← Chapters

စာပေအဆောက်အဦး မီးလောင်သည့်ည။ ဧရာမဝေလငါးဂို‌ဏ်း၏ ဂယက် (၂)ာပေအဆောက်အဦး မီးလောင်သည့်ည။ ဧရာမဝေလငါးဂို‌ဏ်း၏ ဂယက် (၂)

Vol. 9 Ch. 130

စာပေအဆောက်အဦး မီးလောင်သည့်ည။ ဧရာမဝေလငါးဂို‌ဏ်း၏ ဂယက် (၂)ာပေအဆောက်အဦး မီးလောင်သည့်ည။ ဧရာမဝေလငါးဂို‌ဏ်း၏ ဂယက် (၂)

Vol. 9 Ch. 130

သို့သော် လျိုကန်းသည် ဒုခေါင်းဆောင် မုန့်စန်း၏လူဖြစ်ပြီး ထိုအချိန်တုန်းက သူ့အပြင် ဂိုဏ်းခေါင်းဆောင်ထံ၌ အခြားသော အဂ္ဂိရတ်ပညာရှင် လူငယ်တစ်ယောက်ရှိသေးသည်။

အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ရာထူးက အကျိူးအမြတ်များပြီး ဧရာမဝေလငါးဂိုဏ်းအတွက် အလွန်အရေးကြီးသည်။ အဂ္ဂိရတ်ပညာရှင်ကောင်းတစ်ဦးသည် သူ၏တပည့်များအား ဆုချီးမြှင့်ရန်နှင့် ဂိုဏ်း၏အထက်လူတို့ စားသုံးရန်အတွက် လိုအပ်သော အရည်အသွေးမြင့် ဆေးပြားများကိုအဆက်မပြတ် ထုတ်လုပ်နိုင်ရမည်ဖြစ်သည်။

ခေါင်းဆောင်ဂိုဏ်းနှင့် ဒုခေါင်းဆောင်အဖွဲ့တို့က အာဏာအတွက် ရုန်းကန်နေကြပြီး အဂ္ဂိရတ်ဆရာကို သူ့တို့ဘက်ပါအောင် ရယူလိုကြသည်။ ကုန်းကျန့်ကတော့ ဘယ်ဘက်ကိုပဲရွေးရွေး တစ်ဖက်ကို စော်ကားမိမယ်ဆိုတာကို သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိထား၏။

ထူးခြားသည့် အဂ္ဂိရတ်ပညာ အရည်အချင်းရှိသော အလွတ်တမ်း အဂ္ဂိရတ်ပညာရှင် စူးချန်ခုန်းကို မထင်မှတ်ဘဲ ရှာတွေ့ရှိပြီးနောက်မှာ ကုန့်ကျန်းဟာ ဆုံးဖြတ်ချက်ချခဲ့သည်။ တစ်ဖက်ကို ရွေးချယ်ခြင်းသည် ကျန်တစ်ဖက်ကို စော်ကားရာရောက်သောကြောင့် သူက ကြားနေပြီး ဘယ်ဘက်ကိုမှ မရွေးဘဲ အပြင်လူကို ရွေးချယ်ကာ စူးချန်ခုန်းအား ဧရာမဝေလငါးဂိုဏ်းသို့ ဝင်ခိုင်းတာက ပိုကောင်းလေ၏။

အဓိက အကြောင်းရင်းကတော့ စူးချန်ခုန်းဟာ လူတွေကို အံ့အားသင့်စေနိုင်တဲ့ အဂ္ဂိရတ်ပညာနဲ့ ငယ်ရွယ်မှုကြောင့်ပင်။ သူ၏ တိုးတက်မှုနှုန်းသည် နှစ်ဖက်စလုံးကို နှုတ်ပိတ်စေရန် လုံလောက်သည်။ မဟုတ်ပါက ကုန့်ကျန်းသည် အဂ္ဂိရတ်ပညာကို နှစ်လကြာ ‌သင်ကြားပေးပြီးနောက် စူးချန်ခုန်း၏စွမ်းရည်နှင့် မလုံလောက်ပါက သူ တာဝန်မကျေနိုင်သဖြင့် နှစ်ဖက်စလုံးမှ လူများအတွက် ထပ်မံစီစဉ်ပေးရမည်ဖြစ်သည်။

နောက်ဆုံး၌ သူ့အခွင့်အရေးကို လုယူခံလိုက်ရသော လျိုကန်းပင်လျှင် အဂ္ဂိရတ်ပညာတွင် စူးချန်ခုန်း၏အရည်အချင်းက သူ့ထက်သာလွန်ကြောင်း မုန့်စန်းရှေ့မှာ ဝန်ခံလိုက်ရသည်။

"အင်း အဲ့ဒီလူငယ်လေးစူးကို ငါတို့ဘက်အပါခေါ်ဖို့ ရည်ရွယ်ထားတယ်။ ပြီးတော့ မင်းလည်း သူ့အနားမှာပဲနေ။ စောင့်ကြည့်ပြီး ကောင်းကောင်း သင်ယူပါ။ နောင်မှာ ပြဿနာ တစ်ခုခု ဖြစ်လာရင် မင်း သူ့နေရာကို ယူနိုင်တယ်!"

မုန့်စန်းက နောက်ဆုံးတော့ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

မုန့်စန်းသည် သူ၏ထိန်းချုပ်မှုအတွင်း အဂ္ဂိရတ်ပညာရှင်၏ရာထူးကို ထိန်းထားလိုသော်လည်း ပထမတစ်ချက်က စူးချန်ခုန်း၏ အဂ္ဂိရတ်ပညာသည် အံ့ဩဖွယ်ဖြစ်ပြီး ဧရာမဝေလငါးဂိုဏ်း၏ ဆေးပြားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် အနာဂတ်တိုးတက်မှုအတွက် အခန်းကဏ္ဍသည်လည်း ကြီးမားလှ၏။ လျိုကန်းသာ တာဝန်ယူမည်ဆိုပါက လက်ခံနိုင်သော စံနှုန်းသို့ရောက်ရန် မည်မျှကြာမည် မသေချာပါ။ ဒုတိယအနေနဲ့ သူက အဂ္ဂိရတ်ပညာရှင်ကို သူ့လူနဲ့ အစားထိုးချင်ရင် ဂိုဏ်းခေါင်းဆောင်က သဘောမတူနိုင်ပေ။ ထို့ကြောင့်နောက်ထပ် အကောင်းဆုံးအရာမှာ စူးချန်ခုန်းအား သူ့ဘက်ပါအောင်သိမ်းသွင်းဖို့ပင်။

“ဟုတ်ကဲ့” လျိုကန်းသည် မုန့်စန်းပြောသောအဓိပ္ပါယ်ကို နားလည်သောကြောင့် စိတ်ဓာတ်များ တက်ကြွလာလေ၏။ စူးချန်ခုန်းက သူ့ကိုယ်ပိုင်လုပ်ငန်းကို ဆက်လုပ်နေရင် ဒီရာထူးကို သူ ဆက်ထိန်းထားနိုင်သည်။ သို့သော် သူသည် ခေါင်းဆောင်ဂိုဏ်းဘက် ပါသွားပါက မုန့်စန်းက အဲ့တာကို သည်းမခံနိုင်ဘဲ သူ့ကို လက်စဖျောက်ပစ်လိုက်မည်ဖြစ်သည်။

လျိုကန်းက မုန့်စန်း၏ ရက်စက်သော နည်းလမ်းများကို ကောင်းကောင်း သဘောပေါက်သည်။ သူက ရန်သူတွေကို လုံးဝ သနားညှာတာမှု မရှိပေ။ လက်အောက်မခံသူအားလုံးကို အပြတ်ချေမှုန်းပစ်သည်။

ကုန့်ကျန်း၏အမှုနှင့် ပတ်သက်၍ အထောက်အထားမရှိသော်လည်း ဧရာမဝေလငါးဂိုဏ်းရှိ ထိပ်တန်းအကြီးအကဲအချို့ သို့မဟုတ် မုန့်စန်းကိုသိသောသူများသည် ထိုကိစ္စနှင့်ပတ်သက်၍ အပြန်အလှန်နားလည်မှုဖြင့် ဖွင့်ဟမပြောဘဲ ဆိတ်ဆိတ်နေနေကြသည်။

စူးချန်ခုန်းသာ မုန့်စန်းကို ဒေါသထွက်စေသော အရာတစ်ခုခုလုပ်ခဲ့ပါက ထိုအချိန်တွင် လျိုကန်းသည် အဂ္ဂိရတ်ဆရာရာထူးကို ရယူရန် အခွင့်အရေးရှိနေဆဲဖြစ်ရာ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားတာတော့ မဟုတ်ပေ။

စူးချန်ခုန်းကတော့ နှစ်ရပ်ကြားက စကားဝိုင်းတွေကို သတိမထားမိပါပေ။ ထို့အပြင် ဧရာမဝေလငါးဂိုဏ်းရှိ အဂ္ဂိရတ်ဆရာရာထူးကို သူ လွယ်လွယ်ကူကူ တက်လှမ်းနိုင်ခဲ့ခြင်းမှာ သူ၏ အံ့ဩဖွယ်ရာ စွမ်းရည်ကြောင့်သာမက ခေါင်းဆောင်ဂိုဏ်းနှင့် ဒုခေါင်းဆောင် ဂိုဏ်းခွဲတို့ကြား အပြန်အလှန် ထိန်းချုပ်ကန့်သတ်ထားရန်ဖြစ်ကြောင်းကိုလည်း သူမသိခဲ့ပါ။

"ငါ့သံဖြတ်ဓားမှာ သိမ်းဆည်းထားတဲ့ ဓားချီက ကန့်သတ်ချက် ပြည့်လုနီးပါး ဖြစ်နေပြီ... ငါ့ဓားကို နောက်ဆုံးတစ်ခေါက် သုံးကတည်းကနေ တော်တော်တောင် ကြာသွားပြီပဲ။"

စူးချန်ခုန်း၏နေအိမ်၌ ယခုအချိန်တွင် သူသည် ဒူးပေါ်တွင် တင်ထားသော သံဖြတ်ဓားကို ကြည့်ပြီး စိတ်လှုပ်ရှားနေလေ၏။

တောနက်စီရင်စုမြို့သို့ ရောက်ရှိကတည်းက စူးချန်ခုန်း၏ သံဖြတ်ဓားကို ဓားအိမ်မှမချွတ်ခဲ့ပေ။ သူသည် ဓါးကို နေ့စဉ် ပြုစုပျိုးထောင်ရန် အချိန်ပေးသော်လည်း လက်တွေ့တွင် ဓားသွားအတတ် အပါအဝင် အရာအားလုံးတွင် အကန့်အသတ်ရှိလေ၏။ ဓားကို တစ်နှစ်ခွဲနီးပါး ပြုစုပျိုးထောင်ပြီးနောက် စူးချန်ခုန်း၏ သံဖြတ်ဓားရှိ ဓားချီစွမ်းအားကို

စွမ်းအားပြည့် စုဆောင်းမိလာသည်။ စွမ်းအားကြီးသောသူကိုပင် မဆိုနှင့် သူကိုယ်တောင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ရန်သူကို ဒဏ်ရာရအောင် မလုပ်မီ သူ့ကိုယ်သူ ပြန်ထိခိုက်သွားစေနိုင်သည်။

စူးချန်ခုန်းက ဘဝကို ငြိမ်းချမ်းစွာ ဆက်လက် ရှင်သန်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။ ဒါမှ သူ၏ ပြုစုပျိုးထောင်မှုကို တိတ်တဆိတ် လေ့ကျင့်နိုင်ပေမည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ စူးချန်ခုန်းဟာ ဧရာမဝေလငါးဂိုဏ်းကို သစ္စာခံခဲ့တာ လေးလမြောက်ရှိနေလေပြီ။ ကုန့်ကျန်းကွယ်လွန်ပြီး နှစ်လအကြာမှာတော့ နောက်ဆက်တွဲ ဘာမှ ဖြစ်မလာခဲ့ပါ။ စူးချန်ခုန်းကလည်း ဒီကိစ္စက ဘာမှထူးခြားလာမှာမဟုတ်ဘူးဆိုတာ သိသည်။

ယနေ့ အဂ္ဂိရတ်ပညာ ပြီးသွားသည်နှင့် ကောင်းကင်ကြီး မည်းမှောင်လာကာ ညဉ့်နက်ချိန်ရောက်ပြီဖြစ်သောကြောင့် စူးချန်ခုန်းသည် သူ့အိပ်ယာပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းပြီး အသက်ရှုထိန်းချုပ်မှုကို လေ့ကျင့်နေ၏။

စူးချန်ခုန်း၏ အသက်ရှုသံသည် ဆောင်းခိုနေသည့် လိပ်အိုကြီးကဲ့သို့ ရှည်လျားပြီး နက်ရှိုင်းသည်။ တစ်နာရီ၏ လေးပုံတစ်ပုံလျှင် တစ်ကြိမ် သာ အသက်ရှုလျက် အပြာရောင်လိပ်အသက်ရှူနည်း ချီစွမ်းအင်က ငြိမ်သက်စွာ စီးဆင်းနေလေ၏။

“ဒေါင်!”

သို့သော် ရုတ်တရက် အဝေးမှ ကျယ်လောင်သော ခေါင်းလောင်းသံ ထွက်ပေါ်လာရာ စူးချန်ခုန်း၏ မျက်လုံးများ ပွင့်လာသည်။

"ဒေါင်!ဒေါင်!ဒေါင်!"

အထူးသဖြင့် တိတ်ဆိတ်သော ညချမ်းအချိန်တွင် ခေါင်းလောင်းသံက အလျင်စလို ဆက်တိုက် မြည်လာလေ၏။

" ဧရာမဝေလငါးဂိုဏ်းမှာ တစ်ခုခုဖြစ်လို့လား၊ ရန်သူတွေတိုက်ခိုက်တာများလား"

စူးချန်ခုန်းက ကုတင်ပေါ်မှ ထထိုင်ပြီး မျက်ခုံးပင့်လိုက်သည်။

ခုနက ခေါင်းလောင်းသံသည် ဧရာမဝေလငါးဂိုဏ်းအတွင်း ဆူပူလှုပ်ရှားမှုကို ညွှန်ပြနေတာ ဖြစ်လောက်သည်။ မဟုတ်ရင် ယခုလိုဆူညံပွက်လောကရိုက်နေမှာ မဟုတ်ပါ။

"ဒါက ငါ့ကိစ္စမဟုတ်ဘူး။ ဧရာမဝေလငါးဂိုဏ်းက သူတို့ဘာသာ ဖြေရှင်းပါစေ။"

စူးချန်ခုန်းက အပြင်ထွက်ရန် ရည်ရွယ်ချက်မရှိပေ။

ဧရာမဝေလငါးဂိုဏ်းအတွင်းမှာ ရုန်းရင်းဆန်ခတ်မှာတချို့ ရှိကောင်းရှိနိုင်ပေမယ့် စူးချန်ခုန်းနဲ့တော့ ဘာမှမသက်ဆိုင်ပါ။ ဂိုဏ်း၏ အားကောင်းသော စွမ်းအားဖြင့် အနှောက်အယှက် အများစုကို လျင်မြန်စွာ နှိမ်နင်းနိုင်သည်။ သူလုပ်စရာလိုတာက စောင့်ကြည့်ပြီး နောက်နေ့ ဘာဖြစ်သွားလဲဆိုတာကို စောင့်မျှော်နေရုံသာ။

ဧရာမဝေလငါးဂိုဏ်း၏ အရေးပါသော နေရာဖြစ်သည့် ရွှယ်ဝူအဆောက်အဦးသည် သိုင်းပညာ လျှို့ဝှက်လက်စွဲစာအုပ်များ စုဆောင်းရာ နေရာဖြစ်သည်။

ဂိုဏ်းကြီးတစ်ဂိုဏ်းအတွက် အရေးကြီးဆုံးအချက်မှာ သိုင်းပညာအမွေဆက်ခံခြင်းပင်ဖြစ်သည်။

ကွဲပြားပြီး လေးနက်သော သိုင်းပညာ လျှို့ဝှက်လက်စွဲများ စုစည်းမှုမှသာလျှင် ဂိုဏ်းသည် သိုင်းပညာ ကျွမ်းကျင်သူ အမျိုးမျိုးကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

ဧရာမဝေလငါးဂိုဏ်း၏ သိုင်းပညာ လျှို့ဝှက်လက်စွဲစာအုပ်များ သိုလှောင်ရာနေရာဖြစ်သောကြောင့် ရွှယ်ဝူအဆောက်အဦးသည် တကယ်ကို အရေးကြီးပါသည်။ ၎င်းအား ၂၄ နာရီပတ်လုံး အဆင့်မြင့်အဖွဲ့ဝင်များက လှည့်ပတ် စောင့်ကြပ်ထားရုံသာမက အကြီးအကဲအဆင့် သိုင်းပညာရှင်ကလည်း လုံခြုံရေး လုံးဝသေချာစေရန် အဆောက်အဦးအတွင်း အမြဲတမ်း တပ်စွဲထားသည်။

သို့သော် ယနေ့တွင် ရွှယ်ဝူအဆောက်အဦးက ဂယက်ထနေလေပြီ။

"မီးမြန်မြန်ငြိမ်းကြ။ မီးမြန်မြန်ငြိမ်းကြ"

ရွှယ်ဝူအဆောက်အဦးကို မီးတောက် မီးလျှံများက ဝါးမျိုနေပြီ အရေးပေါ်အော်သံများနှင့် အော်ဟစ်ပြောဆိုသံများက လေထဲတွင် ပျံ့နှံ့နေ၏။ ဧရာမဝေလငါးဂိုဏ်းသား အများအပြားသည် မီးကူးခြင်းနှင့် ပိုမို ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန် မီးငြိမ်းသတ်ဖို့ ရေဆွဲနေကြလေသည်...

All Chapters