသိနိုင်သော အန္တရာယ်ကိုမှ ချန်ရစ်မထားခဲ့မိအောင် အမြစ်ဖြတ်ရှင်းလင်းရလိမ့်မည် ဖြစ်သည်။
"နားလည်ပါပြီ။" စန့်ကွမ်းဟုန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "ကျုပ်တို့ အခုချက်ချင်း သွားကြတော့မလား။"
"အင်း အခုပဲ သွားကြတာပေါ့။" အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်က ပြန်ဖြေလိုက်သည်။ သူမက အောက်ဘက်သို့ ကြည့်ကာ အမိန့်ပေး လိုက်၏။ "သွားကြစို့။"
သူမက ပြောလိုက်သည်နှင့် လူအုပ်ကြီးက သူမနှင့်အတူ ကောင်းကင်ကို ဖြတ်ကာ ယွင်ကလန်ရှိရာသို့ ထွက်သွားခဲ့ကြသည်။
"ကျုပ်တို့လည်း သွားကြစို့။" စန့်ကွမ်းဟုန်က အမိန့်ပေးလိုက်သည်။ သူသည်လည်း သူ၏ အဖွဲ့သားများကို ဦးဆောင်ကာ ကျွင်းကလန် ရှိသည့်ဘက်သို့ ဦးတည်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်သည့်လူများသည် ထိုအင်အားစုနှစ်ခုက အပြီးတိုင် သုတ်သင်ရှင်းလင်းခံခဲ့ရပြီ ဖြစ်ကြောင်း နားလည်လိုက်ကြသည်။
သိပ်မကြာခင်မှာပင် တန်ခိုးရှင်များက နေရာမှ ထွက်ခွာသွားခဲ့ကြ၏။ ရီဖူရှင်းသည် ဖြစ်ပျက်နေသည့် အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ ထိုသည်မှာ သူက အရာအားလုံးမှ လက်ရှောင်နေသည့် အတိုင်းပင် ဖြစ်သည်။ ယခုဖြစ်ပျက်ခဲ့သော အရာအားလုံးက သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။ ယခင်က တိုက်ခိုက်မှုများတွင် သူ မပါဝင်ခဲ့သည်အလား ထင်မှတ်ရကာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အရာအားလုံးကို စီမံသွားခဲ့သလို ထင်မှတ်ရပေသည်။ သို့မဟုတ်လျှင် ကျွန်းသခင်က ဤအရာအားလုံးကို စီစဥ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
အချို့သော ဆေးဖော်စပ်သူ ဆရာသခင်များက ရီဖူရှင်းအနီးသို့ ချဥ်းကပ်လာကြသည်။ သူတို့သည် အရှေ့နတ်ဘုရားကျွန်းစု၏ အချို့သော စွမ်းရည်များ အကြောင်းကို သိရှိထားခဲ့ကြသည်။ သူတို့က ကျွင်းကလန်နှင့်ယွင်ကလန်ကို အထင်သေးကြသည်။ ထိုကလန်နှစ်ခုလုံးက အရေးမပါသော ကလန်များ ဖြစ်သော်လည်း သူတို့က အမှန်တကယ်ပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို စိန်ခေါ်ရဲကြပေသည်။ ထိုသည်မှာ သူတို့ကိုယ် သူတို့ သတ်သေခြင်းနှင့် ထူးမခြားနားပင် ဖြစ်သည်။ ယခုအရာအားလုံးက အကောင်းဘက်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့၏ အိမ်မက်များက ရေပူဖောင်းပမာ ပေါက်ကွဲထွက်သွားပြီး သူတို့၏ အသက်များကိုပင် ဆုံးရှုံးခဲ့ရသည်။
"ဒီကိစ္စတွေက လုံးဝ စိတ်ဝင်စားစရာမကောင်းတော့ဘူး။ မိတ်ဆွေလေးရီ ကျုပ်တို့ ပြန်သွားပြီးတော့ ဆေးဘယ်လို သန့်စင်ရတယ်ဆိုတာကို လေ့လာကြရအောင်လေ။" တစ်ချို့က ပြောလိုက်သည်။ ရီဖူရှင်းလှည့်ကြည့်လိုက်ပြီး ဆွံအသွားခဲ့တော့၏။
***