← Chapters

အဂ္ဂိရတ်ပညာကို ကျွမ်းကျင်ခြင်း။ ဆရာစူး (၃)

Vol. 9 Ch. 128

အဂ္ဂိရတ်ပညာကို ကျွမ်းကျင်ခြင်း။ ဆရာစူး (၃)

Vol. 9 Ch. 128

"သူက ဘယ်သူလဲဟ။" ညာဘက်ခြမ်းမှ လူငယ်တစ်ဦးသည် စကားဖြတ်ပြောခံရပြီးနောက် မကျေမနပ်ဖြစ်ကာ တစ်ချက်ကြည့်လိုက်သည်။

သို့သော် မျက်နှာထားလေးထောင့်နှင့် အခြားလူတစ်ယောက်က စူးချန်ခုန်း၏ဝတ်ရုံကို မှတ်မိပြီး ထိုလူငယ်လေးကို အမြန်ပြန်ဆွဲလိုက်သည်။

မျက်နှာထားလေးထောင့်နှင့်လူက သူ့စကားဘယ်လိုပြောရမလဲဆိုတာကို ခဏလောက်စဉ်းစားပြီးနောက် သူတို့ကို မည်သူမျှ အာရုံစိုက်မနေတော့မှ ပြောပြလေ၏။ “ဒီနေ့မွန်းတည့်ချိန်တုန်းက ဧရာမဝေလငါးဂိုဏ်းနယ်မြေအပြင် ဆယ်မိုင်ကျော်မှာ ခေါင်းမပါသော အလောင်းတစ်လောင်းကို တွေ့ခဲ့တယ်။ အဲ့ဒီအလောင်းရဲ့ ဦးခေါင်းကို အရှင်လတ်လတ် ဆုတ်ဖြဲထားပုံရပြီး ဘာကြောင့်မှန်းမသိဘူး နှလုံးကတောင် အရှင်လတ်လတ် ဖောက်ထုတ်ထားပုံရတယ်။ အဝတ်အစားတွေကို အခြေခံပြီး သူက ထွက်သွားတဲ့ ဆရာကုန်းလို့ သတ်မှတ်လိုက်တာ။”

“ခေါင်းမဲ့ အလောင်း… နှလုံး ဖောက်ထုတ်ခံလိုက်ရတာလား” စူးချန်ခုန်း မတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာမှာ ဝမ်းနည်းမှုနှင့် ဒေါသတို့ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်၏။

သူစိမ်းတစ်ယောက်သေသွားခဲ့ရင် စူးချန်ခုန်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးခံစားရမှာ မဟုတ်ပါ။ သို့သော် သေဆုံးသူမှာ ကုန်းကျန့်ဖြစ်နေ၏။ ကုန်းကျန့်က သူ့ကို အဂ္ဂိရတ်ပညာ သင်ပေးပြီး သူ့ကို စောင့်ရှောက်ခဲ့သူပင်။

“ခေါင်းကို အရှင်လတ်လတ် စုတ်ဖြဲပြီး နှလုံးကို ဖောက်ထုတ်လိုက်တယ်… ဒီလို သတ်နည်းက သာမန်လူတစ်ယောက်အတွက် ရက်စက်လွန်းတယ်။ မိစ္ဆာနတ်ဆိုး လုပ်တာများလား။”

စူးချန်ခုန်းက ထိတ်လန့်တုန်လှုပ်မနေတော့။ ထူးဆန်းစွာပင် တစ္ဆေဈေးကွက်တွင် ထိုညက သူတွေ့ခဲ့ဖူးသော လူတို့၏နှလုံးသားကို အရှင်လတ်လတ်စားသုံးသည့် နတ်ဆိုးတစ်ကောင်ဟု သံသယရှိသော အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကို တွေးလိုက်မိသည်။

စူးချန်ခုန်းသည် ကုန်းကျန့်က နတ်ဆိုးတစ်ကောင်နှင့် ကြုံတွေ့ရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်း ရှိမရှိကို မတွေးဘဲ မနေခဲ့။

သို့သော် ထပ်တွေးတောကြည့်သောအခါတွင် ထိုကိစ္စနှင့်ပတ်သက်သည့် သံသယဖြစ်စရာတစ်ခုရှိနေသည်။ ကုန်းကျန့် သတ်ခံရသောအခါ ဧရာမဝေလငါးဂိုဏ်းနှင့် မဝေးလှပေ။ သူ့ကိုသတ်ခဲ့တာက နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ဤအချက်နှစ်ချက်၏ တိုက်ဆိုင်မှုမှာ သေးငယ်လွန်းပုံရသည်။ လူသတ်မှုကျူးလွန်သူသည် စုံစမ်းစစ်ဆေးသူများကို စိတ်ရှုပ်ထွေးစေရန် တမင်တကာ ပြုလုပ်ခဲ့တာ ဖြစ်နိုင်သည်။

သို့ သော် အကယ်၍ ဒီလိုသာဆိုရင် ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ခြေရာ အားလုံးကို ရှင်းပစ်ရန် အဘယ်ကြောင့် မလုပ်ဆောင်သနည်း။

စူးချန်ခုန်း၏ မျက်နှာထက်မှ ပြောင်းလဲနေသော မျက်နှာထားများကို မြင်တော့ မျက်နှာလေးထောင့်နှင့် လူက နှစ်သိမ့်ပေးလေ၏။ "ဆရာစူး၊ ဆရာက အဂ္ဂိရတ်ပညာကို ဆရာကြီးကုန်းလက်အောက်မှာ လေ့လာခဲ့တယ်။ ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ ပူဆွေးမှုကို လက်ခံပေးပါ။ ဒီအဖြစ်အပျက်ကြောင့် ဂိုဏ်းအတွင်းက ဂိုဏ်းဆရာတော်တော်များများ ဒေါသတကြီး ဖြစ်ပြီး ဂိုဏ်းရဲ့ လက်ထောက်ခေါင်းဆောင်က ဂိုဏ်းက ကြောက်စရာကောင်းတဲ့ လူသတ်သမားကို အတိအကျလိုက်ရှာဖို့ ဘာစရိတ်စကမှ မနှမြောဘူးလို့ ပြောထားပါတယ်။"

ကုန်းကျန့်၏ သေဆုံးမှုသည် ဧရာမဝေလငါးဂိုဏ်းအတွင်း အမှန်ပင် ဂယက်အသေးလေး မဟုတ်ပါပေ။

ကုန်းကျန့်သည် ဧရာမဝေလငါးဂိုဏ်းအတွက် ဆေးပြား သန့်စင်ရာတွင် ဆယ်စုနှစ်များစွာ မြုပ်နှံထားပြီး ဂိုဏ်းမှ နုတ်ထွက်ပြီး မကြာမီတွင် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၎င်းသည် အပြင်လူများ အတင်းပြောစရာ ဖြစ်ပေါ်စေပြီး ဂိုဏ်း၏ တပည့်များကြားတွင်ပင် ငြီးတွားမှုများ ဖြစ်စေသည်။ ထို့ကြောင့် ဧရာမဝေလငါးဂိုဏ်းက စူးစမ်းလေ့လာရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်သည်။

“ဟမ်… ကျွန်တော်နားလည်ပါပြီ” စူးချန်ခုန်းက သူ့ခံစားချက်တွေကို ဖြေလျှော့လိုက်ပြီး သူ့ထိုင်ခုံမှာ ပြန်မထိုင်ခင် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာများက သူ့အတွက် အရသာမရှိတော့ဟု ထင်ရသည်။

ကုန်းကျန့် ကွယ်လွန်ခြင်းက စူးချန်ခုန်းကို စားသောက်ချင်စိတ် ပျောက်သွားစေသည်။ ကုန်းကျန့် က သူ့ကိုတွင် သနားကြင်နာခဲ့ပေးခဲ့သည်။ သို့သော် သူသည်ဒေါသစိတ်ဖြင့် စိတ်မထိန်းနိုင်တာမျိုးတော့ မဖြစ်ပေ။

"ဧရာမဝေလငါးဂိုဏ်းကိုပဲ စုံစမ်းစစ်ဆေးခိုင်းလိုက်တော့မယ်။ ငါလည်း ဒီမှာ အသစ်ဆိုတော့ တခြားသူတွေထက် အများကြီး ပိုမသိနိုင်ဘူးလေ။"

နောက်ဆုံးဝောာ့ စူးချန်ခုန်း သက်ပြင်းချလိုက်သည်။

ကုန်းကျန့်သည် ဧရာမဝေလငါးဂိုဏ်းမှ ထွက်ခွာပြီး ချက်ချင်းပင် အသတ်ခံခဲ့ရကာ လူသတ်သူ၏ အထောက်အထားနှင့် ပတ်သက်၍ ထင်ကြေးများစွာ ပေးခဲ့ကြသည်။ ဒါဟာ မိစ္ဆာနတ်ဆိုး လုပ်တာဖြစ်နိုင်သလို ဧရာမဝေလငါးဂိုဏ်းရဲ့ ပြိုင်ဘက်ဂိုဏ်းက တမင်တကာ ရန်စတာ ဖြစ်နိုင်သလို ကုန်းကျန့်က ဂိုဏ်းတစ်ခုခုက တစ်ယောက်ယောက်ကို စော်ကားမိလို့ အသတ်ခံရတာလည်း ဖြစ်နိုင်သည်။

စူးချန်ခုန်းသည် လွန်ခဲ့သည့် နှစ်လကမှ ဧရာမဝေလငါးဂိုဏ်းထဲ ဝင်ခဲ့ခြင်းဖြစ်သောကြောင့် ကောက်ချက်ချရန် အချက်အလက် နည်းပါးလွန်းလှသည်။ ဘာမျှမလုပ်သေးဘဲ ရလဒ်ကိုစောင့်နေတာ အကောင်းဆုံးပင်။

ကုန်းကျန့်၏ သေဆုံးမှုသည် ဂိုဏ်းအတွင်း တုန်လှုပ်ချောက်ချားစေခဲ့ပြီး သူနှင့် အဆက်အသွယ်ရှိခဲ့သော စူးချန်ခုန်းကိုပင် စုံစမ်းမေးမြန်းရန် လာရောက်ခဲ့ကြသည်။ စူးချန်ခုန်းက ရိုးရိုးသားသား ဖြေကြားခဲ့၏။ သူသည် ကုန်းကျန့်နှင့် လေးလေးနက်နက် စကားစမြည်ပြောဆိုခြင်း မရှိခဲ့ဘဲ အမှန်တကယ်ပင် များစွာ မသိခဲ့ပေ။

ကုန်းကျန့် ပျောက်ကွယ်သွားပေမယ့် ကမ္ဘာကြီးက ဆက်ပြီး လည်ပတ်နေဆဲပင်။

နောက်တစ်နေ့မနက်မှာ ဆေးဖော်စပ်ရာနေရာရဲ့ရဲ့ ဆေးလုံးသန့်စင်ခန်းထဲမှာ တစ်ယောက်ယောက်က ကြို့စောင့်နေလေ၏။

စောင့်နေသူက စူးချန်ခုန်းထက် တစ်နှစ် နှစ်နှစ်လောက်ငယ်သော ဆယ်ကျော်သက် လူငယ်လေးဖြစ်ပြီး သူ့မျက်နှာပေါ်တွင် ရှက်ပြုံးလေးနှင့်။ သူက စူးချန်ခုန်း ရောက်လာတာကိုမြင်တော့ "ဆရာစူး၊ ကျွန်ဝောာ့်နာမည် လျိုကန်းပါ။ ဆေးပညာနဲ့ ဆေးဝါးအကြောင်း နည်းနည်းသိပါတယ်။ ကျွန်တော်က ဆရာရဲ့ အဂ္ဂိရတ်ပညာကို ကူညီပေးဖို့ ရောက်လာတာပါ"

စူးချန်ခုန်းက မျက်မှောင်ကြုတ်ပြီး "ငါလက်ထောက်မလိုဘူး"

စူးချန်ခုန်းသည် ဆေးပြားကို တစ်ယောက်တည်း အမြဲတမ်း သန့်စင်ခဲ့ပြီး မရင်းနှီးသော လူတစ်ဦးကို အကူအညီတောင်းခြင်းအတွက် အဆင်မပြေလှပေ။

သူ့ကိုယ်သူ လျိုကန်းလို့ ခေါ်တဲ့ ဆယ်ကျော်သက်လေးက တုန်လှုပ်ခြောက်ခြားတဲ့ မျက်နှာထားနဲ့ “ဆရာစူး၊ ဒုခေါင်းဆောင်က ကျွန်တော့်ကို ဒီကို ပို့လိုက်တာပါ… အဲဒါကို ကျွန်တော် မလွန်ဆန်နိုင်ပါဘူး” ဟု ဆိုလေ၏။

ဒါကိုကြားတော့ စူးချန်ခုန်းက အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားသည်။ အဂ္ဂိရတ်ပညာတွင် လျိုကန်း ကူညီဖို့ဆိုတာ အကြောင်းပြချက်တစ်ခုသာ။ ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ကို ကြီးကြပ်ဖို့ ရောက်လာတာပင်။

စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်လာသဖြင့် ဂိုဏ်းသည် သူ့အပေါ် များစွာ ယုံကြည်သည်ဟု မပြောနိုင်သေးပေ။ လျိုကန်းက သူ့ကို ပြဿနာမရှာအောင် ဒါမှမဟုတ် အလွန်အမင်း လောဘမကြီးအောင် တားဆီးဖို့ပင်။ ဒါက ကုန်းကျန့်တောင် ကြုံတွေ့ခဲ့ရတဲ့ သာမာန်လုပ်ထုံးလုပ်နည်းပင်ဖြစ်သည်။

"ကောင်းပြီ။ ဒါဆိုလည်း မင်းငါ့ကို လက်ထောက်တစ်ယောက်အနေနဲ့ ကူညီပေးနိုင်ပါတယ်" လျိုကန်းကို ပြတ်ပြတ်သားသား ငြင်းလိုက်ခြင်းက နှစ်ဖက်စလုံး၌ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုလျော့ပါးစေပြီး အခြေအနေကို ပိုအဆင်မပြေဖြစ်လာစေနိုင်သောကြောင့် စူးချန်ခုန်းက နောက်ဆုံးတော့ သဘောတူလိုက်လေ၏။

"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာစူး။ ကျွန်တော်က အမြင်အာရုံပြဿနာနည်းနည်းရှိတယ်။ ဆရာက အဂ္ဂိရတ်ပညာမှာတော်တော်လေး အလုပ်ကြိုးစားတယ်။ ကျွန်တော် မမြင်နိုင်တဲ့ အရာတွေရှိတယ်။ ဒါကြောင့် ကျွန်တော် ပါးစပ်ဖွာမှာ မဟုတ်ပါဘူး။"

လျိုကန်းသည် စူးချန်ခုန်းအား ကျေးဇူးတင်စကား ဆိုလေ၏။ သူသာ အဂ္ဂိရတ်ပညာကို အာရုံစိုက်ပြီး ဧရာမဝေလငါးဂိုဏ်းကို စိတ်ကျေနပ်စေသရွေ့ ထုတ်ကုန်အနည်းငယ်ကို သူ့ဘာသာသူ သိမ်းထားမည်ဆိုရင်တောင် အရေးမကြီးကြောင်း အရိပ်အမြွက်ပေးနေတာပင်။ လျိုကန်းက မမြင်ချင်ယောင်ဆောင်ထားတာဖြစ်သည်။

ဒီလိုမှမဟုတ်ရင် စိတ်မကျေနပ်တဲ့ စူးချန်ခုန်းဟာ အဂ္ဂိရတ်ပညာကျရှုံးမှုကို ရည်ရွယ်ချက်ရှိရှိ မကြာခဏဖြစ်စေနိုင်ပြီး ဒါက ဧရာမဝေလငါးဂိုဏ်းကို သိသာထင်ရှားတဲ့ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရစေလိမ့်မည်။ အဂ္ဂိရတ်ပညာရှင်အသစ်တစ်ဦးကို လေ့ကျင့်ခြင်းသည် အချိန်ကုန်ပြီး လူပင်ပန်းသည်။ စူးချန်ခုန်းကို ကျေးဇူးတင်ပြီး ဂိုဏ်းအတွက် လိုလိုလားလား အလုပ်လုပ်စေဖို့အတွက် အကျိုးကျေးဇူးတချို့ ပေးလိုက်တာ ပိုကောင်းပါသည်။

"အဂ္ဂိရတ်ပညာကို စလိုက်ရအောင်။ ကြိုပြီးအပူပေးဖို့အတွက် ဆေးမီးဖိုကို မီးညှိပေးပါဦး" စူးချန်ခုန်းက လိုရင်းကိုသာ တည့်သွားပြီး အဂ္ဂိရတ်ပညာ၏ နေ့သစ်တစ်ခုကို စတင်လိုက်လေ၏။

စူးချန်ခုန်းသည် ရံဖန်ရံခါ ဆေးလုံးတစ်လုံး သို့မဟုတ် နှစ်လုံးသောက်သောအခါတွင် လျိုကန်းသည် သူ့စကားအတိုင်း တုံ့ပြန်မှုမပြခဲ့ပေ။ ထို့အပြင် လျိုကန်းသည် အလွန်ပင် လုံ့လဝီရိယရှိသူဖြစ်ပြီး စူးချန်ခုန်းကို မီးတောက်များကို ကြည့်ရန် ကူညီပေးသည်။ သူက အရည်အချင်းရှိသော လက်ထောက်တစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်လောက်အောင် ကူညီပေးနေလေ၏..

All Chapters