ဧရာမဝေလငါးစွမ်းရည်။ သဘာဝလွန်အဆင့် လိပ်အသက်ရှူနည်းပညာ။ (၁)
Vol. 9 Ch. 135
"မုန့်စန်းက ဒါကို ဘယ်လိုကိုင်တွယ်မှာလဲ။ သူက နတ်ဘုရားစွမ်းအားပန်းချီကိုပဲ ခိုးခိုင်းခဲ့တယ်။ ဒါပေမယ့် ကျင့်ကြံနည်းစနစ်တော့ မခိုးခဲ့ဘူး"
စူးချန်ခုန်းသည် တိတ်တဆိတ် ဆွံ့အနေမိသည်။
မုန့်စန်းက ကျင့်ကြံနည်းခိုးဖို့လည်း လူတွေပို့လိုက်တာ ဖြစ်နိုင်ပေမယ့် သူတို့အားလုံးကို တစ်ယောက်တည်းမှာ ထားတာမဟုတ်တဲ့အတွက် မသိရပေ။
"ဒီနတ်ဘုရားစွမ်းအားပန်းချီက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံနည်းစနစ် ဖြစ်ရမယ်။ ဧရာမဝေလငါးဂိုဏ်းရဲ့ လျှို့ဝှက်ချက်တစ်ခုတောင် ဖြစ်နိုင်တယ်။ ကျင့်ကြံနည်းမရှိဘဲ နတ်ဘုရားစွမ်းအားပန်းချီတစ်ချပ်တည်းနဲ့ ငါ ကျင့်ကြံနည်းတွေကို နားလည်နိုင်ပါ့မလား။"
စူးချန်ခုန်း တွေးလိုက်မိသွားသည်။
ဧရာမဝေလငါးဂိုဏ်းသည် တောနက်စီရင်စုရှိ ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး လေးနက်သော အခြေခံအုတ်မြစ်များရှိသည်။ ဤပန်းချီကားက ဂိုဏ်းရဲ့သိုင်းပညာ အထွတ်အထိပ်ကို ကိုယ်စားပြုလောက်သည်။ ကျင့်ကြံနည်းများမရှိသော်လည်း ဤပန်းချီကို ဂရုတစိုက်လေ့လာခြင်းဖြင့် အကျိုးကျေးဇူးအချို့ကို ရနိုင်သေးသည်။
ဤအတွေးဖြင့် စူးချန်ခုန်းသည် ပန်းချီပေါ်တွင် စူးစူးစိုက်စိုက်ကြည့်ကာ သူ့စိတ်ဝိညာဉ်ကို အာရုံစိုက်လိုက်သည်။
"ဝုန်း ဗွမ်း"
စူးချန်ခုန်း၏ မျက်လုံးများတွင် မူလငြိမ်သက်နေသော ဧရာမဝေလငါးကြီး၏ ပုံက ပြန်လည်အသက်ဝင်လာသည်။ သမုဒ္ဒရာထဲမှ ဝေလငါးကြီးတစ်ကောင်က ဧရာမလှိုင်းလုံးကြီးများနှင့်အတူ မြင့်တက်လာကာ ကောင်းကင်ယံမှာ မိုးကြိုးများက တလက်လက်။ ဝေလငါးကြီးသည် ရှေးပဝေသဏီကတည်းက တိတ်ဆိတ် ခြောက်ကပ်သော ပင်လယ်ပြင်မှ ပေါက်ဖွားလာသော အာဏာရှင်ကြီးကဲ့သို့ ငါးပုဇွန်များနှင့်အတူ ရေအမြောက်အမြားကို ဝါးမျိုရန် ပါးစပ်ကို ဖွင့်ဟလိုက်လေ၏။
ဒီဝေလငါးကြီးရဲ့ဝမ်းဗိုက်ဟာ ဘယ်တော့မှ မပြည့်နိုင်တဲ့ ချောက်ကြီးတစ်ခုလိုပင်။
ရှူး... ဝုန်း
ဝါးမျိုပြီးသွားသည်နှင့် ဝေလငါး၏ အသက်ရှူပေါက်မှ ဖိအားတစ်ခု တိုးလာပြီး ထူးထဲများပြားလှသော ရေများသည် ကောင်းကင်ယံက တိမ်များအား ဖြန့်ကြဲရန် ကြံရွယ်နေသကဲ့သို့ ကောင်းကင်ဆီသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။
“အံ့ဩစရာပဲ… ဒီလို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းမျိုး ကမ္ဘာမှာ ရှိနိုင်ပါ့မလား” စူးချန်ခုန်းသည် ပင်လယ်ပြင်ကို မွှေနှောက်ပြီး အရာအားလုံးကို မျိုချလိုက်သည့် ဝေလငါးကြီးအား ကြည့်ပြီး အံ့သြတကြီး အော်ပြောလိုက်သည်။ စူးချန်ခုန်းရှေ့မှာ ဒီမြင်ကွင်းကို သူကိုယ်တိုင်ကြုံဖူးသလို လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်လောက်အောင် ဖြစ်သွားလေ၏။
စူးချန်ခုန်းသည် ထူးဆန်းသော နယ်ပယ်တစ်ခုတွင် နှစ်မြုပ်နေခဲ့ပြီး မသိစိတ်အရ ပါးစပ်ကိုဖွင့်ကာ ဝေလငါး၏အသက်ရှုခြင်းကို အတုယူခဲ့သည်။
"ဟူး ဟူး ဟူး!"
အခန်းထဲတွင် ပင်လယ်အထက်မှ လေပြင်းများတိုက်သကဲ့သို့ လေတိုက်သံများ ကျယ်လောင်လာကာ အခန်းတွင်းရှိ ပရိဘောဂများပင် လွင့်သွားသလို ထင်ရသည်။
အကယ်၍ ဝေလငါးနတ်ဘုရားစွမ်းအင်ပန်းချီကားကို လေ့လာခဲ့သော ဧရာမဝေလငါးဂိုဏ်းမှ အကြီးအကဲများသာ ဤမြင်ကွင်းကို မြင်လိုက်လျှင် သူတို့ အံ့ဩသွားမှာ သေချာပါသည်။
ကျင့်ကြံနည်းစနစ်မပါဘဲ နတ်ဘုရားစွမ်းအင်ပန်းချီကားနှင့် များစွာနားလည်နိုင်ပြီး ထူးခြားသော အသက်ရှုနည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်ရာ ထိုစွမ်းရည်နှင့် နားလည်နိုင်စွမ်းသည် ကြီးကျယ်ခမ်းနားသည်ဟုသာ ဆိုနိုင်သည်။
ဤသည်မှာ စူးချန်ခုန်း၏ မြင့်မားသော စွမ်းရည်တန်ဖိုး အမှတ် ၂၀ နှင့် သူ၏ ခိုင်မာသော အခြေခံအုတ်မြစ်မှ အကျိုးကျေးဇူးများပင်။
အကယ်၍သာ အခြားသော သိုင်းပညာရှင်တစ်ဦးက နတ်ဘုရားစွမ်းအင်ပန်းချီကားကို လက်ခံရရှိပါက အာရုံစူးစိုက်မှုနှင့် ပင်ကိုစွမ်းရည် ရှိလျှင်ပင် သိမြင်ရန်ပင် ခက်ခဲမည်ဖြစ်သည်။ ရံဖန်ရံခါ ထိုကဲ့သို့သော အခြေအနေသို့ ရောက်သွားနိုင်သော်လည်း စူးချန်ခုန်းကဲ့သို့ ပြတ်ပြတ်သားသားနှင့် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မမြင်ရနိုင်ပေ။ နားလည်ဖို့ဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပြီ။
ကျင့်ကြံမှုနယ်ပယ်သည် အရင်းအမြစ်များဖြင့် စုဆောင်းနိုင်သော်လည်း နားလည်နိုင်စွမ်းသည် မွေးရာပါဖြစ်သည်။ တစ်ချို့အရာတွေက မလေ့လာနိုင်ရင် သင်ယူလို့ မရပါ။
အချိန်တွေကုန်ဆုံးကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်ညလုံးကုန်လွန်သွားပြီး မိုးသောက်အလင်းရောင်က ကောင်းကင်ကို လင်းလက်တောက်ပလာစေလေ၏။
တစ်ညတာ အသက်ရှုလေ့ကျင့်ခန်းလုပ်ပြီးနောက် စူးချန်ခုန်းသည် အတော်လေး ပင်ပန်းနွမ်းနယ်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။
"ငါဗိုက်ဆာနေပြီ...ဘာလို့ အဲ့လောက်ဆာနေရတာလဲ" သို့သော် စူးချန်ခုန်းသည် တစ်ရက်နှစ်ရက်အတွင်း ဘာမှမစားရသကဲ့သို့ ဆာလောင်မှုကို ခံစားလိုက်ရသည်။
ဧရာမဝေလငါးနည်းပညာ (ဝင်ခွင့်အဆင့် ၁၅%)
စူးချန်ခုန်းသည် သူ၏ အရည်အချင်းပြဘောင်ကွက်ကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် အံ့အားသင့်သွားသည်။ သူ၏ သိုင်းပညာကဏ္ဍတွင် ဧရာမဝေလငါးနည်းပညာဟူသော အချက်အလက်အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဧရာမဝေလငါးနည်းပညာ… ဒါက နတ်ဘုရားစွမ်းအင်ပန်းချီကားထဲမှာပါတဲ့ သိုင်းပညာပဲလား။”
စူးချန်ခုန်း သဘောပေါက်သွားလေပြီ။
ဧရာမဝေလငါးဂိုဏ်း၊ ဧရာမဝေလငါးနည်းပညာ။ လူတစ်ယောက်သည် ဂိုဏ်းတွင်းရှိ ဤနည်းပညာ၏ အခြေအနေကို နာမည်များဖြင့်ပင် ခန့်မှန်းနိုင်လေ၏။
ဧရာမဝေလငါးဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဘိုးဘေး တီထွင်ထားတဲ့ နည်းပညာကြောင့် သူ့တို့ နေရာတိုင်းကို စိုးမိုးနိုင်တာတောင် ဖြစ်နိုင်သည်။
ကျင့်ကြံနည်းများမပါဘဲ ပုံတစ်ပုံမှ ဧရာမဝေလငါးနည်းပညာ၏ အခြေခံများကို နားလည်နိုင်ရာ နတ်ဘုရားစွမ်းအင်ပန်းချီကား၏ နောက်ကွယ်မှ ရာမဝေလငါးဂိုဏ်း တည်ထောင်သူပင် စူးချန်ခုန်း၏ ထိတ်လန့်စရာကောင်းသော နားလည်မှုအဆင့်ကြောင့် အံ့အားသင့်သွားမည်ဖြစ်သည်။
ဧရာမဝေလငါးနည်းပညာကို တစ်ညတာ ကျင့်ပြီးနောက် စူးချန်ခုန်းသည် အလွန်အမင်း ဗိုက်ဆာသလို ခံစားခဲ့ရပြီး ထူးထူးခြားခြား ဘာကိုမှ မတွေ့ရသေးပေ။
ထို့ကြောင့် စူးချန်ခုန်းသည် စာလိပ်ကို ဂရုတစိုက် သိမ်းဆည်းကာ လူကိုယ်ထဲထည့်ထားလိုက်လေ၏။ စူးချန်ခုန်းသည် အိပ်ရာမှထကာ ဆေးကြောသန့်စင်ပြီးနောက် အများသုံး မီးဖိုချောင်သို့ သွားလိုက်သည်။
စူးချန်ခုန်း အထင်မှားတာမဟုတ်ပါ။ သူခါတိုင်းထက်စာရင် မနက်စာကို တစ်ဝက်လောက် ပိုစားခဲ့သည်။
ဒါတင်မကဘဲ စူးချန်ခုန်းကလည်း တခြားပြောင်းလဲမှုတွေကို သတိထားမိလေ၏။
"ချီစွမ်းအင်မြှင့်ဆေးပြားတွေကို ချေဖျက်တဲ့ ငါ့ အရှိန်လည်း တိုးလာတယ်ဟ။ အဲ့တာက ဧရာမဝေလငါးနည်းပညာရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အကျိုးကျေးဇူးများလား။"
စူးချန်ခုန်းသည် ဧရာမဝေလငါးနည်းပညာ၏ အင်္ဂါရပ်များကို အတန်ငယ် နားလည်သွားရာစိတ်လှုပ်ရှားသွားလေ၏။
ကမ္ဘာပေါ်မှာ ဘယ်တိရစ္ဆာန်တွေ အများဆုံးစားသောက်လဲဆိုတောာ့ ဝေလငါးပင်။
အများဆုံးစားသော ဝေလငါးသည် တစ်နေ့လျှင် အစာငါးတန်အထိ စားသုံးနိုင်သည်။ ဒါက ဘာကိုဆိုလိုသနည်း။ပျမ်းမျှလူတစ်ယောက် စားတဲ့ပမာဏထက် အဆနှစ်ထောင်ကနေ သုံးထောင်ဆဖြစ်သည်။
အစာစားခြင်းသည် အသက်ရှင်သန်မှုနှင့် ကြီးထွားမှုအတွက် စွမ်းအင်ရရှိရန် အဓိကနည်းလမ်းဖြစ်သော ဇီဝဗီဇတစ်ခုဖြစ်သည်။
သိုင်းပညာရှင်များ၏ စွမ်းအားသည် မည်သည့်နေရာမှ ထွက်လာတာမဟုတ်။ သိုင်းပညာကို လေ့ကျင့်ခြင်းအားဖြင့် အစားအစာစားခြင်း၊ ဆေးပြားများ စားသုံးခြင်းတို့ဖြင့် သူတို့၏ စွမ်းရည်ကို အသုံးချကြသည်။ အဓိကကတော့ သူတို့ဟာ ကြီးထွားမှုအတွက် စွမ်းအင်ကို စုပ်ယူတာပင်။
ဥပမာအားဖြင့် ချီသွေးဆေးပြားကိုအမှီမပြုဘဲ မွေးရာပါ ပါရမီရှင်အချို့သည် သာမန် ချီသွေးပြောင်းလဲခြင်းဖြစ်စဉ်ကို ခံယူရန် လုံလောက်သော စွမ်းအင်ကို စုပ်ယူနိုင်သည်။ ၎င်းက အဆင့်တူ သိုင်းပညာရှင်ထက် များစွာပို၍ စားသောကြောင့် ချီသွေးနယ်ပယ်သို့ ဝင်ရောက်နိုင်ခြင်းပငင်။
ဒါကချဲ့ကား ပြောနေတာ မဟုတ်ရပါ။ များများစားလေ သန်မာလေဖြစ်ပြီး ကြီးထွားမှုမြန်လေလေဖြစ်သည်။
ဧရာမဝေလငါးနည်းပညာ၏ အစွမ်းထက်မှုသည် ကျင့်ကြံသူ၏ ကိုယ်လုံးကိုယ်ပေါက်ကို မြှင့်တင်ကာ အစာနှင့် ဆေးဝါး ချေဖျက်ခြင်းကို မြှင့်တင်ပေးနိုင်ပြီး သူတို့ကို အထူးသဖြင့် အစားကြူးသူများ ဖြစ်လာစေသည်။
သာမာန် ချီသွေးနယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် ချီသွေးဆေးတစ်လုံးတည်းကို ချေဖျက်ရန် ငါးရက်ခန့် လိုအပ်မည်ဖြစ်သည်။ အကယ်၍ ဧရာမဝေလငါးနည်းပညာတွင် ကျင့်ကြံထားပါက နှစ်ရက် သို့မဟုတ် သုံးရက်သာ လိုအပ်မည်ဖြစ်သည်။
ဧရာမဝေလငါးနည်းပညာကို ကျင့်ကြံခြင်းဖြင့် လုံလောက်သော ကျင့်ကြံမှုအရင်းအမြစ်များနှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် လူတစ်ဦး၏ ကြီးထွားမှုနှုန်းသည် လူအများစု၏ စိတ်ကူးယဉ်နိုင်တာထက် များစွာကျော်လွန်သွားနိုင်သည်။
"ဒါကြောင့်... ဧရာမဝေလငါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ စစ်ခုန်းကျန့်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးပြီး တောနက်စီရင်စုမြို့တော်မှာ ပြိုင်ဘက်အနည်းငယ်ကို အနိုင်ယူပြီး ဂိုဏ်းချုပ်ရာထူးကို ဆက်ခံနိုင်တာ အံ့ဩစရာမရှိတော့ပါဘူး။ သူ့ရဲ့ သိုင်းပညာစွမ်းရည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေမယ့် ပိုအရေးကြီးတာက သူက ဧရာမဝေလငါးဂိုဏ်းနည်းပညာကို လေ့ကျင့်ခဲ့တာပဲ။"