နောက်ထပ် ငရဲက အလည်လာသူ
Vol. 18 Ch. 242
ဒီနေ့မနက်ခင်းမှာ အသစ်ထွက်ပေါ်လာတဲ့ "အချက်အလက်တွေ တင်ပြနိုင်တဲ့ လုပ်ဆောင်ချက်အသစ်" ဟာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးကို လန်းဆန်းသွားစေခဲ့တယ်။
အထူးသဖြင့် "ငရဲပြည်ရဲ့ ပညာရှင်အဖွဲ့" ဆိုတဲ့ အမည်က ကြည့်ရှုနေသူတွေ အားလုံးကို အံ့အားသင့်စေခဲ့တယ်။
"စတွင်မာရေ ဒီလုပ်ဆောင်ချက် အသစ်အကြောင်း အသေးစိတ် ပြောပြပါဦး။ ပြီးတော့ ငရဲပြည်ရဲ့ ပညာရှင်အဖွဲ့ ဆိုတာ တကယ်ရှိလား? အဲဒီတင်ပြချက်တွေရဲ့ အမှန်တရားကို စစ်ဆေးပေးတဲ့ အဖွဲ့အစည်းတစ်ခုလား?"
ကျန်းရီကလည်း အခုမှသိရပေမယ့် အေးဆေးစွာနဲ့ ဖြေလိုက်တယ်- "ဟုတ်တယ်၊ လူတိုင်းရဲ့ ပြဿနာတွေကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဖြေရှင်းပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက တဖြည်းဖြည်း အဆင့်မြှင့်တင်သွားမှာပါ"
"တင်ပြနိုင်တဲ့ လုပ်ဆောင်ချက်ထက် ပိုပြီးထူးခြားတာက ငရဲပြည်ရဲ့ ပညာရှင်အဖွဲ့ ပေါ်ထွက်လာမှုပဲ။
ဒါပေမယ့် သတိပေးချင်တာက ငရဲပြည်ရဲ့ ပညာရှင်အဖွဲ့ကို မြင်ရမှာမဟုတ်ဘူး။ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုသာ ရွေးချယ်ပြီး ကျွန်တော်က အချိန်တစ်ခုသတ်မှတ်ကာ ဖြေရှင်းပေးသွားမှာပါ။
ဒီနေ့ကစပြီး ညတိုင်း တင်ပြချက် (၂) ခုနဲ့ ဖုန်းခေါ်ဆိုမှု (၁) ခုကို ဖြေရှင်းပေးသွားပါမယ်။
ဒီတော့ လုပ်ဆောင်ချက်အသစ် ပေါ်လာတဲ့အတွက် ညတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုစချိန်အထိ စောင့်စရာမလိုတော့ဘူး။ သင်ကြုံတွေ့ဖူးတဲ့အရာတွေကို မှတ်တမ်းတင်ပြီး ငရဲပြည်အဖွဲ့ဆီ တိုက်ရိုက်ပို့လို့ရပါပြီ"
ကျန်းရီစကားပြောလို့ပြီးတာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ မီးရှူးပန်းတွေ၊ လက်ခုပ်သံတွေရဲ့ အီမိုဂျီတွေနဲ့ ပြည့်နေခဲ့သည်။
ကြည့်ရှု့သူ A-"စတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းက တဖြည်းဖြည်း ပိုစွမ်းအားကြီးလာတယ်ထင်တယ်။
အစက စိတ်ဝိညာဥ် ကျောက်စိမ်း၊ ငရဲဘုရင် ရဲ့အမိန့်တော် တို့လိုမျိုး ပစ္စည်းတွေပဲရှိခဲ့ရာကနေ မရဏခရီးစဉ်အတွက် လက်မှတ်လိုမျိုး မရဏ ဖယောင်းတိုင် ထွက်လာတယ်၊ အခုကျတော့ လုပ်ဆောင်ချက် အသစ်တွေ ပွင့်လာပြီ၊ အနာဂတ်မှာဖြစ်မယ့် အရာတွေကိုဆိုရင် တကယ့် နတ်ဘုရားတွေက စစ်ဆေးပေးနိုင်လိမ့်မယ်ထင်တယ်။
ဘုရားရေ...
တကယ့်ကို မယုံနိုင်စရာပဲ"
ကြည့်ရှု့သူ B-"ဟုတ်တယ်၊ စတွင်မာကို ငါတို့ အားပေးရမယ်၊ ညီအစ်ကိုတို့၊ ဆုတွေ ပေးလိုက်ရအောင်!"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ဆုတွေ၊ လက်ဆောင်တွေနဲ့ ပြည့်သွားခဲ့တယ်။
ကျန်းရီက ပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ်" လို့ပြောကာ ဆက်လိုက်တယ် " အခုအချိန်မှာ လုံးဝ နေက ထွက်လာခဲ့ပြီ၊ ကျွန်တော် အခု ပိတ်လိုက်တော့မယ်။
ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ တကယ်တမ်း ထူးဆန်းတဲ့ အရာတွေကြုံဖူးတဲ့သူတွေအများကြီးရှိမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် တကယ့် အရေးကြီးတာလား ဆိုတဲ့ စိုးရိမ်မှုကြောင့် ဝန်ခံဖို့ အချိန်ဆွဲနေကြတယ်။
အခုဆိုရင်တော့ လူတိုင်းအချိန်ယူပြီးတော့ မှတ်တမ်းတင်ထားလို့ရပါပြီ။
ရွေးချယ်ခံရပြီဆိုတာနဲ့ ကျွန်တော်က ဖြေရှင်းပေးသွားမှာပါ"
ကျန်းရီစကားပြောလို့ပြီးတာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ အချိန်အကြာကြီးမနေတော့ဘဲ ထွက်သွားလိုက်တယ်။
ကွန်ပျူတာရှေ့မှာထိုင်ရင်း အသစ်ထွက်ပေါ်လာတဲ့ လုပ်ဆောင်ချက်က သူ့ကိုအံ့အားသင့်စေခဲ့သည်။
ဒီလုပ်ဆောင်ချက်က သူ့အတွက် တကယ့်ကို အကျိုးကျေးဇူး မရှိဘူးလို့ထင်ရပေမယ့်... ကျန်းရီရဲ့ ရည်ရွယ်ချက်က ဘာလဲ?
ဒီကမ္ဘာပေါ်က တစ်ကိုယ်တည်း ရှိနေတဲ့ သရဲတွေအတွက်ပါပဲ!
အရင်ဖြစ်ရပ်တွေအားလုံးမှာ ငရဲကို ရောက်သွားတဲ့ သရဲတိုင်းမှာ သူ့ရဲ့ နာမည် ပါနေခဲ့တာဖြစ်တယ်။
သူတို့ ငရဲက သူတွေကို ပြောကြမှာက- "ငါတို့အားလုံးကို ကျန်းရီက ပို့ပေးတာပါ" လို့ပဲ။
အခု လုပ်ဆောင်ချက်အသစ် ပေါ်လာတဲ့အတွက် သူ့မှာ အရင်းအမြစ်တွေ ပိုများလာမယ်၊ အောက်ကလူတွေလည်း သူ့ကိုဘယ်လိုဆက်ဆံရမယ်၊ ငရဲပြည် ပညာရှင်အဖွဲ့ကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ နားလည်သွားကြမယ်။
ကျန်းရီက ကွန်ပျူတာကိုပိတ်လိုက်ပြီး မနက်ခင်းရဲ့ပထမဆုံး နေရောင်ကို ကြိုဆိုဖို့ ပြတင်းပေါက်ကိုဖွင့်လိုက်တယ်။
ဒါပေမယ့် သူအောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ အောက်ထပ်မှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရပ်နေတာကိုတွေ့လိုက်ရတယ်။
အမျိုးသမီးက အရင်တုန်းကတွေ့ဖူးတဲ့ ရှောင်ယို ဖြစ်ပြီး အမျိုးသားက စိုးရိမ်နေဟန်ဆောင်ထားတဲ့ အလယ်လတ်လူတစ်ယောက်ပါ။
ရှောင်ယိုက ကျန်းရီကိုမြင်တဲ့အခါ စိတ်လှုပ်ရှားစွာနဲ့ လက်လှုပ်ပြလိုက်ပေမယ့် အမျိုးသားရဲ့မျက်လုံးတွေက စိုက်ကြည့်နေပြီး သတိထားနေဟန်ရှိတယ်။
ကျန်းရီက သူတို့ကိုမြင်တော့ ပြုံးပြလိုက်ပြီး- "ရောက်နေပြီ ဆိုမှတော့ အပေါ်တက်လာပါဦး" လို့ပြောလိုက်တယ်။
"ဒါပေါ့ တက်လာရမှာပေါ့" အမျိုးသားက ဖြေလိုက်ပြီး သူနဲ့အတူရှိနေတဲ့ မိန်းကလေးကို-"ရှောင်ယို ၊ ပြန်သွားတော့" လို့ပြောလိုက်တယ်။
မိန်းကလေးက မလှုပ်ဘူး၊ ဒါနဲ့ ကျန်းရီက ပြုံးပြီးပြောလိုက်တယ်- "ရှောင်ယို၊ ငါ့အတွက် မနက်စာသွားဝယ်ပေးပါလား"
"အိုကေ"
မိန်းကလေးက ပျော်ပျော်ကြီးနဲ့ ပြေးထွက်သွားတယ်။ အမျိုးသားရဲ့ မျက်နှာက အေးစက်သွားပေမယ့် နောက်ဆုံးမှာတော့ မျှော်လင့်ချက်မဲ့စွာနဲ့ ခေါင်းယမ်းပြီး အပေါ်တက်လာခဲ့တယ်။
အပေါ်ရောက်တော့ ကျန်းရီက ရေနွေးကြမ်းတစ်ခွက်လှမ်းလိုက်ကာ- "လူတွေမှာ လူ့ဘဝရှိတယ်၊ သရဲတွေမှာလည်း သူတို့ရဲ့လမ်းရှိတယ်။ လူ့လောကကိုရောက်လာရင် လူတစ်ယောက်နဲ့ တူအောင်နေရမယ်၊ အနည်းဆုံး အရိပ်တော့ ရှိရမယ်မဟုတ်လား?"
အမျိုးသားက ခေါင်းညှိတ်လိုက်ပြီး သူ့နောက်မှာ အရိပ်တစ်ခုပေါ်လာခဲ့တယ်- "ကျန်းရီ၊ ငရဲရောက်လာတဲ့သရဲတိုင်းမှာ မင်းနာမည်ပါလာတယ်၊ ငါသည်းမခံနိုင်တော့ဘူး။ ဘာတွေဖြစ်နေတာလဲ? အခုကျတော့ အောက်ကလူတစ်ယောက်ကို အကူအညီတောင်းနေရပြီလား? အချက်အလက်တွေကို စစ်ထုတ်ဖို့လား?"
"ငါ့ကို နာမည်တပ်ခေါ်တာလား? မင်း ခြေထောက်က ကောင်းသွားပြီလား?" ကျန်းရီက ရေနွေးကြမ်းကိုင်ရင်း အေးအေးဆေးဆေးမေးလိုက်တယ်။
အမျိုးသားရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး အသက် ပြင်းပြင်း ရှူပြီးနောက် ဆက်ပြောတယ်- "ဘာလို့ သူတို့အားလုံးကို တိုက်ရိုက် အကျဉ်းထောင်ထဲ မထည့်ချင်တာလဲ?"
"ကောင်းမြတ်တဲ့ကုသိုလ်ဆိုတာ ဘာလဲ? ပြီးပြည့်စုံမှသာ ကုသိုလ်က ကြီးမားတယ်လို့ခေါ်တယ်။ ကြီးမားတဲ့ ကုသိုလ်ကို မလိုဘူးဆိုရင် ဘာလို့ ကုသိုလ် အသေးအမွှားတွေကို ရှာနေရမှာလဲ?"
"ဒါပေမယ့် အနည်းငယ်စုပြီး များများရအောင် လုပ်တာနဲ့ တူတယ်မဟုတ်ဘူးလား? အဲဒီလိုဆိုရင် အဲ့နေရာကို ပိုပြီး မြန်မြန် ပြန်တည်ဆောက်နိုင်မှာပဲလေ"
"ပြန်လည်တည်ဆောက်ပြီးရင်တောင် မူရင်းနဲ့ဘာကွာခြားမှာလဲ? တစ်ဦးချင်းစီက ကုသိုလ်အသေးအမွှားတွေနဲ့လေ
သူတို့ရဲ့ အကြောင်းတရားနဲ့ အကျိုးဆက်တွေ ပြေလည်မှသာ ကြီးမားတဲ့ ကုသိုလ်တွေရမှာ
ဒါပေမယ့် မင်းပြောတာလည်း မမှားဘူး။
နည်းနည်းချင်းစုပြီး ပိုများအောင်လုပ်တာ ကလည်း အဓိပ္ပာယ်ရှိတယ်၊ ဒါပေမယ့် လူ ၁၀ ယောက်မှာ ကုသိုလ် ၁၀ ပဲရှိမယ်။
လူ ၁၀ ယောက်က ကုသိုလ် ၁၀၀ (သို့) ၁၀၀၀၀ ရနိုင်မယ်ဆိုရင် ဘာလို့ နောက်တစ်ခုကိုမရွေးချယ်ရမှာလဲ?"
အမျိုးသားက ကျန်းရီရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပြီး နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်တယ်- "မင်းတကယ်ပဲ ပြဿနာရှာချင်နေတာလား?"
"မလုပ်ရင်လည်း မလုပ်နဲ့၊ လုပ်မယ်ဆိုရင် လုံးဝ ပြည့်စုံမှုရှိအောင်လုပ်မယ်။ အခုက အချိန်လေးနည်းနည်းပေးရုံပဲလေ၊ ပြီးတော့ ငါ့မှာအပေါဆုံးက အချိန်ပဲ"
အမျိုးသားက နားလည် သဘောပေါက်သွားပြီး "ဒါပေမယ့် အောက်မှာတကယ်ကိုအလုပ်များတယ်"
"ဒါဘာဖြစ်လဲ၊ ငါ့ကိုငြင်းမလို့လား?"
"မငြင်းနိုင်ဘူး"
အမျိုးသားက ခါးခါးသီးသီး ပြုံးလိုက်တယ်။ ကျန်းရီက ထပြီး သူ့ပခုံးကို ပုတ်ပြီး ပြုံးပြလိုက်တယ်- "နောက်တစ်ခါ ငါ့ကိုလာမကြည့်နဲ့။ အခုငါအဆင်ပြေနေပြီ။ ဒါပေမယ့် မင်းကိုမြင်တော့ နည်းနည်း မသက်မသာဖြစ်နေတယ်"
"အိုကေ၊ အိုကေ၊ နောက်တစ်ခါ မင်းငါ့ကို အောက်ဆင်းပြီး မကြာခဏ လာကြည့်ပေါ့"
"ငါ အောက်ကို မဆင်းဘူး"
"မင်းသဘောပဲ၊ ဘာပဲဖြစ်ဖြစ် မင်းက ဘော့စ်ဆိုတော့ မင်းပြောသမျှပဲပေါ့။
နောက်တစ်ခု အခုကစပြီး ကောင်းကင်ဘုံရဲ့ ကျောက်စိမ်းဧကရာဇ်၊ ငရဲက ရာမမင်း လူ့လောကမှာ ကျန်းရီဆိုတဲ့ စကားတွေကို မပြောနဲ့တော့။
ဒီစကားတွေကြားတိုင်း ငါထပ်ခါတစ်လဲလဲ တွေးမိတယ်၊ တကယ်ပြောနေတာလား? လှောင်နေတာလားပေါ့?
လူတွေကိုလှောင်တာ... အင်း... သရဲတွေကိုလှောင်တာပေါ့"
အမျိုးသားက စကားပြောရင်း ထလိုက်တယ်။ ကျန်းရီက မြင်တော့ "ဟမ်? ဒီလောက်မြန်မြန် ပြန်တော့မလို့လား?"
"ဘာလို့မပြန်ရမှာလဲ? ဒီမှာထိုင်ပြီး မုန့်ကြိုးနဲ့ဆန်ပြုတ်စားနေရမှာလား?"
"မင်းက အရသာကိုမခံစားတတ်ဘူးပဲ။ မုန့်ကြိုးနဲ့ ဆန်ပြုတ်လိုမျိုး အရသာရှိတဲ့အရာကို မကြိုက်ဘူးဆိုတာ မဖြစ်နိုင်ဘူး"
"ကျေးဇူးပဲ၊ ဒါပေမယ့် တကယ်မကြိုက်ဘူး။ ရှောင်ယိုကို ခေါ်သွားမယ်။ ဘာပဲဖြစ်ဖြစ် သူမက မင်းကိုကြည့်ဖို့ ငါ့ကိုတောင်းဆိုနေလို့ ခေါ်လာတာ"
"ဒါဆို ကြည့်ပြီးရင် သူမကို အမြန်ခေါ်သွားတော့။ အခုဆို သူမငါ့ကို အများကြီး ကြည့်နေပြီးလောက်ပြီ"
အမျိုးသားက ဘာမှပြန်မပြောပေ၊ မကြာခင်မှာပဲ ပျောက်ကွယ်သွားတယ်။