← Chapters

ရွှေအမြုတေကို ဖြိုခွဲ၍ အခြေတည် ဝိညာဥ် ဖွဲ့စည်းခြင်း

Vol. 12 Ch. 1128

ရွှေအမြုတေကို ဖြိုခွဲ၍ အခြေတည် ဝိညာဥ် ဖွဲ့စည်းခြင်း

Vol. 12 Ch. 1128

“ဟူး... ဟူး...”

နတ်ဘုရား ဥပဒေသ ကိုးခုသည် ရွှေအမြုတေနှင့် အတူ ပေါင်းစပ်နေခဲ့၏။ ချန်းဖန်သည် သူ၏ အခြေတည် ဝိညာဥ်နှင့် သူ၏ ခန္ဓာကိုယ် တစ်ဝိုက်ရှိ အသက်စွမ်းအင် အပေါ် အာရုံစိုက်ကာ အရာရာကို ‌ရွှေအမြုတေ အတွင်း စုစည်းလိုက်သည်။

ဘုန်း...”

ထိုအခိုက်၌ နတ်ဘုရား အသွင်ပြောင်းခြင်း စက်ဝန်းသည် မမြင်နိုင်သော ဖိအားများ၏ အောက်သို့ ကျရောက်သွားဟန် ရကာ စတင် ကျယ်ပြန့်လာသည်။ အတွင်းရှိ စွမ်းအင် အမျိုးအစားများသည် ရုန်းထွက်ရန် ကြိုးစားကြ၏။ စွမ်းအင် ပင်လယ် တစ်ခုလုံးသည် နတ်ဘုရား စက်ဝန်းနှင့် အတူ စတင်ကာ ကျယ်ပြန့် လာလေသည်။ များစွာသော ရွှေရောင် မီးခိုးများသည် တိမ်တောင်များ အလား ထိုဧရိယာ တစ်ဝိုက်ကို ဖုံးလွှမ်း နေလေရာ ကောင်းကင်ဘုံသို့ ရောက်နေသည့် အလားပင် ထင်မှတ်မှားရသည်။

နတ်ဘုရား အသွင်ပြောင်းခြင်း စက်ဝန်းသည် ခေါင်းမာစွာဖြင့် ဆက်လက် ခုခံနေသည်။ ချန်းဖန်၏ မျက်လုံး အတွင်းရှိ တောက်ပမှုသည် ‌အေးခဲသွားသည်။ သူသည် အံကို တင်းတင်းကြိတ်ကာ ခြေဖနှောင့်အား ပေါက်လျှက် အော်ဟစ်လိုက်လေ၏။

“ပွင့်စမ်း...”

“ဘုန်း...”

အနက်ရောင် တွင်းပေါက် ကိုးခုသည် မူလ နတ်ဘုရား နန်းတော် အတွင်း ပေါ်လာခဲ့သည်။ သူတို့သည် မတူ ကွဲပြားသော လောကများနှင့် ချိတ်ဆက်ထားကြသည်။ ချန်းဖန်ကား သူ၏ အလွန် မြင့်မားသော ဓမ္မ စွမ်းအားကို သုံးကာ နတ်ဘုရားနယ်မြေ ဝင်ပေါက်ကို အတင်းအကြပ် ဖွင့်လှစ်နေခဲ့ခြင်း ဖြစ်ပေသည်။

မှန်ပေသည်။ သူသည် ရွှေအမြုတေ အဆင့်သည် နတ်ဘုရား ကုန်မြေ၏ အက်ကြောင်း တစ်ခုကို ပင်လျှင် ဖွင့်လှစ်ရန် မလုံလောက်ပါချေ။ သူ့အနေဖြင့် အစစ်အမှန် နတ်ဘုရား ကုန်းမြေနှင့် ဆက်သွယ်ပြီး နတ်ဘုရားချီကို လူသား စကြဝဠာ အတွင်း ယူဆောင်လိုပါက အနည်းဆုံး အတိဒုက္ခ အဆင့်သို့ ရောက်ရှိနေရန် လိုအပ်ပေသည်။ ချန်းဖန် ဖွင့်လှစ်လိုက်သည့် အရာကား နတ်ဘုရား နယ်မြေ အနီးရှိ မီးဒြပ်စင် နယ်မြေ၊ ချီဒြပ်စင် နယ်မြေများ ကဲ့သို့သော မူလ ကုန်းမြေများသာလျှင် ဖြစ်ပေသည်။ ထိုကုန်းမြေများသည် နယ်ဘုရား နယ်မြေနှင့် အလွန် နီးကပ်ပြီး နတ်ဘုရား နယ်မြေမှ ဓမ္မ ဥပဒေသ အချို့ကို ပိုင်ဆိုင်ထားပေသည်။

ထိုနတ်ဘုရား ဓမ္မ ဥပဒေသများကား တာအို ပေါင်းစည်းခြင်း အဆင့် ဝမ်ရှင်း တန်ခိုးရှင်ကြီးများနှင့် အတိဒုက္ခ အဆင့် ကောင်းကင်အရှင်များ အတွက် ဘာမှ မဟုတ်ချေ။ သို့သော်လည်း ချန်းဖန်မှာမူ ရွှေအမြုတေ အဆင့် တစ်ယောက်သာလျှင် ဖြစ်ပေသည်။ နတ်ဘုရား ဥပဒေသ တစ်စက်၊ တစ်ပေါက်ပင်လျှင် သူ့အတွက် အလွန်တရာ အဖိုးတန်လှပေသည်။

“ဝှစ်... ဝှစ်...”

တစ်ချိန်တည်း၌ များစွာသော အဖိုးတန် တစ်ဝက်တစ်ပျက် နတ်ဘုရား ရတနာများနှင့် ထိပ်တန်း ကောင်းကင် ရတနာများမှာ လေထဲသို့ မြင့်တက်လာ၏။ ချန်းဖန်က အင်္ကျီလက်တစ်ဖက်အား ခါယမ်းလိုက်လေရာ ထိုအရာများမှာ ပြိုကွဲသွားလေသည်။

အတွင်းရှိ အစွမ်းထက် စွမ်းအင်များသည် ချက်ချင်းပင် နဂါးများ အသွင် ပြောင်းလဲ သွားကာ ချန်းဖန်ထံသို့ ပျံသန်းလာကြသည်။ ဆန်းကြယ် ကျောက်တုံး နဂါးတစ်ကောင်သည် ပုံမှန်အားဖြင့် ဆိုလျှင် ရွှေအမြုတေ အဆင့် တစ်ယောက် ကောင်းကင် ကပ်ဘေးကို ဖြတ်‌ကျော်ကာ အခြေတည် ဝိညာဥ် အဆင့် ဖြစ်လာရန် လုံလောက်နေပြီ ဖြစ်သည်။ သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ ထိုအရာမှာ အလွန် သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်နေခဲ့သည်။

“ခရက်...”

နောက်ဆုံး၌ အလွန် သေးငယ်သော အက်ကြောင်းလေး တစ်ခုမှာ ချန်းဖန်၏ ရွှေအမြုတေ တစ်ဖြစ်လည်း နတ်ဘုရား စက်ဝန်းပေါ်တွင် ပေါ်လာခဲ့သည်။ ‌ရွှေအမြုတေကား စတင်ကာ ပြိုကွဲနေခဲ့ပြီ ဖြစ်လေသည်။ သေးငယ်သော အက်ကွဲကြောင်းလေး ပေါ်လာသည်နှင့် ရွှမ်ဝူ၊ လိန်ဟူ၊ ဖီးနစ်၊ မဟာ တာအိုတို့ဖြင့် ဖွဲ့စည်းထားသော ထိုနတ်ဘုရား စက်ဝန်းကား ယခင်က ကဲ့သို့ ပြီးပြည့်စုံခြင်း မရှိတော့ချေ။

ချန်းဖန်၏ နှလုံးသားသည် ရေခဲကဲ့သို့ အေးစက်နေသည်။ သူသည် နောက်ပြန်လှည့်ရန် အခွင့်မရှိတော့ကြောင်း သိရှိထားပေသည်။ သူ့အနေဖြင့် အခြေတည် ဝိညာဥ် အဆင့်ကို ဖြတ်သန်းမှ ဖြစ်တော့မည် ဖြစ်သည်။ အကယ်၍ ချန်းဖန် အနေဖြင့် အခြေတည် ဝိညာဥ်ကို မဖွဲ့စည်းနိုင်ပါက ကျင့်ကြံခြင်း လမ်းစဥ်ကို အစမှ ပြန်လည်ကာ လျှောက်လှမ်း ရလိမ့်မည် ဖြစ်သည်။

“ဆက်သွားမယ်...”

ချန်းဖန်၏ မျက်လုံးများသည် ခံစားချက် ကင်းမဲ့ကာ တည်ငြိမ်နေ၏။ သူသည် မည်သည့် ကြောက်ရွံ့ခြင်း အရိပ်အငွေ့ကိုမျှ သယ်ဆောင်မထားချေ။ သူသည် တစိုက်စိုက်မတ်မတ်ပင် အနက်ရောင် အ‌ပေါက် ကိုးခုမှ စွမ်းအင်များကို စုပ်ယူနေသည်။

“ဘုန်း...”

အနက်ရောင် အပေါက်များသည် မူလ၌ လက်မ အရွယ်အစားသာ ရှိသော်လည်း တဖြည်းဖြည်းနှင့် ပန်းကန်လုံး အဝခန့် ကျယ်ပြန့်လာသည်။ စွမ်းအင် အမျိုးအစား အားလုံးသည် ရေပိုက်တစ်ခုအလား ချန်းဖန်ထံ စုပြုံ သွန်ကျနေသည်။ တစ်ချက်ချက် တစ်ချက်၌ ရွှေရောင် အလင်းများမှာ လင်းလက်နေကာ နတ်ဘုရား နယ်မြေ၏ ဓမ္မ ဥပဒေသများမှာ ချန်းဖန်၏ နတ်ဘုရား အသွင်ပြောင်းခြင်း စက်ဝန်းထံ ပျံသန်း နေကြလေသည်။

ကမ္ဘာ ကိုးခုသည် လူသား စကြဝဠာ၏ အထက်တွင် တည်ရှိကာ နတ်ဘုရား နယ်မြေနှင့် ဆက်စပ်နေ၏။ ထိုနေရာ၌ အထွတ်အမြတ် သားရဲများနှင့် နတ်ဘုရား သားရဲများပင် တည်ရှိသည်။ ထိုကမ္ဘာများသည် နတ်ဘုရား နယ်မြေမှ စွမ်းအားများနှင့် ပြည့်နှက်နေကာ နတ်ဘုရား ဓမ္မ ဥပဒေသ အများအပြားကို သယ်ဆောင်ထားသည်။ ၎င်းတို့သည် လူသား ကမ္ဘာထက် ပိုမို သန့်စင်ကာ ထူထပ်သော ချီစွမ်းအင်ကိုပင် ပိုင်ဆိုင်၏။

ချန်းဖန်သည် ထိုကမ္ဘာ ကိုးခုကို အတင်းအကြပ် ဖွင့်ခဲ့လေရာ တန်ဖိုး တစ်ခုကို ပေးဆပ်ခဲ့ရလေသည်။

“ဝှစ်...”

သူ၏ ခရိုင်စတယ် ကဲ့သို့ ကြည်လင်‌သော ခန္ဓာသည် စတင်ကာ လောင်မြိုက်လာကာ အဆုံးမဲ့သော အသက် စွမ်းအားများမှာ မီးအလွှာများ အဖြစ် ပြောင်းလဲသွား၏။ ရွှေဖြင့် ပြုလုပ်ထားသော နတ်ဘုရား ဝိညာဥ်မှာလည်း စတင်ကာ ရွှေရောင်မီးအလင်းများကို ထုတ်လွှတ်လာသည်။ သူ၏ စွမ်းအင်၊ အသက်နှင့် ဝိညာဥ်တို့သည် တစ်ပြိုင်နက်တည်း လောင်မြိုက်ကာ အခြေတည် ဝိညာဥ် ဖွဲ့စည်းခြင်း၊ ကမ္ဘာကိုးခု ဖွင့်ခြင်း ဖြစ်စဥ်များ အတွက် ပံ့ပိုး ပေးနေကြလေ၏။

ထိုအခိုက်၌ ချန်းဖန် ပင်လျှင် အနည်းငယ် လွှမ်းမိုးခံနေရ၏။ သွေးစက် နှစ်စက်သည် သူ၏ နားနှင့် နှာခေါင်းတို့မှ စီးကျလာကာ ချက်ချင်းပင် အငွေ့ပျံသွားသည်။

ကုန်းမြေ ကိုးခုကား လူသား ကမ္ဘာ၏ အထက်၌ ရှိသည့် ကမ္ဘာများ ဖြစ်သည်။ အနည်းဆုံး မဟာ ကျင့်ကြံသူများ၊ သူတော်စင်များ သာလျှင် ၎င်းတို့အား ဖွင့်လှစ်ကာ အတွင်းရှိ နတ်ဘုရား ဥပဒေသများနှင့် ချိတ်ဆက်နိုင်ကြသည်။ ချန်းဖန်သည် ကမ္ဘာ တစ်ခုချင်းစီကို ပန်းကန်လုံး တစ်လုံး အရွယ်အစားသာ ဖွင့်လှစ်ခဲ့နိုင်သော်လည်း ပေးဆပ်မှုမှာမူ ကြီးမားလွန်းလှသည်။

“ခရက်... ခရက်...”

ကမ္ဘာကိုးခုမျ စွမ်းအင်များသည် ချန်းဖန်၏ အသွေးအသားများကို ဖိအားပေးကာ အက်ကွဲသံများကို ဖန်တီး နေလေသည်။ ချန်းဖန်သည် ဝိညာဥ်၊ အသက်နှင့် ခန္ဓာတို့ကို ဆက်လက် လောင်ကြွမ်းခွင့် ပြုနေခဲ့၏။ မကြာခင်မှာပင် ကြည်လင် ရှင်းလင်းသော အသံနှင့် အတူ ဒုတိယမြောက် အက်ကွဲကြောင်း တစ်ခုမှာ နတ်ဘုရား စက်ဝန်းတွင် ပေါ်လာခဲ့လေသည်။

ကြွေပန်းကန် တစ်ချပ် အလားပင် ပထမ အက်ကြောင်းနှင့် ဒုတိယ အက်ကြောင်း ပေါ်လာပြီးနောက် နတ်ဘုရား စက်ဝန်း တစ်ခုလုံးမှာ စတင် လဲပြိုလာတော့သည်။

“ခရက်... ခရက်... ခရက်...”

တတိယမြောက်၊ စတုတ္ထမြောက်၊ ပဥ္စမမြောက်... နောက်ဆုံး အက်ကြောင်းတစ်ရာသည် နတ်ဘုရား စက်ဝန်းအား ဖြန့်ကျက်ကာ နေရာယူသွားတော့သည်။

လကဲ့သို့ လွင့်မြောနေသော နတ်ဘုရား စက်ဝန်းကား ဆက်လက် ခုခံနိုင်စွမ်း မရှိတော့ချေ။ ၎င်း၏ စစ်မှန်မှု၊ ထာဝရ တည်ရှိမှု၊ လွတ်လပ်မှု၊ ပြည့်စုံမှ စသည့် ဂုဏ်သိက္ခာများကား ပျက်စီး သွားခဲ့ရပြီ ဖြစ်သည်။

“ခရက်...”

သေးငယ်သော ‌ရွှေရောင် အပိုင်းအစ တစ်ခုသည် ၎င်းမှ နေ၍ စွမ်းအင် ပင်လယ် အတွင်း ပြုတ်ကျလာသည်။ ထိုအရာသည် စွမ်းအင် အချို့ အသွင် ပြောင်းလဲကာ စွမ်းအင် ပင်လယ်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်နှင့် စတုတ္ထမြောက် အပိုင်းအစများမှာ ဆက်လက် ကျဆင်း လာခဲ့လေသည်။

နောက်ဆုံး၌ နတ်ဘုရား အသွင်ပြောင်းခြင်း ကိုးခုဖြင့် ဖွဲ့စည်းထားသော နတ်ဘုရား စက်ဝန်းသည် ဆွေးမြေ့နေသည့် ရှေးဟောင်း နန်းတော်ကြီး အလား လဲပြို သွားလေတော့သည်။

ရွှေအမြုတေ ပြိုကွဲသွားပြီးနောက် ချန်းဖန်၏ စွမ်းအင်သည် ချက်ချင်းပင် ပို၍ ရှုပ်ထွေးလာ၏။ သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ အော်ရာများသည် တောက်ပလိုက် ပျောက်ကွယ်လိုက် ဖြစ်နေခဲ့သည်။ သူကား အလွန် အရေးကြီးသော အခိုက်အတန့် တစ်ခုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ များစွာသော စွမ်းအင်များသည် နတ်ဘုရား စက်ဝန်းမှ စီးဆင်း ထွက်ပေါ်နေကာ ချန်းဖန်၏ ထျန်းတျန် တစ်ခုလုံးနှင့် ချီပင်လယ်ကို ဖြည့်စွက် နေခဲ့လေသည်။ စွမ်းအင်များသည် ချီပင်လယ်မှ ခုန်ထွက်ကာ ချန်းဖန်၏ ကိုယ်တွင်း ကလီစာများ ပတ်လည်သို့ပင် လှုပ်ရှား နေခဲ့ပေသည်။

သွေးစက်များသည် ချန်းဖန်၏ နားနှင့် နှာခေါင်းတို့မှ စီးကျနေ၏။ အဆုံး၌ သူသည် ပါးစပ်မှ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ ထိုသွေးသည် ထက်ရှသော ရွှေရောင် ဓားအသွင်ကို ပြောင်းလဲကာ ပေပေါင်း များစွာ အကွာအဝေးကို ကြယ်ပျံတစ်စင်း ကဲ့သို့ ရွေ့လျားသွားသည်။

“ဟူး...”

ချန်းဖန်၏ မျက်နှာသည် ရွှေရောင် လင်းလက်နေကာ သူ၏ စွမ်းအင်မှာ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်မှ နေ၍ အခြေတည် ဝိညာဥ်အဆင့်၊ မူလ အဆင့်များ အထိ နိမ့်ကျသွားသည်။ ရွှေအမြုတေ ပြိုကွဲခြင်း ဟူသော ဒဏ်ရာကား အလွန် ပြင်းထန်လွန်းလှပေသည်။ ယွင်ဝူ တောင်ထိပ်တွင် ကမ္မ ကျင့်စဥ်ကို သုံး၍ ဖန့်ချုံးကို ကြည့်ခဲ့စဥ် အခါက ရခဲ့သော ဒဏ်ရာ ပင်လျှင် ယခုလောက် ပြင်းထန်ခြင်း မရှိခဲ့ချေ။

“ကျင့်ကြံခြင်း လမ်းစဥ်ရဲ့ သမိုင်း တစ်လျှောက်လုံးမှာ နတ်ဘုရား အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်တဲ့လူ သိပ်မရှိတာ မထူးဆန်းတော့ဘူး... ခန္ဓာကိုယ်ကသာ လုံလောက်အောင် မသန်မာဘူး ဆုရင် အခြေတည် ဝိညာဥ် ဖွဲ့စည်းတဲ့ အဆင့်မှာပဲ ကျင့်ကြံသူက သေသွားမှာ သေချာတယ်”

ချန်းဖန်က ပင့်သက် တစ်ချက် ရှိုက်လိုက်၏။

“ဝှစ်... ဝှစ်...”

လွန်ခဲ့သော နှစ်ပေါင်းများစွာ အတွင်း ချန်းဖန် စုစည်း ထားခဲ့သည့် ကောင်းကင် ဆေးမြစ်များ၊ နတ်ဘုရား တစ်ပိုင်း ဆေးပင်များသည် တင်းဟိုင် ပုလဲ အတွင်းမှ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ချန်းဖန်၏ ဦးခေါင်းထက်၌ တည်ကာ ပေါက်ကွဲလျှက် ဆေးရည်များ အဖြစ် ပြောင်းလဲသွားသည်။ ထိုအရာများသည် ချန်းဖန်၏ ခန္ဓာကိုယ်နှင့် နတ်ဘုရား ဝိညာဥ်တို့ကို စတင် ကုစားလေ၏။

တစ်ချိန်တည်း၌ ချန်းဖန်သည် သက်ပြင်းတစ်ချက် ရှိုက်ကာ နတ်ဘုရား ဥပဒေသ ကိုးခု၊ စွမ်းအင်၊ အသက်နှင့် ဝိညာဥ်တို့ကို ခန္ဓာကိုယ် အတွင်း စတင် စုစည်းလေသည်။ ထိုခြေလှမ်းသည် သူ၏ အောင်မြင်မှုကို ဆုံးဖြတ် ပေးပေလိမ့်မည်။

“ဖွဲ့စည်းစမ်း...”

ချန်းဖန်က အော်ဟစ်လိုက်၏။ ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်ကို လောင်ကြွမ်းနေသည့် မီးတောက်များသည် ပျောက်ကွယ်သွားသည်။ စွမ်းအင် ပင်လယ်သာလျှင် ထိုနေရာတွင် စုစည်း နေလေ၏။

မူလ နတ်ဘုရား နန်းတော် အတွင်းရှိ အာသကာနှင့် အချိန်တို့သည် အေးခဲသွားပုံ ပေါ်သည်။ ချန်းဖန် တစ်ယောက်သာလျှင် အိုမင်းသာ ကျောက်တုံး ရုပ်တု တစ်ခုခဲ့သို့ တင်ပျဥ်ချိတ်ကာ လေထဲတွင် လွင့်မြော နေခဲ့တော့သည်။

***

All Chapters