← Chapters

အဆင့် ၅ ကိုင်းဂျူး သားရဲ နွားနတ်ဆိုး

Vol. 16 Ch. 213

အဆင့် ၅ ကိုင်းဂျူး သားရဲ နွားနတ်ဆိုး

Vol. 16 Ch. 213

ဖန့်ရန်သည် သူ့အရှေ့က ဧရာမသားရဲကြီးနှင့် ထိတ်တိုက်ရင်ဆိုင်နေသည်။

ထိုကိုင်းဂျူး သားရဲသည် လူသားသဏ္ဍာန်နှင့် ခြေလက်လေးဖက်ရှိကာ ရေပြင်ပေါ်တွင် ထူးဆန်စွာ ရပ်နေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်နှင့် ခြေလက်များသည် ကြွက်သားများဖြင့် ဖောင်းကားနေပြီး ၎င်း၏ လက်သည်းများသည် လင်းယုန်ငှက်၏ လက်သည်းများကဲ့သို့ စူးရှထက်မြက်သည်။

၎င်းသည် မီတာ (၂၀၀) ခန့် အမြင့်ရှိပြီး ၎င်း၏ ဦးခေါင်းက ခန္ဓာကိုယ်နှင့် အချိုးမကျဘဲ ပို၍ ကြီးမားကာ ဦးခေါင်းတွင် ဦးချိုနှစ်ချောင်း ရှိသည်။ ၎င်းသည် ထူးဆန်းလှပြီး နွားနတ်ဆိုးနှင့် ဆင်တူ၏။ (ဂရိဒဏ္ဍာရီထဲက နွားခေါင်းနှင့် လူခန္ဓာကိုယ် ရှိသော နတ်ဆိုး)

“ဧရာမ ကိုင်းဂျူး သားရဲတစ်ကောင်”

ဖန့်ရန်က သူ့ရှေ့က ဧရာမကိုင်းဂျူး သားရဲကို ကြည့်ကာ တွေးလိုက်မိသည်။

သူသည် အံ့အားသင့်နေခဲ့သည်။ သူသည် လမ်းတ​စ်လျှောက်တွင် လျှပ်စစ်သံလိုက်လှိုင်းများကို အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤသားရဲ၏ အရိပ်အယောင်ကို တစ်စိုးတစ်စမျှ တွေ့ခဲ့ရခြင်း မရှိပေ။ သူသည် ၎င်းနှင့် (၁) ကီလိုမီတာခန့် ကွာဝေးတော့မှသာ ၎င်း၏ တည်ရှိမှုကို တွေ့ခဲ့ရခြင်းပင်။

၎င်းအချက်က ဤသားရဲသည် လျှပ်စစ်သံလိုက်လှိုင်းများကို ကာကွယ်နိုင်သည်ဟု ဆိုလိုနေသည်။

ဧရာမသားရဲကြီး သုံးကောင်၏ အထက်ဝေဟင်တွင် ဒရုန်းတစ်စင်းပျံသန်းနေပြီး အောက်ဘက်ရှိ အခြေအနေကို စောင့်ကြည့်နေသည်။

“ဧရာမမြွေကြီးနဲ့ အဆင့် ၅ ကိုင်းဂျူး သားရဲ,နွားနတ်ဆိုး,

ထိပ်တိုက်တွေ့​နေပြီ”

​စောင့်​ကြည့်​ရေး စခန်းက ဝန်ထမ်းများသည် သူတို့ရှေ့ရှိ မျက်နှာပြင်တစ်ခုကို စိုက်​ကြည့်​နေရင်း ပြောလိုက်ကြသည်။

ဧရာမကိုင်းဂျူး သားရဲ​ကြီးကို လွန်ခဲ့သည့် သုံးရက်ကတည်းက ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းပင်လယ်ရေမျက်နှာပြင်သို့ ပေါ်လာကတည်းက ဂြိုလ်တုတစ်လုံးသည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် ၎င်းကိုင်းဂျူး သားရဲ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ဒရုန်းများကို စေလွှတ်ခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်က ထုတ်လွှတ်​နေသော စွမ်းအင်ကို တိုင်းတာကြည့်ပြီးနောက် ၎င်းက အဆင့် (၅) ကိုင်းဂျူး သားရဲဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဟွာရှသည် ယင်းကိုင်းဂျူး သားရဲကို ပထမဆုံး တွေ့ခဲ့ရခြင်းဖြစ်ပြီး, ၎င်းတို့က ၎င်းကိုင်းဂျူး သားရဲကို နွားနတ်ဆိုးဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် နွားနတ်ဆိုးသည် ဖီလစ်ပိုင်နိုင်ငံသို့ ရောက်ရှိတော့မည် ဖြစ်သည်။ ၎င်းသည် ဩစတြေးသို့ ဦးတည်ခြင်းနှင့် ဆင်တူသော်လည်း ဟွာရှ မြို့အချို့ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး တိုက်ခိုက်နိုင်ခြေရှိသောကြောင့် နွားနတ်ဆိုးကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ထားသောအရာတစ်ခုက ဤနေရာတွင် ဧရာမမြွေကြီးနှင့် ဧရာမလိပ်ကြီးကို တွေ့လိုက်ရခြင်းပင်။

အခြားတစ်ဖက်က နွားနတ်ဆိုးသည် ဖန့်ရန်နှင့် ဧရာမလိပ်ကြီးကို မြင်တွေ့သွားခဲ့ပြီး, ပြင်းထန်သော အဟုန်နှင့်အတူ ကူးခတ်လာခဲ့သည်။ ၎င်း၏ အနောက်တွင် ရေစီးကြောင်းများက ခတ်ထန်ကြမ်းတမ်းနေခဲ့၏။

ဧရာမလိပ်ကြီးသည် ဂနာမငြမ်ဖြစ်နေပြီး အနည်းငယ် ကြောက်လန့်နေသည်။ ၎င်းသည် အနောက်သို့ပင် ပြန်လည်ဆုတ်ခွာ​နေ​သေးသည်။

ထိုကြောင့် ဖန့်ရန်သည် ၎င်း၏ကျောပေါ်ကနေ လျှောဆင်းလိုက်သည်၊ ထိုအခါ ချက်ချင်းပင် ဧရာမလိပ်ကြီးသည် ပြန်ဆုတ်ကာ ထွက်ပြေးသွား​လေသည်။

ဖန့်ရန်သည် ၎င်းအား ဂရုမစိုက်ဘဲ သူ့ဆီ ဦးတည်လာနေသော ဧရာမကိုင်းဂျူး သားရဲကိုသာ စိတ်ဝင်တစား စိုက်ကြည့်နေလိုက်သည်။ စနစ်၏ အသိပေးချက်အရ ၎င်းသည် စနစ်အမှတ် (၇) သိန်းတန်ဖိုးရှိသည်။ သူသည် ၎င်းနှင့် တိုက်ခိုက်နိုင်မည်လားဆိုတာ စမ်းသပ်ကြည့်လိုပေသည်။

ဝေဟင်က ကြည့်နေခဲ့မည်ဆိုလျှင် ဧရာမသားရဲကြီး နှစ်ကောင်သည် ပိုပိုပြီး နီးကပ်လာနေကာ နောက်ဆုံးတွင် ထိပ်တိုက်တွေ့ဆုံခဲ့ကြကို မြင်တွေ့ရမည် ဖြစ်သည်။

ဗုန်း!..

နူကလီးယားဗုံး အသေးစားလေး ပေါက်ကွဲသံကဲ့သို့ ကျယ်လောင်ကာ စူးရှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပင်လယ်ရေပြင်သည် နှစ်ခြမ်းကွဲသွားပြီး ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာ၏။

“ကြောက်စရာ​ကောင်းလိုက်တာ”

သားရဲကြီးနှစ်ကောင်ကို စောင့်ကြည့်နေကြသော ဝန်ထမ်းများသည် အံအားသင့်နေကြ၏။

အဆင့် (၅) ကိုင်းဂျူး သားရဲများကို ကမ္ဘာ့အစွမ်းအထက်ဆုံး သားရဲများအဖြစ် သတ်မှတ်ထားကြသည်။ သို့သော် ဧရာမမြွေကြီးက အဆင့် (၅) ကိုင်းဂျူး သားရဲတစ်ကောင်နှင့် ရင်ပေါင်တန်း တိုက်ခိုက်နိုင်နေသည်။

ဖန့်ရန်သည် နွားနတ်ဆိုးနှင့် တိုက်ခိုက်ရန်အတွက် ချီတုံချတုံ ဖြစ်မိသော်လည်း စနစ်အမှတ် အများအပြားက သူ့ကို ဆွဲဆောင်နေခဲ့သည်။ ၎င်းစနစ်အမှတ်ပမာဏသည် သူ၏ ဆင့်ကဲဖြစ်စဉ် အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည့်အပြင် ၎င်းကလည်း ပြိုင်ဘက်ကောင်းတစ်ယောက်လည်း ဖြစ်သည်။ ထိုကြောင့် သူ၏ အစွမ်းအစကို သိလိုလျှင် ၎င်းနှင့် တိုက်ခိုက်သင့်ပေသည်။

ဗုန်း!

ဗုန်း!

ဧရာမသားရဲကြီးနှစ်ကောင်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ၎င်းတို့၏ ခန္ဓာကိုယ်ကို အသုံးပြု၍ တစ်​ကောင်နှင့်တစ်ကောင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ဖန့်ရန်သည် ဧရာမကိုင်းဂျူး သားရဲ၏ ပခုံးကို ကိုက်နေရင်း သူ၏ အမြီးဖြင့် ၎င်း၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ရိုက်ခတ်နေသည်။ သူ၏ အကြေးခွံများပေါ်တွင် ဧရာမကိုင်းဂျူး သားရဲကြောင့် ရရှိထား​သော အဖြူရောင် လက်သည်းအစင်းကြောင်းများနှင့် ဒဏ်ရာအနည်းငယ် ရှိနေသည်။

ရုတ်တရက် ဧရာမကိုင်းဂျူး သားရဲသည် ဖန့်ရန်ကို ၎င်း၏ ကိုယ်ကနေ ဆွဲခွာလိုက်ပြီး,

လွှတ်ပစ်လိုက်သည်။ ထိုနောက် ၎င်း၏ ပါးစပ်ကို ဖွင့်၍ လေဆာရောင်ခြည်တန်းတစ်ခုကို ဖန့်ရန်ဆီသို့ ထုတ်လွှတ်လိုက်သည်။

ဖန့်ရန်သည် ယခင်ကတည်းက နွားနတ်ဆိုး၏ အထူးစွမ်းရည်ကို သတိထားနေခဲ့တာ ဖြစ်သည်။ ထိုကြောင့် နွားနတ်ဆိုး လေဆာရောင်ခြည်တန်း ထုတ်လွှတ်လာချိန်တွင် ရေအောက်သို့ ထိုးဆင်ကာ ရှောင်ရှားဖို့ ကြိုးစားလိုက်သည်။

သို့သော် လေဆာရောင်ခြည်တန်းသည် ရေမျက်နှာပြင်သို့ ထိုးဖောက်ကာ သူ​ကျော်ပေါ်ကို ထိမှန်းသွားခဲ့၏။ လေဆာရောင်ခြည်တန်း၏ ထိမှန်ခြင်းခံလိုက်ရသော ကျောပြင်တစ်နေရာသည် ချက်ချင်းပင် အသွေး၊ အသားများ မွစာကြဲသွားကာ အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။

အနီးဝန်ကျင် ပင်လယ်ရေမျက်နှာပြင်သည်၊ သွေးများကြောင့် ချက်ချင်းပင် နီရဲသွားခဲ့ကာ ထိုနေရာရှိ ပင်လယ်ရေသည် အလွန်ပြင်းထန်သော အပူရှိန်ကြောင့် ပွက်ပွက်ဆူနေကာ အငွေ့ပြန်နေလေသည်။

“ရွှီးး”

ဧရာမမြွေကြီးသည် နာကျင်စွာ အော်ဟစ်လိုက်သည်။

ဖန့်ရန်သည် ချက်ချင်းပင် သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး အိုဗာကလော့ တုန်ခါမှု စွမ်းရည်ကို အသက်သွင်းလိုက်သည်။

သူသည် အသံလှိုင်းတိုက်ခိုက်မှုဖြင့် နွားနတ်ဆိုးကို ခေတ္ထခဏမျှ သတိလွတ်စေလိုက်ပြီး ၎င်းနှင့် (၁၀) အကွာသို့ ခွာလိုက်ပြီး မိုးကြိုးဒိုမိန်ကို အသက်သွင်းလိုက်သည်။

လေးကြိမ်တိတိ အဆင့်မြှင့်တင်ထားခဲ့သော မိုးကြိုးဒိုမိန်သည် အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။

မိုးကြိုးဒိုမိန်ကို အသက်သွင်းလိုက်သည်နှင့် တပြိုင်နက် ဖန့်ရန်ကို ဗဟိုပြုထားသော မီတာ (၅၀၀) အကျယ်ရှိသည့် မိုးကြိုးနယ်မြေတစ်ခု ပေါ်လာခဲ့ကာ ပင်လယ်ရေအများအပြားက ဆက်တိုက်အငွေ့ပျံ​နေ​တော့သည်။

မိုးကြိုးနယ်မြေသည် (၁၀) စက္ကန့်ကြာတည်ရှိပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ဖန့်ရန်သည် မိုးကြိုးဒိုမိန်ကို ​နောက်ထက်နှစ်ကြိမ် အသုံးပြုခဲ့ရာ နွားနတ်ဆိုးက သေဆုံးသွားခဲ့သည်။

မိုးကြိုးဒိုမိန်၏ မိုးကြိုးများက သဘာဝမိုးကြိုးအဆင့်သို့ မရောက်သေးသော်လည်း ဗို့အား​ပေါင်းသန်းရာချီ ရှိနေခဲ့ပြီ ဖြစ်သည်။

မိုးကြိုးနယ်​မြေအတွင်းရှိ အပူချိန်သည် အလွန်ပူပြင်းလှပြီး ပင်လယ်ရေများပင် အငွေ့ပျံခဲ့ရခြင်း ဖြစ်သည်။ သို့သော် မိုးကြိုးဒိုမိန်ကို နောက်ထက် နှစ်ကြိမ် အသုံး​ပြုခဲ့ရ​ခြင်းကြောင့် နွားနတ်ဆိုးက မိုးကြိုးနယ်မြေ၏ မိုးကြိုးများကို စက္ကန့်သုံးဆယ်ခံနိုင်သည်ဟု ဆိုလိုလေသည်။

စောင့်ကြည့်ရေး စခန်းက ဝန်ထမ်းများသည် မျက်နှာပြင်ပေါ်ရှိ စိတ်ကူးယဉ်ဆန်သော မြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ဝေဟင်က မြင်နေရသော အမြင်တွင်...။ ရေမျက်နှာပြင်ပေါ်မှာ အချင်း (၁) ကီလိုမီတာခန့်ရှိသော စက်ဝိုင်းကြီးတစ်ခုက ရုတ်တရက် ပေါ်လာသည်။ ထိုစက်ဝိုင်း​ကြီးအတွင်း၌ မရေမတွက်နိုင်​အောင် များပြား​သောသော မိုးကြိုးများက ရှိနေပြီး ၎င်းက မိုးကြိုးနယ်မြေတစ်ခု ဖြစ်နေသည်။

ပတ်ဝန်းကျင်လေထုသည် ရုတ်တရက် အငွေ့ပျံလာသော ရေငွေ့များကြောင့် ဝေဝါးနေပြီး ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခုက ထွက်ပေါ်လာသည်။

မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော မိုးကြိုးနယ်မြေသည် လုံးဝပျောက်ကွယ်သွားပြီးနောက် လောင်ကျွမ်းရာများဖြင့် ပြည့်နေသော နွားနတ်ဆိုး၏ ခန္ဓာကိုယ်က ပေါ်လာခဲ့သည်။

ဧရာမမြွေကြီးသည် ၎င်းဆီသို့ အဟုန်ပြင်းသော အရှိန်ဖြင့် ချည်ကပ်သွားကာ ၎င်း၏ လည်ပင်းနှင့် ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။

အဆင့် (၅) ကိုင်းဂျူး သားရဲ နွားနတ်ဆိုး သေဆုံးသွားခြင်းသည်။

လူသားကမ္ဘာအတွက် သတင်းကောင်း တစ်ခုဖြစ်ပြီး၊ ဖီလစ်ပိုင်၊ ဟွာရှနှင့် ၎င်းနှင့် နီးကပ်ခဲ့သော နိုင်ငံများအတွက် သတင်းကောင်းထက် ပိုမိုသည်။

အဆင့် (၅) ကိုင်းဂျူး သားရဲများသည် အလွန်မြန်ပြီး၊ အကာအကွယ်ကောင်းမွန်ကာ၊ ခံနိုင်ရည်မြင့်မားပြီး ကုစားနိုင်စွမ်းက မြင့်မားသည်။ ၎င်းတို့သည် လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်နိုင်ခြင်းကြောင့် သမားရိုးကျ ဒုံးကျည်များဖြင့် ၎င်းတို့အား သတ်ဖြတ်ရန် အလွန်ခဲယဥ်းသည်။

ဤကဲ့သို့ သားရဲတစ်ကောင် သေဆုံးခြင်းသည် ၎င်းနှင့် နီးကပ်ခဲ့သော နိုင်ငံများကို စိတ်သက်သာရာ ရစေသည်။

လျှို့ဝှက်ဒရုန်းသည် ဧရာမမြွေကြီး၏ ကိုင်းဂျူး သားရဲကို ဆွဲယူသွားသော ပုံရိပ်ကို နောက်ဆုံးအကြိမ် ပြန်ပို့ပေးခဲ့သည်။

၎င်းဗီဒီယိုကို ကြည့်သူအားလုံးသည် ဧရာမမြွေကြီး၏ စွမ်းအားကြောင့် အံ့အားသင့်ခဲ့ရသည်။

နိုင်ငံများသည် ကိုင်းဂျူး သားရဲများကို အာရုံစိုက်ထားခဲ့ကြပြီး, ဧရာမမြွေကြီးနှင့် သမုဒ္ဒရာ၏ သားရဲဘုရင်များကို စိတ်မဝင်စားတော့တာကြာပြီ ဖြစ်သည်။

သို့သော် ၎င်းဗီဒီယိုက ကြည့်ရှုသူ လူအများ၏ အမြင်ကို ပြောင်းလဲပစ်ခဲ့​လေသည်။

ဧရာမမြွေကြီးကို သုတေသနပြုသင့်တယ်... သူက အဆင့် ၅ ကိုင်းဂျူး သားရဲထက်တောင် ပိုအစွမ်းထက်နေတယ်...။

လူအများသည် ၎င်းအား သုတေသနပြုချင်ကြသော်လည်း ၎င်းကို ဖမ်းဆီးနိုင်ခြင်း မရှိ​သေးပေ။

သို့သော် ၎င်းတို့ထဲတွင် ဟွာရှတော့ မပါပေ။ ၎င်းတို့သည် ဧရာမမြွေကြီးနှင့် အဆင့် (၅) ကိုင်းဂျူး သားရဲတို့ တိုက်ပွဲဖြစ်ခဲ့ရာနေရာတွင် ဧရာမမြွေကြီး၏ အသွေး၊ အသားကို တွေ့ရှိခဲ့ခြင်းကြောင့် သုတေသန ပြုလုပ်နိုင်ပေတော့မည်။ 

.....

All Chapters