ဧရာမဝေလငါးနတ်ဘုရားစွမ်းအင်ပန်းချီကား။ လှိုင်းကြမ်းများ ကောင်းကင်သို့ ဆန်တက်ခြင်း။ (၂)
Vol. 9 Ch. 133
စူးချန်ခုန်းက မတ်တပ်ရပ်လိုက်ပြီး "ဒီစာလိပ်ကို သူတို့ရှာနေတာလား။ အနက်ရောင်ဝတ်ထားတဲ့ လူတွေက ရွှယ်ဝူအဆောက်အဦးထဲက ခိုးယူလာတဲ့ စာလိပ်က သိုင်းပညာ လျှို့ဝှက်လက်စွဲစာအုပ်များလား။ အနက်ရောင်ဝတ်ထားတဲ့ အဲဒီလူတွေကို ဖမ်းမိသွားလားလို့ သိချင်မိတယ်။"
ဧရာမ ဝေလငါးဂိုဏ်း၏ တပည့်အုပ်စုသည် ခေါင်မိုးတန်းများနှင့် ခေါင်မိုးများကိုပင် မချန်ဘဲ နေရာအနှံ့ ရှာဖွေနေ၏။
စူးချန်ခုန်း၏ ကိုယ်ရေးကိုယ်တာ ပစ္စည်းအချို့ကို စစ်ဆေးခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။
"အနှောက်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်။"
နောက်ဆုံးတော့ ဧရာမဝေလငါးဂိုဏ်းတပည့်တွေက ဘာကိုမှ ရှာမတွေ့ခဲ့ကြလို့ အားလုံးလှည့်ပြီး ထွက်သွားကြတော့သည်။
စူးချန်ခုန်း၏နေရာကို စေ့စေ့စပ်စပ် ရှာဖွေခဲ့သည်သာမက အခြားသော တပည့်များ၏ နေထိုင်သည့် နေရာများကိုလည်း ရှာဖွေခဲ့ကြသည်။ စူးချန်ခုန်းသည် သူသိသည့်နေရာ၌ လျှို့ဝှက်ထားသောကြောင့် ရှာမတွေ့ရှိခဲ့သည်မှာ သဘာဝကျပါ၏။
စူးချန်ခုန်းသည် သူ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စားသောက်ရန် အများသုံး မီးဖိုချောင်သို့ သွားခဲ့သည်။ ယနေ့တွင် အများသုံး မီးဖိုချောင်ထဲတွင် ဧရာမဝေလငါးဂိုဏ်းတပည့် အများအပြားဖြင့် ပြည့်နှက်နေပြီး အားလုံးက အလွန်တိတ်ဆိတ်နေပုံရပြီး လေထုသည် အနည်းငယ် အုံမှိုင်းနေလေ၏။
"မနေ့ညက အနက်ရောင်ဝတ်ထားတဲ့ လူသုံးယောက် ရွှယ်ဝူအဆောက်အဦးကို မီးရှို့လိုက်တာ တော်တော်ဆိုးတယ်ကွာ... အနည်းဆုံးတော့ အဲဒီလက်စွဲစာအုပ်တွေက အပိုရှိသေးလို့ပေါ့။ ဒါကြောင့် အပြင်ထွက်ရင် အများဆုံးက မျက်နှာပျက်ရုံပဲ။ ဒါပေမယ့် ရွှယ်ဝူအဆောက်အဦး မီးရှို့သွားတဲ့ သုံးယောက်ကတော့ သဲလွန်စမရှိဘဲ ပျောက်သွားပြီ။ တစ်ယောက်မှ ဖမ်းမမိဘူး!"
စူးချန်ခုန်းသည် စားပွဲတစ်ခုတွင် တစ်ယောက်တည်းထိုင်ကာ တိတ်တိတ်ဆိတ်ဆိတ် စားသောက်ရင်း မနေ့ညက အဖြစ်အပျက်များအကြောင်း တီးတိုးပြောဆိုနေသော သိုင်းပညာရှင်ငယ်လေးတစ်ယောက်၏ စားပွဲမှ စကားပြောသံကို ကြားနေရသည်။
ဧရာမဝေလငါးဂိုဏ်း၏ ရွှယ်ဝူအဆောက်အဦး မီးလောင်သွားခဲ့ပြီး လျှို့ဝှက်လက်စွဲစာအုပ်အများအပြား မီးရှို့ခံခဲ့ရသော်လည်း များသောအားဖြင့် ဤလက်စွဲစာအုပ်များသည် အခြားနေရာများတွင် မိတ္တူများနှင့် အပိုများ ရှိသေးသည်။ သို့သော် အဆိုးရွားဆုံးပြဿနာမှာ တရားခံများ လွတ်မြောက်သွားတာဖြစ်သည်။
"အဲ့ဒီလူသုံးယောက်လုံးက ရှားပါး ကျွမ်းကျင်သူတွေဖြစ်ပြီး သူတို့က ဧရာမဝေလငါးဂိုဏ်းရဲ့ မြေပြင်အနေအထားနဲ့ အရမ်းရင်းနှီးကြတယ်။ လူတော်တော်များများ သူတို့ကို ဖမ်းမမိနိုင်တာက အဲ့တာကြောင့်များ..."
တပည့်တစ်ယောက်က လျှို့ဝှက်ဆန်းကြယ်စွာဆိုလေ၏။
"တော်တော့။ ကိုယ့်ထမင်းကိုယ်စား။" သို့သော် နောက်ထပ် တည်တည်ကြည်ကြည်နှင့် အခြားလူတစ်ယောက်က သူ့ကို စိုက်ကြည့်ကာ ဆူပူကြိမ်းမောင်းရင်း သူ့စကားစကို ဖြတ်လိုက်သည်။
တပည့်နှစ်ယောက်က ဇက်ပုကာ ကို့ယို့ကားယား ရယ်လျက် ဆက်လက်စားသောက်ကြလေ၏။
လူတိုင်းက ငတုံးငအတွေမဟုတ်ပါ။ ဂိုဏ်း၏ မြေပြင်အနေအထားကို သိသော ထူးခြားသည့် ကိုယ်ဖော့ပညာနှင့် သိုင်းပညာရှင် သုံးဦးစလုံး လွတ်မြောက်နိုင်ခဲ့ပြီး ယခုအခါတွင် ပုန်းအောင်းနေကြသည်။ ဂိုဏ်းကို ချိတ်ပိတ်ထားသည့်တိုင် ရှာတွေ့နိုင်သေးပေ။ ဒါက အပြင်လူတွေရဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ပြောလို့ရသည်။
ယခုအခါတွင် ဧရာမဝေလငါးဂိုဏ်းအတွင်း လျှို့ဝှက်ဂိုဏ်းခွဲများ ရှိနေ၏။
သို့သော် လူတိုင်းသည် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြပြီး ၎င်းတို့ မထိန်းချုပ်နိုင်သော ပြဿနာများထဲသို့ ဝင်မပါလိုကြပေ။
စူးချန်ခုန်းက မျက်နှာထား မပြောင်းလဲပါ။ အနက်ရောင်ဝတ်အမျိုးသားများသည် ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်း၏ အဖွဲ့ခွဲမှဖြစ်ကြောင်း မနေ့ညက သူမြင်ခဲ့ရသည်မှာ သေချာသလောက်ပင်။
စားသောက်ပြီးသည်နှင့် စူးချန်ခုန်းသည် အဂ္ဂိရတ်ပညာကို စတင်ရန် ဆေးဖော်စပ်ရာအိမ်လေး၏ ဆေးလုံးသန့်စင်ခန်းသို့ သွားခဲ့ရာ လျိုကန်းသည် ယနေ့တွင် အမှန်တကယ် မပေါ်လာသေးသည်ကို သတိပြုမိသည်။ သူ့သည် မနေ့ညက အနက်ရောင်နှင့် လူက ပစ္စည်ပေးပြီးနောက် စူးချန်ခုန်းထံမှ အမှောက်သိပ်တာခံလိုက်ရပြီး စုံစမ်းစစ်ဆေး ခံနေရဖွယ်ရှိသည်။
"ငါက အရာအားလုံးကို ပုံမှန်အတိုင်း နေဖို့ပဲလိုတယ်။ ငါက လုပ်ခဲ့တဲ့သူမှန်း ဘယ်သူမှ မသိစေရဘူး။" စူးချန်ခုန်းက သူ့ဘာသာသူ သန့်စင်တဲ့ဆေးပြားတွေကို ကြည့်ပြီး စဉ်းစားလိုက်သည်။
မနေ့ညက ပရမ်းပတာ ဖြစ်တုန်းက စူးချန်ခုန်းသည် လျိုကန်းဆီမှ စာလိပ်ကို မယူမီ သူ့ရဲ့အသွင်အပြင်ကို ပြောင်းလဲပြီး သူ့နေအိမ်ကို အမြန်ပြန်သွားခဲ့သည်။ သူလုပ်ခဲ့တာလို့ အတည်ပြုနိုင်မည့်သူက အကြားအမြင်ဆရာသာ ရှိလိမ့်မည်။
သူ့ကိုယ်သူ အေးအေးဆေးဆေးနေပြီး သံသယဝင်စရာ မလုပ်သရွေ့တော့ အဆင်ပြေသွားမှာပင်။
ထိုညတွင် လျိုကန်းသည် ခမ်းနားကြီးကျယ်သော ခန်းမကြီးတစ်ခုထဲ၌ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ကာ သူ့နဖူးမှ ချွေးအေးများဖြင့် တုန်ရီနေလေ၏။ သူ့ရှေ့က ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ မုန့်စန်းရဲ့ မျက်နှာဟာ ရေပြင်လို ငြိမ်သက်နေပြီး ဖုံးကွယ်ထားလို့မရအောင် သုန်မှုန်နေလေ၏။
"မနေ့ညက မင်း သတိလစ်တဲ့ထိ ရိုက်ခံလိုက်ရတယ်ပေါ့။ အဲဒီပစ္စည်းကို မင်းကို သတိလစ်အောင် လုပ်သွားတဲ့သူက ယူသွားတယ်ပေါ့။ မင်းကို အခင်းဖြစ်တဲ့နေရာမှာ လက်ပူးလက်ကြပ် ဖမ်းမိသွားခဲ့တယ်ပေါ့ ဟုတ်လား။"
မုန့်စန်း၏လေသံသည် မည်သည့် ခံစားချက်မျှမရှိရာ လျိုကန်းကို ရေခဲကန်ထဲသို့ ကျသွားသကဲ့သို့ ပို၍ပင် တုန်လှုပ်စေခဲ့သည်။
“ကျ… ကျွန်တော် မသိဘူး။ အဲ့ဒီပစ္စည်းကို ကျွန်တော်ရခဲ့ပြီးမှ သေသေချာချာ ဝှက်ထားဖို့ စီစဉ်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်ထွက်သွားဖို့ပြင်လိုက်တာနဲ့ အနောက်ကနေ သတိလစ်သွားအောင် အရိုက်ခံလိုက်ရတယ်… ကျွန်တော့်ကို သတိလစ်အောင်လုပ်တဲ့သူက ဒုခန်းမခေါင်းဆောင်လီရဲ့ နောက်လိုက်ဖြစ်လိမ့်မယ်။ ဒုခန်းမခေါင်းဆောင်လီလို ကျွမ်းကျင်တဲ့လူတောင် သူ့နောက်ကို လိုက်နေမှန်း သိလိုက်မှာ မဟုတ်ဘူး… ကျ…ကျွန်တော်…”
လျိုကန်းက အံကြိတ်ရင်း သူ့မျက်နှာက ဖြူဖျော့နေလေ၏။
မုန့်စန်းက စကားမပြောဘဲ သူ့ထိုင်ခုံတွင်ထိုင်ကာ ခံစားချက်မဲ့သောမျက်နှာထားဖြင့် “ဒုခန်းမခေါင်းဆောင်လီတောင် သူ့လိုက်နေမှန်း မသိအောင် လှုပ်ရှားနိုင်တဲ့ ဆရာသခင်က ဧရာမဝေလငါးဂိုဏ်းထဲက ရှားရှားပါးပါး ပုဂ္ဂိုလ်ပဲ။ လျိုကန်းကို သတိလစ်အောင်လုပ်ပြီး အဲဒီပစ္စည်းကို ယူလိုက်တဲ့သူက သူ့ကို နေရာမှာတင် ဖမ်းလိုက်မယ့်အစား ငါ့ကို မစော်ကားချင်တဲ့ပုံရတယ်။”
ဧရာမဝေလငါးဂိုဏ်းအတွင်းမှာ ဂိုဏ်းခေါင်းဆောင်နဲ့ မုန့်စန်းရဲ့ အဖွဲ့ခွဲကြား အငြင်းပွားမှုတွေ ရှိနေကြောင်း အားလုံးနီးပါး သိထားကြသည်။ ဂိုဏ်း၏အထက်ပိုင်းခေါင်းဆောင်အများစုသည် စောင့်ဆိုင်းနေသောကစားပွဲကို ကစားနေကြပြီး တစ်ဖက်ကိုရွေးချယ်ဖို့ ကြောက်နေကြသည်။ မနေ့ညက လျိုကန်းကို အမှောက်သိပ်ခဲ့သူမှာ ကြားနေဂိုဏ်းမှ ခန်းမခေါင်းဆောင် ဖြစ်နိုင်သည်ဟု မုန့်စန်းက ခန့်မှန်းခဲ့သည်။
လျိုကန်းသည် သူ့လူဖြစ်ကြောင်း အခြားတစ်ဖက်က တွေ့ရှိပါက သက်သေအထောက်အထားများနှင့်အတူ မုန့်စန်းအား ဖမ်းမိသွားမည်ဖြစ်သည်။ စိုးရိမ်စရာမှာ တရားခံက သူ့ကို အဖမ်းမိဘဲ ပစ္စည်းကိုသာ ယူလိုက်သဖြင့် မုန့်စန်းအား မျက်နှာပျက်ရအောင် မလုပ်ခဲ့။
“ထားလိုက်ပါလေ… မနေ့ညက ကိစ္စက
အောင်မြင်လုနီးပါး ဖြစ်ခဲ့တာပဲ။ အဲဒီပစ္စည်းက ငါ့အတွက် မဖြစ်မနေလိုနေတာလဲ မဟုတ်ဘူး” ဟု မုန့်စန်းက မှတ်ချက်ပြုလိုက်သည်။
မုန့်စန်းသည် ရွယ်ဝူအဆောက်အဦးကို မီးရှို့ခြင်း၏ ရည်ရွယ်ချက်မှာ မည်သည့်အရာကိုမျှ ခိုးယူရန်မဟုတ်ဘဲ အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားသော စစ်ခုန်းယုံကို စမ်းသပ်ရန်နှင့် ခေါင်းဆောင်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန်ဖြစ်သည်။
ထိုကဲ့သို့ ကြီးမားသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသဖြင့် ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံက တာဝန်ယူရန် ထွက်လာသည့် အရိပ်အယောင် မတွေ့ရပါက အချို့သော ထင်ကြေးများက မုန့်စန်းကိုသာ ပေးကြလိမ့်မည်။
ဒါကို စိတ်ထဲမှာ တွေးရင်းနှင့် မုန့်စန်းရဲ့ မျက်ခုံးတွေက တဖြည်းဖြည်း ပြေလျော့သွားလေ၏။ သူက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော လျိုကန်းကို အေးစက်စွာကြည့်ကာ "ကောင်းပြီ၊ ပြန်သွားတော့။ မင်းရဲ့ အပြုအမူတွေကို အခုကစပြီး သတိထား။ စူးဆိုတဲ့ နာမည်နဲ့ အဲ့ဒီလူငယ်လေးကို စောင့်ကြည့်၊ မူမမှန်တာရှိရင် ချက်ချင်း သတင်းပို့။"
“ဟုတ်ကဲ့။”
ဒါကိုကြားတော့ လျိုကန်းက သက်ပြင်းတစ်ချက်ချပြီး သူ့အသက်ကို ချမ်းသာရာရသွားပြီဆိုတာ သိလျက်နဲ့ ခေါင်းညိတ်လိုက်သည်။
မနေ့ညက အဖြစ်အပျက်ပြီးနောက် မုန့်စန်းသာ လျိုကန်းကို ဒီနေ့ ဒီကမ္ဘာကနေ ပျောက်ကွယ်သွားအောင် လုပ်လိုက်မယ်ဆိုရင် လူတွေက မလွဲမသွေ သံသယဝင်လာလိမ့်မည်..