← Chapters

အပိုလို နန်းတော်၏ အမိန့်

Vol. 12 Ch. 1138

အပိုလို နန်းတော်၏ အမိန့်

Vol. 12 Ch. 1138

"ဘုန်း…"

ကြောက်မက်ဖွယ် လက်သီးသည် တစ်ပေခန့် ရှိသော ရွှေရောင် အလင်းစက်ဝန်း သဖွယ် ပြောင်းလဲသွားသည်။  ၎င်းသည် နရန်ထံသို့ ဦးတည်၍ ပျံသန်းသွားပျံသန်းသွားလေရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အားရှို့သည် ထိုတိုက်ခိုက်မှုကို ဆယ်စုနှစ် တစ်ခု အတွင်း အငြိုးအတေးများကို စုစည်းကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေသည်။ ထိုတိုက်ခိုက်မှုသည် သာမန် အခြေတည် ဝိညာဉ် အဆင့်များကိုပင် အမှုန့်ချေပစ်ရန် လုံလောက်ပေသည်။

သို့သော်လည်း ကံမကောင်းစွာပင် နရန်သည် သာမန် အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် မဟုတ်ပါချေ။

သူကား ကြယ်ပင်လယ်ရှိ အခြေတည် ဝိညာဉ် အဆင့်များ ကြားတွင်ပင် ထိပ်ဆုံး နေရာ၌ ရပ်တည်နေသူ တစ်ယောက် ဖြစ်ပေသည်။

"ဘုန်း…"

နရန်က လက်သီးအား ပြန်လည် ထိုးလိုက် လေရာ အားရှို့မှာ နောက်သို့ လွင့်စဉ် သွားလေ၏။ သူမသည် အဆောက်အဦး တစ်ခုကို တိုက်မိလေရာ ထိုနေရာတွင် ကြီးမားသော အပေါက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဝေါ့…"

အားရှို့မှာ သွေးတစ်လုတ် အန်ထုတ် လိုက်ရလေ၏။

"နင်က ကိုယ့်ကိုယ်ကို အထင်ကြီး နေတာပဲ ပုရွက်ဆိတ်လေး"

နတ်ဘုရား ဗိုလ်ချုပ် နရန်က ခေါင်းအား ခါယမ်း လိုက်သည်။ ထို့နောက် သူက အားရှို့အား လျစ်လျူရှုကာ ချန်းဖန်ကို ကြည့်လိုက်လေသည်။

"ချန်းပေ့ရွှမ်း… မင်းက ဒီမိန်းကလေးလို ကျောက်တောင်ကို ကြက်ဥနဲ့ ခွဲဖို့ ကြိုးစားနေတဲ့ ရေတွင်းအောက်က ဖားသာသာပဲ… စိတ်ပူနဲ့ နတ်ဘုရား မင်းသားတွေက ကိုယ်တိုင် လှုပ်ရှားပြီး မင်းရဲ့ မြောက်ပိုင်းချုံးနဲ့ ဂြိုဟ်တစ်ခုလုံးက လူတွေကို သတ်ပေးလိမ့်မယ်"

ချန်းဖန်မှာ ဗောဓိသတ္တ အလား တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။ ချီရှို့အာ၊ လုယန်ရွယ်၊ ရှန်းရှီတို့သည် ဒေါသထွက် နေကြသလို တစ်ချိန်တည်း၌ ကြောက်လန့်မှုကို ခံစားနေကြရသည်။ သူတို့ကား အားရှို့နှင့် စွမ်းအင် ကွာခြားမှု ကြီးမားခြင်း မရှိသူများ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ ထွက်၍ တိုက်ခိုက်ခြင်းမှာလည်း အသုံးဝင်လိမ့်မည် မဟုတ်ပါချေ။

ခန်းမ တစ်ခုလုံးသည် တိတ်ဆိတ်နေ၏။ လေထုသည် အလွန် လေးလံ ထိုင်းမှိုင်းနေသည်။ အခြေတည် ဝိညာဉ် အဆင့် ဘိုးဘေးများသည် စကားတစ်ခွန်းပင် မဆိုရဲခဲ့ကြချေ။

"ချန်းပေ့ရွှမ်း… ဒူးထောက်ပြီး နတ်ဘုရား ဗိုလ်ချုပ်ကို တောင်းပန်လိုက်… အဲဒါဆို အင်း အသက်ရှင်ဖို့ လမ်းတစ်ခု ရှာကောင်း ရှာနိုင်လိမ့်မယ်… မဟုတ်ရင်တော့ မြောက်ပိုင်းချုံးနဲ့ ဒီခန်းမထဲက လူတွေ အကုန်လုံးပါ နတ်ဘုရား မင်းသားတွေရဲ့ ဒေါသကို ခံစားကြရလိမ့်မယ်"

ဘိုးဘေးကုက ပြောလိုက်၏။ ထိုကျင့်ကြံသူ လူအိုကြီးသည် ချန်းဖန် အပေါ် စေတနာ ထားသယောင် ပြုမူနေသော်လည်း အမှန်တကယ်တွင်မူ ချန်းဖန်နှင့် ခန်းမ အတွင်း ရောက်ရှိနေသည့် အခြေတည် ဝိညာဉ် အဆင့်များအကြား သွေးခွဲ ပစ်လိုက်ခြင်းပင် ဖြစ်လေသည်။

"ဘယ်လို… ငါတို့ပါလား"

ခန်းမ အတွင်းရှိ များစွာသော ကျင့်ကြံသူများမှာ တုန်ရီ သွားကြလေ၏။ သူတို့၏ စိတ်သဘောထားများမှာ စတင်ကာ ပြောင်းလဲ လာခဲ့လေ၏။

ထိုအတွက် သူတို့အား အပြစ်တင်၍ မရချေ။ အကယ်၍ ရီချင် ကဲ့သို့ နတ်ဘုရား မင်းသား တစ်ယောက်သာ ရောက်လာခြင်း ဆိုပါက တော်ပေသေးသည်။ သို့သော်လည်း ယခုတွင်မူ နတ်ဘုရား မင်းသား ခုနစ်ယောက်နှင့် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း တိုင်တိုင် အတူတကွ ပူးပေါင်းကာ ရောက်ရှိလာခြင်း ဖြစ်ပေသည်။ ထိုကဲ့သို့ အင်အားမျိုးနှင့် ရင်ဆိုင်ရပါက မည်သူက စိတ်မပြောင်းလဲပဲ နေနိုင်ပါမည်နည်း။

"ချန်းပေ့ရွှမ်း… အမိန့်နာခံပါ…"

နတ်ဘုရား ဗိုလ်ချုပ် နရန်က ပြောရင်း ရွှေရောင် စာလိပ် တစ်ခုကို ဖြန့်လိုက်လေ၏။

"ဒီအမိန့်ထဲမှာ ငါတို့ အပိုလို နတ်ဘုရား မင်းသားရဲ့ ကြင်နာမှုတွေ အများကြီး ပါဝင် နေတယ်… မင်းရော မြောက်ပိုင်းချုံးရော အတွက် အကျိုးရှိမှာပါ"

ထို့နောက် သူက အထဲရှိ အမိန့်အား ဖတ်ပြရန် ဟန်ပြင်လိုက်၏။ ထိုအချိန်တွင်ပင် ချန်းဖန်က ကြားဖြတ်ကာ မေးလိုက်လေသည်။

"လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက မြောက်ပိုင်းချုံးကို ဖျက်ဆီးခဲ့တာ မင်းလား…"

နတ်ဘုရား ဗိုလ်ချုပ် နရန်က ခေါင်းတစ်ချက် ညိတ်ကာ ထူးမခြားနား ပြောလိုက်သည်။

"အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စလေးတွေ အတွက် ဘာမှ စိတ်ပူစရာ မလိုဘူး… ငါ အမိန့်ဖတ်ပြတာကိုပဲ ဆုံးအောင် နားထောင်"

ထို့နောက် သူက အသံအား အနည်းငယ် မြှင့်ကာ အမိန့်စာကို ကြေညာလိုက်၏။

"ပထမ နတ်ဘုရား မင်းသားက မင်းကို အပိုလို နန်းတော်ရဲ့ နတ်ဘုရား ဗိုလ်ချုပ် အဖြစ် ချီးမြှင့် လိုက်တယ်… ဒီနေ့က စပြီး မြောက်ပိုင်းချုံးနဲ့ ကမ္ဘာ တစ်ခုလုံးကို အပိုလို နန်းတော်က ပိုင်သွားပြီ… အရှင် မင်းသားက အရှေ့ဂြိုဟ်ကို ချန်းမိသားစုရဲ့ ပိုင်နက် အဖြစ် သတ်မှတ်ပြီး စိုးမိုးခွင့် ပြုတယ်… နောက်ပြီး သူက မင်းနဲ့ ချန်းမိသားစုကို သူနဲ့ အတူ ကြယ်ပင်လယ်ကိုပါ လိုက်လံ ကျင့်ကြံခွင့် ပြုတယ်

နတ်ဘုရား ဗိုလ်ချုပ် နရန်၏ စကား အဆုံး၌ ခန်းမ တစ်ခုလုံးမှာ ဆူညံ သွားလေ၏။

"ဘာကြီး…"

"အပိုလို နန်းတော်က ချန်းပေ့ရွှမ်းကို သူတို့ရဲ့ နတ်ဘုရား ဗိုလ်ချုပ် ဖြစ်စေချင် နေဝာာလား"

"အဲဒါက တောင်ပိုင်း ဒေသငယ်ရဲ့ အင်အား အကြီးမားဆုံး ဂိုဏ်းကြီး မဟုတ်လား"

လူတိုင်းမှာ အံ့အားသင့် နေကြလေသည်။ သို့သော်လည်း သူတို့သည် ထိုအရာကို အဓိပ္ပာယ် ရှိသည်ဟု တွေးမိကြလေသည်။ ချန်းပေ့ရွှမ်းမှာ ငယ်ရွယ်ကာ ပါးရမီမှာလည်း အလွန် ကောင်းမွန် လှသည်။ သူသည် ရွှေအမြုတေ အဆင့်ဖြင့်ပင် အခြေတည် ဝိညာဉ် အဆင့်များကို သတ်ဖြတ်နိုင်သည်။ သို့ဖြစ်ရာ မဟာ ကျင့်ကြံသူများမှာ မည်ကဲ့သို့ စိတ်မဝင်စားပဲ နေနိုင်ပါမည်နည်း။

ကျင့်ကြံသူများစွာမှာ ချန်းဖန်ကို အားကျစွာ ကြည့်နေကြလေသည်။ အလွန် ကြီးမားသော ပြသနာကြီးကား သူ ခေါင်းတစ်ချက် ညိတ်လိုက်ရုံဖြင့်ပင် ပြီးဆုံးသွားတော့မည် ဖြစ်သည်။ ထို့အပြင် သူသည်လည်း တောင်ပိုင်း ဒေသငယ်၏ အင်အား အကြီးဆုံးဟု ဆိုနိုင်သည့် အပိုလို နန်းတော်၏ နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက် ဖြစ်လာပေလိမ့်မည် ဖြစ်သည်။

"နတ်ဘုရား အရှင်ချန်း… လက်ခံလိုက်ပါ"

မရေမတွက်နိုင်သော လူများမှာ တီဗီ၊ ကွန်ပျူတာများ ရှေ့၌ ထိုင်ရင်း တီးတိုး ရေရွတ် နေကြလေသည်။ သူတို့သည် ရင်ခုန် စိတ်လှုပ်ရှား နေကြ၏။ အပိုလို နန်းတော်၏ ထောက်ပံ့မှုဖြင့် ဆိုပါက ကမ္ဘာမှာ နှစ်အနည်းငယ် အတွင်းမှာပင် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ၏ ထိပ်ဆုံးသို့ ရောက်သွား နိုင်ပေလိမ့်မည် ဖြစ်ပေသည်။

ရန်ကျင်းတွင်…

ချင်တုန်းမူသည် အနက်ရောင် ကျင့်ကြံခြင်း ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် ကျောက်စိမ်းချိန်သီး နှစ်ခုကို လက်ထဲတွင် လှည့်ရင်း ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။ သူ၏ မျက်လုံးများကမူ တီဗီ စခရင်ပေါ်ရှိ ချန်းဖန်၏ မျက်နှာကို မျှော်လင့်တကြီး ကြည့်နေခဲ့လေသည်။

ချင်ယန်နာသည် သူ၏ ဘေးတွင် တည်ငြိမ်စွာပင် ထိုင်နေခဲ့သည်။ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည့်တိုင် ရန်ကျင်း၏ နတ်မိမယ်ကား ယခင်က ကဲ့သို့ လှပမြဲ လှပနေဆဲ ဖြစ်ပေသည်။ သူမသည် ရီဝေသော မျက်လုံးများဖြင့် ချန်းဖန်ကို ငေးမော နေခဲ့လေ၏။

"ချန်းပေ့ရွှမ်း… ရှင်လက်ခံမှာလား"

ထိုအခိုက်၌ ချန်းဖန်ကို သိသောလူများသာ မက တစ်ကမ္ဘာလုံးရှိ လူများမှာ နှုတ်ခမ်းများပင် ခြောက်သွေ့ နေခဲ့လေသည်။ သူတို့သည် ချန်းဖန်၏ အဖြေကို စောင့်စားရင်း ရင်ခုန် နေကြပေသည်။

ကျန်းဟွာက တံတွေးအား မြိုချလိုက်ရင်း မေးလိုက်လေ၏။

"ဆရာကြီး အန်ပိုနဲ့ ဆရာကြီး လင်းယွင်… နတ်ဘုရား အရှင်ချန်းက အဲဒီ အမိန့်ကို နာခံမယ် ထင်ကြလားရှင့်"

ကောင်းကင်အရှင် အန်ပိုမှာ တိတ်ဆိတ်နေ၏။ သူသည် မည်ကဲ့သို့ ဖြေရမှန်း မသိချေ။

တစ်ချိန်တည်းက လင်းယွင်မှာမူ စိတ်ထဲတွင် လွန်ဆွဲ နေခဲ့သည်။ အကယ်၍ ချန်းဖန်သာ ထိုကမ်းလှမ်းချက်ကို လက်ခံပါက ကမ္ဘာနှင့် တောင်ပိုင်း ဒေသငယ်မှာ သင့်မြတ် သွားပေလိမ့်မည်။ ထိုအခါဆိုလျှင် သူလည်း အိမ်သို့ ပြန်နိုင်ပေလိမ့်မည်။

သို့သော်လည်း လင်းယွင်သည် လွန်ခဲ့သော ခြောက်လ အတွင်း ချန်းဖန်နှင့် အနီးကပ် နေခဲ့လေရာ ထူးဆန်းသော အမြင်များ ဖြစ်တည် လာခဲ့သည်။ ချန်းပေ့ရွှမ်းကား သာမန် ရွှေအမြုတေ အဆင့် တစ်ယောက်ကိုပင် အချိန်တို အတွင်း ကောင်းကင် ရွှေအမြုတေအား ပြန်လည် ဖွဲ့စည်းရန် ကူညီပေးနိုင်သူ ဖြစ်သည်။ သူ၏ သင်ပြမှုသည် တောင်ပိုင်း ဒေသငယ်မှ မဟာ ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ထို့အပြင် လင်းယွင်သည် နတ်ဘုရား ကုန်းမြေ အတွင်းရှိ အထွတ်အမြတ် အစီအရင်များ လင်းလက်လာခဲ့သည်ကို မှတ်မိနေသေးသည်။ ချန်းပေ့ရွှမ်းကား အလွန် ပါရမီပါသလို အလွန် လျှို့ဝှက် ဆန်းကြယ်လွန်းသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ချန်းဖန်ကို အညံ့မခံ စေလိုချေ။

ထိုအချိန်၌ တစ်ကမ္ဘာလုံးသည် ချန်းဖန်ကို အာရုံစိုက် နေကြလေသည်။ ထိုအရာက ကပ်ဘေးနှင့် ပန်းခင်းကမ္ဘာ အကြား ရွေးချယ်မှု ဖြစ်သည်။ ချန်းဖန်သာ ရွေးချယ်မှု မှားသည်နှင့် တစ်ကမ္ဘာလုံးမှာ ငရဲခန်းသဖွယ် ဖြစ်သွားပေလိမ့်မည်။

"ဆရာ…"

အားရှို့ပင်လျှင် လဲကျနေရာမှ အားတင်းကာ ထရပ်လိုက်လေ၏။

***

All Chapters