တောင်လက်ဖဝါးဖြင့် ဦးခေါင်းခွံကို ရိုက်ခွဲခြင်း။ မဟာဝေလငါးဂိုဏ်း! (၃)
Vol. 9 Ch. 122
"ဒေါက် ဒေါက် ဒေါက်!"
မွန်းလွဲပိုင်း ရောက်သောအခါ ခြံတံခါးကို ခေါက်သံကြားရလေ၏။
“ဝမ်လင်အဆောက်အဦးက ဧည့်သည်တော်များလား။”
တံခါးခေါက်သံကြားတော့ စူးချန်ခုန်းက မတ်တပ်ထရပ်ပြီး တံခါးဆီသို့ တည့်တည့်သွားလိုက်သည်။
ယခုအချိန်တွင် စူးချန်ခုန်းသည် သူ့သရုပ်နှင့် လိုက်ဖက်အောင် အဂ္ဂိရတ်ဆရာတစ်ယောက်၏ ၀တ်စုံကို တမင်တကာ ၀တ်ဆင်ထားသည်။ သူ၏ချောမောသောအသွင်အပြင်ဖြင့် သပ်သပ်ရပ်ရပ်ရှိသော အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားရာ သူ၏အသွင်အပြင်ကို ပညာရှင်ဆန်သော ကျက်သရေတိုးစေလေ၏။
စူးချန်ခုန်းက အိမ်ကြီး၏ တံခါးမကြီးကို ဖွင့်လိုက်ရာ အပြာရောင်၀တ်စုံနှင့် လူတစ်ယောက် ရပ်နေသည်။ ထိုလူသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ကျော်ခန့်ရှိကာ သူ၏နားထင်တွင် အရေတွန့်များ အနည်းငယ်ရှိပုံရသည်။ သူ့မျက်နှာထားက ရင်သပ်ရှုမောစရာ မဟုတ်ပေမယ့် အာဏာရှိတဲ့အနေအထားကို ဖော်ပြနေတဲ့ အာဏာရှင်တစ်ယောက်အနေနှင့် မွေးဖွားလာသည့်နှယ်။ သူ့နောက်ကျောမှာ အထုပ်တစ်ထုပ်ကို ထမ်းထားသည်။
ထို့အပြင် သူ၏ နားထင်များက အနည်းငယ် ပြတ်သားပြီး စူးရှသည့် မျက်လုံးအကြည့်များကြောင့် သူသည် သိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ဖွယ်ရှိပြီး ထက်မြက်သော စွမ်းရည်
ရှိကြောင်း ညွှန်ပြနေသည်။
"ကျုပ်ကို လူအိုကြီးဝမ်က မိတ်ဆက်ပေးလို့ပါ။ ကျုပ်နာမည်က စွေ့ဟယ်ပါ။ ဒီက သခင်လေးကို ဘယ်လိုခေါ်ရမလဲ မေးပါရစေ"
စူးချန်ခုန်း၏ ငယ်ရွယ်နုပျိုသော အသွင်အပြင်ကို မြင်လိုက်ရသည်နှင့် အပြာရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ရွှင်မြူးစွာနှင့် သူ့ရှေ့တွင် လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ် မိတ်ဆက်လိုက်သည်။
"ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က စူးပါ။ ကျွန်တော့်ကို စူးချန်ခုန်းလို့ ခေါ်လို့ရပါတယ်။ ကျေးဇူးပြုပြီး အထဲဝင်ထိုင်ပါခင်ဗျ။"
စူးချန်ခုန်းက သူ့နာမည်ကို မိတ်ဆက်ပြီးတာနဲ့ အပြာရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် စွေ့ဟယ်အား အထဲဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
စွေ့ဟယ်က ခေါင်းညိတ်ပြပြီး အိမ်ထဲသို့ ဝင်သွားကာ လှည့်ပတ်ကြည့်လိုက်သည်။ “သခင်လေးစူးက ဒီမှာ တစ်ယောက်တည်း နေတာလား"
"ဟုတ်ပါတယ်။ ကျွန်တော် အဂ္ဂိရတ်ပညာကို လေ့ကျင့်ဖို့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကို ပိုသဘောကျလို့ပါ။" စူးချန်ခုန်းက ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
စွေ့ဟယ်က ပထမဆုံး ရောက်လာတဲ့ ဧည့်သည်ဖြစ်ပြီး စူးချန်ခုန်းက သူ့ကို ဧည့်ခန်းဆီ ခေါ်သွားကာ လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
စွေ့ဟယ်သည် လက်ဖက်ရည်ခွက်ကို ယဉ်ကျေးသိမ်မွေ့စွာ ကောက်ကိုင်လိုက်ပြီး "သခင်လေးစူးက တောနက်စီရင်စုမြို့ ဇာတိမဟုတ်ဘူးမလား။"
စူးချန်ခုန်းက ခေါင်းညိတ်ပြီး "ကျွန်တော့်မိသားစုက ဟန်ဖုန်းစီရင်စုရဲ့ ကျွဲနွားကျေးရွာမှာ နေထိုင်ပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ခရီးထွက်ခဲ့ပြီး နေရာအတည်တကျ မရှိဘဲ နေထိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ တောနက်စီရင်စုမြို့ကို ရောက်ခဲ့တာပါ" ထုံးစံအတိုင်း စူးချန်ခုန်းသည် သူ၏ မူရင်းဇစ်မြစ်ကို မပြောပြနိုင်ပေ။ ကျွဲနွားကျေးရွာသည် ချင်းရွှေမြို့နှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာပြီး လုံးဝမတူညီသော အရပ်မှဖြစ်လေ၏။
စူးချန်ခုန်းသည် သူက သံနက်အိမ်တော်အကြောင်းမှလွဲ၍ ချင်းရွှေမြို့မှ ဖြစ်သည်ဟု ဆိုလျှင်ပင် သူသည် ယခင်က တစ်လျှောက်လုံး "ဝမ်ထိုက်" ဟူသော နာမည်ကို အသုံးပြုခဲ့သောကြောင့် သူ့အမည်အရင်းကို အခြားမည်သူမျှ မကြားခဲ့ရသလို မည်သူမှ အတည်ပြုနိုင်ခြင်းလည်း မရှိပေ။
“နားလည်ပါပြီး…” စွေ့ဟယ်က ခေါင်းညိတ်ပြပြီး ထိုကိစ္စကို ဆက်မမေးတော့ပေ။
အကြောင်းအရာကိုပြောင်းပြီး စွေ့ဟယ်က "သခင်လေးစူးက အဂ္ဂိရတ်ပညာကို ကျွမ်းကျင်တယ်လို့ ဝမ်ရွှင်းဆီက ကြားဖူးတယ်ရော။" ဟုမေးလိုက်သည်။
စူးချန်ခုန်းသည် သူ၏ကျွမ်းကျင်မှုကို များများစားစား မဖော်ပြဘဲ “ကျွန်တော် တစ်ခု နှစ်ခု လောက်ပဲ သိတာပါ။”
သူ့လက်ဖက်ရည်ခွက်ကိုချရင်း စွေ့ဟယ်က စူးချန်ခုန်းကို မော့ကြည့်ကာ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ "ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ဂိုဏ်းရဲ့ အဂ္ဂိရတ်ပညာရှင်က နှစ်တွေ အကြာကြီးနေခဲ့ပြီး မကြာသေးခင်က အသည်းအသန် နေမကောင်းဖြစ်နေတယ်။ သူက အငြိမ်းစားမယူခင် နှစ်နှစ် သုံးနှစ်လောက်တော့ အလုပ်လုပ်နိုင်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဂိုဏ်းက အဂ္ဂိရတ်ပညာရှင်အသစ်တစ်ယောက်လိုနေတယ်။ ဝမ်ရွှင်းဆီက ကျွန်တော်ကြားရတာတော့ သခင်လေးစူးက မိသားစုအနှောင်အဖွဲ့ မရှိတဲ့ အလွတ်တမ်း အဂ္ဂိရတ်ပညာရှင်ဆို ဟုတ်လား။"
ဒီစကားက စူးချန်ခုန်းဆီလာတဲ့ စွေ့ဟယ်ရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး ဖော်ပြနေသည်။ သူက သူ့ကို သူ့ဂိုဏ်းထဲကို သိမ်းသွင်းလိုတာပင်။
ပြီးတော့ ကိုယ်ပိုင် အဂ္ဂိရတ်ပညာရှင်တွေကို ပြုစုပျိုးထောင်နိုင်တဲ့ ဂိုဏ်းက သာမန်အသေးစားဂိုဏ်းမဟုတ်တာတော့ သေချာသည်။
“မှန်ပါတယ်။ အဂ္ဂိရတ်ပညာက ကျွန်တော့်ရဲ့ဝါသနာပါ။ ကျွန်တော့်မှာ မိသားစုမရှိပါဘူး၊” ဟု စူးချန်ခုန်းက အသိအမှတ်ပြုလိုက်သည်။ ထို့နောက် သူက အရဲစွန့်ကာ မေးလိုက်သည် “ဦးလေးစွေ့ဟယ်နဲ့ သက်ဆိုင်တဲ့ ဂိုဏ်းက ဘာဂိုဏ်းလဲဆိုတာ အရဲစွန့်ပြီး မေးပါရစေ။"
စွေ့ဟယ်က ဟက်ဟက်ပက်ပက် ရယ်မောပြီး သူ့ဂိုဏ်းကို လျှို့ဝှက်မထားဘဲ ဆိုလေ၏ "သခင်လေးစူးက ဦးလေးတို့အကြောင်း ကြားဖူးမှာပါ။ ဦးလေးက ဧရာမ ဝေလငါးဂိုဏ်းကပဲ"
"ဧရာမ ဝေလငါးဂိုဏ်း?"
ဒါကိုကြားတော့ စူးချန်ခုန်းက ခဏလောက် ထိတ်လန့်သွားလေ၏။
စူးချန်ခုန်းက ဧရာမ ဝေလငါးဂိုဏ်းအကြောင်း ကြားဖူးပါ၏။
တောနက်စီရင်စုမြို့တွင် ဧရာမဝေလငါးဂိုဏ်းသည် ကျယ်ပြန့်ပြီး လူသိများသော ဂိုဏ်းဖြစ်ကာ ဗျူဟာကျကျနှင့် လမ်းကြောင်းများကို ထိန်းချုပ်ပြီး မိုးပြာဂိုဏ်းတွင် အဓိက လှုပ်ရှားနေတာဖြစ်သည်။
မိုးပြာဂိုဏ်းမှာ စီးပွားရေးလုပ်လိုတဲ့ ကုန်သည်သင်္ဘောတိုင်းဟာ ဧရာမဝေလငါးဂိုဏ်းကို လက်ဆောင်ဘဏ္ဍာ ဆက်သရမှာ ဖြစ်သည်။
ထိုဂိုဏ်းက ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေပြီး ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံသည် တောနက်စီရင်စုမြို့၏ ထိပ်တန်းစွမ်းအားရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ငယ်စဉ်ကပင် ရာဇဝင်တွင်သော အတွေ့အကြုံများဖြင့် ကျော်ကြားလေ၏။
တောနက်စီရင်စုမြို့တွင် ဧရာမဝေလငါးဂိုဏ်းသည် ချင်းရွှေမြို့ငယ်လေးမှ ကျောက်စိမ်းဂိုဏ်းသို့မဟုတ် အနက်ရောင်မြင်းတပ်ဂိုဏ်းကဲ့သို့သော ဂိုဏ်းငယ်လေးများ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
သူ့ရှေ့တွင်ရပ်နေသော စွေ့ဟယ်သည် ဧရာမဝေလငါးဂိုဏ်းမှဖြစ်ပြီး အဂ္ဂိရတ်ပညာရှင်များကို သူတို့၏ဂိုဏ်းထဲသို့ခေါ်ယူရန် စီစဉ်နေလေ၏။
အဂ္ဂိရတ်သမားများသည် အရေအတွက်နည်းပါးရုံသာမက များသောအားဖြင့် လမ်းကြောင်းအစမှ စတင်လျှောက်လှမ်းသူများထက် သူတို့၏မိသားစုမျိုးရိုးမှစတင်၍ အဂ္ဂိရတ်ပညာကို အမွေဆက်ခံသော စွင်းယိယဲ့ကဲ့သို့သော လူများသာ ရှိလေသည်။
အောက်ခြေအဆင့်မှ အဂ္ဂိရတ်ပညာရှင်ကို လေ့ကျင့်ပေးခြင်းသည် အချိန်နှင့် ကြိုးစားအားထုတ်မှုများစွာယူရသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့် ကျွမ်းကျင်အဆင့်ရှိသူတစ်ဦးကို ရှာဖွေကာ သူတို့ကို ဂိုဏ်းထဲသို့ သိမ်းသွင်းယူတာက အချိန်နှင့် အားစိုက်ထုတ်မှုအသက်သာဆုံးနည်းလမ်းဖြစ်သည်။
ယခင်က စူးချန်ခုန်းသည် ချီအားတိုးဆေးများကို ရောင်းချရန် ဝမ်ရွှင်းထံ ချဉ်းကပ်ခဲ့ပြီး စူးချန်ခုန်းကိုယ်တိုင်ပ သို့မဟုတ် သူ့နောက်ကွယ်မှ အဂ္ဂိရတ်ပညာရှင်ဟာ မိသားစု ထောက်ပံ့မှု မရှိတာ ဖြစ်နိုင်သည်ဟု ဝမ်ရွှင်းက ထင်ခဲ့သည်။ ထောက်ပံ့သူ မိသားစုသာရှိပါက ငွေရှာရန် ချီသွေးဆေးပြားများကို ရောင်းချရန် မလိုအပ်ပါ။ ထို့ကြောင့် သူက စွေ့ဟယ်အား စူးချန်ခုန်းကို အကြံပြုသည်။
"တကယ်တော့....ဧရာမဝေလငါးဂိုဏ်းမှာ အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေနဲ့ ပါဝင်ရတာက တကယ့်ကို ကောင်းတဲ့ ရွေးချယ်မှုတစ်ခုပါ။"
စူးချန်ခုန်း၏စိတ်သည် အတွေးများဖြင့် စပြီး လည်ပတ်လာလေ၏။ အဂ္ဂိရတ်ပညာကို မြှင့်တင်ရန် ငွေကုန်ကြေးကျများသော အရင်းအမြစ်များစွာ လိုအပ်သည်။ ဧရာမဝေလငါးဂိုဏ်းက သေချာပေါက် ကြီးမားသော ငွေကြေးထောက်ပံ့သူကြီး ဖြစ်ပြီး သူတို့ဆီ အဂ္ဂိရတ်ပညာရှင်အဖြစ် ဝင်လိုက်တာကာ အခြားအကျိုးကျေးဇူးများအပြင် အဂ္ဂိရတ်ပညာကို လေ့ကျင့်ရန် အခွင့်အလမ်းများရှိနေသရွေ့ သူသည် ၎င်း၏ အဂ္ဂိရတ်ပညာစွမ်းရည်ကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ပြီး အဓိကအားဖြင့် အခြားသူတစ်ဦး၏ပိုက်ဆံကို အသုံးပြုကာ သူ၏ကိုယ်ပိုင်လက်ရာကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိသော အစီအစဉ်ပင်။
"သခင်လေးစူး၊ ဧရာမဝေလငါးဂိုဏ်းထဲဝင်ဖို့ စိတ်ဝင်စားလား" စွေ့ဟယ်ကို မေးလိုက်လေ၏။ စူးချန်ခုန်းက ငြင်းရင် စွေ့ဟယ်က အတင်းတောင်းဆိုမှာ မဟုတ်ပါ။ သူက တခြားတစ်ယောက်ကို လိုက်ရှာရုံသာ။ ဧရာမဝေလငါးဂိုဏ်း၏ ဆွဲဆောင်မှုနှင့် အမွေများကြောင့် မှော်ဆေးဆရာ အများအပြား ပါဝင်ရန် ဆန္ဒရှိခဲ့ကြလေသည်။
အမှန်တော့ ဧရာမ ဝေလငါးဂိုဏ်း၏ တောင်းဆိုချက်တွေက တင်းကျပ်လွန်းသည်။ သူတို့သည် အချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ရန် လိုအပ်သောကြောင့် အလားအလာရှိသော အလွန်ငယ်ရွယ်သည့် အဂ္ဂိရတ်ဆရာများကိုသာ ခေါ်ယူပြီး ဂိုဏ်းကို နှစ်ပေါင်းများစွာ ထမ်းဆောင်စေသည်။
အောင်မြင်သော အဂ္ဂိရတ်ပညာရှင် အများစုသည် အသက်အရွယ် ကြီးရင့်ကြပြီး ဧရာမဝေလငါးဂိုဏ်းသို့ ဝင်ရောက်ရန် ဆွဲဆောင်နိုင်ရင်တောင် သူတို့သည် နှစ်ပေါင်းများစွာ အလုပ်မလုပ်နိုင်တော့ပေ။ ဧရာမဝေလငါးဂိုဏ်းတွင် တပည့်များစွာရှိရာ အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ အလုပ်တာဝန်သည် ကြီးမားလှသည်။
ဥပမာအားဖြင့် အသက်ကြီးသော အဖိုးတန်ဆေးပြားအိမ်မှ စွင်းယိယဲ့ဆိုလျှင် သတ်မှတ်ချက်နှင့် မကိုက်ညီပေ။ အဂ္ဂိရတ်ပညာ အသစ်တစ်သုတ် စတင်မီ သူသည် ရက်အတော်ကြာ အနားယူရပြီး သူ့အကူအညီကို တောင်းခံသော ပြင်ပလူများက တန်းစီကာ စောင့်ဆိုင်းရလေသည်။
စူးချန်ခုန်း၏ အသက်အရွယ်သည် လိုအပ်ချက်များနှင့် ကိုက်ညီသည်။ စွမ်းရည်နှင့် ပတ်သက်ပြီးစမ်းသပ်ရန် လိုအပ်သည်။
စူးချန်ခုန်းက “ကျွန်တော် တကယ်ကို စိတ်ဝင်စားပါတယ်” ဟု စူးချန်ခုန်းက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
အကယ်၍ သူသည် ဧရာမဝေလငါးဂိုဏ်းတွင် အဂ္ဂိရတ်ပညာရှင်အဖြစ် ပါဝင်ခဲ့မည်ဆိုလျှင် သယ၏ အဂ္ဂိရတ်ဝန်ဆောင်မှုများကို တောင်းဆိုနေသော အဆုံးမရှိသည့် လူတန်းကြီးများရှိလာမည်ဖြစ်သည်။ သူ့ကိုယ်ပိုင်ငွေကို အဂ္ဂိရတ်ပညာအတွက် သုံးစွဲပြီး ငွေလိုမည်ကို စိတ်ပူစရာ မလိုတော့ပါ။
သူ၏ အဂ္ဂိရတ်ကျွမ်းကျင်မှုများ တိုးတက်လာသည်နှင့်အမျှ သူ၏ အဂ္ဂိရတ်ပညာသည် အရှုံးမရှိဘဲ အမြတ်အစွန်းပင် ဖြစ်လာနိုင်သည် ။
ဒါကိုကြားတော့ စွေ့ဟယ်က ဝမ်းသာသွာူပုံပေါက်ပြီး "သခင်လေးစူး၊ မင်းရဲ့ အဂ္ဂိရတ်ပညာကို ဦးလေး အရင်စမ်းသပ်ပါ့မယ်။ စိတ်မရှိပါနဲ့။"
စူးချန်ခုန်းက ဧရာမဝေလငါးဂိုဏ်းတွင်ပါဝင်ရန်သဘောတူခဲ့လျှင်ပင် စွေ့ဟယ်သည် သူ၏အခြေခံကို ဦးစွာအကဲဖြတ်ရမည်ဖြစ်သည်။
စူးချန်ခုန်း၏ အဂ္ဂိရတ် ကျွမ်းကျင်မှု ညံ့ဖျင်းမည်ကို သူ မစိုးရိမ်ပါ။ သူ၏ ပင်ကိုအဂ္ဂိရတ်ပညာ အရည်အချင်းက သာမန်မျှသာ ဖြစ်မည်ကိုသာ သူ စိုးရိမ်သည်။ ထိုအခြေအနေ၌ သူတို့က အရင်းအမြစ်များစွာကို မြှုပ်နှံထားလျှင်ပင် သူတို့၏ ရင်းနှီးမြှုပ်နှံမှုများ အကျိုးရှိမည်မဟုတ်ပါ။
ထို့ကြောင့် သူတို့သည် စူးချန်ခုန်း၏အဆင့်နှင့် အဂ္ဂိရတ်ပညာတွင် ဖြစ်နိုင်ချေကို စမ်းသပ်ရပေသည်.. ဂိုဏ်းတွင်းရှိ အကြီးတန်းအဂ္ဂိရတ်ပညာရှင်မှ အကဲဖြတ်ပြီးနောက် သူ့ကို အလုပ်ခန့်ရန်ဆုံးဖြတ်ကြရမည်သာ..