← Chapters

အခန်း (၄၁)

Vol. 4 Ch. 41

အခန်း (၄၁)

Vol. 4 Ch. 41

အား

နံပါတ်ဆယ့်လေး၏ သွေးပျက်ဖွယ်အော်သံကြီးသည် အားလုံးသောသူတို့၏ ကျောရိုးမကြီးများကို စိမ့်တက် သွားစေခဲ့၏။ ပြီးနောက် နံပါတ်ဆယ့်လေးသည် မေ့မြောသွားခဲ့၏။

ဤအရာကို မြင်နေရသည့် လူပေါင်းများစွာတို့၏ မျက်နှာများသည် ရုတ်တရက် တုန်ယင်လျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် နာကျင်ဖွယ်ရာ မြင်ကွင်းမျိုးကို မြင်ရသည့်အချိန်မှာတော့ အားလုံးသော သူတို့သည် သူတို့ကိုယ်တိုင် ခြေထောက်များ ရိုက်ချိုးခံလိုက်ရသလို ခံစားနေမိသည်။

အထူးသဖြင့် အဝတ်နက်ဂိုဏ်းမှ စစ်သည်တော်များဖြစ်သည်။ ထျန့်ဟန်၏ ဂိုဏ်းသားအားလုံးတို့သည် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လျက်ရှိ၏။ မြေခွေးသည် ယုန်တစ်ကောင်၏ သေဆုံးခြင်းကို သနား နေသကဲ့သို့ပင်။ သူတို့အားလုံးတို့သည် နာကျည်းဖွယ်ရာ စိတ်ပျက်မှုကို ခံစားနေကြရ၏။

နံပါတ်ဆယ့်သုံးနှင့် နံပါတ်ဆယ့်လေးတို့သည် သူတို့ဂိုဏ်းချုပ်အပေါ်တွင် မည်မျှသစ္စာရှိကြသနည်း။ အဆုံးသတ်မှာတော့ တစ်စုံတစ်ခု ဖြစ်ပွားသည်ဆိုပါက အရင်ဦးဆုံး စတေးခံရသည့်လူသည် သူတို့သာလျှင် ဖြစ်ခဲ့၏။ သူတို့၏ဂိုဏ်းချုပ်သည် သူတို့အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့သည့် တောင်ထွတ်ကြီး တစ်ခုဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုတောင်ကြီးသည် ပြိုလဲသွားခဲ့ပြီ။

ယနေ့မှာတော့ ဂိုဏ်းချုပ်သည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ နံပါတ်ဆယ့်သုံးနှင့် နံပါတ်ဆယ့်လေးတို့အား စတေးခဲ့၏။ မနက်ဖြန်ဆိုလျှင် မည်သူဖြစ်လာမည်နည်း။ သူတို့၏အလှည့်သို့ ရောက်ရှိနိုင်၏။ နံပါတ်ဆယ့်သုံး နှင့် နံပါတ်ဆယ့်လေးတို့သည် ဂိုဏ်းချုပ်၏ တန်ဖိုးအထားရဆုံးသော ဂိုဏ်းသားများဖြစ်၏။ ၎င်းတို့နှင့် နှိုင်းယှဉ်မည်ဆိုပါက သူတို့သည် ငှက်မွှေးများထက်ပင် ပိုမိုကာပေါ့ပါးမှာ သေချာ၏။

လိုအပ်သည့် အခြေအနေမျိုးကို ရောက်သည်ဆိုပါက ဂိုဏ်းချုပ်သည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ သူတို့အားလုံးကို စတေးပစ်ပေလိမ့်မည်။ ရုတ်တရက် သူတို့နှလုံးသားထဲတွင် ရှိနေသည့် ထျန်းဟန်၏ အားကိုးလောက်စရာ ပုံရိပ်သည် ပျက်ယွင်းသွားခဲ့ပြီဖြစ်၏။ ဂိုဏ်းချုပ်အပေါ်တွင် ချီးကျူးကိုးကွယ်ကြသည့် ဂိုဏ်းသားအားလုံး၏ စိတ်တို့သည် လျော့ပါးသွားခဲ့ကြသည်။

ပြောရမည်ဆိုလျှင် ထိုသူများအားလုံးကို ရေရှည် ဦးစီးဦးဆောင်ရန်အတွက် ခက်ခဲသွားပေလိမ့်မည်။ ထိုတင်သာမကပေ ကြည့်ရှုနေကြသည့် လူပေါင်းများစွာကလည်း ရှိသေး၏။ ယခင်တုန်းက သူတို့၏ နှလုံးသားထဲတွင် ထျန်းဟန်ဆိုသည်မှာ အလွန်အားကောင်းပြီး ကြီးမားသည့် အခွင့်အာဏာကို ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ရှမ့်လန်ကဲ့သို့လူတစ်ယောက်ကြောင့် သူ၏ချစ်လှစွာသော ဂိုဏ်းသား နှစ်ယောက် ကိုပင် ခြေထောက်များ ရိုက်ချိုးခဲ့ရ၏။ ကျိန်းသေပေါက် ဂုဏ်သိက္ခာ ကင်းမဲ့သွားခဲ့ပြီ ဖြစ်၏။

ထို့အပြင် ယနေ့ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာသည် ရွှမ်ဝူမြို့တစ်ခုလုံးဆီသို့ မကြာခင် ပျံ့နှံ့သွားမှာဖြစ်၏။ ထိုသို့ဆိုလျှင် ထျန်းဟန်ပေါ်တွင် ရှိနေသည့် လူပေါင်းများစွာတို့၏ ကြောက်ရွံ့မှုများသည် တဖြည်းဖြည်း လျော့ပါးသွားပေလိမ့်မည်။ ထျန်းဟန်၏ ဂုဏ်သိက္ခာသည်လည်း လျော့ကျသွားမှာဖြစ်၏။ ယနေ့ အဖြစ်အပျက် သည် ကျိန်းသေပေါက် ဘေးအန္တရာယ်ကြီး ဖြစ်လာခဲ့၏။ ထျန်းဟန်၏ ဘဝတစ်ခုလုံး၌ အရှက်တရားများ နှင့် ပြည့်နှက်ပေတော့မည်။

ထျန်းဟန်သည် အံ့ကိုကြိတ်ကာဖြင့် ပြောဆိုလိုက်သည်။ “ရှမ့်လန်.. အခု ကျေနပ်ပြီလား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း ကျေနပ်လောက်နီးပါးပါပဲ ခေါင်းဆောင်ထျန်း၊ မနေ့တုန်းက ကျုပ်ပြောခဲ့တဲ့ အတိုင်းပဲ။ ကျုပ်ခင်ဗျားကို တကယ်အထင်ကြီးတယ်။ ဒါပေမဲ့ ကျုပ်က ကျုပ်စကားကို တည်တဲ့လူ တစ်ယောက်လေ”

ဟုတ်ပေ၏။ ဤအရာသည် တကယ့်ကို လေးနက်လွန်း၏။ ထျန်းဟန်၏အရိုး၊ အသွေးနှင့် ဝိညာဉ်ထဲ တွင်ပင်လျှင် ရှမ့်လန်ဆိုသည့် နာမည်သည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။ အနာဂတ်တွင် ယနေ့ ဆုံးရှုံးမှုများအတွက် ပြန်လည်ပေးဆပ်မည်ဖြစ်ကြောင်း သူက ကျမ်းသစ္စာ ကျိန်ဆိုလျက် ရှိနေသည်။

သူ ... ထျန်းဟန်သည် ရုပ်ရည်ချောမောမှု တစ်ခုသာလျှင်ရှိသော ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်အတွက် ကြီးမားသည့် ဒုက္ခတရားကို ရရှိပေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ရှမ့်လန်တစ်ယောက် ဤကဲ့သို့ လုပ်နိုင်လိမ့်မည် ဟုလည်း သူမထင်မှတ်ခဲ့ချေ။

သို့ပေမည့် ထျန်းဟန်သည် အခွင့်အရေးတစ်ခုတော့ တည်ရှိနေသေး၏။ သူ့အနေနှင့် ထိုက်ချူးစီရင်စု၏ အခွင့်အာဏာကို ရရှိသည်ဆိုပါက အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်၏။ မြို့အုပ်ချုပ်ရေးဌာန၏ အကူအညီကိုရယူပြီး ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးနိုင်ပါက သူသည် ဒုတိယမြို့တော်ဝန် ဖြစ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် အရာအားလုံးသည် ထိုက်တန်သည်ဟု သတ်မှတ်ရပေမည်။

တစ်စုံတစ်ယောက်သည် အခွင့်အာဏာကို ပိုင်ဆိုင်သည်ဆိုပါက တစ်စုံတစ်ယောက်အား သစ္စာတရားရှိဖို့ မျှော်လင့်နေစရာ မလိုအပ်တော့ချေ။ အားလုံးသောသူတို့သည် ဒူးထောက်ကာဖြင့် သူ၏ရှေ့ဆီသို့ ရောက်ရှိလာမှာ ဖြစ်၏။ ယနေ့ ဖြစ်တည်ခဲ့သည့် အရှက်တရားများသည် တချိန်ချိန်၌ ပြန်လည်ကာ ပျောက်ကွယ်သွားရပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ထျန်း.... နောက်ကျနေပြီ။ ကျုပ်တို့စီးပွားရေးကိစ္စ ဆက် လုပ်ကြရအောင်”

ထျန်းဟန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

“မပြီးသေးဘူးလား။ ငါ အားလုံးရဲ့ရှေ့မှာ ဂိုဏ်းသားနှစ်ယောက်ရဲ့ ခြေထောက်ကို ရိုက်ချိုးခဲ့ပြီးပြီလေ။ ဒါတောင် မပြီးသေးဘူးလား။ ရှမ့်လန်... ငါ့ကိုအတင်းတွန်းအားမပေးနဲ့” ထျန်းဟန်သည် ရုတ်တရက် အော်ဟစ်လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခေါင်းဆောင်ထျန်း.. ကျုပ် ခင်ဗျားကို တွန်းအားပေးတာ မဟုတ်ပါဘူး။ ကျုပ် ခင်ဗျားရဲ့ လောင်းကစားရုံကနေ ရွှေဒင်္ဂါး တစ်သောင်းကိုးထောင် နိုင်ထားတယ် မဟုတ်လား”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားရဲ့စကားကို ခင်ဗျားမတည်သေးဘူး။ အခုကျုပ်ကို ပိုက်ဆံတွေပေးတော့။ အခုကျုပ်မိန်းမက ထမင်းစားဖို့ စောင့်နေလောက်ပြီ”

ရုတ်တရက် ထျန်းဟန့်၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲသွားခဲ့၏။ သူသည် ဒေါသများကို မထိန်းနိုင်သကဲ့သို့ပင် ဖြစ်နေ၏။ သူပိုက်ဆံမပေးချင်၍ မဟုတ်ချေ၊ မပေးနိုင်ခြင်းသာလျှင်ဖြစ်၏။ ယနေ့ လောင်းကစားရုံသည် ရွှေဒင်္ဂါးတစ်သောင်းကျော်ကို ဆုံးရှုံးခဲ့ပြီးပြီဖြစ်၏။ လောင်းကစားရုံ၏ ငွေသိုလှောင်ခန်း တစ်ခုလုံးပင်လျှင် ပြောင်လုနီးပါး ဖြစ်ခဲ့၏။ ထိုပိုက်ဆံကို သူမည်သည့်နေရာတွင် သွားရှာရမည်နည်း။ ပိုက်ဆံ ပေးဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ချေ။ မြို့စားကြီးကိုယ်တိုင် လာရောက်ကာ တောင်းခံမှသာလျှင် ဖြစ်ပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ကျုပ်က တကယ့်ကို သစ္စာရှိတဲ့ လူတစ်ယောက်လေ။ ခင်ဗျား ပိုက်ဆံမပေးတော့ ဘာလုပ်လို့ရလဲ။ အင်း.. ခင်ဗျားမိန်းမကိုရောင်းပြီး ပိုက်ဆံလာပေးဆိုပြီး ကျုပ်အတင်းကြီး တွန်းအားမပေးပါဘူး။ ဒီလိုလုပ်ရအောင်။ ခင်ဗျားကျုပ်ကို ရွှေဒင်္ဂါးနှစ်ထောင် အရင်ပေးထားလိုက်။ ပြီးတော့ လက်ကျန် သောင်းခုနှစ်ထောင်ကို ဘယ်အချိန်ပေးပါ့မယ်ဆိုပြီး သဘောတူညီမှုစာချုပ် လက်မှတ်ထိုးပေါ့”

ဤကဲ့သို့သော ပမာဏသည် လောင်းကစားရုံအတွက် ကြီးမားသည့် ပမာဏဖြစ်ကြောင်း ရှမ့်လန်က တွက်ချက်မိ၏။ ထို့ကြောင့် ဤကဲ့သို့ လိုက်လျောပေးခဲ့ခြင်းဖြစ်၏။

ထျန်းဟန် မှာတော့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တောင့်တောင့်ကြီး ဖြစ်နေ၏။ ရှမ့်လန်တစ်ယောက် ဤမျှ ဆိုးရွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ထျန်း.. ကျုပ်ကို ရွှေဒင်္ဂါးနှစ်ထောင်ပေး။ ပြီးတော့ သဘောတူညီမှု စာချုပ်ထုတ်။ ပြီးရင် ပေးမယ့်နေ့ တစ်ရက်ရက်ကိုလည်း အတည်တကျ ထည့်ရေးပေါ့။ မဟုတ်ရင် ကျုပ်ပိုက်ဆံတွေ ရမှာမဟုတ်ဘူး။ ဒါဆိုရင် ခင်ဗျားရဲ့ လောင်းကစားရုံထဲကို ခဏခဏ ကျုပ် လာနေရလိမ့်မယ်။ ကျုပ်တို့ထပ်တွေ့ရင် အခြေအနေ မကောင်းဘူး မဟုတ်လား”

ပြီးသည့်နောက် ရှမ့်လန်သည် မိုးကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။ “အင်း တော်တော် နောက်ကျနေပြီပဲ။ ကျုပ်မိန်းမက စိတ်ပူနေလောက်ပြီ။ ဟင်းတွေက အေးသွားရင် စားကောင်းမှာ မဟုတ်တော့ဘူး”

ရွှေဒင်္ဂါးနှစ်ထောင် ဖြစ်သည်ဆိုလျှင်တောင်မှ ထျန်းဟန်က မပေးချင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် သူ့အတွက် အရေးကြီးသော ပမာဏဖြစ်၏။ သို့ပေမည့် လူမြင်ကွင်းတွင် သူ၏ သိက္ခာမကျချင်ပေ။

ထိုအချိန်မှာပဲ သူသည် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ “ပေးလိုက်တော့”

ဤအရာသည် လောင်းကစားရုံ၏ဒုတိယထပ်ဆီမှ ထွက်ပေါ်လာခဲ့သည့် ကျန်းကျင်း၏အသံဖြစ်၏။ တစ်ချိန်လုံး သူသည် ထိုအပေါ်ထပ်တွင် နေထိုင်ခဲ့ခြင်းဖြစ်ပြီး အေးစက်သည့်မျက်လုံးများနှင့်အတူ မြင်ကွင်းကို ကြည့်ရှု၏။

ကျန်းကျင်းက ပြောလိုက်သည်။ “ရွှမ်ဝူအိမ်တော်က တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ မြို့စား အိမ်တော်က ရှေးရိုးဆန်တဲ့ အိမ်တစ်ခုပဲ။ လောင်းကစားရုံမှာနိုင်ခဲ့တဲ့ ပိုက်ဆံတွေက မသမာတဲ့ ပိုက်ဆံတွေပဲ။ တကယ်လို့ ရှမ့်လန်သာ အဲပိုက်ဆံတွေကို မြို့စားအိမ်တော်ကို ယူသွားမယ်ဆိုရင် မြို့စားကြီးက သူ့ကို စိတ်ပျက်သွားလိမ့်မယ်။ သူ့ကို ရိုက်သတ်နိုင်တယ်”

ကျန်းကျင်း ပြောဆိုသည်မှာ မှန်သည်ဖြစ်၏။ ရှမ့်လန်တစ်ယောက် လောင်းကစားရုံထဲတွင် ပိုက်ဆံများ ရှုံးခဲ့သည်ဆိုပါက မြို့စားအိမ်တော်၏ ဂုဏ်သိက္ခာ ကျဆင်းလေလိမ့်မည်။ သို့ပေမည့် အနိုင်ရခဲ့မည်ဆိုလျှင်လည်း မြို့စားအိမ်တော်၏ ဂုဏ်သိက္ခာက ကျဆင်းစေပေလိမ့်မည်။ နှစ်ပေါင်း တစ်ရာကျော် သမိုင်းမှတ်တမ်းရှိသည့် တော်ဝင်မြို့နွယ်များအနေနှင့် လောင်းကစားပြုလုပ်ပြီး ရရှိသည့ ်ပိုက်ဆံများကို မည်ကဲ့သို့သော မျက်နှာဖြင့် အသုံးပြုမည်နည်း။

ထျန်းဟန်သည် ချက်ချင်းပဲ ကျန်းကျင်း ပြောဆိုသည်မှာ အဓိပ္ပာယ် ကျနကြောင်း သိရှိလိုက်သည်။ ထို့ကြောင့် အေးစက်စက် ပြောဆိုလိုက်၏။ “ကောင်းပြီ။ ငါမင်းကို ပေးလိုက်မယ်။ ဆရာရှမ့်လန်က လောင်းကစားအိမ်က ပိုက်ဆံတွေကို အနိုင်ရရှိခဲ့တယ်ဆိုတာ သူ့အတွက် ချက်ချင်း‌ ရွှေဒင်္ဂါးနှစ်ထောင်ကို ယူပေးလိုက်ကြ”

ခဏလောက်ကြာပြီးနောက် ဂိုဏ်းသားနှစ်ယောက်တို့သည် ရွှေဒင်္ဂါးနှစ်ထောင်ပါသော သေတ္တာတစ်ခုကို ယူဆောင်ကာ ပြန်လည်ရောက်ရှိလာခဲ့၏။

“ဒါနဲ့ သဘောတူညီမှုစာချုပ်က ဘယ်မှာလဲ” ရှမ့်လန်က မေးမြန်းလိုက်သည်။

“ကျုပ်အခု ရေးပေးလိုက်မယ်”

ထျန်းဟန်က ပြောဆိုလိုက်၏။ သို့ပေမဲ့ ဤသဘောတူညီမှုစာချုပ်စာ် စာချုပ်အရ သာရှိပြီး ဘယ်တော့မှ ပြန်ပေးမည့်အရာ မဟုတ်ကြောင်း အားလုံးသောသူတို့က သိရှိပြီးဖြစ်၏။ သဘောတူညီမှုစာချုပ်ကို ရေးသားပေးပြီးနောက် ထျန်းဟန်သည် ရှမ့်လန်ဆီသို့ လှမ်းကာပေးလိုက်၏။ “ရှမ့်လန် စိတ်ကျေနပ်ပြီလား”

ရှမ့်လန်သည် သဘောတူညီမှုစာချုပ်ကို ယူဆောင်ကာဖြင့် သေသေချာချာဖတ်ရှုလိုက်၏။ ပြီးနောက် သေတ္တာကို ဖွင့်ကာဖြင့် ရွှေဒင်္ဂါးလက်တစ်ဆုပ်စာကိုယူကာ ဆော့ကစားလျက် ရှိနေ၏။ ဤရွှေဒင်္ဂါးများသည် ပတ်ဝန်းကျင်တည်နေရာတွင်ရှိနေသည့် လူပေါင်းများစွာတို့၏ မျက်လုံးများကိုပင် ကျိန်းသွားစေခဲ့သည်။

ထျန်းဟန်သည် နှာခေါင်းရှုံ့လိုက်မိ၏။ ယူလိုက်စမ်း ယူလိုက်စမ်း၊ ရွှမ်ဝူအိမ်တော်ကိုရောက်ရင် မင်းခြေထောက် ရိုက်ချိုးခံရတဲ့ သတင်းကို ငါစောင့်နေမယ်။

ပိုက်ဆံများကို ယူဆောင်ပြီးနောက် ရှမ့်လန်သည် ပိုမိုကာမောက်မာလာခဲ့ကြ၏။ ထိုကဲ့သို့သော မောက်မာလေ မြို့စားအိမ်တော်သို့ရောက်လေ၊ ဒုက္ခရောက်လေဖြစ်မည်။ မြို့စားအိမ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်သည် ဆိုပါက ကျိန်းသေပေါက် မြို့စားကြီး မည်မျှဒေါသထွက်မည်ဖြစ်ကြောင်း တွေးကြည့်ရုံနှင့် သိရှိနိုင်၏။

သို့ပေမဲ့ ရှမ့်လန်၏အပြုံးသည် ထူးခြားလျက် ရှိနေ၏။ သူသည် အလွန်တရာ ကြီးကျယ်မြင့်မြတ်သည့် လူသားတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြင့် ပြောဆိုလိုက်၏။ “ဒါ ရွှေဒင်္ဂါးနှစ်ထောင်သာသာပါပဲ။ ဒါကို ကျုပ်ဘယ်လိုလုပ်ပြီး ဂရုစိုက်ရမှာလဲ။ ထျန်းဟန်... တစ်နှစ်ပတ်လုံး ခင်ဗျားတို့လောင်းကစားရုံမှာ လာပြီးတော့ ဆော့ပြီး ပိုက်ဆံရှုံးခဲ့တဲ့လူ ဘယ်လောက်တောင်များလဲ။

ကျုပ် ရှမ့်လန်က ပိုက်ဆံကို ဂရုစိုက်တဲ့လူ မဟုတ်ဘူး။ ကျုပ်ဒီနေရာကို လာခဲ့တာ ပိုက်ဆံတွေကို အနိုင်ရချင်လို့ မဟုတ်ဘူး။ ချမ်းသာခြင်းနဲ့ အကြင်နာတရားကင်းမဲ့ခြင်း ဆိုတဲ့သင်ခန်းစာကို အားလုံးသော သူတို့ဆီလာပို့ချတာပဲ”

“ဒီမှာရှိတဲ့ မိသားစုတစ်ထောင်ကျော်တို့အတွက် တရားမျှတမှုကို ကျုပ်လာရှာခဲ့တာပဲ။ ခင်ဗျားတို့ သူတို့ဆီက ယူသွားတဲ့ပိုက်ဆံတွေကို ကျုပ်ပြန်ပြီး ယူလာပေးတာပဲ။ ကျုပ်ရဲ့ ယောက္ခထီးက ပြောတယ်။ ဒီမှာရှိတဲ့ လူတွေအကုန်လုံးကို ကိုယ့်ရဲ့ကိုယ်ပိုင်ကလေးငယ်တွေလိုမျိုး ချစ်မြတ်နိုးရမယ်။ ဒါ့ကြောင့် ဒီနေ့မှာ လူချမ်းသာ လောင်းကစားရုံလာပြီး သင်ခန်းစာပေးခဲ့တာ။ ရွှမ်ဝူမြို့မှာရှိတဲ့ လူပေါင်း များစွာတို့က ဒါကိုသိသင့်တယ်။ အနိုင်ရခဲ့တဲ့ ဒီပိုက်ဆံထဲက ရွှေဒင်္ဂါးတစ်ပြားကိုတောင် ကျုပ်ယူမှာ မဟုတ်ဘူး။ ဒါတွေအားလုံးကို လောင်းကစားလုပ်ပြီး မိသားစုတစ်ခုလုံး ဒုက္ခရောက်ခဲ့ကြတဲ့သူတွေဆီ ပြန်ပေးမယ်။”

ရှမ့်လန်သည် ရွှေဒင်္ဂါးများကို ကိုင်ကာဖြင့် ကြည့်ရှုနေသည့်လူပေါင်းများစွာဆီသို့ လှမ်းပစ်ပေးလိုက်သည်။ “ရွှမ်ဝူမြို့သားတို့ ... ဒါတွေအကုန်လုံးက ခင်ဗျားတို့ဟာတွေပဲ”

ရှမ့်လန်သည် ရွှေဒင်္ဂါးပြားများကို အားရပါးရ ပစ်လွှတ်လျက်ရှိ၏။ ရုတ်တရက် လူအုပ်ကြီးတစ်ခုလုံးသည် ရူးသွပ်သွားမလိုပင် ဖြစ်သွားခဲ့၏။ ရွှေဒင်္ဂါးနှစ်ထောင်ဆိုသည်မှာ များပြားသည့် ငွေပမာဏပင်ဖြစ်၏။ သို့ပေမည့် ရှမ့်လန်သည် ရွှမ်ဝူမြို့ထဲတွင်ရှိနေသည့် လူပေါင်းများစွာတို့ဆီသို့ ပိုက်ဆံများကို ကြဲချလျက် ရှိနေပြီး တည်ရှိနေသည့် လူပေါင်းများစွာတို့သည် ပွက်လောရိုက်ကုန်ကြ၏။

ဆယ်မိနစ်ခန့် ကြာမြင့်ပြီးနောက် ရှမ့်လန်သည် ရွှေဒင်္ဂါးနှစ်ထောင်တို့ကို သုံးဖြုန်းခဲ့ပြီးပြီဖြစ်၏။ ပိုက်ဆံများကို အမှိုက်အညစ်အကြေးကဲ့သို့ သဘောထားသည်ဟူသော အဓိပ္ပာယ်သည် ဤအရာပင် ဖြစ်၏။ တကယ့်ကို ကြည့်ကောင်းလှချေသည်။

“အင်း... သက်ရှည်ကျန်းမာပါစေ ဆရာရှမ့်။ သက်ရှည်ကျန်းမာပါစေ မြို့စားကြီး”

အားလုံးသောသူတို့သည် သံပြိုင်ဆိုသလို အော်ဟစ်လျက်ရှိ၏။ ထျန်းဟန်သည် ထိုမြင်ကွင်းကို ထိုင်ကြည့်နေရပြီး ထကာတားဆီး၍လည်း မရနိုင်ချေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒေါသများကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ သူသည် သူ၏ဂိုဏ်းသားနှစ်ယောက်တို့၏ ခြေထောက်များကို ရိုက်ချိုးခဲ့ရ၏။ ထိုတင်သာမကပေ။ သူ၏ပိုက်ဆံများကို အသုံးပြုကာဖြင့် ရှမ့်လန်ဆိုသည့်ကောင်သည် လူပေါင်းများစွာတို့၏ နှလုံးသားများကို သိမ်းပိုက်သွားခဲ့ပြန်၏။ သူ့အတွက် မိအေးနှစ်ခါနာပင်။

သူသည် ဒေါသတရားများကို အကြီးအကျယ် ထမ်းပိုးထားရ၏။ မည်သို့မျှ သည်းမခံနိုင်တော့သလိုပင် ဖြစ်နေ၏။ သူ၏ ရင်ဘတ်ကြီးတစ်ခုလုံးသည် မို့ဖောင်းလျက် ရှိနေ၏။ နှလုံးသားထဲမှာ နာကျင်သည့် ခံစားချက်များကို ရရှိနေ၏။ ပြီးနောက် မည်သို့မျှ မနေနိုင်တော့ချေ။ သွေးများပင် အန်ထွက်လာ၏။ “ရှမ့်လန်... ငါထျန်းဟန်နဲ့မင်းက ကျိန်းသေပေါက် ဖြေရှင်းလို့မရတဲ့ ရန်ငြိုးတွေရှိခဲ့ပြီ”

ပြောပြီးနောက် ထျန်းဟန်သည် အနောက်ဘက်သို့ လန်ကျသွား၏။ လောင်းကစားရုံ၏အတွင်းသို့ တိတ်တဆိတ် ရောက်ရှိနေကြသော ကျန်းကျင်းနှင့် မြို့တော်ဝန်လျှိုဝူယမ်တို့သည် ထိုမြင်ကွင်းကိုမြင်ပြီး ရုတ်တရက် ဆွံ့အလျက် ရှိနေကြသည်။

All Chapters