← Chapters

ယင်-ယန်လမ်း

Vol. 18 Ch. 249

ယင်-ယန်လမ်း

Vol. 18 Ch. 249

စုံစမ်းစစ်ဆေးမှုက ဆက်လက်ရှိနေဆဲဆိုပေမယ့် ကျန်းရီ ကတော့ အချည်းနှီးပဲ မနေခဲ့ပေ။

ကလေးထိန်းအစ်မ၏သား နဲ့ ဖုန်းစကားပြောပြီးတဲ့အခါ၊ သူက အာဘို ကို ဆက်ပြောတယ်- "အာဘို၊ မင်းအခုလေးတင် တိုင်ရှန်းဥယာဥ်အိမ်ရာ ကို ပြန်ရောက်တယ်လို့ ပြောတယ်မလား"

"ဟုတ်ကဲ့ စတွင်မာ အခု ပြန်ရောက်နေပါပြီ"

"ဇနီးနဲ့ကလေးတွေကရော?"

"သူတို့ မပါလာပါဘူး။ ကျွန်တော် ပြန်လာရတဲ့ အကြောင်းက အမေ့က ဆေးရုံကနေ ဆင်းခွင့်ရတော့မယ်လေ၊ သူ ဆင်းဖို့ လုပ်ရမယ့်ကိစ္စတွေအတွက်နဲ့ လာတာပါ။ ဒီမှာ ဆက်နေဖို့တော့ မစဉ်းစားထားဘူး။ ဒါပေမယ့် စတွင်မာက ကူညီပေးနိုင်မယ်လို့ စဉ်းစားမိလို့ အခုလို ရှိနေတာ"

ကြောက်နေပုံရတဲ့ အာဘို ကို ကျန်းရီ က ပြုံးရင်း - " တိုင်ရှန်းဥယာဥ်မှာ ရှိနေရင် ပြီးတာပဲ။ ဒါဆို မေးမယ်၊ ပထမဆုံး မတော်တဆမှုဖြစ်တဲ့ ညအချိန်က မင်းဘယ်လို လာခဲ့တယ်ဆိုတာ မင်းမှတ်မိသေးလား"

"အဲ့ညက ကုမ္ပဏီကနေ အိမ်ကို ပြန်လာနေတုန်း ဖြစ်ခဲ့တာပါ"

"အိုကေ၊ ဒါဆို မင်းကုမ္ပဏီကနေစပြီး၊ အဲ့ဒီအချိန်က ပြန်လာခဲ့တုန်းကအတိုင်း တစ်ပုံစံတည်း အခုပြန်လာခဲ့"

အာဘို က ဒါကိုကြားတော့ ခဏ ကြောင်သွားခဲ့တယ်။ ကျန်းရီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖူးတဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ သူက မေးလိုက်တယ်- " စတွင်မာ အခန်းကနေ နံ့သာတိုင် ထွန်းတာနဲ့ မရဘူးလား?"

"နံ့သာတိုင် ထွန်းတယ်ဆိုတာ ဝိညာဉ်တွေကို ဆင့်ခေါ်တဲ့နည်းပဲ။ ဒီနည်းလမ်းက ဘယ်သူက ဒုက္ခပေးနေတယ်ဆိုတာ သေချာနေမှသာ အဆင်ပြေတာ။ အခုချိန်မှာ ဘယ်သူက မင်းကို နှောက်ယှက်နေမှန်း မင်းမသိသေးဘူး၊ ကိစ္စတစ်ခုလုံးကိုလည်း မင်းနားမလည်သေးဘူး။ ဒါကြောင့် ယင်-ယန်လမ်း ကို ထပ်လျှောက်ဖို့လိုတယ်"

"ယင်-ယန်လမ်း? စတွင်မာ ကျွန်တော့်ကို ငရဲကို သွားခိုင်းတာလား?"

" ယင်-ယန်လမ်း ဆိုတာ ငရဲသွားတဲ့ လမ်းမဟုတ်ဘူး။

ငရဲသွားတဲ့လမ်းဆိုတာ သေပြီးနောက်ဘဝကို သွားတဲ့လမ်း၊ ယင်-ယန်လမ်း ဆိုတာကတော့ မကောင်းဆိုးဝါးတွေ၊ သရဲတွေအတွက် ဖွင့်ပေးထားတဲ့လမ်းပဲ။

မင်းအဲ့လမ်းကို ထပ်လျှောက်မယ်ဆို၊ ငါ့ကို နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေ ထပ်ရှာတွေ့အောင် ခေါ်ဆောင်သွားနိုင်လိမ့်မယ်"

အာဘို နားလည်သွားသလိုဖြစ်ပြီး သော့ယူကာ အောက်ထပ်ကို ဆင်းသွားလိုက်တယ်။

သူ ထွက်ခဲ့တဲ့ ကုမ္ပဏီဆီကို ပြန်သွားတယ်၊ ကုမ္ပဏီအဆောက်အအုံမှာက မီးတွေ အများကြီး လင်းနေဆဲပဲ၊ အဲ့ဒီအချိန်မှာ အချိန်ပိုအလုပ်လုပ်နေသူတွေလည်း ရှိနေတယ်။ အာဘိုက ကုမ္ပဏီ တံခါးဝကို ရောက်တော့ အတွင်းဝင်ဖို့လုပ်ခဲ့တယ်၊ ကျန်းရီ က "ဒီတံခါးကနေပဲ ပြန်ခဲ့" လို့ပြောလိုက်တယ်။

"ဟုတ်ကဲ့"

အာဘို က ကျန်းရီ ညွှန်ကြားတဲ့အတိုင်း ပြန်လာဖို့ စတင်ခဲ့တယ်။

သူနေတဲ့အိမ်က အလုပ်လုပ်တဲ့ နေရာကနေ သိပ်မဝေးဘူး၊ ဒါကြောင့် လူစုလူဝေးမရှိရင် အာဘို ဟာ စက်ဘီးစီးပြီး အိမ်ပြန်လေ့ရှိတယ်။

အဆောက်အအုံအောက်မှာ အများသုံး စက်ဘီးတွေအများကြီးရှိတယ်။ အာဘို က ကျပန်းယူလိုက်ပြီး အဲ့ညကလိုပဲ အိမ်ကို ဦးတည်စီးလာလိုက်တယ်။

လမ်းကလည်း ဒီလမ်းပဲ။

စီးနင်းနှုန်းကလည်း အဲ့ညနဲ့အတူတူပဲ။

ယာဉ်ရပ်နားရမယ့် မီးပွိုင့်ရောက်ရင် ရပ်ပြီးစောင့်တယ်။

မကြာခင်မှာပဲ အာဘို က တိုင်ရှန်းဥယာဥ်ကို ထပ်ရောက်လာတယ်။

စက်ဘီးကို အပြင်က ရပ်နားရာနေရာမှာ အဲ့ညကလိုပဲ ရပ်ထားပြီး အာဘို က အိမ်ရာထဲကို လမ်းလျှောက်ဝင်လာခဲ့တယ်။

သူနေတဲ့ အဆောက်အဦးကို ရောက်တော့ ဓာတ်လှေကားထဲဝင်လိုက်တယ်။

ဓာတ်လှေကား တံခါးကို ဖွင့်လိုက်တာနဲ့ ဓာတ်လှေကားထဲက ပန်ကာက တဝီးဝီးနဲ့ မြည်နေတယ်။

အတွင်းကနေ လာတဲ့ အေးစက်တဲ့လေကို အာဘို ခံစားမိတော့ ကျန်းရီ ကို ပြန်လှည့်ကြည့်လိုက်တယ်။

ကျန်းရီ က ခေါင်းညိတ်ပြတာကို မြင်တော့ ဝင်သွားပြီး ၁၄ ထပ်ကိုနှိပ်လိုက်တယ်။

တံခါးက ဆူညံသံနည်းနည်းနဲ့ ပိတ်သွားခဲ့တယ်။

ပြသထားတဲ့ အထပ်ရဲ့ နံမှတ်တွေက ဆက်တိုးမြင့်လာတယ်၊ မြန်မြန်ဆန်ဆန်ပဲ ၁၄ ထပ်ကိုရောက်သွားတယ်။

ဓာတ်လှေကားကနေ ထွက်လိုက်တဲ့အချိန် အာဘို က အရမ်း စိုးရိမ်နေခဲ့တယ်။

ကျန်းရီ ကို ထပ်ကြည့်လို​က်တယ်။ ပြီးတော့ သူ့အိမ်ရဲ့တံခါးဆီ လမ်းလျှောက်သွားလိုက်တယ်။

ဒီတခါတော့ အိမ်ထဲမှာ ဘယ်သူမှမရှိတော့ သော့နဲ့ ဖွင့်ရမည်ဖြစ်သည်။

ဒါပေမယ့် သော့ကို သော့ခလောက်ထဲ ထည့်လိုက်တာနဲ့ လှည့်လို့မရတော့ဘူး။

အာဘို က ကျန်းရီ ကို ခေါ်ဖို့လုပ်နေတုန်း မှောင်နေတဲ့ လှေကားထစ်ကြားကနေ ချောင်းဆိုးသံက ထွက်လာခဲ့တယ်။

"သူ ပေါ်လာပြီ!"

အာဘို က အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်၊ ဒါပေမယ့် ကျန်းရီက ချက်ချင်းပဲ - "ဓာတ်လှေကားဆီ ပြန်သွား"

ကျန်းရီ ပြောလိုက်တာနဲ့ အာဘို က ဓာတ်လှေကားခလုတ်ကို ထပ်နှိပ်တယ်။

ဒါပေမယ့် ထူးဆန်းတာက ဒီည ဓာတ်လှေကားနှစ်ခုရဲ့ ပြသထားတဲ့ နံပါတ်တွေက ၈ နဲ့ ၄ ဖြစ်နေတယ်။

အဲ့ညတုန်းက အာဘို က နံပါတ် ၈ ပြနေတဲ့ ဓာတ်လှေကားကို စီးခဲ့တယ်။ သူက ၁၄ ထပ်မှာနေတာဆိုတော့ နံပါတ် ၈ ဓာတ်လှေကားက ပထမဆုံးထွက်လာခဲ့တယ်။

ဒီညလည်း အလားတူပဲ၊ အာဘို က နံပါတ် ၈ ပြနေတဲ့ ဓာတ်လှေကားထဲဝင်သွားလိုက်တယ်၊ ဒါပေမယ့် ကွာခြားချက်က ဒီတခါတော့ အာဘို ကို ဘယ်သူမှ ဆွဲမသွင်းခဲ့ဘူး။

ဓာတ်လှေကားထဲမှာတော့ အလွန် အေးစက်နေဆဲပဲ၊ တိုက်ရိုက်ထုတ်လွှင့်ခန်း ထဲမှာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်၊ အာဘို ရဲ့လက်မောင်းတွေပေါ်က ကြက်သီးမွှေးညှင်းတွေကိုတောင် မြင်နေရတယ်။

ဓာတ်လှေကားက ၁၄ ထပ်ကနေ ၁ ထပ်ကို ချက်ချင်း ရောက်သွားခဲ့တယ်။

တံခါးဖွင့်လိုက်တာနဲ့ အာဘို က အသက် ပြင်းပြင်းရှူသွင်းပြီး ထွက်လာခဲ့တယ်။

ဒီတခါလည်း ကြောက်နေတုန်းပါပဲ၊ ဒါပေမယ့် သူ့မှာ များပြားလှတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေတာဖြစ်သည်။

ကျန်းရီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို သူကြည့်ဖူးတော့ ကျန်းရီ ရဲ့စွမ်းရည်ကို နားလည်​နေသည်။

ထွက်လာတဲ့အခါ မြေအောက်ခန်းမှာ ဖုန်တွေဖုံးနေတဲ့ ယာဉ်တွေနဲ့ ပြည့်နေဆဲပဲ။

အာဘို ပြောခဲ့တဲ့ ကားနံပါတ်တွေလည်း ရှိနေခဲ့တယ်။

ဒါပေမယ့် အဲ့ဒီအချိန်မှာ အာဘို က အခေါင်းရဲ့ နေရာကို တိုက်ရိုက် ကြည့်နေခဲ့တယ်။

အခေါင်းက ရှိနေဆဲပဲ!

ဒါပေမယ့် ကျန်းရီ ရဲ့မျက်လုံးတွေလည်း တင်းကျပ်သွားခဲ့တယ်။

"အာဘို၊ အဲ့ဒီအခေါင်းကို သွားစစ်ဆေးကြည့်"

အာဘို က ခေါင်းညိတ်လိုက်ပြီး အခေါင်းဆီ လျှောက်သွားလိုက်တယ်။ အခေါင်းနားကို ချည်းကပ်လိုက်တာနဲ့အမျှ ပတ်ဝန်းကျင်က အအေးဓာတ်က ပိုဆိုးလာခဲ့တယ်။

သူ့လက်ကို အခေါင်းရဲ့အဖုံးမှာတင်ပြီး အားနဲ့ဆွဲမလိုက်တယ်။

အရင်တုန်းက စောင်နဲ့ပဲ ဖုံးအုပ်ထားဆဲပဲ၊ ဒါပေမယ့် ဒီတခါတော့ ဆံပင်ရှည်တွေ ထွက်နေတာမျိုးတော့ မရှိဘူး။

အာဘိုက အသက်ပြင်းပြင်းထပ်ရှူသွင်းပြီး သွားကြိတ်ကာ စောင်ကို ဆွဲခွာလိုက်တယ်။

ဒါပေမယ့် စောင်ကိုဆွဲခွာပြီး အခေါင်းထဲမှာ လဲလျောင်းနေတဲ့သူကို ကြည့်လိုက်တဲ့အခါ အာဘိုခင်ဗျာ ထိန်းချုပ်လို့ မရအောင်ပင် ထိတ်လန့်သွားပြီး အော်လိုက်တယ်-“ဘယ်လိုဖြစ်နိုင်မှာလဲ...!"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူတွေ ကလည်း ဒီအခိုက်အတန့်မှာ လုံးဝကို ​ပေါက်ကွဲသွားခဲ့တယ်!

ကြည့်ရှု့သူ A-" သေစမ်း၊ ဒါဘယ်လိုဖြစ်နိုင်မှာလဲ!"

ကြည့်ရှု့သူ B-"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါတို့ အမြင်တွေ ဝေဝါးနေတာပဲ ဖြစ်ရမယ်။ အဲ့ဒီမှာ လဲနေတဲ့သူက စတွင်မာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"

ကြည့်ရှု့သူC-" ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို ရောက်လာရင် သရုပ်မှန်ကို ပြရမှာ မဟုတ်ဘူးလား? ဘာလို့ အခု စတွင်မာကို မြင်နေရတာလဲ?!"

အခေါင်းထဲက ကျန်းရီက တကယ်ကို သနားစရာကောင်းနေတယ်၊ အရေပြားက မည်းနက်နေပြီး ပါးပြင်တွေက ချိုင့်ဝင်နေကာ သေတာကြာပြီဖြစ်သလို ပုံပေါ်နေခဲ့တယ်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာလိုမျိုး ချောမောလှပတဲ့ ပုံမျိုး မဟုတ်နေဘူး။

အခေါင်းထဲက သူ့ကိုယ်သူကြည့်ရင်း ကျန်းရီ က သူ့ကိုယ်သူ ချီးကျူးလိုက်မိတယ်။

"ငါသေပြီးရင် ငါဘယ်လိုပုံ ဖြစ်မယ်ဆိုတာ မစဥ်းစားရသေးဘူး၊ မင်းက ငါ့ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ အရမ်းကောင်းတယ်၊ တကယ် လက်တွေ့ကျတယ်၊ ဒါကြောင့် လူဆိုတာ အသက်ရှည်ရှည် နေသင့်တယ် ဆိုတာကိုလည်း ငါနားလည်သွားတယ်။ ကြည့်လေ၊ လူဆိုတာ ဘယ်လောက်ပဲ ချောချော သေသွားရင် ရုပ်ဆိုးသွားတာပဲ"

"စတွင်မာရေ အခုအချိန်က ကိုယ့်ကိုယ်ကိုယ် ကြွားနေဖို့ အချိန်မဟုတ်တော့ဘူးနော်။ ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းက သရုပ်မှန်ကို ဖော်ထုတ်တယ်မလား? ဘာလို့ အခေါင်းထဲမှာ ဒီလိုဟာမျိုး လဲနေရတာလဲ? မဟုတ်ပါဘူး... ဘာလို့များ နောက်ထပ် စတွင်မာတစ်ယောက် လဲနေရတာလဲ?"

"အနီးကပ်ကြည့်လိုက်၊ ဒီတခါ ငါတို့ တွေ့နေရတဲ့သူက သာမာန်ကောင်တော့ မဟုတ်ဘူး"

ကျန်းရီက ပြောနေရင်း ခနဲ့လိုက်တယ်၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက တွေ့နေရတဲ့ အခေါင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။

ချက်ချင်း ဖုန်မှုန့်တွေအဖြစ် ပြိုကွဲသွားသလိုပဲ၊ ဒါပေမယ့် မြေအောက် ကားပါကင်ထဲက ကားအားလုံးရဲ့ သတိပေးအချက်ပြသံတွေ အဲ့ဒီအချိန်မှာ မြည်လာခဲ့တယ်။

အသံတွေက အရမ်းကို စူးရှနေခဲ့တယ်၊ ဒါပေမယ့် အဲ့ဒီစူးရှမှုထဲတွေမှာ ရှင်းလင်းတဲ့ ချောင်းဆိုးသံတစ်သံပါနေခဲ့တယ်။

"လုံလောက်ပြီ! လုံလောက်ပြီ!"

All Chapters