တစ်ခါမှ မရှိခဲ့ဖူးတဲ့ မြေအောက်ရထားဘူတာ
Vol. 18 Ch. 252
"သူတို့သေသွားခဲ့တယ်။
သူတို့လေးယောက်က တစ်မြို့တည်းသားတွေ မဟုတ်ကြပေမယ့် တစ်နေ့မှာတော့ တစ်မြို့တည်းမှာပဲ ဆုံခဲ့ကြတယ်။
အဲဒီမှာပဲ ကျွန်တော်ဖိုရမ်မှာ ရေးခဲ့တဲ့ သဘာဝလွန်တားမြစ်ထားတဲ့ ဂိမ်းကို ဆော့ခဲ့ကြတယ်။
သူတို့လေးယောက်အိမ်ငှားပြီး နေခဲ့ကြတာ ဆယ်ရက်ကျော်လောက်ကြာမှ သေနေတာကို တွေ့ခဲ့ရတယ်။"
လောင်စွန်းက ပြောပြခဲ့တယ်။ သူ့စကားလုံးတွေကနေ သူ့စိတ်နေစိတ်ထားကို ဘယ်လိုရှင်းပြရမှန်း မသိခဲ့ဘူး။
အပြစ်ရှိတယ်လို့ ခံစားရခြင်း၊ ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း၊ ထိတ်လန့်ခြင်း ဒါမှမဟုတ် ပိုပြီးရှုပ်ထွေးပြီး သံသယဝင်နေခြင်း။
"ဒါဆို လောင်စွန်း၊ ခင်ဗျားအဲဒီတုန်းက ဘယ်ဂိမ်းမျိုးရေးခဲ့တာလဲ။"
"အဲဒီဂိမ်းက တကယ်တမ်းတော့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ကျွန်တော် စိတ်ကူးယဉ်ပြီး ဖန်တီးထားတာပါ။ ဂိမ်းက ကျွန်တော့်စာတမ်းရဲ့ အဓိက အချက်မဟုတ်ဘူး။ ကျွန်တော့်ရည်ရွယ်ချက်က လူတွေကို သူတို့မှာရှိတဲ့ အရာအားလုံးကို တန်ဖိုးထားတတ်အောင် ကျွန်တော့် ဇာတ်လမ်းကနေတစ်ဆင့် မျှော်လင့်တာပါ"
"အဲဒီဂိမ်းက တကယ်တော့လူတွေကို မိမိဘေးနားက လူတွေကို တန်ဖိုးထားတတ်အောင်၊ သူတို့တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားမှ ဘယ်လိုတန်ဖိုးထားရမှန်းနဲ့ ဘယ်လို ကြောက်ရွံ့ရမှန်း သိအောင်လုပ်တာပါ။ ဒါပေမယ့် သူတို့တွေက ဒီလိုဂိမ်းမျိုးကို သီးသန့်ဆော့ကြမယ်လို့ ကျွန်တော် တကယ်ကို မမျှော်လင့်ခဲ့ဘူး။ ဒီဂိမ်းက တကယ်ဖြစ်လာမယ် ဆိုတာကိုလည်း လုံးဝကို မျှော်လင့်မထားခဲ့ဘူး"
"လောင်စွန်း စိတ်မပူပါနဲ့၊ ခင်ဗျားပြောတဲ့ ဂိမ်းအကြောင်းကို အသေးစိတ်ပြောပြပါဦး။ ဂိမ်းကို ဘယ်လိုစရမလဲ၊ ဘယ်လို အခြေအနေမျိုးလိုအပ်လဲ"
"ဒီလိုလုပ်ကြစို့၊ ကျွန်တော် စာတမ်းအနေနဲ့ မင်းတို့အားလုံးကို ဖတ်ပြလိုက်မယ်ဆိုရင် စတွင်မာအနေနဲ့က ပိုပြီးရှင်းရှင်းလင်းလင်း သိရှိနိုင်မယ်လို့ထင်တယ်။ ဟုတ်ပါတယ်၊ စာတမ်းရေးတဲ့သူတွေက ကိုယ့်ရေးတဲ့ အချက်တွေကို သိပ်သတိမထားမိဘူး၊ စာဖတ်ပရိသတ်တွေကမှ သတိထားမိတတ်ကြတယ်"
"အဲဒါက ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်၊ သူတို့တွေက ကျွန်တော်တို့ ရေးတဲ့သူတွေထက်ပိုပြီးဂရုစိုက်တတ်ကြတယ်။ ဒါက စိတ်ဝင်စားစရာမရှိဘူး ထင်ရပေမယ့်၊ စာဖတ်သူက ဖတ်လိုက်မယ်ဆိုရင် တကယ့် ဇာတ်လမ်းတစ်ခုလုံးရဲ့ အကြီးမားဆုံး အရိပ်အမြွက်ကြီးဖြစ်သွားနိုင်တယ်"
"အင်း၊ ကျွန်တော်နားလည်ပါတယ် လောင်စွန်း။ ခင်ဗျားထင်တဲ့ အကောင်းဆုံး နည်းလမ်းအတိုင်း လုပ်လိုက်ပါ"
ကျန်းရီက ပြောလိုက်တယ်။ လောင်စွန်း လက်ထဲတွင် စာတမ်းရှိနေတယ်ထင်ရတယ်။
ဒါကြောင့် သူဖတ်ဖို့စတင်လိုက်တယ်။ အစကတည်းက ဗီဒီယိုခေါ်ဆိုတာကို မရွေးချယ်ခဲ့ဘူး။ ဖုန်းဆက်ခဲ့တာဖြစ်သည်။
သူ့ကို ထုတ်ဖော်ပြောဆိုတာကို သူဂရုစိုက်လို့ မဟုတ်ပါဘူး။ ဒုက္ခရောက်နေတဲ့သူက သူမဟုတ်လို့ပါ။
"ကျွန်တော့်နာမည်က စန်းဟို ပါ။အသက် ၂၀ ရှိပါပြီ။ ကျောင်းသားတစ်ယောက်ပါ။ ကျွန်တော်က သာမန်ပါပဲ၊ အရမ်းကို သာမန်ပါ။ ဘဝမှာကျွန်တော် ဘယ်လောက်ထိ အောင်မြင်မှုတွေ ရမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။ အခြားသူတွေလို ထင်ရှားတဲ့ မိသားစုနောက်ခံလည်းမရှိဘူး။ သူတို့လို ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးလည်း မရှိဘူး။ နေ့တိုင်းကျွန်တော်က ကျောင်းဝင်းထဲမှာ ဇွန်ဘီတစ်ကောင်လိုပဲ လမ်းလျှောက်နေတယ်"
"အတန်းတက်တယ်၊ စားတယ်၊ အိပ်တယ်၊ အိပ်ရာထတယ်၊ အတန်းထပ်တက်တယ်။ နေ့တိုင်းဘဝက ဒီလိုပဲ လှိုင်းထန်မှု မရှိဘဲ ဆက်လက်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာရော ပြောင်းလဲချင်စိတ် ရှိရဲ့လား"
“ဒါပေါ့၊ ရှိတာပေါ့၊ ကျွန်တော်က အရမ်းကို တောက်ပတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ အားလုံးထဲမှာ အထင်ရှားဆုံးလူဖြစ်ချင်တယ်။ အားလုံးကိုပြောင်းလဲပစ်ချင်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမှန်းမသိဘူး။ စာကျက်မလား? ကျွန်တော်ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်က တကယ့်ကို ထူးချွန်တဲ့ ကျောင်းသားမဟုတ်ခဲ့ဘူး"
"အဲဒီညက ကျွန်တော့်အတန်းဖော်တွေ အပြင်ထွက်ကစားကြတယ်။ ဒစ်စကိုကို သွားမယ်လို့ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်မလိုက်ခဲ့ဘူး။ ဆူညံတာတွေကို ကျွန်တော်မကြိုက်ဘူး။ ဒါပေမယ့် တစ်ခါတစ်လေကျရင် တိတ်ဆိတ်နေတာကို ပိုပြီးကြောက်တယ်။ ဒါကြောင့် သူတို့ကျောင်းက ထွက်သွားတဲ့အခါ ကျွန်တော်လည်း တစ်ယောက်တည်း ကျောင်းကနေ ထွက်လာခဲ့တယ်"
"ကျွန်တော်က ဦးတည်ချက်မရှိဘဲ လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့တယ်။ ဒါပေမယ့် ရုတ်တရက်ပဲ ရထားဘူတာတစ်ခု ပေါ်လာတယ်။ အဲဒီဘူတာကို မရင်းနှီးနေဘူး။ မြေအောက်ရထားကို ကျွန်တော် မကြာခဏ စီးဖူးတယ်။ ကြည့်ရတာ အရမ်းကျပ်တယ် ဆိုပေမယ့် ဈေးအရမ်းပေါတယ်။
ဒါကြောင့် အဲဒီဘူတာကိုမြင်တဲ့အခါ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ခေါင်းထဲမှာ အဲဒီလို မြေအောက်ရထားဘူတာမျိုး မရှိခဲ့လို့ပါ"
"ဘာကြောင့်မသိရပေမယ့်ကျွန်တော် ဝင်ပေါက်ကို ဆက်လျှောက်ခဲ့လိုက်တယ်။ ဝင်ပေါက်ကအရမ်းအေးတယ်။ အဲဒီတုန်းက ကျွန်တော်စဉ်းစားနေမိတာက ေမြအောက် ရထားဘူတာတွေရဲ့ လေအေးပေးစက်တွေကို ဘာလို့ နည်းနည်းလောက် လျှော့မဖွင့်ကြတာလဲလို့။ တကယ်တော့ လူအများသုံး နေရာတွေမှာ လေအေးပေးစက်ကို ဖွင့်ထားတဲ့အခါ အပူချိန်ကို မြှင့်ပြီး ညှိထားရင် စွမ်းအင်ပိုချွေတာနိုင်မယ်လို့ ကျွန်တော်ထင်မိခဲ့တယ်"
"ကျွန်တော်က ဒီလိုဟာသနဲ့တူတဲ့ အတွေးနဲ့ ဆက်လျှောက်နေခဲ့တယ်။ ဒါပေမယ့် လျှောက်ရင်းနဲ့ တစ်ခုခုမှားယွင်းနေတာကို သတိထားမိလိုက်တယ်။ ဒီမြို့လယ်ရထား ဘူတာရဲ့ ဝင်ပေါက်မှာ ဘာလို့လူတစ်ယောက်မှမရှိတာလဲ"
"လူက ထွက်မလာရုံတင် မကဘူး။ ဝင်လာတဲ့ သူကလည်း ကျွန်တော်တစ်ယောက်တည်းပဲ။ ဒါပေမယ့် မကြာခင်မှာပဲ ကျွန်တော် လက်မှတ်ရောင်းတဲ့နေရာကိုရောက်သွားပြီး မြေအောက်ရထား ဝန်ထမ်းတွေ အများကြီးကို တွေ့လိုက်ရတယ်။ သူတို့အားလုံးက ယူနီဖောင်းဝတ်ထားကြတယ်။ ဦးထုပ်လည်း ဆောင်းထားကြတယ်။ သူတို့ကိုယ်ပိုင် အလုပ်တွေကိုပဲလုပ်နေကြတယ်။ သူတို့ရဲ့ မျက်နှာတွေကိုတော့ ကျွန်တော် သေသေချာချာမမြင်ရဘူး"
"ကျွန်တော်ကိုယ်တိုင်ပဲ လက်မှတ်ရောင်းတဲ့ စက်ဆီသွားပြီးလမ်းကြောင်းကိုနှိပ်လိုက်တယ်။
ဒီမြေအောက်ရထား ဘူတာက ရထားလမ်းကြောင်း တစ်ခုတည်းအတွက်ပဲ လက်မှတ်ရောင်းတယ်။ ဘယ်ဘူတာမဆို ကျွန်တော့်အတွက် စိမ်းနေတယ်။
ကျွန်တော်ဘယ်တုန်းကမှ မကြားဖူးဘူး။ ဒီရထားလမ်းကြောင်းက ခုမှ ဖွင့်လိုက်တာလား။ ဒါမှမဟုတ် ဒီနေ့မှပဲ ဖွင့်တာလားလို့ ကျွန်တော်စဉ်းစားမိတယ်"
"ကျွန်တော်အရမ်းကို စိတ်ဝင်စားမိသွားတယ်။ အထူးသဖြင့် ကျွန်တော်ရောက်နေတဲ့ဘူတာက စထွက်တဲ့ ဘူတာဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော် ဘူတာအဆုံးထိ လက်မှတ်ဝယ်လိုက်တယ်။ လက်မှတ်ဝယ်ပြီးတဲ့အခါ လုံခြုံရေး စစ်ဆေးမှုကိုဖြတ်ပြီး ဓာတ်လှေကားပေါ် တက်ကာ ရထားရောက်လာဖို့ စောင့်နေခဲ့တယ်"
"ရထားစောင့်ဆိုင်းရာနေရာက တကယ်ကို လူသူကင်းမဲ့နေတယ်။ဘယ်ဘက်ကြည့်ကြည့် လူတစ်ယောက်ရဲ့ အရိပ်အမြွက်တောင် မတွေ့ရဘူး။ အဲဒီတုန်းက ကျွန်တော်စိတ်ထဲ မြေအောက် ရထားကို ဆဲခဲ့လိုက်သေးတယ်။ ဒါပေမယ့် ကျွန်တော် ဆဲလို့ပြီးတာနဲ့ ရထား ရောက်လာလိမ့်နယ်လို့ မထင်ခဲ့မိဘူး"
"မီးလင်းနေတဲ့ ရထားမှာ အကုန် ခံုအလွတ်တွေကြီးပဲ ။ ကျွန်တော် ယာဉ်မောင်းကို ခဏတော့ မြင်လိုက်ရတယ်။ ဒါပေမယ့် ကျွန်တော်ရှိနေတဲ့နေရာအထိ ရှေ့ကနေနောက်အထိ ရထားထဲမှာ လူတစ်ယောက်မှမရှိဘူး။ ကျွန်တော် နည်းနည်းတော့ကြောက်နေမိတယ်။ ဒါပေမယ့် ရုတ်တရက်ပဲ ဘေးမှာ အဖွားအိုတစ်ယောက် ပေါ်လာခဲ့တယ်"
"သူမက ပိတ်ချော ချည်သားနဲ့ လုပ်ထားတဲ့ ဝတ်လုံချည်ဝတ်ထားတယ်။ ဆံပင်ကိုလည်း ညီညာစွာဖြီးထားတယ်။ လက်မှာလည်း နဂါးခေါင်းပုံ လမ်းလျှောက်တုတ်ကို ကိုင်ထားတယ်။ သူမကကျွန်တော့်ကိုတွန်းပြီး ပြုံးရင်းပြောတယ်။ ဘာလို့ရထားပေါ် မတက်တာလဲ၊ ရထားထွက်သွားရင် နောက်ကျသွားမယ်"
"သူမပြောပြီးတာနဲ့ ရထားပေါ် တက်သွားတယ်။ ကျွန်တော်က အပြင်မှာရပ်ပြီး နည်းနည်းတွန့်ဆုတ်နေမိတယ်။နောက်ဆုံးမှ ရထားထဲဝင်သွားလိုက်တယ်။ ဒါပေမယ့် အဖွားအိုရဲ့ ပြုံးတဲ့အမူအရာက ကြင်နာယဉ်ကျေးပုံရပေမယ့် သူမရဲ့ အကြည့်က ကျွန်တော့်စိတ်ထဲမှာ မသက်မသာဖြစ်စေတယ်။ ဒါကြောင့် ကျွန်တော် သူမနဲ့ဝေးဝေးမှာထိုင်လိုက်တယ်။ ကျွန်တော်သူမနဲ့ ဝေးဝေးကခုံမှာ ထိုင်ပြီး ဘူတာအများကြီး ကျော်ပြီးတာတောင်မှ ဘယ်သူမှမဆင်းသေးဘူး။ ဒါပေမယ့် အဖွားအိုကသူမရဲ့ခုံအခြားကနေကျွန်တော့်ကိုလက်လှမ်းပြနေတယ်"
"သူမက ကျွန်တော့်ကို အော်ခေါ်နေတယ်။ ကလေး...ဒီကိုလာ...ကလေး...ဒီကိုလာ၊ အဖွားအဖွားမှာမင်းကိုပြောစရာရှိတယ်။
သူမကျွန်တော့်ကို ခေါ်တာကြားတဲ့အခါ ကျွန်တော် မသွားလို့ မရမှန်းသိလိုက်တယ်။ ဒါကြောင့် နောက်ဆုံးတော့ သူမနဲ့ဘေးချင်း ယှဉ်ထိုင်လိုက်တယ်။ သူမက ကျွန်တော့်လက်ကို ကိုင်လိုက်တယ်။ သူမလက်က အရမ်းအေးတယ်"
"ဒါပေမယ့်သူမက ကျွန်တော့်လက်ကို တင်းတင်းကြီး ဆုပ်ထားပြီးမေးတယ်။ ကလေး၊ စိတ်ထဲမှာတစ်ခုခုရှိနေတာလား။ ကျွန်တော်မရှိဘူးလို့ပြောလိုက်တယ်။ ဒါပေမယ့် သူမကရယ်ပြီး ကျွန်တော့်ကို လိမ်နေတယ်လို့ပြောတယ်။ ကျွန်တော့် စိုးရိမ်ပူပန်မှုအားလုံးက ကျွန်တော့် မျက်လုံးထဲမှာ ရေးထားတယ်လို့လည်း သူမကဆက်ပြောတယ်။
ကောလိပ်ကျောင်းသား တစ်ယောက်အနေနဲ့ ကျွန်တော်ဒီလိုဝေဖန်ခံရတာကိုမကြိုက်ဘူး။ ကျွန်တော်မရှိဘူးလို့ဆက်ပြောလိုက်တယ်။
သူမက ရယ်ပြီးပြောတယ်။ ကလေး အဖွားပြောတာကို နားထောင် မျက်လုံးမှိတ်လိုက် အဖွားက မင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အရာကိုမေးမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းမျက်လုံးမှိတ်လိုက်ရင် ဘာလုပ်ရမှန်း သိလာလိမ့်မယ်၊ ဒါပေမယ့် မင်းရွေးချယ်တဲ့အခါ "မင်းရဲ့ရွေးချယ်မှုကို အရမ်းဂရုစိုက်ပြီး ရွေးချယ်ရမယ်"
"ကျွန်တော် သံသယဝင်ပြီး သူမကို ကြည့်လိုက်မိတယ်။ဒါပေမယ့် သူမရဲ့ လက်တွေက ကျွန်တော့်မျက်လုံးပေါ် ရောက်နေပြီ။ မကြာခင်မှာပဲ ကျွန်တော့် မျက်ခွံတွေက အရမ်းလေးလာတယ်လို့ ခံစားလိုက်ရတယ်။ ပြီးတော့ တဖြည်းဖြည်း အိပ်မက်ထဲဝင်သွားတယ်။
အိပ်မက်ထဲမှာ အသံတစ်သံက ကျွန်တော့်ကိုပြောနေတယ်....."