မရဏ ဖယောင်းတိုင် ပြန်လည်ထွက်ပေါ်လာခြင်း
Vol. 18 Ch. 240
အရာအားလုံး ရှင်းလင်းသွားပုံ ရသော်လည်း၊ ရလဒ်ကိုမူ အကူအညီ တောင်းခံသူ ကျွမ်းဖျင်းအတွက်တော့ လက်ခံရန် ခက်ခဲနေသည်။
သူဘယ်တော့မှ မတွေးဖူးခဲ့ဘူး။ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြတဲ့ မိဘတွေဟာ သူ့ကို ဝယ်ယူထားတဲ့ သူတွေ ဖြစ်နေမယ်ဆိုတာ။
ပြီးတော့ သူ့ရဲ့ ဖခင်အရင်း ကတော့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းရဲ့ အခြားဘက်မှာ ရှိနေတဲ့ ကျူးဟွာ ဖြစ်နေခဲ့တယ်။
လူငယ်လေးယောက်ဟာ ကျွမ်းဖျင်းရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်ကင်းမဲ့ပြီး ထိတ်လန့်နေတဲ့အမူအရာကို ကြည့်ရင်း ခေါင်းငုံ့နေခဲ့ကြသည်။
သူတို့မှာလည်း အခြားလူငယ်အများစုလိုပဲ ပြဿနာတွေရှိနေပါတယ်။ အရာရာကို အလျင်စလိုပဲ လုပ်တတ်ကြပြီး ခြုံငုံသုံးသပ်နိုင်စွမ်း အားနည်းကြသည်။
ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ အဘွားဝမ်ကွဲလျှန်ရဲ့ ရှုထောင့်ကပဲ ဖြစ်ဖြစ်၊ ကျွမ်းဖျင်းရဲ့ ရှုထောင့်ကပဲ ဖြစ်ဖြစ်၊ သူတို့ လုပ်ခဲ့တာတွေဟာ ကောင်းစေချင်တဲ့ ဆန္ဒနဲ့သာ ဖြစ်ပါတယ်။
တကယ်တော့ သူတို့လည်း သူတို့ရဲ့ နည်းလမ်းတွေမှားယွင်းနေတယ်ဆိုတာ နားလည်ကြပါတယ်။
"ကျွမ်းဖျင်းအစ်ကို၊ တောင်းပန်ပါတယ်။
ကျွန်တော်တို့ ဒီလိုမျိုး အစ်ကို့ကို ထိတ်လန့်စေမယ်လို့ မတွေးခဲ့မိဘူး။
ဒါပေမယ့် ဦးလေးကျူးက အစ်ကို့ရဲ့ ဖခင်အရင်း ဖြစ်နိုင်တယ်။
ကျွန်တော်တို့ အစ်ကို့နောက်ကို လိုက်နေခဲ့တာကြောင့် အစ်ကို့မိဘတွေ ပြောတဲ့စကားကို ကြားခဲ့ရတယ်။
အစ်ကို့ကို ခိုးသွားတဲ့ လူကလည်း သေသွားပြီ။
မယုံရင် အစ်ကို့မိဘတွေကို မေးကြည့်ပါ"
ဒီအချိန်မှာ ကျွမ်းဖျင်းဟာ ဒီနည်းလမ်းကို ရုတ်တရက်စဉ်းစားမိပြီး သူ့မိဘတွေဆီ အမြန်ဖုန်းဆက်လိုက်တယ်။
ဖုန်းချိန်ဆက်သွားတဲ့အခါ ကျွမ်းဖျင်းက "ကျွန်တော်က အမေတို့ရဲ့ သားစစ်စစ်ပဲ ဟုတ်တယ်မလား" လို့မေးလိုက်တယ်။
ဖုန်းအခြားဘက်က အစက စကားပြောဖို့ ရည်ရွယ်ထားပေမယ့် ရုတ်တရက် ဒီမေးခွန်းကို ကြားပြီးနောက် အံအားသင့်သွားခဲ့တယ်။
"အဖေတို့ ကျွန်တော့်ကို ဝယ်ထားတာလား?"
"စိတ်မပူနဲ့၊ ဒီအကြောင်းတွေ မင်းကို ဘယ်သူပြောတာလဲ အဖေကိုပြော"
"ကျွန်တော့်ကို ခိုးသွားတဲ့လူတွေနဲ့ အဖေတို့မှာ ဘာအဆက်အသွယ်မှ မရှိဘူးမလား?"
"ရှောင်ဖျင်း၊ အဖေတို့ကို အထင်မလွဲနဲ့။
သားက အဖေတို့ရဲ့ သားသမီးအစစ် မဟုတ်ပေမယ့်၊ မွေးကတည်းက ၂၈ နှစ်လုံးလုံး အဖေတို့ ပေးနိုင်တာတွေ သားကို အကုန်ပေးခဲ့တယ်။
ဟုတ်တယ်၊ အဖေတို့ လူကုန်ကူးသမားတွေဆီက မင်းကိုဝယ်ခဲ့တာ၊ ဒါပေမယ့် အဲဒီတုန်းက မင်းအမေက မီးဖွားလို့မရခဲ့ဘူး။
သူမက ကလေးတစ်ယောက်ရဖို့ အမြဲတမ်း မျှော်လင့်နေခဲ့တာ။
အဲဒီတုန်းက တစ်ယောက်ယောက်က ကလေးမွေးစားလို့ရတယ်လို့ပြောတော့... အဖေတို့လည်း မတတ်သာဘဲ လုပ်ခဲ့တာပါ"
"ဖျင်းလေး၊ သားရဲ့ မိဘအရင်းတွေကို တွေ့ပြီးလား? ဖျင်းလေး အမေမှားတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် သားမရှိရင် အမေ အသက်မရှင်နိုင်ဘူး။ သားရဲ့ မိဘအရင်းတွေကို တွေ့တာ ကောင်းပါတယ်၊ ဒါပေမယ့်... သား အမေတို့ကို မေ့မသွားနဲ့နော်?"
ဖုန်းရဲ့အခြားဘက်က လင်မယားဟာ ဒီကိစ္စတွေ ပေါ်လာတာနဲ့ လုံးဝကို ထိတ်လန့်သွားခဲ့ကြသည်။
သူတို့ အများကြီးမတွေးခဲ့ဘူး၊ သူတို့ကလေးက သူတို့ကို ခွင့်လွှတ်ဖို့ပဲ မျှော်လင့်ခဲ့ကြတယ်၊ ကျွမ်းဖျင်းကို မဆုံးရှုံးချင်ကြဘူး၊ သူ့ရဲ့ မိဘအရင်းတွေကို တွေ့ပြီးတဲ့နောက် သူတို့ကို စွန့်ခွာသွားမှာကို ကြောက်နေခဲ့ကြတယ်။
ကျွမ်းဖျင်းက ဒါကိုကြားတော့ စိတ်မကောင်းဖြစ်သွားပြီး ကျန်းရီကို ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
ကျန်းရီက အဲ့ဒီအချိန်မှာ ပြုံးလိုက်တယ်- " ကျွမ်းဖျင်း၊ ဒီအချိန်မှာ အလျင်စလို ဆုံးဖြတ်ချက်ချဖို့ မလိုသေးဘူး။
မင်းဒါကို လက်ခံတာပဲ ဖြစ်ဖြစ်၊ လက်မခံတာပဲ ဖြစ်ဖြစ်၊ ဒါတွေက ငါထိန်းချုပ်လို့မရဘူး။
ငါက မင်းဖုန်းခေါ်လို့ မင်းကို ဒုက္ခပေးနေတဲ့ သရဲတွေကို ဖယ်ရှားဖို့ပဲ။
ဒါပေမယ့် သူတို့သုံးတဲ့နည်းလမ်းတွေက နည်းနည်းတော့ မှားနေပေမယ့်၊ သူတို့ရည်ရွယ်ချက်က မဆိုးပါဘူး၊ ဒါကြောင့် ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မင်းရဲ့မိသားစုကိစ္စတွေကို မပြောတော့ဘူး၊ ငါမေးစရာ တစ်ခုရှိသေးတယ်"
"ပြောပါ" လူငယ်လေးတွေက ခေါင်းငုံ့ပြီး ပြောခဲ့ကြတယ်။
"ဒါဆို ညဘက်မှာ ဦးလေးရဲ့ ပြတင်းပေါက်ကို ဘာလို့ ခေါက်ခဲ့တာလဲ? ပြီးတော့ ကျွမ်းဖျင်းဆီသွားတဲ့ အမျိုးသမီးက ဘယ်မှာလဲ?"
လူငယ်တွေက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ခဲ့ကြတယ်၊ မိန်းကလေးက သူ့ဆံပင်ကို ဖြောင့်တန်းရင်း ပြောတယ်- "အဲဒီညက မိုးအရမ်းရွာနေခဲ့တယ်၊ ပြီးတော့ တောင်ကနေ ရေတွေ စီးဆင်းလာတယ်။
ကျွန်မတို့က သင်္ချိုင်းစောင့်ဦးလေး အိပ်ရာထဲမှာ အအိပ်လွန်ပြီး သတိမထားမိမှာစိုးလို့ သူ့ပြတင်းပေါက်ကို ခေါက်လိုက်တာ။
ခေါက်ပြီးတာနဲ့ ထွက်သွားဖို့ ရည်ရွယ်ခဲ့တာ၊ ဒါပေမယ့် သူ ကျွန်မကို မြင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး"
"ဒါဆို အဲဒီတုန်းက သူအသက်ကြီးပြီး ပင်ပန်းနေတာကိုမြင်တော့ သူ့အတွက် ထင်းတွေကို ရုတ်ပေးဖို့ တွေးမိခဲ့တာလား"
"ဟုတ်ပါတယ်
အိုး..ဒါနဲ ခုနကမေးတဲ့ အမကြီးက ပြန်လည်မွေးဖွားသွားပါပြီ။
အဲဒီတုန်းက ကျွန်တော်တို့ ချန်ဖန်းအစ်ကိုကို ရှာတွေ့ခဲ့ပေမယ့်၊ ကျွန်တော်တို့ရဲ့ ကျင့်ဝတ်တွေက အရမ်းနိမ့်တော့ အမကြီးက ကျွန်တော်တို့ကို အစ်ကိုရဲ့ခန္ဓာပေါ်မှာ အမှတ်အသားလေးနဲ့ ကူညီပေးခဲ့တာ။
သူမ...သူမသာ နောက်ပိုင်း ကျွန်တော်တို့လုပ်ခဲ့တာတွေကို သိရင်၊ ကျွန်တော်တို့ကို အရူးတွေလို့ ပြောမှာသေချာတယ်"
လူငယ်တွေက ပြောလေလေ ပိုပြီး အပြစ်ရှိသလို ခံစားလာရလေလေ ဖြစ်နေခဲ့တယ်၊ ကျန်းရီလည်း ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့တယ်။
နည်းလမ်းကတော့ တကယ့်ကို မကောင်းဘူး၊ ဒါပေမယ့် ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။
ဒါပေမယ့် သူတို့ရဲ့အပြုအမူတွေကို ကြည့်ရင်း ကျန်းရီက မေးလိုက်မိတယ်- "မင်းတို့ပုံစံကြည့်ရတာ သေဆုံးခါနီးတုန်းက ပြုတ်ကျပြီး သေဆုံးခဲ့တာလား?"
"......"
ယောင်္ကျားလေးတွေက ချက်ချင်း ချောင်းဆိုးသွားခဲ့ကြတယ်၊ မိန်းကလေးကတော့ မျက်နှာလွှဲနေလိုက်တယ်။
"ဟုတ်ပါပြီ၊ ပြောစမ်းပါ၊ ဘယ်လိုသေဆုံးခဲ့တာလဲ?" ကျန်းရီက တကယ့်ကို တင်းတင်းကြပ်ကြပ် လုပ်ပြီးမေးလိုက်တယ်။
ယောင်္ကျားလေးတစ်ယောက်က အရမ်းရှက်နေပြီး ပြောခဲ့တယ်- "ကျွန်တော့်အပြစ်ပါ။ ကျွန်တော်က မော်တော်ဆိုင်ကယ် ပြင်ဆိုင်မှာ အလုပ်လုပ်နေတာ၊ အဲဒီညမှာ ဆိုင်က တစ်စုံတစ်ယောက်ရဲ့ မော်တော်ဆိုင်ကယ်ကို ခိုးစီးပြီး လမ်းမမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းခဲ့တယ်၊ ပြီးတော့ မတော်တဆ မှောက်လဲပြီး... အားလုံး သေဆုံးသွားခဲ့ကြတယ်"
ထိုယောင်္ကျားလေးက သူ့သူငယ်ချင်းတွေကို ရှုပ်ထွေးနေတဲ့ အကြည့်နဲ့ ကြည့်ရင်း ပြောခဲ့တယ်၊ ဒါပေမယ့် အခြားသူတွေက "အေးပါ၊ ငါတို့သေဆုံးပြီးတာ နှစ်အတော်ကြာပြီ၊ အရင်ကလည်း မင်းကို ရိုက်ပြီးပြီ၊ အခုဆို စိတ်ထဲမှာ ဘာမှ မရှိတော့ဘူး" လို့ပြောကြတယ်။
“မင်းတို့တွေ တကယ်ပဲ ငါပြောစရာ စကားတောင် ပျောက်သွားပြီ၊ တကယ့် ပုလင်းတူဘူးဆို့တွေ စုနေတာပဲ”
"ကျွန်တော်တို့ တကယ်မှားတယ်ဆိုတာ သိပါတယ်။ တစ်သက်မှာ တစ်ခါပဲ အသက်ရှင်ခွင့်ရတာ။ တကယ်လို့ အခွင့်အရေးရခဲ့ရင်၊ သေတော့မယ်ဆိုရင်တောင် ဒီလိုမျိုး မလုပ်ရဲတော့ပါဘူး။ မိဘစကား နားထောင်ပြီး စာကောင်းကောင်းလေ့လာ၊ ကောင်းကောင်းမွန်မွန် ကြီးပြင်းမယ်"
လူတွေက သေဆုံးပြီးမှ ဘဝအကြောင်း အများကြီးနားလည်တတ်ကြတယ်လို့ ပြောကြတယ်။
ဒါပေမယ့် ဘေးဒုက္ခကနေ လွတ်မြောက်ဖို့က လူတိုင်းမှာတော့ အခွင့်အရေး မရှိကြပါဘူး။ အများစုကတော့ တစ်ခါသေပြီးရင် အမှန်တကယ်ပဲ သေဆုံးသွားကြတာပါပဲ။
"ကောင်းပြီ၊ အခုဒီကိစ္စက ပြီးသွားပြီ၊ တခြားသရဲတွေလည်း ပြန်လည်မွေးဖွားသွားကြပြီ၊ မင်းတို့ ဘာလုပ်ဖို့စီစဉ်ထားကြလဲ?"
ကျန်းရီက လူငယ်လေးယောက်ကို မေးလိုက်တယ်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မရဲမရဲတရဲနဲ့ မေးကြတယ်- "အစ်ကို၊ ကျွန်တော်တို့တောင်းဆိုတာက စည်းမျဉ်းနဲ့မညီဘူးဆိုတာ သိပေမယ့်၊ ကျွန်တော်တို့ ဒီလောကမှာ ဆက်နေချင်ပါသေးတယ်။ တကယ်ပါ၊ အဘွားကို အစ်ကိုမတွေ့ဖူးသေးလို့ပါ။
သေပြီးနောက် နှလုံးသားထဲမှာ နောင်တတွေ ကျန်ရှိနေတာက တကယ့်ကို နာကျင်စရာပါ။ ပြီးတော့ ကျွန်တော်တို့ အစ်ကို့ ကိုရှာတုန်းက၊ ကလေးပျောက်သွားတဲ့ အမေတွေနဲ့ တွေ့ခဲ့ရသေးတယ်။
"သူတို့...သူတို့က တကယ်ကို နာကျင်နေကြတာ။ နေ့တိုင်း နှလုံးသားကို ဓားနဲ့ထိုးခံနေရသလိုပါပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒီဦးလေးတွေ အဒေါ်ကြီးတွေကို သူတို့ရဲ့ ကလေးတွေပြန်ရှာဖို့ ကူညီချင်ပါတယ်၊ ဘယ်လိုလဲ?"
လူငယ်လေးယောက်လုံးက ခေါင်းကို ငုံ့ထားကြတယ်။ ကျန်းရီက မျက်လုံးကို အနည်းငယ် မှေးကျဥ်းလိုက်ပြီး - "ဒါဆို မင်းတို့လည်း ဒီလိုနေရင် မင်းတို့အတွက် အကျိုးမရှိဘူးဆိုတာ သိရမယ်"
"ဟုတ်ကဲ့... ကျွန်တော်တို့က အခုထိ ငယ်နေသေးတယ်၊ မသိနားမည်တဲ့ ကလေးတွေလို့ပဲ မှတ်ယူလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အကျိုးဆက်တွေကို မတွေးခဲ့ဘူး။ ငရဲသွားရင် တခြားသူတွေထက် ပိုပြီး ကြောက်စရာကောင်းမှာပဲ"
ဒီအချိန်မှာ ကျန်းရီရဲ့လက်ထဲမှာ မရဏ ဖယောင်းတိုင်တွေ ပေါ်လာပြီး သူက ပြောလိုက်တယ်- "မင်းတို့ ဘယ်လိုပဲ အစီရင် ခံရခံရ၊ ဒီဖယောင်းတိုင်ကို ယူသွားပါ၊ ငရဲသားတွေက သူတို့နည်း သူတို့ဟန်နဲ့ မင်းတို့ကို ဆက်ဆံလိမ့်မယ်။
ဒါပေမယ့် မှတ်ထားပါ၊ မင်းတို့ကိုယ်တိုင် ပြောထားတာတွေကို အကောင်အထည် ဖော်ရမယ်၊ နောက်ပြီး ဒီလိုနည်းလမ်းတွေ ထပ်မသုံးရဘူး!"
လူငယ်လေးယောက်က ဒါကိုကြားတော့ အားလုံး ဝမ်းသာအားရဖြစ်သွားကြတယ်။