တားမြစ်ထားသောလူ
Vol. 18 Ch. 243
နောက်ထပ်တစ်နေ့ကုန်သွားခဲ့ပြီ။ ကျန်းရီဟာ ရှောင်ယိုထွက်သွားတဲ့အခါ ဒေါသထွက်နေမှန်း ဒါမှမဟုတ် သူ့အဖေကို အပြစ်တင်နေမှန်း မသိခဲ့ဘူး။
သိရင်တောင် သူဂရုစိုက်မှာ မဟုတ်ဘူး။
သူဟာ သူကိုယ်သူ သဘာဝလွန် ဖြစ်ရပ်တွေရဲ့ စတွင်မာ တစ်ယောက်အဖြစ် အမြဲ စိတ်ထဲစွဲမှတ်နေတာဖြစ်သည်။ မိန်းမတွေဟာ သူ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းချိန်ကို နှောင့်နှေးစေမည်သာဖြစ်သည်။
ညဖက်ရောက်ပြီး အမှောင်ထုက ကျဆင်းလာလေပြီ။
ကျန်းရီဟာ အရင်ဆုံး တင်သွင်းထားတဲ့ အကြောင်းအရာတွေကို ဖွင့်ကြည့်လိုက်တယ်။ တစ်ရက်အတွင်းမှာပဲ တင်သွင်းမှုအရေအတွက် စုစုပေါင်းကို မြင်တဲ့အခါ သူ့မျက်နှာအမူအရာ ပြောင်းသွားခဲ့တယ်။
၈၆၉၂၅!
ဒါက တစ်ရက်အတွင်း တင်ပြထားတဲ့ သဘာဝလွန် ဖြစ်ရပ်အရေအတွက်ပါ!
ကျန်းရီ ဒီပမာဏကိုမြင်တဲ့အခါ နှလုံးသားက တုန်ခါသွားခဲ့တယ်။
ဒီကမ္ဘာမှာ တကယ်ပဲ သရဲခြောက်တဲ့ နေရာတွေအများကြီးရှိနေတာလား?
ဒါပေမယ့် စစ်ထုတ်ပြီးတဲ့ ရလဒ်တွေကိုကြည့်လိုက်တဲ့အခါ တကယ့်ဖြစ်ရပ်က ၁၆ခု၊ မသေချာတဲ့ဟာက ၈၇ခု၊ အတုအယောင်တွေက ၈၆၈၂၂ခု ရှိနေတာကိုတွေ့ရတယ်!
ကျန်းရီခေါင်းကိုက်လာခဲ့တယ်။ သူ့ပရိသတ်တွေက ဒီလောက် အကျိုးမရှိတာတွေ ရေးမှာမဟုတ်ဘူးလို့ စိတ်ထဲမှာထင်မိတယ်။
ဒါပေမယ့် နောက်တစ်ခါ ပြန်စဉ်းစားကြည့်တော့လည်း သူနားလည်သွားခဲ့တယ်။
အဲဒီတင်ပြထားတဲ့ စာတွေကို ဖွင့်ကြည့်လိုက်တော့ အများစုက ကလေးဘဝ အထင်မှားမှုတွေ၊ ဒါမှမဟုတ် အဖွားတို့အဖိုးတို့ဆီကကြားဖူးတဲ့ဇာတ်လမ်းတွေဖြစ်နေတယ်။
ဒီဇာတ်လမ်းတွေက ဟောင်းပြီး အတည်မပြုနိုင်တဲ့အရာတွေ၊ ဒါမှမဟုတ် မရဏလောကက လူတစ်ယောက်နဲ့ ဆက်စပ်နေတာတွေကြောင့် ဖြေရှင်းစရာ မလိုတဲ့ဖြစ်ရပ်တွေအဖြစ် အကဲဖြတ်ခံရတယ်။
ပြီးနောက် ဖြေရှင်းဖို့လိုအပ်တဲ့ဖြစ်ရပ် ၁၆ခု ကိုဖွင့်ကြည့်လိုက်တယ်။ ခပ်မြန်မြန်လေး ကြည့်ပြီးတဲ့အခါ အဲဒီဖြစ်ရပ်တွေကို အသေးစိတ် မကြည့်တော့ဘဲ အစောဆုံးဖြစ်ရပ်ကို ရွေးလိုက်တယ်။
ရွေးလိုက်ပြီးတဲ့အခါ ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်တယ်။
အခုအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လူအရေအတွက်က ၈သိန်းကျော်ရှိနေပြီး သူပေါ်လာတာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုခန်းမက ချက်ချင်းပဲ မြိုင်ဆိုင်လာခဲ့တယ်။
ကြည့်ရှု့သူ A-"စတွင်မာရေ၊ ငါတင်လိုက်တဲ့ စာကိုမြင်လား? ဒီစာရေးဖို့အတွက် ငါတစ်သက်လုံးရဲ့ ပညာတွေကို အကုန်သုံးခဲ့ရတယ်"
ကြည့်ရှု့သူ B-"ဟုတ်တယ်၊ ဒီနေ့ 'ရှင်းဟွမ်အဘိဓာန်'တစ်အုပ်ဝယ်ခဲ့တယ်၊ အကြောင်းက ဒီလောက်နှစ်တွေ အကြာကြီး စာနဲ့ ဝေးနေတော့ စာလုံးတစ်လုံး မှားသုံးမိရင် စတွင်မာရယ်မှာစိုးလို့!"
ကြည့်ရှု့သူ C-“ စတွင်မာ၊ ငါလည်း ဒီနေ့ စာစောင်တစ်ခုတင်လိုက်တယ်။ မလုံလောက်သေးဘူးထင်ရင် အနက်ဖြန် ပိုကြိုးစားဖို့စဉ်းစားနေတယ်၊ နောက်ထပ် အများကြီးတွေးလို့ရသေးတယ်!"
ကြည့်လိုက်စမ်း၊ ကြည့်လိုက်စမ်း... ဒီလိုလူတွေကြောင့်ပဲ တင်သွင်းမှုက ၈သောင်းကျော်ရှိသွားတာပဲ၊ နောက်ဆုံးမှာ တကယ်ဖြေရှင်းဖို့လိုတဲ့ ဖြစ်ရပ်က ဆယ်ကျော်ပဲရှိတာကိုး။
ပရိသတ်တွေလည်း ကျန်းရီရဲ့ တင်းမာနေတဲ့မျက်နှာကိုမြင်ပြီး တစ်ယောက်ပြီးတစ်ယောက် မေးခဲ့ကြတယ်- "စတွင်မာ ဘာဖြစ်နေတာလဲ? တင်လိုက်တဲ့လူတွေက နည်းလို့လား?"
"အိုး၊ မင်းတို့တွေက အရမ်းကို စိတ်မဝင်စားကြဘူးလား?၊ ငါ့ကို ဒီလောက် မထောက်ခံကြဘူးပေါ့?"
"ဘာတွေပြောနေတာလဲ၊ မင်းတို့တင်လိုက်တဲ့ စာတွေ အရမ်းများနေတာဟ! အချက်အလက်တွေအရ တင်ထားတဲ့ ဖြစ်ရပ်က ၈သောင်းကျော်ရှိနေပြီး နောက်ဆုံးမှာ တကယ့် သဘာဝလွန် ဖြစ်ရပ်အဖြစ် ၁၆ခုပဲအတည်ပြုနိုင်တယ်! လာစမ်း၊ လာစမ်း၊ မင်းတို့အခု ငါ့စိတ်ထဲ ဘယ်လိုနေလဲဆိုတာပြောစမ်းပါဦး?"
ကျန်းရီ ပြောလိုက်တာနဲ့ ပရိသတ်တွေ ရှက်သွားခဲ့ကြတယ်။
ဒါပေမယ့် ကျန်းရီက ဆက်မပြောတော့ဘဲ ဖြစ်ရပ်အပေါ် အာရုံစိုက်လိုက်တယ်- "တင်ထားတဲ့ဖြစ်ရပ် ၈သောင်းကျော်မှာ ဖြေရှင်းဖို့လိုတဲ့ဖြစ်ရပ် ၁၆ခုပဲရှိပေမယ့် အခုအချိန်အတွက်တော့ ဒီဖြစ်ရပ် ၁၆ခု ဆိုတာ မိတ်ဆွေ၁၆ယောက်က သရဲနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုလိုတာပဲ။ ငါအရင်ညကပြောခဲ့သလိုပဲ ညတိုင်း တင်ထားတဲ့ ဖြစ်ရပ်၂ခုကိုရွေးပြီး ဖြေရှင်းပေးမယ်၊ ဒါ့အပြင် ကြုံရာ ဖြစ်ရပ်တွေက ဖြစ်လာခဲ့ရင်လည်း ဖုန်းနဲ့ ဖုန်းချက်ချင်းဖြေပေးမယ်"
"တင်လိုက်တဲ့ ဖြစ်ရပ်တွေကို တင်လိုက်တဲ့ အချိန်အလိုက်သတ်မှတ်တာမို့ ပထမဆုံး ရွေးလိုက်တဲ့ဖြစ်ရပ်က ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက 'ဘေဘီမငိုနဲ့'ဆိုတဲ့ နာမည်နဲ့မိတ်ဆွေပါ။ အဲ့ဒီမိတ်ဆွေ...ရှိလား?"
ကျန်းရီမေးလိုက်တော့ ချက်ချင်းပဲ ထိုလူရဲ့ ပြန်ကြားချက်ကိုမြင်လိုက်ရတယ်- "ဒီမှာရှိပါတယ်၊ စတွင်မာ ကျွန်တော့် ဖြစ်ရပ်တွေ အကုန်ဖတ်ပြီးပြီလား?"
"ငါ တစ်ချက်ပဲ ကြည့်လိုက်တာပါ။ ငါ့အမြင်တော့ မင်းနှုတ်တိုက် ရှင်းပြတာက ပိုကောင်းမယ်ထင်တယ်။ မင်းနှုတ်နဲ့ ပြောလိုက်ရင် တင်လိုက်တဲ့ စာထဲမှာ ရှင်းမပြတဲ့ အရာတွေပိုပြောနိုင်မယ်"
"အိုကေ၊ အခုဖုန်းခေါ်လိုက်မယ်"
"အဆင်ပြေရင် ဗီဒီယိုခေါ်လိုက်ပါ"
"ဟုတ်ကဲ့ပါ"
ဘေဘီမငိုနဲ့က တိုက်ရိုက်ပဲ ဗီဒီယိုခေါ်ဆိုမှုပို့လိုက်တယ်။
ကျန်းရီက ချိတ်ဆက်လိုက်တဲ့အခါ အခြားဘက်မှာ ပင်ပန်းနွမ်းနယ်နေပုံ ရတဲ့ သူတစ်ယောက်ရှိနေတယ်။ သူက အရမ်းပိန်နေပြီး အချိန်ကြာမြင့်စွာ အနားမရခဲ့သလိုပုံပေါ်နေခဲ့တယ်။
"မင်္ဂလာပါစတွင်မာ၊ ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှုခန်းမထဲက မိတ်ဆွေအားလုံးလည်း မင်္ဂလာပါ။
ကျွန်တော့်ကို အာဘို လို့ခေါ်လို့ရပါတယ်။
ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကို ရောက်တာ ရက်အနည်းငယ် ရှိပါပြီ။
ဒါပေမယ့် စတွင်မာကို ငါ့အကြောင်းတွေ ပြောပြဖို့ တွေဝေနေမိခဲ့တယ်။
မနေ့က တင်ပြမှု လမ်းကြောင်း ပေါ်လာတဲ့အထိပေါ့၊ တကယ်တော့ အစမ်းသဘောလောက်ပဲ ရေးကြည့်ခဲ့တာ၊ ရွေးချယ်ခံရမယ်လို့ မထင်ခဲ့ဘူး။
ကောင်းပြီ ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ဓလေ့တွေကို သိပါတယ်။
ကျွန်တော် အလုပ်ထွက်ပြီး အိမ်မှာ အလုပ်လုပ်နေပါတယ်။
အရင်က ရုံးဝန်ထမ်းတစ်ယောက်ပါ"
အာဘိုက အရင် အတိုချုပ် မိတ်ဆက်လိုက်တယ်၊ ကျန်းရီက ခေါင်းညိတ်လိုက်ပြီး "မင်းအကြောင်းကို ပြောပါ"လို့ ပြောလိုက်တယ်။
"ဟုတ်ကဲ့၊ တိတိကျကျပြောရရင် အကြောင်းအရင်း စခဲ့တာက ပြီးခဲ့တဲ့ လအလယ်လောက်ကစခဲ့တာပါ။ ပြီးခဲ့တဲ့လအစောပိုင်းမှာ ကျွန်တော့်ဇနီးက ကလေးမွေးဖွားခဲ့တယ်။ မူလက ဒီလိုအရာမျိုးက အတော်လေး ဝမ်းသာစရာကောင်းတဲ့အရာပါ...။ ကျွန်တော့်အသက်ကိုကြည့်ရင် ကျွန်တော့်ရဲ့ အသက်က အိမ်ထောင်ပြုတာ နောက်ကျတယ်လို့ဆိုနိုင်တယ်"
"လူတွေပြောသလိုပဲ အမျိုးသား တစ်ယောက်က အသက်၃၀မှာ ရပ်တည်နိုင်နေပြီလို့။
ကျွန်တော်အခုအသက် ၃၀ရှိပါပြီ၊ ကိုယ့်ကိုယ်ကိုယ် မတိုးတက်လာရင်တောင်မှ ကျေနပ်နေပါတယ်။
ကျွန်တော့်မှာ တည်ငြိမ်တဲ့ အလုပ်အကိုင်ရှိတယ်၊ အခုဆို ဇနီးနဲ့ ကလေးလည်း ရှိနေပြီ။
အိမ်နဲ့ကားလည်း ရှိတယ်။
ဘဝရဲ့ အရေးအကြီးဆုံး အရာတွေ အကုန်လုံးလုပ်ပြီးပြီလို့ပြောလို့ရပါတယ်။
ဒါပေမယ့် အဲဒီနေ့ကစပြီး အရာအားလုံး ပြောင်းလဲသွားခဲ့တယ်"
"ခုနကပြောသလိုပဲ ကျွန်တော့်ဇနီးက ပြီးခဲ့တဲ့လအစောပိုင်းမှာ ကလေး မွေးဖွားခဲ့တယ်။
ဒီမှာရှိတဲ့ ဓလေ့တစ်ခုက မိသားစု တစ်ခုမှာကလေးမွေးဖွားရင် များသောအားဖြင့်...
ဆွေမျိုးမိတ်ဆွေတွေ အများကြီး လာလည်တတ်ကြတယ်၊ ဒါပေမယ့် လာလည်တဲ့လူတွေထဲမှာ ကျွန်တော့်ဇနီး အခန်းထဲ ဝင်ခွင့်မရှိတဲ့သူတွေ၊ ကလေးကို ကိုင်ခွင့်မရှိတဲ့သူတွေရှိတယ်။
"အိုး? ဘယ်လိုလူတွေလဲ?"
"ဓမ္မတာလာနေတဲ့အမျိုးသမီးတွေပါ၊ တကယ်တော့ အစကတော့ ဒါဟာ ဘာသာရေးအရ အယူသီးတာပဲလို့ ထင်ခဲ့တယ်။
အမျိုးသမီးတွေ ဓမ္မတာ လာတာက ပုံမှန်ဇီဝကမ္မဆိုင်ရာ သဘာဝဖြစ်စဉ်ပဲလေ။
ကောလိပ်ပြီးထားတဲ့ လူတစ်ယောက်အနေနဲ့ တစ်ခါတလေ ဒါကို လှောင်ပြောင်ကြည့်တတ်တယ်။
လုံးဝမယုံခဲ့ဘူး။
ဒါပေမယ့် ကလေးမွေးပြီးနောက်ပိုင်း လုံးဝ မယုံလို့ မရနိုင်တော့ဘူး"
"ဘာလို့လဲဆိုတော့ ဒါက ကျွန်တော့်ကလေးလေ။
ကျွန်တော့်ဇနီး ၁၀လတိုင်အောင် ခံစားပြီးမှ မွေးဖွားပေးခဲ့တဲ့ကလေး။
ကျွန်တော်မယုံချင်ရင်တောင် ကလေးရဲ့ ဘေးကင်းမှုကို လျစ်လျူမရှုရဲဘူး။
ဒါကြောင့် အမေပြောတဲ့အခါ ကျွန်တော် တစ်ခါတောင် မတွေးဘဲ
ကန့်ကွက်ခဲ့တယ်။
ဒါက အတ္တဆန်ကောင်း ဆန်နိုင်လိမ့်မယ်။
သူများပြောရင် ငါလှောင်ပြောင်တယ်၊ ဒါပေမယ့် ကိုယ့်ခေါင်းပေါ် ရောက်လာရင်တော့ လျစ်လျူမရှုရဲဘူး။ အာဘို ပြောပြီးတဲ့အခါ သူ့ကိုယ်သူ လှောင်သလိုရယ်မောလိုက်တယ်၊ ကျန်းရီက မေးလိုက်တယ်-
“ဒီလိုလူကြီးတွေဆီက ဆင်းသက်လာတဲ့ စည်းမျဉ်းကို မင်းတစ်ခါမှ မဖီဆန်ခဲ့ဘူးလား?"
"မဖီဆန်ခဲ့ဘူး။ ဘာမှတော့ မလုပ်ခဲ့ဘူး။ စိတ်ထဲမှာပဲ ဒီလိုပြောတာကိုကန့်ကွက်တာ"
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး "ဒါဆို မင်းကြုံတွေ့ရတာက ဓမ္မတာလာနေတဲ့ အမျိုးသမီးတစ်ယောက်က မင်းဇနီးရဲ့ မီးနေခန်းထဲဝင်သွားတာလား?"
"ဟုတ်တယ်၊ အဲဒီနေ့ကစပြီး ကျွန်တော့်မျက်နှာက ဒီလိုဖြစ်လာတယ်။ စတွင်မာ မြင်တဲ့အတိုင်းပဲ၊ ကျွန်တော် နေ့တိုင်း အချိန်မှန်အိပ်၊ အချိန်မှန်ထတယ်၊ ဒါပေမယ့် အဲဒီနေ့ကစပြီး ကျွန်တော့်မျက်နှာက ဒီလိုဖြစ်လာတယ်။ စတွင်မာ အရင်က ဖြေရှင်းခဲ့တဲ့ ဖြစ်ရပ်တွေမှာ တစ်ချို့လူတွေရဲ့မျက်နှာက ကျွန်တော့်လိုပဲရှိနေတယ်လား?"
"သူတို့မျက်နှာတွေက မည်းနေတယ်၊ မျက်လုံးတွေ ချိုင့်ဝင်နေတယ်၊ ခန္ဓာကိုယ်တွေ ပိန်လာတယ်။ ကျွန်တော့်လိုပဲ၊ စတွင်မာ... ကျွန်တော် မသေချင်သေးဘူး၊ တကယ်မသေချင်ဘူး၊ ဒါပေမယ့် ကျွန်တော်မမြင်ဖူးသေးဘူး...!"