စွမ်းအင်အကျပ်အတည်း
Vol. 16 Ch. 212
ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးသွားချိန်တွင် ဖန့်ရန်၏ အဆင့်သည် (၂၅) ဖြစ်သွားခဲ့ပြီး ဆုလာဘ်အဖြစ် ကျွမ်းကျင်မှုရမှတ် (၂၄) မှတ်ကို ရရှိခဲ့သည်။
၎င်းအမှတ်သည် ယခင်ကျွမ်းကျင်မှုရမှတ်များနှင့် ပေါင်းစည်း၍ စုစုပေါင်း ကျွမ်းကျင်မှုရမှတ် (၃၁) မှတ် ဖြစ်သွားခဲ့သည်။ ထိုကြောင့် ဖန့်ရန်သည် ကျွမ်းကျင်မှုရမှတ်များကို အသုံးပြု၍ မိုးကြိုးဒိုမိန်းကို အဆင့်မြှင့်တင်ခဲ့သည်။
အဆင့်မြှင့်တင်မှုပြီးချိန်တွင် မိုးကြိုးဒိုမိန်၏ စွမ်းအားနှင့် လွှမ်းခြုံနိုင်သည့် အကွာအဝေးသည်, နှစ်ဆဖြစ်သွားခဲ့သည်။
မိုးကြိုးနယ်မြေ၏ လွှမ်းခြုံနိုင်သော အကွာအဝေးသည်, မီတာ (၅၀၀) ဖြစ်ပြီး မိုးကြိုးများက သဘာဝမိုးကြိုးများနှင့် အဆင့်တူလာခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူ့၏ နဂါးဖိအားသည်လည်း (လျှပ်စစ်သံလိုက်လှိုင်း ဖိအား) ပိုမိုအားကောင်းလာခဲ့သည်။ ၎င်းက မီဂါလိုဒွန် ငါးမန် အရွယ်အစားခန့်ရှိသည့် သားရဲတစ်ကောင်ကို သူ့အနား ချဉ်းကပ်လာသည်နှင့် ရူးသွပ်ခြင်း သို့မဟုတ် မေ့မြောသွားစေနိုင်သည်အထိ ဖြစ်သည်။
အလယ်ဗဟိုနှင့် ပိုမိုနီးကပ်လာလေလေ, နယ်ပယ်၏ ဖိအား သက်ရောက်မှုက ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။
ဖန့်ရန်နှင့် ဧရာမလိပ်ကြီးတို့သည် အာဖရိကတိုက်၏ ကမ်းရိုးတန်းတစ်လျှောက် ရွေ့လျားလာခဲ့ကြသည်။
ယခင် သူဖြတ်သန်းသွားရာ ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိနေခဲ့သော တံငါသည်ရွာများစွာသည် ယခုပျောက်ဆုံးနေခဲ့၏။ ထိုအစား ကုန်းနေရေနေ သားရဲငယ်များက ကမ်းရိုးတန်းတစ်လျှောက် နေရာယူထားသည်ကို သူမြင်ခဲ့ရသည်။ ၎င်းသည် လူသူလေးပါးလုံးဝကင်းမဲ့နေခဲ့ပြီး လူတစ်ယောက်ပင် ရှိမနေဘဲ သားရဲများသာ ရှိနေခဲ့ခြင်းလည်း ဖြစ်သည်။
"အာဖရိကတိုက်ရဲ့ အခြေအနေက ဒီလောက်တောင် ဆိုးရွားနေပြီလား.."
ဖန့်ရန်က သက်ပြင်းချမိသည်။ သူသည် အာဖရိက၏ အခြေအနေကို ယခင်ကတည်းက ခန့်မှန်းထားမိပြီ ဖြစ်သည်။
အာဖရိကတိုက်တွင် နိုင်ငံများစွာရှိသော်လည်း အများစုက ပြည်တွင်းစစ် သို့မဟုတ် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရသော နိုင်ငံငယ်လေးများ ဖြစ်သည်။ ၎င်းနိုင်ငံများသည် ဘာသာစကားအခတ်အခဲနှင့် ယဉ်ကျေးမှုကွဲပြားကြသောကြောင့် စည်းလုံးညီညွှတ်ရန် မဖြစ်နိုင်လောက်ပင် ဖြစ်သည်။
ထို့အပြင် ၎င်းတို့၏ စစ်ရေးအင်အားသည့် အားနည်းလွန်းသောကြောင့် ကိုင်းဂျူး သားရဲများ စတင်ကျူးကျော်လာချိန်တွင် နေရာဌာနအများစုသည်, ကျူးကျော်ခံလိုက်ရကာ သားရဲများ၏ နယ်မြေ ဖြစ်သွားခဲ့သည်။
ဖန့်ရန်သည် အရွယ်အစား ပိုမိုကြီးမားလာခဲ့သလို သူ၏ အောက်က ဧရာမလိပ်ကြီးသည်လည်း အရွယ်အစား ပိုကြီးလာခဲ့သည်။ ၎င်း၏ အရွယ်အစားသည် မီတာ (၃၂၀) ထိတိုင် ရောက်ရှိနေပြီ ကြီးထွားနှုန်းက လုံးဝမနှေးကွေးပေ။
ဖန့်ရန်သည် ၎င်းတွင် အထူးစွမ်းရည်များ ရှိမလားဟု သိလိုစိတ်ဖြင့် စူးစမ်းကြည့်ခဲ့သော်လည်း ဘာမှမတွေ့ရပေ။
၎င်းတွင် ဧရာမခန္ဓာကိုယ်နှင့် မြင့်မားသော အကာအကွယ်ကလွဲ၍ ထူးထူးခြားခြား အရာမရှိပေ။
ဧရာမလိပ်ကြီးကို စူးစမ်းရင်း ဖန့်ရန်သည် ယခင် ကြုံတွေ့ခဲ့ဖူးသော ဧရာမရေဘဝဲကြီးကို သတိရလာသည်။
သူသည် ၎င်းအသက်ရှင်နေသေးလား သိချင်နေခဲ့၏။
သူမသိသည်က ဧရာမရေဘဝဲကြီး သို့မဟုတ် ခရာကန်သည် အန္တာတိကသမုဒ္ဒရာသို့ ထွက်ပြေးလာပြီးနောက် သက်သောင့်သက်သာနေ,နေခဲ့ခြင်းပင်။
အန္တာတိကသမုဒ္ဒရာသည် လူသူလေးပါး ကင်းရှင်းသော ဒေသတစ်ခုဖြစ်ခြင်းကြောင့် ကိုင်းဂျူး သားရဲများ၏ လျစ်လျူရှုခြင်းကို ခံထားရသော်လည်း သန္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲများ နေထိုင်ရာနေရာတွေထဲက တစ်ခုဖြစ်သည်။ ထိုကြောင့်ပင် ခရာကန်သည် ဤဒေသတွင် ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများ၏ အုပ်စိုးရှင်သဖွယ် ဖြစ်နေခဲ့သည်။ သူသည် တစ်ခါတစ်ရံတွင် ဖြတ်သန်းသွားလာသော ကိုင်းဂျူး သားရဲတစ်ကောင်နှင့် ကြုံတွေ့ရလျှင်ပင် ၎င်း၏ ထက်မြက်သော မသိစိတ်ကို အသုံးပြုကာ ကြိုတင်ထွက်ပြေးနိုင်ခဲ့သည်။
တဖြည်းဖြည်းနှင့် ခရာကန်သည် သေးငယ်ကာ အားနည်းသော ကိုင်းဂျူး သားရဲတစ်ကောင်ကို အောင်မြင်စွာ သတ်ဖြတ်ပြီး စားသောက်နိုင်လာခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်အရွယ်အစားသည် ယခင်ထက် အဆများစွာ ကြီးမားလာခဲ့ပြီး ၎င်း၏ လက်တံများပါဝင်သော အလျားသည်ပင်,
မီတာ (၂၀၀) ကျော်နေခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ဦးခေါင်းသည် အချင်း, မီတာ (၄၀) ရှိနေပြီး...။ ကိုင်းဂျူး သားရဲကို စားသောက်ပြီးနောက် ခရာကန်သည် ၎င်း၏ ပါးစပ်နှင့် လက်တံများကနေ အက်စစ်ရည်များ ထုတ်လွှတ်နိုင်သော စွမ်းရည်ကို ရရှိခဲ့သည်။
ထိုအက်စစ်ရည်သည် အလွန်တိုက်စားနိုင်စွမ်းရှိပြီး သားကောင်အများစုကို (၁၀) စက္ကန့်အတွင်း အရည်ဖျော်ပစ်နိုင်သည်။
၎င်းစွမ်းရည်ကို ရရှိပြီးနောက် ခရာကန်သည် ကိုယ့်ကိုကိုယ်များစွာ ယုံကြည်မှု ရှိလာခဲ့ပြီး, သူ၏ နယ်မြေကနေ မောင်းထုတ်ခဲ့သော သားရဲကို လက်စားချေရန်အလိုငြား တောင်ဝင်ရိုးစွန်းဒေသကနေ ထွက်လာခဲ့သည်။
ခရာကန်၏ ဉာဏ်ရည်သည် သိပ်မမြင့်သော်လည်း မှတ်ဉာဏ်ကောင်းမွန်သည်။ ၎င်းသည် ကိုင်းဂျူး သားရဲငယ်ကို စားသောက်နိုင်ခဲ့ခြင်းကြောင့် ယုံကြည်ချက် မြင်မားလာခဲ့ပြီး သူ၏ မှတ်ဉာဏ်အတွင်းက သူ့အား အနိုင်ယူခဲ့သော သားရဲကို လက်စားချေရန်အတွက် အစိမ်းရောင်ပင်လယ်ဆီသို့ ဦးတည်ခဲ့လေသည်။
ဖန့်ရန်သည် တောင်အာဖရိက၏ အရှေ့တောင်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့သည်။ ထိုဒေသသည် ယခုအခါ အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူသည် သန္ဓေပြောင်း သားရဲများနှင့် ပိုမိုတွေ့လာရပြီး အစိမ်းရောင်ပင်လယ်ပြင်နှင့် နီးကပ်လာသည်နှင့်အမျှ ကိုင်းဂျူး သားရဲများလည်း ပိုမိုများပြားလာသည်။
ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲခြင်းအတွက် လိုအပ်သော စနစ်အမှတ်ပမာဏသည် (၁၂) သန်း ဖြစ်သည်။ ထိုပမာဏသည် ယခင်ခေတ်တွင် စုဆောင်းမိရန်အတွက် နှစ်အတော်ကြာမည် ဖြစ်သော်လည်း ယခုလို ကိုင်းဂျူး သားရဲခေတ်တွင် စုဆောင်းမိဖို့က အလွယ်ကူဆုံး ဖြစ်သည်။
ဖန့်ရန်သည် လူသားများက ကိုင်းဂျူး သားရဲများအတွက် အဆင့်များ ခွဲခြားထားမှန်း မသိသေးပေ။ သူအမဲလိုက်နေကျ ကိုင်းဂျူး သားရဲများက များသောအားဖြင့် အဆင့် (၃) နှင့် (၄) ကြားတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ဖန့်ရန်၏ စနစ်အမှတ်ပမာဏသည် (၅) သန်းရှိနေခဲ့ပြီဖြစ်ကာ ယနေ့တွင် ယခင်ကြုံဖူးခဲ့သော ကိုင်းဂျူး သားရဲများထက် ပိုမိုအားကောင်းသည့် ကိုင်းဂျူး သားရဲတစ်ကောင်နှင့် ကြုံတွေ့ရလေသည်။
...
လူသားများသည် ကိုင်းဂျူး သားရဲများ၊ သန္ဓေပြောင်း သားရဲများ၊ နူကလီးယားဓါတ်ရောင်ခြည် ပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် နောက်ထပ် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် ဟွာရှ၏ Bohai ရေနံနယ်မြေတွင် ရေနံစိမ်းထဲကနေ လျှို့ဝှက်ဆန်းကြယ်သော ပိုးကောင်များစွာကို တွေ့ခဲ့ရခြင်း ဖြစ်သည်။
ထိုပိုးကောင်များသည် အလွန်သေးငယ်လှသော်လည်း အရေအတွက်က မယုံနိုင်လောက်အောင် များပြားပြီး,
ရေနံစိမ်းအတွင်း လူးလွန့်လှုပ်ရှားနေသည်က ပိုးလောက်လန်းများနှင့် တူလို့နေသည်။
သုတေသနပြုပြီးနောက် ထိုပိုးကောင်များသည် ရေနံစိမ်းကို အစာအစားအဖြစ် စားသုံးကြောင်း သိလာခဲ့ရပြီး, ၎င်းတို့အား ရေနံပိုးဟု အမည်ပေးခဲ့သည်။
Bohai ရေနံတွင်းတွင် ရေနံပိုးများကို တွေ့ရှိရပြီးနောက် ကမ်းရိုးတန်း ရေနံတွင်း အများအပြားကို ထက်မံတွေ့ရှိခဲ့ပြန်သည်။ ရေနံပိုးများသည် တွေးတောနိုင်စွမ်းထက် များပြားပြီး ရေနံပိုးများ ပေါ်ပေါက်လာချိန်ကစ၍ ရေနံစိမ်းပမာဏသည် လျင်မြန်စွာ လျော့နည်းလာခဲ့၏။
ထို့အပြင် သဘာဝဓာတ်ငွေ့တွင်းများတွင်လည်း ဓာတ်ငွေ့ပိုးများကို ထက်တွေ့ခဲ့ရပြန်သည်။
၎င်းပိုးနှစ်မျိုး ပေါ်ပေါက်လာခြင်းသည် လူသားများကို စွမ်းအင်အကျပ်အတည်း ဖြစ်စေပေတော့မည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းပိုးနှစ်မျိုးကို ကမ်းရိုးတန်းအနီးတွင် တည်ရှိသော ရေနံတွင်းများနှင့် သဘာဝဓာတ်ငွေ့တွင်းများတွင်သာ တွေ့ရှိရသေးခြင်းဖြစ်ပြီး ကုန်တွင်းပိုင်ဒေသများတွင် မတွေ့ရသေးခြင်း ဖြစ်သည်။
သို့သော် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများသည် စိုးရိမ်ပူပန်းလာကြသည်။ ၎င်းတို့သည် အခြေအနေ ပိုပြီး ဆိုးရွားမလာသေးခင် စွမ်းအင်အရင်းအမြစ်အသစ်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။
၎င်းတို့သည် အစီအစဉ်များ ရေးဆွဲခဲ့ကြပြီး ကိုင်းဂျူး သားရဲများကို ပုံတူပွားနည်းပညာဖြင့် ဖန်တီးကာ ၎င်းတို့၏ သွေးများဖြင့် စွမ်းအင်ရင်းမြစ်အသစ်တစ်ခုကို ဖန်တီးရန် အဆိုပြုချက်က ထောက်ခံချက်အများဆုံး ရရှိခဲ့သည်။
......