လုပ်ဆောင်ချက်အသစ် ပေါ်ပေါက်လာခြင်း
Vol. 18 Ch. 241
လူငယ်လေးယောက်ဟာ သူတို့လက်ထဲ ကိုင်ထားတဲ့ ဖယောင်းတိုင်တွေရဲ့ အဓိပ္ပါယ်ကို မသိသေးပါဘူး။
ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ပရိတ်သတ်တွေကတော့ ဒါဟာ ကျန်းရီ ကနေပေးတဲ့ လက်ဆောင် ဖြစ်တယ်ဆိုတာ သိထားကြတယ်။ ပရိတ်သတ်တွေဟာ ကျန်းရီ ဘာကြောင့် သူတို့ကို မရဏ ဖယောင်းတိုင် ပေးတယ်ဆိုတာကိုလည်း နားလည်ကြတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့က ဒီလောကထဲမှာနေပြီး အကျိုးရှိတာ တစ်ခုခုလုပ်ချင်တယ်လို့ ပြောခဲ့လို့ပါပဲ။
သူတို့လုပ်ချင်တဲ့ဟာကို ဘယ်သူမှ ကန့်ကွက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့ နည်းလမ်းတွေက အတော်လေး မရင့်ကျက်သေးဘူး၊ သူတို့ရဲ့ အပြုအမူတွေက နည်းနည်း ရီစရာဖြစ်နေတယ်။ ဒါပေမယ့် ငရဲက ပြန်လာတဲ့အခါမှာတော့ သူတို့ဟာ ညတိုင်းလူတွေရဲ့မျှော်လင့်ချက်ဖြစ်လာနိုင်တယ်။
လူငယ်လေးယောက်ဟာ မရဏ ဖယောင်းတိုင်ကို ကိုင်ပြီး ထွက်ခွာသွားခဲ့တယ်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ လူ ၈ သိန်း ကျော်က သူတို့ ထွက်ခွာသွားတာကို ကြည့်နေခဲ့ကြတယ်။
ကျွမ်းဖျင်း နဲ့ သင်္ချိုင်းစောင့်တို့ဟာ သင်္ချိုင်းထိပ်မှာ ရပ်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေခဲ့တယ်။
နောက်ဆုံးမှာတော့ သင်္ချိုင်းစောင့်က ဝမ်းနည်းစွာနဲ့ ပြောလိုက်တယ် - "ငါတကယ်မထင်မိဘူး။ အစက မကောင်းတဲ့ တစ္ဆေတွေနဲ့ တွေ့တယ် ထင်ခဲ့တာ၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီကလေးတွေက ဒီလောက်စဉ်းစားတတ်လိမ့်မယ် မထင်ခဲ့မိဘူး"
"ဟုတ်တယ်၊ ဒါကြောင့် အရာ တော်တော်များများနဲ့ ကြုံတဲ့အခါ နည်းနည်းစောင့်ကြည့်သင့်တယ်။
အဖြေမထွက်ခင်ထိ ဘယ်သူမှ အလျင်စလို ဆုံးဖြတ်ချက်မချသင့်ဘူး။
ဒါပေမယ့် ဒီကိစ္စကတော့ ဒီအတိုင်းပဲ ပြီးသွားခဲ့တယ်။
အစက ဘယ်သူမှ ဒီလိုဖြစ်မယ်လို့ မထင်ခဲ့ကြဘူး။
ကျန်တဲ့အရာတွေကိုတော့ ကျွမ်းဖျင်း နဲ့ မစ္စတာကျူး တို့ အေးအေးဆေးဆေး ဆွေးနွေးဖို့ မျှော်လင့်ပါတယ်"
မစ္စတာကျူးက ကျေးဇူးတင်စကားပြောရင်း မျက်ရည်တွေနဲ့ - "ဟုတ်ကဲ့ပါ၊ ကျွမ်းဖျင်း... အချိန်ရရင် ငါတို့ ထပ်တွေ့လို့ရမလား? အခုတော့ ဘာမှမပြောတော့ပါဘူး၊ မင်းစဉ်းစားပြီးရင် ငါပဲ ဖြစ်ဖြစ်၊ မင်းရဲ့လက်ရှိမိဘတွေဖြစ်ဖြစ် ထိုင်ပြီး အေးဆေးစကားပြောနိုင်တယ်"
ကျွမ်းဖျင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး - "ကောင်းပါပြီ၊ နောက်မှ ဆက်သွယ်လိုက်ပါ့မယ်။ အဲ့ဒီမတိုင်ခင် နည်းနည်းတော့ အချိန်ယူရလိမ့်မယ်"
"ဒါဆိုရင် ခင်ဗျားတို့နှစ်ယောက်လုံး ကံကောင်းပါစေ"
ကျန်းရီ က ပြုံးရင်း ပြောလိုက်တယ်။ ကျွမ်းဖျင်း က သူ့ကို နှိမ့်ချစွာနဲ့ ဦးညွှတ်လိုက်တယ်။
ကျွမ်းဖျင်းဟာ ထိခိုက်မှုမရှိခဲ့ပေမယ့် ကျန်းရီ ရဲ့ကူညီမှုကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
"အိုကေ၊ ဒီကိစ္စက ပြီးသွားပြီ။ နောက်မှထပ်တွေ့ကြတာပေါ့"
"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း!"
ကျူးဟွာ နဲ့ ကျွမ်းဖျင်း တို့က ကျန်းရီ ကို လက်ပြနှုတ်ဆက်ပြီး ဗီဒီယိုကို ပိတ်လိုက်တယ်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ကျန်းရီ တစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တယ်။
အချိန်ကိုကြည့်လိုက်တော့ မိုးလင်းလုနီးပြီဆိုတာကို သိလိုက်ရတယ်။
ကျန်းရီက ထလိုက်ပြီး ရေနွေးအသစ် ထည့်ကာ ပြုံးရင်းနဲ့ - "ဒီညရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီနေရာမှာပဲ ပြီးသွားပါပြီ"
"ဒါဆို စတွင်မာရေ အနားယူလိုက်ပါ။ မနက်ဖြန်ညကို ကျွန်တော်တို့ စောင့်မျှော်နေမှာပါ"
"စတွင်မာရေ ငါတို့ နည်းနည်းလောက် ထပ်ပြီး စကားပြောြကမလား။ ညကလည်း ကုန်သွားပြီ၊ အခုမိုးလင်းတော့မယ်၊ အိပ်လို့လည်း မပျော်တော့ဘူးဆိုတော့"
တစ်ယောက်က ပြောလိုက်တဲ့စကားကို တွေ့တော့ ကျန်းရီ စဉ်းစားပြီး ပြောတယ် - "ဒါဆို ဘာတွေပြောကြမလဲ?"
"စတွင်မာရေ အချစ်အကြောင်း ပြောကြရအောင်"
ကျန်းရီ က ဖြေလိုက်တာနဲ့ ပရိတ်သတ်တွေက သူ့ကို စနောက်ခဲ့ကြတယ်။
ကျန်းရီ ရဲ့မျက်နှာက မဲမှောင်သွားခဲ့သည်။ ဒါပေမယ့် အရင်က သူကူညီဖူးတဲ့ ထန်ဝမ် (ပန်းချီဆွဲတတ်တဲ့သူ) က မေးခဲ့တယ် - "စတွင်မာ၊ အရင်က ကျွန်မတို့ မျက်နှာချင်ဆိုင်ပြောတုန်းက ဘေးက မိန်းမလှလေးက ဘယ်ရောက်သွားတာလဲ? ကြာပြီမတွေ့တာ"
ထန်ဝမ်ပြောတဲ့သူက ငရဲ ကနေ လာတွေ့ခဲ့တဲ့ ရှောင်ယုပဲ ဖြစ်တယ်။
"သူ့အိမ်ပြန်သွားပြီ၊ နောက်တစ်ခါပြန်လာဖို့ ခဏတော့ကြာဦးမယ်"
"တကယ်လား? မစ္စတာကျန်း သူမကို မလွမ်းဘူးလား? အဲ့ဒီတုန်းက ငါတကယ် အားကျမိတယ်၊ အထူးသဖြင့် သူမက မင်းကိုပဲအာရုံစိုက်နေသလိုပဲ၊ တစ်ညလုံး မင်းလက်ကိုကိုင်ပြီး မင်းပခုံးမှာမှီနေတာ"
ထန်ဝမ် ပြောလို့ပြီးတာနဲ့ ငါးလိုရေသောက်က မက်ဆေ့ချ်ပို့ခဲ့တယ်။
ဒါပေမယ့် မက်ဆေ့ချ်မှာ စာသားမပါဘူး၊ “...” သင်္ကေတတွေပဲပါတယ်။
ကြည့်ရှု့သူ A-"သွားပြီ၊ ယုဟွာ ရဲ့ နှလုံးသားတွေ ကွဲသွားပြီ"
ကြည့်ရှု့သူ B-"နှလုံးသားကွဲတာက ဖန်ခွက်ကွဲသလိုပဲ... ယုဟွာ ကို သနားလိုက်တာ။ ဒီညကျွန်တော်တို့အားလုံး ယုဟွာ ရဲ့ဘက်ကပါ!"
"သွားစမ်း၊ ငါမင်းတို့ရဲ့ သနားမှုကို မလိုဘူး။ စတွင်မာ ပြောစမ်းပါ... ငါ့ရဲ့ချစ်ပြိုင်ဘက်က ဘယ်သူလဲ? သူက ဘယ်ကလဲ? သူ့ရဲ့ အတိုင်းအတာ တွေကရော ဘယ်လိုလဲ? အထာကျတဲ့ အမျိုးသမီးလား၊ ဒါမှမဟုတ် လိုလီဆန်ဆန် တစ်ယောက်လား?"
ကျန်းရီ အတွက် အခက်ခဲဆုံးက ပရိတ်သတ်တွေက အချစ်အကြောင်းကို ပြောနေတာပါပဲ။ ဒါကို ငါးလိုရေသောက် က အခွင့်အရေး ယူပြီး သူ့ကိုပိုပြီး ထင်ပေါ်အောင်လုပ်နေတယ်။
"ငါမသိဘူး၊ ပြီးတော့ မိန်းကလေး တစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းတွေကို ဘယ်လိုပြောရမှာလဲ?"
"ဒါဆို မင်းမသိသေးဘူးမလား၊ ဟီဟီ... ဒါဆို ငါစိတ်အေးသွားပြီ။ စတွင်မာက သူမရဲ့အတိုင်းအတာတွေတောင် မသိသေးဘူးဆိုတော့... စတွင်မာရေ၊ ငါ့မှာ အခွင့်အရေးရှိသေးတယ်မလား?"
ကျန်းရီ က ပြောစရာ စကားတွေ ပျောက်ဆုံးသွားခဲ့တယ်၊ ဒါပေမယ့် နောက်ကွယ်မှာ ငါးလိုရေသောက်က သီးသန့်ပို့လိုက်တဲ့ မက်ဆေ့ချ်က တက်လာခဲ့တယ်။
"အစ်ကို၊ ယုဟွာ ရဲ့အတိုင်းအတာတွေကို သိချင်လား? ယုဟွာ ရဲ့အသံကိုရော ကြားချင်လား? လူတွေက အမြဲ ပြောင်းလဲနေတာ!"
ဒီ မက်ဆေ့ချ်ကိုကြည့်ပြီး ကျန်းရီရဲ့ ပါးစပ်က ဆတ်ခနဲလှုပ်သွားတယ်။ သူမကို ပြန်မဖြေဘဲ ကင်မရာကို တိုက်ရိုက်ကြည့်လိုက်တယ်။
ခုနက ကြည့်တုန်းက တိုက်ရိုက်ထုတ်လွှင့်မှု စာမျက်နှာမှာ နည်းနည်းကွဲပြားနေတာကို သတိထားမိခဲ့တယ်။
အခုကြည့်လိုက်တော့ တိုက်ရိုက်ထုတ်လွှင့်မှု စာမျက်နှာ မှာ အသစ်တစ်ခုပေါ်နေတယ်။
ဒီအသစ်တစ်ခုကက စာအိတ်သင်္ကေတ ဖြစ်တယ်။
ကျန်းရီ ကနှိပ်လိုက်တော့ မိတ်ဆက် တက်လာခဲ့တယ်:
"တင်ပြမှုလုပ်ဆောင်ချက်: တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရဲ့ ကြည့်ရှုသူအားလုံးက တင်ပြမှု လမ်းကြောင်း ကနေ ပိုင်ရှင် ကို အီးမေးလ် ပို့နိုင်ပါတယ်။
ကမ္ဘာကြီးက ကြီးမားလွန်းတဲ့အတွက် တစ္ဆေတွေ အများကြီးရှိနေပြီး ရေတွက်လို့က မကုန်နိုင်ဘူး။
ဒီအခိုက်အတန့်မှာ သူဖြစ်နေနိုင်သလို၊ နောက်အခိုက်အတန့်မှာ သူမ...
တင်ပြမှု လမ်းကြောင်းကနေ သဘာဝလွန် ဖြစ်ရပ်တွေကို ပိုဖြေရှင်းနိုင်အောင်် လုပ်ဆောင်နိုင်ပြီး ပိုင်ရှင်ကို လက်ဆောင်တွေ နဲ့ လူကြိုက်များမှုကို တိုးစေနိုင်ပါတယ်"
ဒါက တရားဝင်မိတ်ဆက်ချက်ဖြစ်ပေမယ့် ကျန်းရီ လက်ရှိလုပ်နေတဲ့ အဓိက အားနည်းချက်ကို ထိမိသွားခဲ့တယ်။
ညတစ်ညရဲ့ အချိန်က အကန့်အသတ် ရှိတယ်။ တစ်ယောက်၊ နှစ်ယောက်၊ ဒါမှမဟုတ် သုံးလေးယောက်ကိုတော့ ဖြေရှင်းပေးနိုင်တယ်။ ဒါပေမယ့် လူအများကြီးအတွက်တော့ မဖြေရှင်းပေးနိုင်ဘူး။
ကမ္ဘာကြီးက ကြီးမားလွန်းလို့ နေ့တိုင်း လူတွေသေဆုံးနေတယ်။ မြို့ကြီးတစ်မြို့မှာ၊ ဒါမှမဟုတ် ကျေးလက်ကျေးရွာတစ်ခုမှာ တစ္ဆေတွေနဲ့ ဝိညာဥ်တွေရဲ့ဖြစ်ရပ်တွေက ဖြစ်နေနိုင်တယ်။
တင်ပြမှုလမ်းကြောင်းကို ဖွင့်လိုက်တဲ့ အတွက် သူတို့တွေ့ကြုံခဲ့တဲ့အရာတွေကို အီးမေးလ် ပို့နိုင်တယ်။
ဒာဆို ကျန်းရီ မှာ ရွေးချယ်စရာရှိလာတယ်၊ ဒါမှမဟုတ်ရင် ဖုန်းခေါ်ဆိုမှုတိုင်းက တကယ့် သဘာဝလွန် ဖြစ်ရပ်လားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။
အခုလို လုပ်ဆောင်ချက် အသစ်တွေ ပေါ်လာတော့ ကျန်းရီ က မိတ်ဆက်ပေးဖို့ လိုတယ်။
ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေလည်း ဒါကို သတိထားမိနေပြီဖြစ်သည်။
ကြည့်ရှု့သူ A-"ကြည့်လိုက်စမ်း၊ စတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း မှာ လုပ်ဆောင်ချက် အသစ်တွေ ထွက်ပေါ်လာပြီဟ၊ တင်ပြမှု လမ်းကြောင်းကို အသစ် ထည့်ထားတယ်"
ကြည့်ရှု့သူ B-"ဟုတ်တယ်၊ ငါလည်း သတိထားမိတယ်။ ဒီ အဆင်မြင့်ထားတဲ့ လုပ်ဆောင်ချက်က တကယ်ကို ကောင်းတယ်။ မင်းတို့ စာမျက်နှာကို နှိပ်ကြည့်လိုက်... ငရဲက သဘာဝလွန် ဖြစ်ရပ်တွေရဲ့အစစ်အမှန်ကို အကဲဖြတ်တာမှာ ပရော်ဖက်ရှင်နယ် ဆန်တယ်လို့ ရေးထားတယ် ။ ဒါကတော့ တကယ်ကိုအံ့သြစရာပဲ!"
ကျန်းယက်လည်း ဒီစာကြောင်းကို ဖတ်လိုက်ရပါတယ်-
“ကြည့်ရှုသူတိုင်းက မိမိတို့ ကြုံတွေ့ဖူးတဲ့ အဖြစ်အပျက်တွေအကြောင်းကို စိတ်ကြိုက် ပါဝင်ရေးသားနိုင်ပါတယ်။
ဒီအကြောင်းအရာတွေကို စုစည်းပြီးနောက် ငရဲက ပညာရှင်အဖွဲ့က အကဲဖြတ်သွားမှာဖြစ်ပါတယ်။
စစ်မှန်တဲ့ သဘာဝလွန် ဖြစ်ရပ်မှန်တွေကို စတွင်မာကိုယ်တိုင် ဖြေရှင်းပေးသွားမှာ ဖြစ်ပြီး
အစစ်အမှန် မဟုတ်တဲ့ အဖြစ်အပျက်တွေရဲ့ ရလဒ်ကိုတော့ အီးမေးလ်မှတစ်ဆင့် အသိပေးသွားမှာ ဖြစ်ပါတယ်!”