စာပေ အဆောက်အဦး မီးလောင်သည့် ည။ ဧရာမဝေလငါးဂိုဏ်း၏ ဂယက် (၃)
Vol. 9 Ch. 131
"လိုက်! လိုက်ကြ။ ရွှယ်ဝူအဆောက်အဦးထဲကလျှို့ဝှက်လက်စွဲစာအုပ်ကို ခိုးသွားပြီ။ အဲ့ထဲမှာ လျှို့ဝှက်နက်နဲတဲ့ ကျင့်စဉ်တွေလဲပါသွားတယ်။ အားလုံးကို လိုက်ဖမ်း!"
ဒေါသတကြီး အော်ဟစ်သံအကျယ်ကြီးက လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားလေ၏။
တဟုန်းဟုန်းတောက်လောင်နေသော မီးလျံများကြားမှ ခေါင်းမှခြေဖျားအထိ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားသော အနက်ရောင်အသွင်သုံးခုသည် လင်းနို့များကဲ့သို့ ဗြုန်းကနဲနှင့် နောက်ပြန်မလှည့်ဘဲ အဝေးဆီသို့ ပြေးသွားကြသည်။ သူတို့၏ လှုပ်ရှားမှုများက မြန်ဆန် သွက်လက်လှသည်။ သူတို့က တံစက်မြိတ်များပေါ်တက်ကာ မြေပြန့်ပေါ်တွင် နင်းနေသကဲ့သို့ ခေါင်မိုးများအပေါ် လွယ်လွယ်ကူကူနှင့် တဟုန်ထိုး ပြေးနေကြ၏။
"တစ်ယောက်ယောက်က ရွှယ်ဝူအဆောက်အဦးထဲက လျှို့ဝှက်လက်စွဲစာအုပ်ကို ခိုးသွားတာလား။"
"ဧရာမဝေလငါးဂိုဏ်းရဲ့ ထွက်ပေါက်အားလုံးကို ချိတ်ပိတ်လိုက်။ ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး!"
ဤအမိန့်ကြောင့် ဧရာမဝေလငါးဂိုဏ်း၏ တပည့်များစွာကို အံ့သြထိတ်လန့်ပြီး အမျက်ထွက်ကြလေ၏။ ဘယ်သူခိုးက ဧရာမဝေလငါးဂိုဏ်းမှာ လာခိုးရဲသနည်း။ အထူးသဖြင့် ထိပ်တန်း ရွှယ်ဝူအဆောက်အဦးကိုမှ ဖြစ်သည်။
ရွှယ်ဝူအဆောက်အဦးသည် ဧရာမဝေလငါးဂိုဏ်း၏ နယ်မြေ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ခိုးမှုအောင်မြင်ခဲ့ပါလျှင်ပင် အိုးထဲ၌ လိပ်တစ်ကောင် ပိတ်မိသကဲ့သို့ ထွက်ပြေးရန် မဖြစ်နိုင်တော့။ ၎င်းက ကိုယ့်ကိုယ်ကို သတ်သေသည့်လုပ်ရပ်တစ်ခုဖြစ်သည်။
“ဒေါင် ဒေါင် ဒေါင်!”
ခေါင်းလောင်း၏ အရေးတကြီး ကျယ်လောင်သော တီးခတ်သံများက ဂိုဏ်းတွင်း ငြိမ်သက်မှုကို အနှောင့်အယှက် ဖြစ်စေသည်။ မကြာခင်မှာပဲ မီးတွေ ထတောက်ပြီး ဧရာမဝေလငါးဂိုဏ်းတစ်ခုလုံးကို အချက်ပေးခဲ့သည်။ အကြီးအကဲများမှ သာမာန်အဖွဲ့ဝင်များအထိ လူတိုင်းက တရားခံကို လိုက်ရှာဖွေကြသည်။
ပရမ်းပတာများကြားတွင် ဧရာမဝေလငါးဂိုဏ်းသည် ဇောက်ထိုးမိုးမျှော်ဖြစ်နေပုံရသည်။
ထိုအချိန်တွင် စူးချန်ခုန်းက နိုးကြားလာပြီး သူ၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ရင်း ဆူပူအုံကြွမှုတွေကြောင့် ပဟေဋ္ဌိဖြစ်သွားပြီး ဘယ်အရာက ဒီလို ကသောင်းကနင်း ဖြစ်စေခဲ့ရတာလည်း ဆိုတာ သိချင်နေခဲ့သည်။
"ဟမ်?"
ရုတ်တရက် စူးချန်ခုန်း၏ နားရွက်များ လှုပ်ယမ်းသွားသည်။ သူက လေပြင်းခတ်သံကိုကြားလိုက်ရပြီး ဒါက အိမ်ဝင်းနံရံမှာ တစ်ယောက်ယောက် ပြေးလွှားနေတဲ့ အရိပ်အယောင်ပင်။
လေပြေလေညှင်းကဲ့သို့ တိုးညင်းသောအသံသည် အပြေးသမားက ကိုယ်ဖော့ပညာတွင် မည်မျှကျွမ်းကျင်ကြောင်း ပြသနေသော်လည်း အတွင်းအားရော အပြင်အားရော လေ့ကျင့်ပေးထားသည့် စူးချန်ခုန်းကိုလှည့်စားရန် မလုံလောက်ပေ။ ချီသွေးနယ်ပယ်သို့ရောက်ရှိသောကြောင့် သူ၏အာရုံများ အလွန်စူးရှလှသည်။
"တောက် တောက် တောက်"
စူးချန်ခုန်းသည် သူ့အပေါ်က ခေါင်မိုးထက်မှ တစ်စုံတစ်ယောက် ခုန်ပျံ ပြေးလွှားနေသည့် သိသာသော အသံများကို ကြားလိုက်ရသည်။ ထိုဆူညံသံက တိုးညှင်းပြီး ပေါ့ပါး၏။
“သူက ဒီပရမ်းပတာကို အဓိက လှုံ့ဆော်သူ များလား။”
အဝေးမှ ကျယ်လောင်သော ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရပြီး ယခု ညအမှောင်တွင် တစ်ယောက်ယောက်က ကိုယ်ဖော့ပညာဖြင့် ထွက်ပြေးရန် ကြိုးစားနေရာ စူးချန်ခုန်းက ထိုအဖြစ်အပျက်နှစ်ခုကို မပေါင်းဆက်ဘဲ မနေနိုင်ခဲ့ပေ။
“အင်း… ငါသွားကြည့်သင့်တယ်”
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် စူးချန်ခုန်း ဖြစ်ပျက်နေတာကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
စူးချန်ခုန်းသည် အစပိုင်းတွင် မစိုးရိမ်သော်လည်း ထွက်ပြေးလာသူမှာ သူ၏နေအိမ်အနီးတွင် ရှိနေခြင်းကြောင့် သူ မရည်ရွယ်ဘဲ ပါဝင်ပတ်သက်နေမည်ကို စိုးရိမ်မိသည်။
ဝှစ်!
စူးချန်ခုန်းက အသက်ပြင်းပြင်းရှူသွင်းရင်း သူ့အဆုတ်ထဲ ပျံ့နှံ့သွားစေပြီး သူ့သွေးစီးဆင်းမှုကို နှေးကွေးစေကာ သူ့ရောက်ရှိနေမှုကို လုံးဝ ဖုံးကွယ်ထားလိုက်သည်။
ဂျွတ် ဂျပ် ဂျွတ်
စူးချန်ခုန်းဟာ သူ့အရိုးတွေကနေ ဆက်တိုက်ချိုးသံတွေကြောင့် ရုတ်တရက် ပေတစ်ဝက်လောက် ပုသွားပြီး သူ့မျက်နှာမှအရိုးတွေ ပြောင်းသွားကာ သူ့ရဲ့အသွင်အပြင်ကို သိသိသာသာ ပြောင်းလဲသွားလေ၏။
လိပ်အသက်ရှူနည်းပညာ၏ အဓိကအင်္ဂါရပ်နှစ်ရပ်မှာ အရိုးကျုံ့ခြင်းနှင့် ရုပ်ဖျက်ခြင်းပင်။ စူးချန်ခုန်း၏ သတ္တမအဆင့် လိပ်အသက်ရှူနည်းဖြင့် သူ၏အသက်ရှုခြင်းကို အပြည့်အ၀ဖုံးကွယ်ထားသရွေ့ သာမန်မျက်စိဖြင့်မမြင်ရပါက သူသည် အခြားသူများ၏အာရုံတွင် သစ်သားတစ်ချောင်းနှင့် ခွဲခြား၍မရပါပေ။
ဤပြင်ဆင်မှုများပြီးသောအခါ စူးချန်ခုန်းသည် ညငှက်တစ်ကောင်လို လေဟုန်နှင့်အတူ ပြတင်းပေါက်မှ လှလှပပနှင့် အသံတိတ် ခုန်ဆင်းလိုက်လေ၏။ သူ၏ ကိုယ်ဖော့ပညာသည် အလွန်ထူးခြားပြောင်မြောက်လှပြီး တစ်ယောက်ယောက် မြင်လိုက်ပါက ထိုအရာမှာ လူမဟုတ်ဘဲ ပျံသန်းနေသောငှက်တစ်ကောင်နှယ် မျက်စိမှားနိုင်ဖွယ်ရှိသည်။
ဝူချင်းရှီသည် အဌမအဆင့်သို့ရောက်ရှိခဲ့ပြီး သမိုင်းကြောင်းအရ ဝူချင်းရှီကို ကျင့်သုံးသူများထဲတွင် အနည်းငယ်သာ အောင်မြင်သော အဆင့်တစ်ခုဖြစ်သည်။ ၎င်းတို့ထဲတွင် စူးချန်ခုန်း ထုတ်ပြလိုက်သည့် ငှက်ပြကွက်သည် အဆင့်မြင့်ကိုယ်ဖော့နည်းပညာ လှုပ်ရှားမှုအချို့ထက် မညံ့လှပေ။
စူးချန်ခုန်း၏နေအိမ်မှ မီတာရာဂဏန်းအကွာအဝေးတွင် အနက်ရောင် ၀တ်စုံဖြင့် မျက်နှာဖုံးစွပ်ထားသည့် အသွင်တစ်ခုက အမှောင်ထဲတွင်ပုန်းကာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ စိုးရိမ်စိတ်များ ဖုံးလွှမ်းနေသော မျက်လုံးများက ထွက်ပေါ်လာသည်။
မကြာခင်မှာပဲ ဝင်းတံတိုင်းအောက်မှာ လူငယ်တစ်ယောက် ပေါ်လာပြီး ပတ်ပတ်လည်ကို တိတ်တဆိတ် ကြည့်လိုက်သည်။
ထိုအနက်ရောင်၀တ်ရုံနှင့်လူက ဝမ်းသာအားရဖြစ်ကာ အရိပ်ထဲမှ ထွက်လာပြီး ထိုလူငယ်လေး၏ ရှေ့တွင် ပေါ်လာသည်။
အနက်ရောင်၀တ်စုံနှင့်လူသည် သူ့ရင်ဘတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ပြီး စကားတစ်ခွန်းမှမဆိုဘဲ လူငယ်လေး၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ အနှီလူငယ်က ၎င်းကို သူ့အင်္ကျီလက်အတွင်း အမြန်ဖုံးကွယ်ထားလိုက်သည်။
“ဝှစ်”
လဲလှယ်မှုအပြီးတွင် အနက်ရောင်ဝတ်စုံနှင့်လူသည် မြေပြင်ပေါ်သို့ ခုန်ဆင်းကာ ရုတ်တရက် အမြင့်မီတာများစွာ ပြေးပြီး အနီးနားရှိ ခေါင်မိုးပေါ်သို့ ခုန်တက်လျက် မြေပြန့်ပေါ် နင်းနေသကဲ့သို့ အခြားဘက်သို့ ပြေးသွားလေ၏။
"သူတို့ကို လိုက်စမ်း၊ ဟိုဘက်မှာ!"
အမှောင်ထုထဲမှ ဂိုဏ်းသားဝတ်စုံကို ၀တ်ဆင်ထားကြသော လူများသည် အနက်ရောင်ဝတ်စုံနှင့်လူက သူ၏ ကိုယ်ဖော့ပညာကို အသက်သွင်းကာ ထွက်ပြေးသွားသောကြောင့် အမှောင်ထဲမှ ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။ သူတို့၏ ယူနီဖောင်းများတွင် အပြာရောင်ငါးမြီး ခုနစ်ခုဖြင့် အမှတ်အသားပြုထားပြီး သူတို့က ဧရာမဝေလငါးဂိုဏ်းအတွင်းရှိ လက်ရွေးစင်များထဲမှ ထိပ်တန်းသိုင်းသမားများဖြစ်ပြီး ဒုခေါင်းဆောင် ခန်းမအဆင့်တွင်ပင် ရှိနေကြောင်း ညွှန်ပြနေသည်။
အခြားလမ်းကြောင်းများတွင် ဧရာမဝေလငါးဂိုဏ်းတပည့် အများအပြားသည် လိုက်ရန် သို့မဟုတ် ကြားဖြတ်ဝန်းရံရန် မြေပြင်မှ အပြေးအလွှား ခေါင်မိုးပေါ်သို့ ခုန်တက်ကြသည်။
တောနက်စီရင်စုမြို့အနီးတစ်ဝိုက်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဂိုဏ်းတစ်ခုအနေဖြင့် ဧရာမဝေလငါးဂိုဏ်းသည် ကျွမ်းကျင်ပညာရှင်များ၏ အဆုံးမရှိသောလှိုင်းများကို ကြွားလုံးထုတ်ခဲ့သည်။ အချက်ပေး ခေါင်းလောင်းသံများ မြည်လာချိန်တွင် ဧရာမဝေလငါးဂိုဏ်းသည် ချိတ်ပိတ်သွားပြီး ကျွမ်းကျင်သူများစွာသည် အခင်းဖြစ်ပွားရာသို့ အပြေးအလွှားရောက်ရှိလာကာ သူတို့၏ပစ်မှတ်ကို အလွယ်တကူ ဖမ်းနိုင်လေသည်။
“မြန်မြန်သွားရမယ်။”
လူငယ်လေးသည် သူ့နေရာသို့ ပြန်သွားရန် ရည်ရွယ်ပြီး အခြားဦးတည်ရာဆီသို့ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
“ဒုန်း”
သို့သော် ထိုလူငယ်လေးက ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းအပြီး သူ့ဦးခေါင်းနောက်ဘက်ကို သံတူဖြင့် ထုလိုက်သကဲ့သို့ ရုတ်တရက် ခံစားရကာ သူ၏ မျက်ဆန်များ ပြူးကျယ်လျက် ကမ္ဘာကြီး ချာချာလည်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုလူငယ်၏နောက်တွင် မျက်လုံးသွယ်သွယ်လေးများဖြင့် လူငယ်တစ်ယောက် ရပ်နေ၏။
ဤလူငယ်သည် အရိုးကျုံ့နည်းပညာနှင့် ကျွမ်းကျွမ်းကျင်ကျင် သရုပ်ဖျက်ထားသော စူးချန်ခုန်းပင် ဖြစ်လေ၏။
စူးချန်ခုန်း၏ မျက်နှာတွင် အံ့အားသင့်မှုတို့က အထင်းသား။- "လျိုကန်း?"
မြေပြင်ပေါ်တွင် သတိလစ်နေသောသူသည် အမှန်တကယ်ပင် လျိုကန်း ဖြစ်သည်။
စူးချန်ခုန်းသည် အခြေအနေကို စောင့်ကြည့်လေ့လာရန် တိတ်တဆိတ် လိုက်လာခဲ့သည်။ သူသည် အဝေးတစ်နရာမှနေ၍ အနက်ရောင် ဝတ်စုံနှင့်လူက လျိုကန်းထံ ပစ္စည်းတစ်ခု လွှဲပေးပြီး လျင်မြန်စွာ ထွက်ခွာသွားကာ ဧရာမဝေလငါးဂိုဏ်း၏ အခြားအဖွဲ့ဝင်များအား လမ်းကြောင်းလွှဲလိုက်သည်ကို မြင်လိုက်ရသည်။
ထိုအနက်ရောင်နှင့်လူက ယနေ့ည ဆူပူအုံကြွမှုနောက်ကွယ်မှ တရားခံတစ်ဦးဖြစ်ပြီး ကြံရာပါအဖြစ် လျိုကန်းလည်း ပါဝင်ခဲ့သည်မှာ သိသာပါသည်။
စူးချန်ခုန်း သိထားတဲ့အချက်တွေအရ ဒီလျိုကန်းဟာ ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်းနဲ့ ဆက်နွယ်နေသည်...
အနည်းငယ် စဉ်းစားဆင်ခြင်ပြီးနောက် အခြေအနေက သူမြင်တာထက် ပိုရှုပ်ထွေးနေမှန်း သိသာပါ၏။
စူးချန်ခုန်းက ဧရာမဝေလငါးဂိုဏ်းသည် ဂိုဏ်းခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့က ဂိုဏ်းကွဲနေပြီး စည်းလုံးသော အဖွဲ့အစည်းမဟုတ်ကြောင်း ကုန်းကျန့်ထံမှ ကြားသိခဲ့ရသည်။ ဂိုဏ်းခေါင်းဆောင်စစ်ခုန်းယုံက နှစ်ပေါင်းများစွာ လူလုံးမပြဘဲ တံခါးပိတ်ကျင့်ကြံနေပြီး ရည်မှန်းချက်ကြီးသော ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်းက သူ့သဘောအတိုင်းသူ လုပ်နေခဲ့သည်။
ယနေ့ညတွင် ဖြစ်ပွားခဲ့သော မုန့်စန်း၏လူများပါ၀င်သည့် မငြိမ်မသက်မှုများသည် အဖွဲ့နှစ်ဖွဲ့အကြားမှ ပဋိပက္ခများ ဖြစ်လောက်သည်။
တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စူးချန်ခုန်းသည် အနက်ရောင်နှင့်လူ လွှဲပေးခဲ့သည့် လျိုကန်း၏ အင်္ကျီလက်ထဲမှ အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။
ကြည့်ရှုစစ်ဆေးပြီးနောက် စူးချန်ခုန်းသည် ၎င်းက စာလိပ်တစ်လိပ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ပုံပန်းသဏ္ဌာန်ကို အကဲဖြတ်ရာတွင် ၎င်းသည် ပန်းချီ သို့မဟုတ် ရှေးဟောင်းပစ္စည်းတစ်ခုနှင့် တူသည်။ ဤကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်စေသည့် အရာမှာ သေချာပေါက် ထူးခြားသောအရာတစ်ခုပင်ဖြစ်လေသည်..