← Chapters

အနီရောင်ဝတ်ဆုံနဲ့ စက္ကူအရုပ်

Vol. 18 Ch. 248

အနီရောင်ဝတ်ဆုံနဲ့ စက္ကူအရုပ်

Vol. 18 Ch. 248

တိုက်ရိုက်ထုတ်လွှင့်ခန်းက ခဏလောက် တိတ်ဆိတ်သွားခဲ့တယ်။

တိတ်ဆိတ်မှုအပြီးမှာ ကျန်းရီက မသိလိုက်ဘဲ ချောင်းနှစ်ချက် ဆိုးလိုက်မိတယ်။

သူချောင်းဆိုးလိုက်တာနဲ့ ဗီဒီယိုထဲက အာဘိုက တုန်ရီလာခဲ့တယ်။

သူ့ကိုဒီလိုမြင်တဲ့အခါ ကျန်းရီက - "တောင်းပန်ပါတယ်၊ ငါအဲဒီလောက် မတွေးမိခဲ့ဘူး။

တကယ်တော့ မင်းစိတ်ပူနေမှာပဲ၊ မင်းလည်း ရုတ်တရက်ကြီး ဓားကိုင်ပြီး 'သတ္တဝါအားလုံး နှုတ်ဆိတ်နေတော့ ငါကောင်းကင်ကို တက်မယ်' ဆိုပြီး အော်နေမှာကို ကြောက်နေတာမလား?"

"..."

"ကောင်းပြီ၊ မင်းမှာ အဲဒီလိုစိုးရိမ်စိတ် ရှိမရှိဆိုတာက အခု အရေးမကြီးတော့ဘူး။

အရေးကြီးတာက မင်းရဲ့ ကလေးထိန်းအစ်မ သေဆုံးသွားတဲ့အချိန်ကစပြီး မင်း စိတ်မချမ်းသာ ဖြစ်နေတယ်။

ဒါ့အပြင် အခုမင်းကိုယ်ခန္ဓာကလည်း ပိုပြီးပိန်လာတယ်၊ ဒီကိစ္စကို အဆုံးသတ်ဖို့ လိုတယ်ဆိုတာ မင်းနားလည်နေပြီ။

ဒါပေမယ့် အာဘို၊ မင်း ကလေးထိန်းအစ်မရဲ့ မိသားစုကို သွားပြီးတွေ့ဖူးလား?"

အာဘိုက ခေါင်းခါလိုက်တယ် - "မတွေ့ဖူးဘူး၊ သူမရဲ့မိသားစုကိုတောင် ကြောက်လို့မတွေ့ရဲခဲ့ဘူး။ သူမက ငါ့မိသားစုအတွက် အလုပ်လုပ်ရင်း သရဲ အခြောက်ခံရတာလို့ သူတို့ထင်သွားမှာ စိုးတယ်။ အဲဒီလိုဆိုရင် ငါက....."

"ကလေးထိန်းအစ်မရဲ့ မိသားစုကို အခုရှာလို့ရမလား?"

"မသိဘူး၊ ဒါပေမယ့် ရနိုင်မယ်ထင်တယ်။ ကလေးထိန်းအစ်မက အိမ်တွင်းအလုပ်အကိုင် ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်။ သူတို့ကို ဖုန်းဆက်မေးရင် မိသားစုကို ဆက်သွယ်ဖို့ ဖုန်းနံပါတ် ရနိုင်မယ်ထင်တယ်"

"ဒါဆို ဖုန်းဆက်ပြီးမေးကြည့်လိုက်ပါ"

အာဘိုက ဖုန်းဆက်လိုက်တယ်၊ ပထမဆုံး အိမ်တွင်းအလုပ်အကိုင်ကုမ္ပဏီကို ဆက်ပြီး ဖုန်းနံပါတ်တောင်းကာ ကျန်းရီကို ပေးလိုက်တယ်။

ကလေးထိန်းအစ်မရဲ့သားကို ဖုန်းဆက်လိုက်တဲ့အခါ အခြားတစ်ဖက်က ရှုပ်ထွေးနေသံနဲ့မေးလိုက်တယ် - " ဘယ်သူပါလဲ?"

"မင်္ဂလာပါ၊ ကျွန်တော့်နာမည် ကျန်းရီ ပါ။

ကျွန်တော်ကို... အထူး သဘာဝလွန် အေဂျင်စီတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးလို့ နားလည်လို့ရပါတယ်။

တကယ်လို့ ကျွန်တော့်အကြောင်း သံသယရှိရင် ချက်ချင်း ဒေသရဲစခန်းကို ဆက်သွယ်ပြီး အတည်ပြုနိုင်ပါတယ်။

ကျွန်တော် ခင်ဗျားကို ဖုန်းဆက်ရတဲ့ အကြောင်းက... ခင်ဗျားရဲ့ အမေ အကြောင်းကို ပိုမိုသိရှိဖို့ပါ။

ခင်ဗျားလည်း သူတို့အကြောင်း စိတ်ထဲမှာ အမြဲသံသယရှိနေမှာပဲလို့ ထင်ပါတယ်၊ ဟုတ်တယ်မလား?"

"ကျွန်တော်ကို ကူညီနိုင်မလား? (သို့မဟုတ်) သူတို့ဘာကြောင့်သေရတာလဲ ရှင်းပြနိုင်မလား? ကျွန်တော့်အမေ၊ ဘိုးဘွားတွေ၊ ဘိုးဘေးတွေ ထဲမှာတောင် စိတ်ရောဂါဖြစ်ဖူးတဲ့သူ တစ်ယောက်မှ မရှိဘူး။ ကျွန်တော် မယုံနိုင်ဘူး၊ အမေ့လိုသူမျိုးက အဲ့လိုအလုပ်မျိုး လုပ်မယ်ဆိုတာ တကယ်ကို မယုံကြည်နိုင်ဘူး!"

ကျန်းရီက မိမိကိုယ်ကို အကျယ်တဝင့် မိတ်ဆက်ဖို့မလိုတော့ဘဲ၊ ဖုန်းတဖက်က လူဟာ ဒီကိစ္စတွေကို သူ့ထက်ပိုပြီး နားလည်ချင်နေပြီဖြစ်သည်။

"ကျွန်တော့်အိမ်မှာ အသုဘက အခုထိ ရှိနေသေးတယ်၊ မိဘနှစ်ပါးကို သင်္ဂြိုဟ်ဖို့တောင် အချိန်မရသေးဘူး။

ဒါပေမယ့် ကျွန်တော်ဘယ်လိုမှ လက်မခံနိုင်သေးဘူး။

အမေက တစ်သက်လုံး အလုပ် ကြိုးစားခဲ့တဲ့သူ၊ အဖေကိုလည်း တစ်ခါမှ မဆန့်ကျင် ဖူးတဲ့သူပါ။

ဘာလို့များ အားနည်းနေချိန်မှာတောင် ဒီလိုရက်စက်စွာ အဖေရဲ့ဦးခေါင်းကို ကြက်ဘဲသတ်သလို ဖြတ်တောက် ပစ်နိုင်တာလဲ!"

ဖုန်းဖက်က လူသည် စိတ်လှုပ်ရှားလွန်ပြီး ငိုယိုလာခဲ့သည်။

ကျန်းရီက စိတ်သက်သာစေမည့် စကားဆိုလိုက်သည်- " ခင်ဗျားအမေရဲ့ ကိစ္စအတွက် စိတ်မကောင်းပါဘူး။

ကျွန်တော်လည်း အခုမှကြားရတာပါ။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သေဆုံးသူတွေက ကွယ်လွန်သွားခဲ့ပြီ။

ခင်ဗျားလုပ်နိုင်တာက ဒါကို ရင်ဆိုင်ဖို့ပဲ။

တကယ်တော့ ဒီဖုန်းခေါ်ရတဲ့ အကြောင်းက... အမေဖြစ်သူ မသေဆုံးခင်တုန်းက တစ်ခုခု ထူးဆန်းတဲ့ အပြုအမူတွေ ရှိခဲ့လား မေးဖို့ပါ"

"အဲ့အချိန်တုန်းက အမေက အရမ်းထူးဆန်းနေခဲ့တယ်။

အရင်က ကုမ္ပဏီက ချီဒုန်းမြို့က အိမ်တစ်အိမ်မှာ ကလေးထိန်းအဖြစ် အလုပ်လုပ်စေခဲ့တာ။

ဒါပေမယ့် ရက်အနည်းငယ် အလုပ် လုပ်ပြီးနောက် သူမက အဲ့အိမ်မှာ မသန့်ရှင်းတဲ့အရာတွေမြင်တယ်ဆိုပြီး အိမ်ပြန်ချင်တယ်လို့ ပြောခဲ့တယ်။

သားတစ်ယောက်အနေနဲ့ ကျွန်တော်က ကန့်ကွက်စရာ မရှိဘူးလေ။

ဒါ့အပြင် အခုချိန်မှာ ကျွန်တော်တို့ မိသားစုရဲ့ ငွေရေးကြေးရေးအခြေအနေကလည်း အရမ်းဆိုးတာမဟုတ်တော့ သူမကို အဲ့လိုပင်ပန်းတဲ့အလုပ်မျိုး ထပ်မလုပ်စေချင်ဘူး"

"ဒါပေမယ့် အိမ်ရောက်ပြီးနောက် သူမက တစ်ယောက်တည်း ဘာမှမလုပ်ချင်တော့ဘူး။

အထူးသဖြင့် ညဘက်တွေမှာ သူမက အမြဲကြောက်နေတယ်လို့ ပြောတယ်။

ညဘက်​တွေမှာ မီးပိတ်လို့မရဘူး။

အိမ်တစ်အိမ်လုံးက မီးတွေကို ပိတ်လိုက်ရင် သူမအတွက် မဖြစ်မနေ ပြန်ဖွင့်ပေးရတယ်။

မတော်တဆဖြစ်တဲ့နေ့မှာ အဖေက ဦးလေးအိမ်မှာ ဧည့်ခံပွဲရှိလို့ သွားရတာပါ။

အမေကလည်း အစကတော့ အတူတူ သွားမယ်လို့ပြောခဲ့တာ၊ ဒါပေမယ့် နောက်ပိုင်းမှာ ဘာဖြစ်သွားလဲမသိ၊ မသွားဖြစ်တော့ဘူး"

"မနက်ခင်းကနေ မွန်းလွဲအထိ အမေက သူမရဲ့အခန်းတံခါးကို သူ့ဘာသာသူ ပိတ်ထားပြီး အတွင်းမှာ ပစ္စည်းတွေ တော်တော်များများကို ယူထားတယ်။

"သူမက ဘာလုပ်ခဲ့တာလဲ?"

"အနီရောင် အဝတ်တစ်ထည်ယူပြီး စက္ကူလူရုပ်ပေါ်မှာ ဝတ်ထားခဲ့တယ်။ သူမဘယ်လိုလုပ်ခဲ့တာလဲ ကျွန်တော်မသိဘူး။ ပုံမှန်ဆို သူမလက်တွေက ဒီလောက် ကျွမ်းကျင်တာမဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီစက္ကူလူပုံကို သပ်သပ်ရပ်ရပ် လုပ်ထားတယ်၊ ပြီးတော့ ပါးလွှာတဲ့ စက္ကူချပ်ကို မတ်မတ်ထားပြီး ကျွန်တော်တို့ ဧည့်ခန်းနံရံမှာ မှီထားတယ်"

"သူမက အဲ့ဒီအရာတွေလုပ်ပြီးနောက်မှ ထွက်လာတာလား၊ ဒါမှမဟုတ် အခန်းထဲမှာ ခဏနေသေးတာလား ကျွန်တော်မသိဘူး။

ဘာပဲဖြစ်ဖြစ် အခန်းထဲမှာ စက္ကူစတွေ ကြဲနေတယ်။ အိုး၊ မှတ်မိသေးတယ်... သူမက သူမရဲ့ဆံပင်တွေကိုလည်း ဖြတ်ပြီး စက္ကူလူရဲ့ခေါင်းမှာ ကပ်ထားတယ်။

သူမက ဆံပင်ရှည်ကြီး ရှိပေမယ့် နောက်ပိုင်း ပခုံးအထိ ညှပ်လိုက်တယ်..."

"ဒါဆို သူမက 'သတ္တဝါအပေါင်းတို့ နှုတ်ဆိတ်နေတော့ ငါကောင်းကင်ကို တက်မယ်' ဆိုတဲ့စကားမျိုး အရင်က ပြောဖူးတာ ကြားဖူးလား?"

"ဟင့်အင်း၊ အဲ့လို ပြောဆိုတာကို တစ်ခါမှ မကြားဖူးဘူး။ ဒီစကားရဲ့အဓိပ္ပာယ်ကိုတောင် နားမလည်ဘူး။ စာသားအရဆိုရင် ဘယ်သူမှ စကားမပြောရင် သူမကောင်းကင်တက်မယ်လို့ ဆိုလိုတာလား? ကောင်းကင်ကို တက်တယ်ဆိုတာက သေဆုံးတာနဲ့တူတယ်။ ဒါဆို အမေက တခြားသူတွေ စကားမပြောဖို့ ပြောနေတာလား?တခြားသူတွေ စကားပြောလိုက်ရင် သူမ သေဆုံးသွားမှာမို့လို့လား?"

"ပိုပြီး နက်နဲတဲ့ အဓိပ္ပာယ် မရှိဘူးဆိုရင် ဒီစာသားအတိုင်းပဲဖြစ်မယ်"

ဖုန်းတစ်ဖက်က ကလေးထိန်းအစ်မရဲ့ သားသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး တုန်ယင်နေသောအသံဖြင့် ကိုယ့်ဘာသာကိုယ် ပြန်ပြောသည်- "ဘယ်လိုဖြစ်နိုင်မလဲ... သူမကိုယ်တိုင် ပြေးထွက်ပြီး ဒီလို အော်နေခဲ့တာ။

သူမကိုမြင်တဲ့အချိန်မှာ ဘယ်သူမှ တားလို့မရခဲ့ဘူး

ဒါက သေမင်းနဲ့ တွေ့နေရတဲ့ အခြေအနေပဲ!"

ကျန်းရီ က သူ့ခံစားချက်တွေကို အနည်းငယ် ထုတ်ဖော်ပြောဆိုခွင့်ပေးပြီးနောက် မေးမြန်းခဲ့သည်- "ဒါဆို သူမအိမ်ပြန်မလာခင် အလုပ်ရှင်အိမ်မှာ မြင်ခဲ့တဲ့ အမျိုးသမီးအကြောင်း အသေးစိတ် ပြောပြဖူးလား?"

" ပြောဖူးတယ်၊ အဲ့ညက ကျွန်တော်တို့ မိသားစု ဧည့်ခန်းမှာ တီဗီကြည့်နေတုန်း။

တီဗီမှာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ တစ်ခု ပြနေတယ်၊ အဲ့ဇာတ်လမ်းထဲမှာ အဖြူရောင် ဝတ်စုံဝတ်ထားတဲ့ဇာတ်ကောင်ပါတယ်။

အမေက အဲ့ဇာတ်ကောင်ကိုမြင်တာနဲ့ အဖေ့နားကို သွားကပ်လိုက်တယ်။

သူမပြောတာက အဲ့ညမှာမြင်တဲ့ အဝတ်အစားက အရမ်းညံ့တယ်တဲ့၊ ရုပ်ရှင်ထဲက လူသေတွေဝတ်တဲ့ အဖြူနဲ့တူတယ်တဲ့။

အမေကပြောတာက အဲ့အမျိုးသမီးရဲ့ မျက်နှာတစ်ခြမ်းကိုပဲမြင်ရတယ်၊ ဒါပေမယ့် အဲ့မျက်နှာတစ်ခြမ်းမှာ အနာတွေ အများကြီးရှိတယ်တဲ့။

အရေပြားပေါ်မှာ မီးလောင်ခံထားရသလိုမျိုး အနာတွေပေါ့။ သူမရဲ့လက်တွေကလည်း အရမ်းမည်းနေတယ်၊ မီးလောင်ထားသလို မျိုးတဲ့"

"အမေပြောပြီးတဲ့အခါ ကျွန်တော်က ဟာသလုပ်ပြီး 'အဲ့ဒါ မီးလောင်သေတဲ့သရဲလား' လို့မေးလိုက်တယ်။ အမေက ကျွန်တော့်ကို ချက်ချင်းရိုက်လိုက်တယ်၊ နောက်တော့ ကျွန်တော်လည်း ဘာမှထပ်မပြောတော့ဘူး"

ကလေးထိန်းအစ်မရဲ့သား ပြောပြီးနောက် ကျန်းရီ က ခဏတစ်ဖြုတ် တွေးလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကိုကြည့်ကာ- "ချီဒုန်းမြို့မှာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးတဲ့သူ ဒါမှမဟုတ် မီးလောင်သေဆုံးတဲ့ အမျိုးသမီးတွေ ရှိခဲ့လား? အဖြူရောင်ဝတ်စုံ ဝတ်သူ၊ အသက် ၃၀ ဝန်းကျင်လောက်ရှိသူ။ အိုး...ဒါနဲ့ အာဘို၊ မင်းနေတဲ့ရပ်ကွက်က ဘာနာမည်လဲ?"

"တိုင်ရှန်းဥယျာဉ်။"

"တိုင်ရှန်းဥယျာဉ် ဆိုတာကိုလည်း ထည့်ရှာပေးပါ!"

All Chapters