← Chapters

လူသားများ၏ ကောင်းမွန်လာခဲ့သော အခြေအနေ

Vol. 16 Ch. 211

လူသားများ၏ ကောင်းမွန်လာခဲ့သော အခြေအနေ

Vol. 16 Ch. 211

ပစိဖိတ်သမုဒ္ဒရာ၏ အခြားတစ်ဖက်က အမေရိကန်နိုင်ငံသည် ၎င်းတို့သည် ကင်းကောင် အမည်ရှိ ကိုင်းဂျူး သားရဲတစ်ကောင်ကို အောင်မြင်စွာ ပုံတူပွားနိုင်​ပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။

ပုံတူပွားနည်းပညာသည် ယခင်ကတည်းက ရှေးဟောင်း သားရဲအနည်းငယ်ကို ပုံတူပွားနိုင်ခဲ့ပြီ ဖြစ်သောကြောင့်, ကိုင်းဂျူး သားရဲများကို ပုံတူပွားခြင်းသည်, ခက်ခဲသော်လည်း မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။

ကင်းကောင်သည် ဂေါ်ရီလာတစ်ကောင်နှင့် ဆင်တူကာ ငယ်ရွယ်သေး​​​သောကြောင့် အမြင့် (၁၀) မီတာသာ ရှိသေးပြီး လမ်းပင် မလျှောက်နိုင်သေးပေ။

ကင်းကောင်သည် များသောအားဖြင့် မြေပြင်ပေါ်တွင် လှဲလျောင်းနေတတ်ပြီး ဆာလောင်လာလျှင် ၎င်းက အော်ဟစ်တတ်၏။

၎င်း၏ အော်ဟစ်သံများကြောင့် သိပ္ပံပညာရှင်များ အတော်လေး အဆင်မပြေဖြစ်ခဲ့ရသည်။

သို့သော် ထိုအော်ဟစ်သံများက ကင်းကောင်၏ ပင်ကိုယ်အပြုအမူသာဖြစ်ပြီး, အစားအစာ ကျွေးမွေးလိုက်သည်နှင့် အော်ဟစ်ခြင်းက ရပ်တန့်သွားမည် ဖြစ်သည်။

ကင်းကောင်သည် ရန်လိုသော အပြုအမူများအား ပြသခြင်းမရှိသေးပေ။ သိပ္ပံပညာရှင်များကတော့ ၎င်းသည် ကလေးအဆင့်၌သာ ရှိနေသောကြောင့် ဖြစ်လိမ့်မည်ဟု ယူဆထားခဲ့သည်။

သုတေသနပြုချက်များအရ ကိုင်းဂျူး သားရဲတစ်ကောင်တွင် ခရိုမိုဆုန်း (၅၄) စုံရှိပြီး (၅၃) စုံက ပုံမှန်ခရိုမိုဆုန်းများ ဖြစ်ကြောင်း သိထားကြသည်။

ခရိုမိုဆုန်း (၅၃) စုံ၏ အသွင်သည် အတော်လေး ရိုးရှင်းသော်လည်း နောက်ဆုံး ခရိုမိုဆုန်း (၁) ခုက ယခင် ခရိုမိုဆုန်း (၅၃) စုံထက် ပိုရှုပ်ထွေးပြီး, ကိုင်းဂျူး သားရဲတစ်ကောင်၏ အဓိက မျိုးရိုးဗီဇ ဖြစ်သည်။

ပုံတူပွားနည်းပညာဖြင့် ဖန်တီးထားသော ကင်းကောင်သည်လည်း အလားတူပင် ဖြစ်ကာ ခရိုမိုဆုန်း (၅၃) ခုသည် သာမာန်ပင် ဖြစ်ပြီး ကျန်ရှိနေသော ခရိုမိုဆုန်း (၁) ခုသည် မိခင်ကိုင်းဂျူး သားရဲ၏ အဓိက မျိုးရိုးဗီဇ ခရိုမိုဆုန်းနှင့် ဆင်တူသော်လည်း အနည်းငယ် ရှုပ်ထွေးသည်။

"ဒါက ကင်းကောင်, လူသားတွေကို တိုက်ခိုက်ဖို့ ဆန္ဒမရှိတာနဲ့ သတ်ဆိုင်နိုင်တယ်"

၎င်းစီမံကိန်း တာဝန်ခံပုဂ္ဂိုလ်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုခရိုမိုဆုန်းတွင် ပါဝင်သော မျိုးရိုးဗီဇအချက်အလက်သည် လူသားများအပေါ် ကိုင်းဂျူး သားရဲ၏ ရန်လိုရခြင်းရဲ့ အဓိက အချက်ဖြစ်ရမည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။

အမေရိကန်တို့သည် နောက်ထက် စမ်းသပ်မှုတစ်ခု ပြုလုပ်တော့မည်ဟု ထုတ်ပြန်လာခဲ့၏။

သုတေသနအဖွဲ့သည် ကင်းကောင်တစ်ကောင်ကို ထက်မံ၍ ပုံတူပွားနည်းပညာဖြင့် ဖန်တီးတော့မည် ဖြစ်သည်။ ထိုဖန်တီးထားသော ကင်းကောင်၏ နောက်ဆုံး ခရိုမိုဆုန်း မျိုးရိုးဗီဇကို ပုံမှန်ကိုင်းဂျူး သားရဲ၏ မျိုးရိုးဗီဇနှင့် ဆင်တူအောင် ထားရှိဖို့ ကြံရွယ်ထားကြသည်။

ဤသို့ဖြင့် လူသားများအပေါ် အလွန်ရန်လိုစိတ်ပြင်းပြရခြင်း၏ ယခင် ခန့်မှန်းချက်အပေါ် မှန်ကန်ခြင်း ရှိမရှိ သိရှိလာမည် ဖြစ်သည်။

အကယ်၍ သူတို့၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့မည်ဆိုလျှင် ပုံတူပွားနည်းပညာဖြင့် ဖန်တီးမည့် ကိုင်းဂျူး သားရဲများကို လက်နက်များအဖြစ် အသုံးပြုလာနိုင်မည် ဖြစ်သည်။

ထိုအခါ လူသားများ၏ အခြေအနေသည် တိုးတက်​ကောင်းမွန်လာမည် ဖြစ်ပြီး, ကိုင်းဂျူး သားရဲ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နူကလီးယားဗုံးများကို အသုံးပြုရန် လိုအပ်တော့မည် မဟုတ်ပေ။

မိန့်ခွန်း၏ အဆုံးသတ်တွင် သုတေသနအဖွဲ့ခေါင်းဆောင်က ဤနည်းပညာသည် ကြီးမားသော အလားအလာရှိကြောင်းနှင့် ကမ္ဘာ့နိုင်ငံများသည်လည်း ကူညီပို့ပံ့ပေးရန် မျှော်လင့်ထားကြောင်း အလေးထား ပြောကြားခဲ့သည်။

ထိုပုံတူပွားနည်းပညာအပြင် သိပ္ပံပညာရှင်များသည် ကိုင်းဂျူး သားရဲများ၏ သွေးတွင် အသုံးပြုနိုင်စွမ်းရှိသော စွမ်းအင်အချို့ကို တွေ့ရှိခဲ့ကြသည်။

ကိုင်းဂျူး သားရဲ၏ သွေးအနည်းငယ်ဖြင့် ပစ္စည်းအချို့ကို ပေါင်းစပ်ကာ ကာဗွန်ထုတ်လွှင့်မှု နည်းပါး​ပြီး သန့်ရှင်းစင်ကျယ်သော ဘေးအန္တရာယ် မရှိသည့် စွမ်းအင်ကို ဖန်တီးနိုင်သည်။

ထိုစွမ်းအင်သည် ရေနံအသုံးပြုမှုကို များစွာ လျှော့ချပေးနိုင်သည်။

သန့်ရှင်းစင်ကျယ်သော ဤစွမ်းအင်သည်သာ ငြိမ်းချမ်း​သော ယခင်ခေတ်တွင် ပေါ်ထွန်းလာခဲ့မည်ဆိုလျှင် ၎င်းစွမ်းအင် ရင်းမြစ်ကြောင့် နိုင်ငံများအကြား စစ်ပွဲများပင် ဖြစ်လာနိုင်သည်။

သို့သော် တစ်ချက်သတိပြုရမည်က ၎င်းသည် ကိုင်းဂျူး သားရဲများ၏ သွေးကို လိုအပ်ပြီး ၎င်းသာ မရှိခဲ့လျှင် ထိုစွမ်းအင်ကို လုံးဝ ရှာမတွေ့နိုင်ဘူးဆိုတာ သတိပြုရမည် ဖြစ်သည်။

ဤတွေ့ရှိချက်မှုအပြင် ကာဗွန်အခြေခံဆဲလ်များနှင့် ဆီလီကွန်အခြေခံဆဲလ်များကို ပေါင်းစပ်ကာ ကိုင်းဂျူး သားရဲများ၏ ကုစားနိုင်စွမ်းကို ရရှိရန်အတွက် ကြိုးစားခဲ့ကြသည်။

ကိုင်းဂျူး သားရဲများ ပေါ်ထွက်လာပြီးနောက် တီထွင်နိုင်စွမ်း​ မြင့်မားလှသော ပါရမီရှင် အမျိုးမျိုး ပေါ်ထွက်လာခဲ့ပြီး တစ်ယောက်စီတိုင်းတွင် ကြီးမားသော အလားအလာများ ရှိ​ကြသည်။

ကံမကောင်းစွာဖြင့် လက်ရှိနည်းပညာသည်, စိတ်ကူးများထဲက အနည်းငယ်ကိုသာ အကောင်အထည်ဖော်နိုင်​လေသည်။

ထို့ကြောင့် ကိုင်းဂျူး သားရဲများက ရရှိလာမည့် နည်းပညာ အကျိုးအမြတ်အများစုသည် နောင်အနာဂတ်မှသာ ခံစားနိုင်မည် ဖြစ်သည်။

ပထမဆုံး ကိုင်းဂျူး သားရဲ ပေါ်ပေါက်လာချိန်က စ၍ (၂) နှစ်ရှိခဲ့ပြီ ဖြစ်သည်။

ဤနှစ်နှစ်တာ ကာလအတွင်း ပြောင်းလဲမှုများစွာ ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထဲက အဓိကပြဿနာတစ်ခုသည်, ပတ်ဝန်းကျင်​လေထု ညစ်ညမ်းမှုပင် ဖြစ်၏။

နူကလီးယားဗုံးများနှင့် အဆင့်မြင့် ကိုင်းဂျူး သားရဲများ၏ သွေးများသည် ပတ်ဝန်းကျင်လေထုကို ဆိုးဆိုးရွားရွား ညစ်ညမ်းစေခဲ့သည်။ လေထုနှင့် ရွာသွန်လာသော မိုးရေစက်များသည် အဆိပ်သင့်ဓာတ်ငွေ့များကို လူသားများ နေထိုင်ရာဒေသများဆီသို့ သယ်ဆောင်ခဲ့ပြီး ကြီးမားသော ထိခိုက်မှုများ ဖြစ်ပွားစေခဲ့သည်။

ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် ရောဂါအမျိုးမျိုး စွဲကပ်ခြင်း, မွေးကင်းစကလေးငယ်များ၏ ပုံပျက်ခြင်းနှင့် အခြားပြဿနာများ စတင်ပေါ်ပေါက်လာခဲ့သည်။

သို့သော် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းက မရှိသေးပေ။ ထို့အပြင် နူကလီးယားဗုံးများသည် ကမ္ဘာတစ်ဝှမ်းတွင် နေ့စဉ်နေ့တိုင်း ပေါက်ကွဲနေခဲ့ပေရာ အခြေအနေကို ပိုမို၍သာ ဆိုးရွားလာခဲ့​လေသည်။

နူကလီးယားလက်နက်ကို အသုံးပြုခြင်းအား ရပ်တန့်ဖို့ရာ မဖြစ်နိုင်သေးပေ။ အကယ်၍ အဆင့် (၅) ကိုင်းဂျူး သားရဲများကိုသာ နူကလီးယားဗုံး အသုံးပြု၍ မသတ်ဖြတ်ဘူးဆိုလျှင် ၎င်းတို့က အခြားကိုင်းဂျူး သားရဲများကို ဦးဆောင်၍ နိုင်ငံများကို ပျက်စီးစေနိုင်မည် ဖြစ်သည်။

သို့သော် နူကလီးယားလက်နက် မရှိသော ကမ်းရိုးတန်း နိုင်ငံငယ်များက အဓိကနိုင်ငံကြီးများနှင့် မတူညီဘဲ ပျက်စီးဖို့ရန် သိပ်မဝေးတော့ပေ။

စာရင်းဇယားများအရ ကိုင်းဂျူး သားရဲများ ပေါ်ထွက်လာချိန်က စ၍ လူသား (၁) ဘီလီယံခန့် သေဆုံးခဲ့ပြီ ဖြစ်သည်။ ထို့အပြင် လူအများအပြားသည် ကိုင်းဂျူး သားရဲများကြောင့် နေ့စဉ်နေ့တိုင်း သေဆုံးနေကြသည်။

ဤကိုင်းဂျူး သားရဲ ကျူးကျော်မှုကို,

လူသားသမိုင်းတွင် ပထမဆုံးသော အကြီးမားဆုံး ဘေးဒုက္ခအဖြစ် သတ်မှတ်နိုင်သည်။

_____

ဖန့်ရန်သည် လူသားကမ္ဘာ၏ အခြေအနေကို ဂရုမစိုက်ခဲ့​ချေ။

သူသည် အာကာသလမ်းကြောင်းက သားရဲများကို ပထမဆုံး တွေ့စဉ်ကတည်းက လူသားများနှင့် သားရဲများကြား စစ်ပွဲတွင် သူက ဘယ်လိုနေသင့်သလဲဆိုတာ တွေးတောခဲ့သည်။

သူ၏ အတိတ်ဘဝသည် လူသားဖြစ်သော်လည်း ယခုလက်ရှိဘဝတွင် သူက သားရဲတစ်ကောင် ဖြစ်သည်။ သူသည် လူသားများကို ကူညီချင်လျှင်တောင် သူ၏ အကူအညီကို ၎င်းတို့က လက်ခံမည်ဟု မထင်ပေ။

ဖန့်ရန်သည် လူသားပင် ဖြစ်စေ,

ကိုင်းဂျူး သားရဲများပင် ဖြစ်စေ,

ထိုစစ်ပွဲ စတင်ရာသည် ဂြိုလ်သားများကြောင့်ပင် ဖြစ်စေ,

၎င်းက သူနှင့် မသတ်ဆိုင်ဟု ခံစားမိခဲ့သည်။

သူ၏ ပန်းတိုင်သည် သန်မာလာ​ပြီး၊ ဤအ​ပြာ​ရောင်ဂြိုလ်က ထွက်ခွာနိုင်ဖို့ပင် ဖြစ်သည်။

ထိုအဆင့်သို့ ရောက်ရှိပြီးနောက် သူသည် ဤအ​ပြာ​ရောင်ဂြိုလ်က ထွက်ခွာ၍ အပြောကျယ်လှသော စကြာဝဠာထဲတွင် သူ၏ နေအိမ်ထံသို့ ပြန်နိုင်မည့် နည်းလမ်းကို ရှာဖွေမည် ဖြစ်သည်။

သို့သော် သူ၏ အခြေအနေကို သူကောင်းစွာသိခဲ့၏။ မူရင်းစကြာဝဠာသို့ သူပြန်ရောက်သွားချိန်လောက်ဆို သူ့မိဘများနှင့် သူငယ်ချင်းများက ဆုံးပါးသွားလောက်ပြီဆိုတာ သူသိ​နေခဲ့သည်။

သူမြွေအဖြစ် ပြန်လည်မွေးဖွားလာသည်မှာ (၇) နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ စကြာဝဠာထဲမှာ လှည့်လည်သွားလာနိုင်တဲ့အထိ ဘယ်လောက်ကြီးထွားဖို့ လိုသေးမှန်း သူမသိပေ။

သူ၏ ပန်းတိုင်သို့ ရောက်ရှိရန် နှစ်ပေါင်းရာချီ ကြာမြင့်နိုင်သည်, သို့မဟုတ် ထိုထက်ပင် ပိုသော နှစ်​ပေါင်းထောင်ချီသည်လည်း ဖြစ်နိုင်သည်။

သို့သော် သူသည် အရှုံးပေးမည် မဟုတ်ပေ။ ၎င်းသည် အဓိပ္ပါယ်မဲ့သည်ထင်နိုင်သော်လည်း သူ၏ ယခင်ကမ္ဘာသို့ ပြန်သွားလိုခြင်းသည်, ပြန်သွားချင်ရုံသာ ဖြစ်သည်။

ဖန့်ရန်သည် ဧရာမလိပ်ကြီး၏ ကျောပေါ်တွင် လှဲလျောင်းရင်း အတ္တလန္တိတ်သမုဒ္ဒရာကို လှည့်လည်နေခဲ့သည်။ မူလပန်းတိုင်ဖြစ်သော အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်ကာ ထိုနေရာသို့ ရောက်ရှိရန် သိပ်မလိုတော့ပေ။

ဖန့်ရန်သည် လမ်းခရီးတွင် ကိုင်းဂျူး သားရဲများနှင့် အခြားအမဲလိုက်ခြင်းကနေ ဆင့်ကဲပြောင်းလဲရန်အတွက် လုံလောက်သော စနစ်အမှတ်ကို စုဆောင်းနိုင်ခဲ့ပြီးပြီ ဖြစ်သည်။

ယခုသူသည် ဆင့်ကဲဖြစ်စဉ်အတွင်း ရှိနေခဲ့ခြင်း ဖြစ်၍ ဧရာမလိပ်ကြီး၏ ကျောပေါ်တွင် နွမ်းနယ်စွာ လှဲလျောင်းနေခဲ့ခြင်းလည်း ဖြစ်သည်။

.....

All Chapters