ကောင်းကင်ကို တက်ပြီးရင် ငါ နတ်ဘုရား ဖြစ်လာမယ်
Vol. 18 Ch. 250
“တော်လောက်ပါပြီ”
ဒီစကားကို အော်လိုက်သူကတော့ အမျိုးသား တစ်ယောက်ပါ။ သူကားထဲကနေ ဖြေးဖြေးချင်း ထွက်လာခဲ့ပြီး မျက်နှာပေါ်မှာ ကြောက်ရွံ့တဲ့ အရိပ်အယောင်တွေ ရှိနေခဲ့တယ်။ အာဘိုက သူ့ကိုပဲ စိုက်ကြည့်နေတယ်၊ ကျန်းရီကလည်း သဘာဝအတိုင်း သူ့ကိုပဲ စိုက်ကြည့်နေတယ်။ အဲဒီလူက ရှေ့ကိုတိုးလာပြီး ကျန်းရီရဲ့ ရှေ့မှာချက်ချင်း ဒူးထောက်လိုက်တယ်။
"..."
ကျန်းရီက သူ့ကို ဘာမှပြန်မပြောဘဲ မြေအောက်ကားပါကင်ထဲကို အော်လိုက်တယ်- "သတ္တိက ကြီးလှချည်လား၊ ငါ့ကိုတောင် လှည့်စားဖို့ ကြံရဲတယ်။ အခုချိန်ထိ ပုန်းနေဦးမှာလား"
သူစကားပြောလို့ပြီးတာနဲ့ အဖြူရောင် အရိပ်တစ်ခုက မြေအောက်ခန်းရဲ့ ထွက်ပေါက်ဆီကို လျင်မြန်စွာ ပျံထွက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူမရှေ့ကို ထိုးထွက်လိုက်တာနဲ့ တစ်ကိုယ်လုံးက ပြင်းပြင်းထန်ထန် ပြန်ကန်ထွက်လာခဲ့တယ်။ ပြန်ကန်တဲ့အားက အရမ်းပြင်းတော့ သူမကို ကျန်းရီဆီကို ပြန်ပြီး လွှင့်စင်သွားစေခဲ့တယ်။
အာဘိုအိမ်မှာ အလုပ်လုပ်တဲ့ ကလေးထိန်းအစ်မ ပြောတဲ့အတိုင်းပဲ၊ အဖြူရောင် သင်္ဂြိုဟ်ဝတ်စုံတွေနဲ့ လောင်ကျွမ်းနေတဲ့ လက်တွေရှိနေခဲ့တယ်။ ကျန်းရီက အေးစက်တဲ့မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်တဲ့အခါ သူမရဲ့မျက်နှာက အရမ်း ကြောက်စရာကောင်းနေခဲ့တယ်။
ဒါပေမယ့် အဲဒီအမျိုးသမီးက ခေါင်းမာလွန်းတယ်၊ ထလာပြီးတာနဲ့ ထွက်ပြေးဖို့ပဲ ကြိုးစားနေတယ်။ ဒါပေမယ့် ခုနက ကဲ့သို့ပင်၊ သူမထွက်ပြေးလိုက်တာနဲ့ ပြန်ကန်ထွက်လာပြန်တယ်။ သူမက မြေအောက်ခန်းထဲမှာ လက်ကြီး တစ်ချောင်းက ထိန်းချုပ်ထားတယ်လို့ ရှင်းရှင်းကြီးကို ခံစားနေရသည်။ သူမထွက်ပေါက်ဆီကို ပြေးတိုင်း ဒီလက်ကြီးက သူမရဲ့လည်ပင်းကို ဆုပ်ကိုင်ပြီး ပြန်ပစ်လိုက်တယ်။
"ငါက သတ္တဝါအားလုံးရဲ့ စကားတွေ မပါဘဲနဲ့ ကောင်းကင်ကို တက်မယ်။ ကောင်းကင်ကို တက်ပြီးရင် နတ်ဘုရားဖြစ်မယ်! ငါ နတ်ဘုရား ဖြစ်တော့မယ်။ မင်း ငါ့ကို နှိပ်စက်ရဲသေးတယ်လား!"
အမျိုးသမီးရဲ့ မျက်နှာက အရမ်းကို ပုံပြတ်ပန်းပြတ် ဖြစ်နေပြီး မျက်လုံးထဲမှာလည်း ရူးသွပ်တဲ့ အလင်းတန်းတွေ ပြန်ဟပ်နေခဲ့တယ်။
"ရယ်စရာကောင်းလိုက်တာ!"
ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကနေ လက်ကို ဝှေ့ယမ်းလိုက်တယ်၊ တစ္ဆေမရဲ့ ခြေလက်တွေ တစ်ချောင်းချင်း ပျောက်ကွယ်သွားပြီး ကိုယ်ထည် တစ်ခုတည်းသာ ကျန်ရစ်ကာ ကြမ်းပြင်ပေါ် ကျသွားခဲ့တယ်။
"ဘယ်လိုဖြစ်နိုင်မှာလဲ! မင်းက ဘယ်သူလဲ!"
"မင်း နတ်ဘုရား ဖြစ်သွားရင်တောင် ငါက လက်ချောင်းတစ်ချောင်းနဲ့တင် မင်းကို ညှစ်သတ်နိုင်တယ်။ ဒါ့အပြင်ကို မင်းက အခု သိသိသာသာကို အသိစိတ်ရှိနေတာပဲ၊ ဘာလို့ ဒီလိုမျိုး စကားတွေ ဆက်ပြောနေတာလဲ။ တစ်ခါသေတာနဲ့ မလုံလောက်သေးဘူးလား"
"မင်းက ကောင်းကင်က နတ်ဘုရားလား! မင်းက ကောင်းကင်က နတ်ဘုရားလား!"
အမျိုးသမီးရဲ့ မူလ ကြောက်နေတဲ့ပုံစံက ရုတ်တရက် အံ့အားသင့်စရာအဖြစ် ပြောင်းသွားခဲ့တယ်။ သူမရဲ့ကိုယ်က ကြမ်းပြင်ပေါ်မှာ တရွှေ့ရွှေ့နဲ့ ဆက်တိုက် လှုပ်ရှားနေပြီး မျက်လုံးထဲမှာ ရူးသွပ်မှုတွေနဲ့ ပြည့်နေကာ ပြောလိုက်တယ်- "ကျွန်မကို ကောင်းကင်ကိုတက်ဖို့ ကူညီပါ။ နတ်ဘုရား ကျွန်မကို ကောင်းကင်တက်ဖို့ ကူညီပါ။ ကျွန်မက မင်းရဲ့ အရိုသေဆုံး ယုံကြည်သူ တစ်ယောက်ပါ။ ကျွန်မ အရှင်နတ်ဘုရားကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့တာ!”
"တိတ်စမ်း!"
ဒီစကားကို အော်လိုက်သူက ကျန်းရီမဟုတ်ဘဲ၊ ပထမဆုံး ထွက်လာတဲ့ အမျိုးသားပါ။ အမျိုးသားရဲ့ လည်ပင်းမှာ ရှေ့ကနေနောက်အထိ သွေးစက်တွေနဲ့ ပြည့်နေပြီး လမ်းလျှောက်တဲ့အခါ ခေါင်းက လွယ်လွယ်နဲ့ ယိုင်နဲ့နေတဲ့ပုံစံက သူ့ခေါင်းက ဘယ်အချိန်မဆို ကျွတ်ကျနိုင်တယ်ဆိုတာကို လူတိုင်းကို ပြောနေသလိုပါပဲ။
"ဟန်နီရေ...မင်း နိုးထဖို့ အချိန်ရောက်ပြီ။ မင်း ဒုစရိုက်အမှုတွေ အများကြီးလုပ်ခဲ့တယ်။ ငရဲကျရင်တောင် ငရဲက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ အခု ဘာတွေ ထပ်ပြီး အိပ်မက်မက်နေသေးတာလဲ"
"တိတ်ရမှာက နင်ပဲ။ နင်ဘာသိလို့လဲ။ တက်လှမ်းခြင်းနတ်ဘုရားက ကျွန်မကို ကွယ်ကာလိမ့်မယ်။ ကျွန်မက သူ့ရဲ့ အရိုသေဆုံး ယုံကြည်သူ စစ်စစ်တစ်ယောက်ပဲ။ အခု သူပေါ်လာပြီ၊ ကျွန်မရဲ့ ရှေ့မှာပဲ။ ယောကျာ်းရေ... မြန်မြန်ဒူးထောက်လိုက်... မြန်မြန်ဒူးထောက်ပြီး သူ့ကို ရှိခိုးလိုက်။ ငါတို့ နတ်ဘုရားဖြစ်သွားရင် ကြက်ဖြစ်ဖြစ် ခွေးဖြစ်ဖြစ် အမြင့်ဆုံးအဆင့်ထိ တက်နိုင်တယ်"
"ဖြန်း!" အမျိုးသားက လက်မောင်းကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး အမျိုးသမီးရဲ့ မျက်နှာပေါ် ရိုက်လိုက်တယ်။ ဒီလိုရုတ်တရက် လှုပ်ရှားမှုနဲ့အတူ အမျိုးသားရဲ့ခေါင်းလည်း ကြမ်းပြင်ပေါ် ကျသွားခဲ့တယ်။
"ငါသာ မင်းကို ဒီလောက်ကြာအောင် မစောင့်ရှောက်ခဲ့ရင်၊ မင်း ဒုစရိုက်တွေ ထပ်မလုပ်စေဖို့ မတားဆီးခဲ့ရင် ငရဲကမင်းကို လာခေါ်ပြီးတာ ကြာလှပြီ။ အဲဒီ အဓိပ္ပါယ်မရှိတဲ့ တက်လမ်းခြင်း နတ်ဘုရားဆိုတာ အားလုံးက မင်းကို လှည့်စားနေတာ... မင်းကို လှည့်စားတဲ့ သူတွေကလည်း ဒါကိုသိတယ်။ မင်းကို သူတို့ ဦးနှောက်ဆေးထားတာ။ တစ်ခါ သေပြီးတာနဲ့ မင်း သိသင့်ပြီလေ၊ ဒါပေမယ့် ဘာလို့ စွန့်လွှတ်လို့ မရရတာလဲ"
အမျိုးသမီးရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အလင်းတန်းတစ်ခု ဝင်လာခဲ့တယ်။ ကျန်းရီက သူမကို နက်ရှိုင်းစွာ စိုက်ကြည့်ရင်း ပြောလိုက်တယ်- "ဒါပေမယ့် မင်းသူ့ကို စောင့်ရှောက်တယ်ဆိုပေမယ့် ဘာဖြစ်သွားလဲ? တစ်ယောက်ယောက်က သူမဆီကနေ အသတ်ခံရတာပဲမလား?"
"ကျွန်တော်... ကျွန်တော် တောင်းပန်ပါတယ်၊ အဲဒီနေ့... အဲဒီနေ့တုန်းက ကျွန်တော် သတိမထားမိခဲ့ဘူး၊ သူမက ဆင်ခြေဖုံးနားကို သွားပြီး လူတွေကို လှည့်စားခဲ့တယ်။ ကျွန်တော်သိရတဲ့အခါမှာ ပြီးသွားခဲ့ပြီ၊ အခြေအနေကို ပြန်ပြင်လို့မရတော့ဘူး"
အမျိုးသားက ဝမ်းနည်းပူဆွေးနေတဲ့ အနေအထားနဲ့ ကြမ်းပြင်ပေါ် ဒူးထောက်နေရင်း ဆက်ပြောတယ်- "သူမ အသက်ရှင်နေတုန်းက တကယ်ကို ဒီလိုလူမျိုး မဟုတ်ခဲ့ပါဘူး။ သူမနဲ့ အိမ်ထောင်ကျပြီးတာ နှစ်ပေါင်းများစွာရှိပါပြီ။ သူမက မူလကတည်းက ကြိုးစားပမ်းစားရှိတဲ့သူ၊ ချွေတာတတ်၊ ကျေးဇူးသိတတ်တဲ့သူပါ။ ဒါကြောင့်မို့လို့ပဲ ဖြစ်မယ်ထင်တယ်၊ နောက်ပိုင်းမှာ သူမက အပြင်လောကနဲ့ သိပ်မဆက်ဆံခဲ့ရတော့ဘူး။ နောက်ပိုင်းမှာ သူမနဲ့ လူအချို့က တက်လှမ်းခြင်း လူ့အဖွဲ့အစည်းဆိုတဲ့ ဂိုဏ်းတစ်ခုနဲ့ ထိတွေ့ခဲ့ကြတယ်။ အဲဒါက ဂိုဏ်းဆိုးတစ်ခုပါ၊ ဒါပေမယ့် သူမက လျှို့ဝှက်ပြီး အကြိမ်အနည်းငယ် သွားတွေ့ပြီး နောက်ပိုင်းမှာ ဖြေးဖြေးချင်း ပြောင်းလဲလာခဲ့တယ်"
"ကျွန်တော်တို့ မိသားစုအတွက်၊ ကိုယ့်အတွက် ဘာမှ လုပ်ဖို့ မစဉ်းစားခဲ့တော့ဘူး။ တစ်နေ့လုံး နတ်ဘုရားဖြစ်ဖို့၊ ကောင်းကင်တက်ဖို့ပဲ တွေးနေတယ်။ နောက်ပိုင်းမှာ တက်လှမ်းခြင်း ဂိုဏ်းတစ်ခုလုံးကို ရဲတွေက ဖျက်ဆီးလိုက်တယ်။ သူမက အဲဒီ အခြေအနေကို လက်မခံနိုင်ခဲ့ဘူး၊ ဒါကြောင့် ဒီမှာပဲ ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးခဲ့တယ်။ အဲဒီတုန်းက ဒီနေရာကို တိုင်ရှန်းဥယာဥ် လို့ မခေါ်သေးဘူး၊ တိုင်ရှန်းကျေးရွာ လို့ ခေါ်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ မိသားစုတစ်ခုလုံး ပျက်စီးခဲ့ရတယ်!"
"သူမက အရမ်းကို ရိုးသားပြီး ယုံလွယ်တယ်၊ ပြီးတော့ အဆိပ်အရှိဆုံးလည်း ဖြစ်တယ်။ သေတဲ့အချိန်မှာ ဓားနဲ့ ကျွန်တော့်ခေါင်းကို ဖြတ်ပြီး သူမနဲ့အတူ ကောင်းကင်ကို ခေါ်ဆောင်သွားမယ်လို့ ပြောခဲ့တယ်။
ဟားဟား... သူမက အားလုံးကို နားလည်နေခဲ့တာပဲ၊ ဒါပေမယ့် သူမရဲ့ စရိုက်သဘာဝက သူမ မှန်တယ်လို့ ယုံကြည်နေတဲ့ အရာက မှားနေမှန်း သိတာတောင် စွန့်လွှတ်လို့မရအောင် ဖြစ်စေတယ်၊ ဒါကြောင့် ကျွန်တော့်ကို သတ်ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် မီးရှို့သေဆုံးခဲ့တယ်။ သူမက သေပြီးနောက်မှာ ဆက်ပြီး ကောင်းကင်တက်ဖို့ဆိုတဲ့ အရာက အမှန်တရားဆိုတာကို လိုက်စားချင်နေတယ်။ ဟန်နီရေ... မင်း တကယ်တော့ အရင်ကတည်းက နားလည်နေခဲ့တယ်မလား။ ဟုတ်တယ်မလား?။ မင်းက အဲဒီကလေးကို ချော့မြှူတဲ့အခါတုန်းက မင်းရဲ့ အကောင်းဆုံးအခြေအနေကို တမင်တကာ ပြခဲ့တယ်"
"တကယ်တော့ မင်းရဲ့ စိတ်ထားက အဲဒီလောက် ယုတ်မာတဲ့အဆင့် မရောက်ဘူး။ ဒါပေမယ့် မင်းက အဲဒီအရာတွေကို တစ်ခါတလေ သတိရမိတိုင်း စွန့်လွှတ်လို့ မရဘူးမလား။ ငါပြောတာကို နားထောင်၊ ဟုတ်ပြီလား? ဒီက ဆရာကို အမှားဝန်ခံလိုက်ပါ။ ငါမင်းကို ခေါ်သွားပြီး အပြစ်ဒဏ် တူတူခံကြမယ်"
ကြမ်းပြင်ပေါ် ကျနေတဲ့ သရဲထီးရဲ့ ခေါင်းက ကျန်းရီကို အသနားခံတဲ့ပုံစံနဲ့၊ တစ္ဆေမကတော့ ကြောက်စရာကောင်းနေတယ်၊ ဒါပေမယ့် တကယ်တော့ သူမရဲ့မျက်လုံးတွေက တဒုန်းဒုန်းနဲ့ လှုပ်ရှားနေခဲ့ပြီ။
"ဆရာ... သူမကို ခွင့်လွှတ်ပေးပါ။ စိတ်မပူပါနဲ့၊ ကျွန်တော်က သူမကို ခေါ်သွားပြီး အချည်းနှီး သေဆုံးခဲ့ရတဲ့ ဇနီးမောင်နှံကို တောင်းပန်ခိုင်းလိုက်ပါ့မယ်။ ဘယ်လို အပြစ်ဒဏ်ကိုမဆို ကျွန်တော်တို့ ခံယူဖို့ အသင့်ပါပဲ။ သူမကို အခွင့်အရေးလေး တစ်ခုပဲ ပေးပါ"
ကျန်းရီက ဒီဇနီးမောင်နှံကို အေးစက်စွာနဲ့ပဲ ကြည့်နေခဲ့တယ်၊ ဒါပေမယ့် တစ္ဆေထီးကိုလည်း အပြစ်တင်လို့မရဘူး။ နောက်ဆုံးမှာ သူက တစ္ဆေမထက် အားနည်းနေတယ်၊ အာဘို ဒီလောက်ကြာတဲ့ထိ သူ့ကျေးဇူးကြောင့်ပဲ ဒီလောကမှာ ဆက်ရှိနေခဲ့တာ။
မဟုတ်ရင်။ တစ္ဆေမလို ကြမ်းတမ်းတဲ့ စရိုက်နဲ့ဆို ကျန်းရီထင်တာက အာဘိုက ပြီးခဲ့တဲ့လကပဲ သေသွားနိုင်တယ်ဆိုတာပဲ။
"ဘာလို့ အာဘိုကို ရှာရတာလဲ" ကျန်းရီက အခုအချိန်မှာ တစ္ဆေမကို မေးလိုက်တယ်။
ဒါပေမယ့် ဒီမေးခွန်းကို ဖြေတဲ့သူကတော့ တစ္ဆေထီးပါပဲ- "တကယ်တော့ ညနေခင်း ကတည်းက ကျွန်တော့်ဇနီးက သူ့ကိုပစ်မှတ် ထားနေခဲ့တာ။ ဘာလို့လဲဆိုတော့ သူက အိမ်ပြန်လမ်းမှာ စိတ်ရှုပ်နေသလိုရှိနေပြီး အရမ်းလည်း စိုးရိမ်နေသလိုပဲ။ လူဖြစ်ဖြစ် တစ္ဆေဖြစ်ဖြစ် သူတို့ရဲ့ ပစ်မှတ်ကို ရှာတဲ့အခါမှာ အမြဲတမ်း လွယ်ကူတဲ့ဟာကို ရွေးချယ်လေ့ရှိတယ်။ သူဘာကို စိုးရိမ်နေတယ်ဆိုတာ ကျွန်တော်မသိပေမယ့် သူ့စိတ်က တကယ်ကို တခြားသူတွေလို မတည်ငြိမ်နေဘူး။ ဒီလိုနဲ့ ကျွန်တော့်ဇနီးက သူ့ကို ရွေးလိုက်တယ်၊ ကျွန်တော်ကတော့ သူ့ကို ကာကွယ်ပေးခဲ့တယ်။ သူ့ကို ဘာမှမဖြစ်သွားအောင် လုပ်ပေးမယ်"
"အာဘို၊ အဲဒီတုန်းက မင်းရဲ့ကလေး ပြဿနာကြောင့် စိုးရိမ်နေတာမလား" ကျန်းရီက မေးလိုက်တယ်၊ အာဘိုက ခေါင်းညိတ်လိုက်တယ်- "အဲဒီကာလတုန်းက ကျွန်တော်က အဲဒီရှေးရိုးစွဲ အယူသီးမှုကြောင့် အမြဲတမ်း စိတ်မသက်မသာ ဖြစ်နေခဲ့တာ"
"အဲဒီကိစ္စကြောင့်ပဲပေါ့၊ ဒါပေမယ့် အခုတော့ ရှင်းရှင်းလင်းလင်း ပြောလို့ရပြီ၊ ဒါက တကယ်ပဲ ရှေးရိုးစွဲ အယူသီးမှုပါပဲ။ ဒါပေမယ့် အရာတော်တော်များများက ယုံကြည်မှု ဒါမှမဟုတ် မယုံကြည်မှုပေါ် မူတည်တယ်။ မင်းက ယုံကြည်ပြီးတော့ လိုက်နာမယ် ဒါမှမဟုတ် အဲ့ဒါကို မယုံကြည်ဘဲ စွဲစွဲမြဲမြဲနဲ့ ရပ်တည်မယ်။ စိတ်ကို ရှုပ်ထွေးအောင် မလုပ်နဲ့။ အဲ့လို စိတ်က သူတို့လိုဟာတွေကို အခွင့်အရေးပေးလိုက်သလိုပဲ"
ကျန်းရီက ပြောပြီး သူ့မျက်လုံးတွေက အဲ့ဒီဇနီးမောင်နှံဆီကို ရွေ့လိုက်တယ်- "မင်းတို့ရဲ့ အပြစ်တွေက သာမန်မဟုတ်ဘူး။ ဂိုဏ်းဆိုးဖြစ်တဲ့ တက်လှမ်းခြင်းဂိုဏ်းနဲ့တော့ မနှိုင်းယှဉ်နိုင်ပေမယ့် မင်းတို့ ဆင်းသွားတဲ့အခါ ဘယ်လိုမျိုး ခံရမယ်ဆိုတာ သိသင့်တယ်မလား"
"ကျွန်တော်သိပါတယ်၊ ကျွန်တော် နားလည်ပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်တော်က သူမကို အပြစ်ဒဏ်ခံရဖို့ အမှန်တကယ် ခေါ်သွားမှာပါ။ ကျွန်တော်က သူမကို လူပြန်ဖြစ်ခွင့် အခွင့်အရေးတစ်ခုပဲ ရစေချင်တာပါ!"
တစ္ဆေထီးက ဒီလိုပြောနေရင်း ကြမ်းပြင်ပေါ်မှာ အသည်းအသန် ဦးချနေခဲ့တယ်။