← Chapters

ကယ်တင်ရှင် နတ်ဘုရား

Vol. 16 Ch. 214

ကယ်တင်ရှင် နတ်ဘုရား

Vol. 16 Ch. 214

လူသားများ၏ ကိုင်းဂျူး သားရဲများ တိုက်ခိုက်ခံရသော အကြိမ်အရေအတွက်သည် ခပ်စိတ်စိတ်ဖြစ်လာခဲ့ပြီး နိုင်ငံများစွာ၏ ကမ်းရိုးတန်း မြို့များသည် စွန့်ပစ်နယ်မြေအဖြစ် သတ်မှတ်ခံလိုက်ရကာ လူသားများအတွက် တားမြစ်နယ်မြေလို ဖြစ်လာခဲ့သည်။

နိုင်ငံအများအပြားသည် ပျက်စီးသွားခဲ့ခြင်း သို့မဟုတ် အုပ်ချုပ်သူ ကင်းမဲ့​သော မင်းမဲ့ နိုင်ငံများ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ဖြစ်လာတော့မည် နိုင်ငံများတွင် အာဖရိက၊ တောင်အမေရိကနှင့် ဩစတြေးလျတို့က ပါဝင်နေပြီး ၎င်းတို့ထဲတွင် အာဖရိကနှင့် ဩစတြေးလျက အဆိုးဆုံး ဖြစ်သည်။

အာဖရိကတိုက်တွင် စစ်​ရေးအင်အားနည်းပါးသော နိုင်ငံငယ်များစွာ ရှိပြီး,

အဆင့် (၂) ၊ အဆင့် (၃) ကိုင်းဂျူး သားရဲအနည်းငယ်ကပင် ၎င်းတို့ထဲက တစ်နိုင်ငံကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

အာဖရိကတိုက်သည် အစိမ်း​ရောင်ပင်လယ်​ပြင်နှင့် အနီးဆုံးဖြစ်ပြီး ၎င်းတို့ကို တိုက်ခိုက်လာသော ကိုင်းဂျူး သားရဲများက အလွန်များပြားသည်။

ဩစတြေးလျသည်တော့ ၎င်းတို့၏ လူဦးရေ နည်းပါးမှုနှင့် မြေယာကျယ်ပြောခြင်းတို့ကြောင့် ကိုင်းဂျူး သားရဲများစွာက တိုက်ခိုက်လာချိန်တွင် ခုခံကာကွယ်ရန် ခတ်ခဲနေခဲ့သည်။ ၎င်းတို့၏ ယခုတိုင် ရှင်ကျန်နေမှုသည် မဟာမိတ်များအပေါ် မှီခိုခြင်းနှင့် ဆက်စပ်နေပေသည်။ သို့သော် ဤကဲ့သို့ ခေတ်ပျက်ကြီးထဲတွင် မဟာမိတ်များ၏ အကူအညီကို မည်သို့များစွာ မျှော်လင့်နိုင်ပါမည်နည်း။

နိုင်ငံအများအပြားသည် နူကလီးယားလက်နက်ကို အသုံးမပြုဘဲ အဆင့် (၅) ကိုင်းဂျူး သားရဲများကို ကိုင်တွယ်နိုင်မည့် နည်းလမ်းကို ရှာဖွေနေကြသည်။

၎င်းသည် အရေးပေါ်လိုအပ်နေသော ကိစ္စတစ်ခု ဖြစ်သည်။

နူကလီးယားဓါတ်ရောင်ခြည် အဆိပ်သင့်မှု၏ အာနိသင့်များနှင့် အဆင့် (၅) ကိုင်းဂျူး သားရဲများဆီက ကျန်ရစ်ခဲ့သော အဆိပ်ဓာတ်ငွေ့များသည် လူသားများ၏ ကျန်းမာရေးပြဿနာကို အလွန်ဆိုးရွားစေခဲ့သည်။ ၎င်းကို အခြေခံ၍ ပညာရှင်များသည် ဤအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် လူသားများသည် အနှစ် (၂၀) အတွင်း မျိုးသုဉ်းသွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။

လူသားမျိုးနွယ်သည် မျိုးသုဉ်း​တော့မည့် အရေးနှင့် ရင်ဆိုင်နေရသည်။

သန္ဓေပြောင်း သားရဲများ၊ ကိုင်းဂျူး သားရဲများ၊ နူကလီးယားဓါတ်ရောင်ခြည် အဆိပ်သင့်ခြင်း၊ လေထုညစ်ညမ်းမှုနှင့် ရေနံပိုး၊ ဓာတ်ငွေ့ပိုးတို့ကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အကျပ်အတည်းသည် လူသားမျိုးနွယ် ရင်ဆိုင်နေရသော အကျပ်အတည်းကို အတိုင်းအဆမရှိ မြင့်တက်​စေခဲ့သည်။

ဤကပ်ဘေးကို ဖြစ်ပွားစေခဲ့သော လက်မည်းကြီးသည် ယခုထိတိုင် ပေါ်မလာသေးပေ။ ထိုလက်မည်းကြီး ဤကမ္ဘာမြေပေါ် ရောက်ရှိလာသော အချိန်သည် လူသားမျိုးနွယ် အမှန်တကယ် ပျက်သုဉ်းရသော အချိန်ဖြစ်နိုင်ပေသည်။

လက်နက်အမျိုးမျိုးကို သုတေသန ပြုလုပ်ရာတွင် အမေရိကန်၏ သက်ရှိလက်နက်ဖြစ်သော သားရဲလက်နက်ကတော့ အထင်ရှားဆုံးပင် ဖြစ်သည်။

အကယ်၍သာ အဆင့် (၅) ကိုင်းဂျူး သားရဲတစ်ကောင်ကို ဖန်တီးပြီး အပူလက်နက်နှင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် ဤစစ်ပွဲကို ပြောင်းပြန်လှန်နိုင်ပေမည်။ 

အကယ်၍ ကံကောင်းမည်ဆိုလျှင် အဆင့် (၆) ကိုင်းဂျူး သားရဲကိုပင် ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။

ဤအစီအစဉ်ကို လူအချို့က ကန့်ကွက်ခဲ့ကြသည်။ ၎င်းသည် လူသားများ၏ လက်နက်များ ဖြစ်လာမည့်အစား နောက်ကျောက ထိုးလာနိုင်သော ဓားတစ်လက်ဖြစ်နေမည်ကို စိုးရိမ်ခဲ့ကြသည်။

ကိုင်းဂျူး သားရဲများကို ဖန်တီးခဲ့သော ဂြိုလ်သားများတွင် ၎င်းတို့အား ကိုင်တွယ်ရန် နည်းပညာများ ရှိနေနိုင်​ပေသည်။

ဂြိုလ်သားများသည် ကိုင်းဂျူး သားရဲများ၏ မျိုးရိုးဗီဇထဲတွင် အကာအကွယ်များ စီမံထားနိုင်ပြီး, အကယ်၍ ၎င်းသာ အသက်ဝင်လာမည်ဆိုလျှင် လူသားများ ဖန်တီးထားသော ကိုင်းဂျူး သားရဲများက ပြန်တိုက်ခိုက်လာနိုင်လေသည်။

ထိုသို့သော ထင်မြင်ချက်ကို ကိုင်စွဲထားသူ အရေအတွက် အလွန်များပြားသော်လည်း အဓိကနိုင်ငံ​ကြီးများက ၎င်းတို့၏ သုတေသနကို ဆက်လက်လုပ်ဆောင်နေကြဆဲပင်။ 

ဟွာရှ၊ ရုရှား၊ ဂျပန် အစရှိသော နိုင်ငံများသည် သုတေသနကိုသာ ဆက်လုပ်နေကြသည်။

နောက်ဆုံးတွင် အမေရိကန်က အချိန်အတော်ကြာ လေ့လာထားသော နည်းပညာများဖြင့် ကိုင်းဂျူး သားရဲများ၏ နောက်ဆုံးသော ခရိုမိုဆုန်း မျိုးဗီဇသည် လူသားများကို ရန်လိုခြင်း၏ အဓိကအချက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

၎င်းတို့သည် ကိုင်းဂျူး သားရဲများ၏ မျိုးဗီဇအားလုံးကို အဖြေရှာနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ဟွာရှသည် ကိုင်းဂျူး သားရဲများအကြောင်း သုတေသန ဆက်လုပ်နေကျရင်း ဧရာမမြွေကြီး၏ အသား၊ အသွေးကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။

၎င်းတို့သည် ပင်လယ်ရေထဲက ဆယ်ယူရရှိခဲ့သော ဧရာမမြွေကြီး၏ အသားတစ်ဖဲ့ကို သုတေသနအခန်းအတွင်း သုတေသန ပြုလုပ်ရာတွင် ၎င်း၏ ဆဲလ်များက တည်ငြိမ်နေကြောင်း တွေ့ရှိခဲ့ရသည်။

၎င်းအသားတုံးအတွင်းက ဆဲလ်များသည် ယခုထိတိုင် အသက်ရှင်သန်ဆဲဖြစ်ပြီး ဆဲလ်များက အဆက်မပြတ် ကွဲထွက်နေသည်။

သုတေသနပညာရှင်များသည် ဧရာမမြွေကြီး၏ ဆဲလ်များကို နူကလီးယားဓါတ်ရောင်ခြည်နှင့် အဆိပ်ဓာတ်ငွေ့အပါအဝင် မျိုးစုံသော အရာများနှင့် စမ်းသပ်ခဲ့သည်။

ယင်းဆဲလ်များ သေဆုံးခြင်းသည် အတော်လေး နှေးကွေးပြီး မသေဆုံးမီအထိ ဆဲလ်များက ဆက်လက် ကွဲထွက်​နေခဲ့သည်။ ထို့အပြင် ထိုလုပ်ငန်းစဉ်သည် ရပ်ဆိုင်းသွားသည့်တိုင် ပုံပျက်သွားခြင်းမရှိဘဲ အထူးတည်ငြိမ်နေခဲ့၏။

"ဒီကိုယ်ခံအား ဆဲလ်တွေက အရမ်းအစွမ်းထက်လွန်းတယ်"

သုတေသနပညာရှင် အချို့သည် အသားအနည်းငယ်နှင့် ဗိုင်းရပ်စ်ဆဲလ်အချို့ကို အထူးကွန်တိန်နာတစ်ခုထဲသို့ အတူထည့်သွင်းကာ စမ်းသပ်ခဲ့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ဗိုင်းရပ်စ်ဆဲလ်အားလုံး လုံးဝပျောက်ကွယ်သွားသည်ကို တွေ့ခဲ့ရသည်။

၎င်းကတဆင့် ဧရာမ​မြွေကြီး၏ ကိုယ်ခံအား ဆဲလ်များသည် ပုံမှန်မဟုတ်သော ဆဲလ်များနှင့် ကင်ဆာဆဲလ်များကို ပယ်သတ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

၎င်းသည် သုတေသနပညာရှင်များကို နက်ရှိုင်းစွာ သက်ပြင်းချမိစေခဲ့သည်။ ကံမကောင်းစွာဖြင့် ဧရာမမြွေကြီး၏ အသားသည် အနည်းငယ်သာ ကျန်ရှိ​တော့​သောကြောင့် နောက်ထပ်သုတေသနများ ပြုလုပ်ရန် အလွန်ခက်ခဲလာ​လေသည်။

သို့သော် ရှာ​ဖွေတွေ့ရှိချက်ကပင် အလွန်ထိတ်လန့်စရာကောင်းနေခဲ့ပြီ ဖြစ်သည်။

ဧရာမမြွေကြီး၏ ကိုယ်ခံအား ဆဲလ်တွေရဲ့ လျှို့ဝှက်ချက်ကိုသာ ခွဲခြမ်းစိတ်ဖြာနိုင်မည်ဆိုလျှင် ၎င်းကို ဆေးဝါးလုပ်ငန်းတွင် အသုံးချနိုင်မည် ဖြစ်သည်။

ထိုအခါ လူသားများသည် ဗိုင်းရပ်စ်ဆိုင်ရာ ရောဂါများဖြစ်သော ကင်ဆာ၊ ဆီးချို၊ HIV/AIDS ကဲ့သို့ ကုသမရနိုင်သော ရောဂါများကိုပင် အလွယ်တကူ ဖြေရှင်းနိုင်ပေမည်။

ထို့အပြင် ၎င်းဆဲလ်များသည် နူကလီးယားဓါတ်ရောင်ခြည် အဆိပ်သင့်​ခြင်း၊ အဆင့် (၅) ကိုင်းဂျူး သားရဲများ၏ အဆိပ်ကို ဖြေရှင်းနိုင်ခြင်းတို့နှင့် သဘာဝတရား​ကြီး၏ တောတွင်း ရှင်သန်နိုင်ခြင်းကို တိုးမြှင့်ပေးနိုင်လေသည်။

.....

ဖန့်ရန်သည် အာဖရိကတိုက်၏ ကမ်းရိုးတန်းတစ်လျှောက် လှည့်လည်သွားလာရင်း ကိုင်းဂျူး သားရဲများနှင့် သ​န္ဓေပြောင်း သားရဲများ၊ ရှေးဟောင်း သားရဲများကို အမဲလိုက်နေခဲ့၏။

သူသည် ကိုင်းဂျူး သားရဲအရေအတွက် များပြားလာ​ခြင်းကြောင့် နှစ်ရက်၊ သုံးရက်ဆိုသလို ကိုင်းဂျူး သားရဲတစ်ကောင်ကို စား​သောက်​နေနိုင်ခဲ့သည်။

သားကောင် အလွန်ပေါများသောကြောင့် သူ၏ စနစ်အမှတ်ပမာဏသည် နှစ်လအတွင်းမှာပင် (၁၂) သန်းကို စုဆောင်းနိုင်ခဲ့လေသည်။ သူသည် ယခုဆို ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်၏ အဆင့် (၂၆) သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် ဆင့်ကဲဖြစ်စဉ်က ရရှိခဲ့သော ကျွမ်းကျင်မှုရမှတ်ကို မိုးကြိုးဒိုမိန်အား အမြင့်ဆုံး အဆင့်အထိ အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုခဲ့သည်။

အမြင့်ဆုံး အဆင့်အထိ အဆင့်မြှင့်တင်​ပြီ​ဖြစ်သော မိုးကြိုးဒိုမိန်းသည် အလွန်အစွမ်းထက်လေသည်။ ၎င်းစွမ်းရည်ကို အသက်သွင်းလိုက်မည်ဆိုလျှင် သူ၏ ပတ်ဝန်းကျင် (၃) ကီလိုမီတာကို လွှမ်းခြုံထားသော မိုးကြိုးအစစ်များဖြင့် ဖွဲ့စည်းထားသည့် စက်ဝိုင်းသဏ္ဍာန် ​မိုးကြိုးနယ်မြေတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။

သူ့၏ စွမ်းအားအပေါ် ယုံကြည်မှုပိုတိုးလာသော ဖန့်ရန်သည် သားရဲများကို အမဲလိုက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

...

ဧရာမမြွေကြီး၏ အာဖရိကကမ်းရိုးတန်းတစ်လျှောက် လှုပ်ရှားမှုများသည် အာဖရိကရှိ နိုင်ငံအများစု၏ အကျပ်အတည်းကို လျော့ပါးစေခဲ့သည်။ ၎င်းတို့သည် ဧရာမမြွေကြီး၏ အသွင်ဖြင့် ဘုရားသခင်က လူလောကကို ကယ်တင်ရန် ဆင်းသက်လာခြင်း ဖြစ်မည်ဟု ယုံကြည်ထင်မှတ်ကာ ရုပ်တုများ ထုလုပ်ကိုးကွယ်​နေခဲ့သည်။ 

အခြားနိုင်ငံများဖြစ်သည့် ဟွာရှ၊ အိန္ဒိယ၊ ဂျပန် အစရှိသော နိုင်ငံများသည် ဧရာမမြွေကြီးက ၎င်းတို့၏ ကမ်းရိုးတန်းများဆီသို့ လာရောက်ရန် မျှော်လင့်နေ​ကြသည်။

အမေရိကန်သည် အနည်းငယ် ရှက်ရွံ့နေခဲ့သည်။

၎င်းတို့သည် သူတို့၏ ကမ်းရိုးတန်းများဆီသို့ ဧရာမမြွေကြီး လာရောက်ကာ အခြေအနေကောင်းမွန်စေရန် အလိုငြား မျှော်လင့်နေကြသော်လည်း, ဧရာမမြွေကြီးကို အမဲလိုက်ရန် ကြိုးစားခဲ့ဖူးသောကြောင့် ၎င်းအား လူသိရှင်ကြား ဖြစ်မည်ကို ရှက်ရွံ့နေ​လေသည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး တစ်နှစ်ခွဲခန့် ရှိခဲ့ပြီ ဖြစ်သည်။

ဖန့်ရန်သည် အာဖရိကတိုက်၏ ကမ်းရိုးတန်းတစ်လျှောက် လှည့်လည်သွားလာနေဆဲပင်။ သူသည် အခြားနိုင်ငံများက လူတွေ ၎င်းတို့ဆီသို့ လာရောက်ရန် မည်သို့ မျှော်လင့်နေသည်ဖြစ်စေ ဤနေရာက ထွက်ခွာရန် စိတ်ကူးမရှိသေးပေ။

ဤနေရာတွင် အမဲလိုက်စရာ သားကောင် အလွန်ပေါများသည်။ အဆင့်အမျိုးမျိုးရှိသော ကိုင်းဂျူး သားရဲများ၊ သ​န္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲများ ပေါများလှသည်။

သို့သော် သူသည် သူမြင်သမျှ ကိုင်းဂျူး သားရဲတိုင်းကို တိုက်ခိုက်နိုင်ခြင်း မရှိ​ပေ။

ကိုင်းဂျူး သားရဲများကို အဆင့် (၅) ကိုင်းဂျူးတစ်ကောင်က ဦးဆောင်​သော အုပ်စုကိုယ်စီရှိပြီး, တစ်ခါတစ်ရံတွင် အဆင့် (၅) ကိုင်းဂျူး သားရဲချည်း ဖွဲ့စည်းထားသည့် အုပ်စုပင် ပေါ်လာတတ်သည်။

ဤတစ်နှစ်ခွဲအတွင်း ကိုင်းဂျူး သားရဲအများစုသည် အုပ်စုလိုက် နေထိုင်လာတတ်ကာ တစ်ကောင်တည်း နေတတ်သော ကိုင်းဂျူး သားရဲများက ရှားပါးလာတာကို ဖန့်ရန် သတိထားမိခဲ့သည်။

ထိုကြောင့် သူသည် ကိုင်းဂျူး သားရဲများကို တစ်ခါတစ်ရံမှသာ တိုက်ခိုက်ကာ သ​န္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲများကို အဓိကထား အမဲလိုက်ခဲ့သည်။

ဤသို့​ဖြင့် သူသည် နောက်ထပ်တစ်ကြိမ် ဆင့်ကဲပြောင်းလဲခဲ့သည်။

ဤဆင့်ကဲဖြစ်စဉ်တွင် သူ၏ ကျွမ်းကျင်မှုရမှတ် ပမာဏက (၄၂) မှတ်ဖြစ်သွားခဲ့ကာ သူသည် အိုဗာကလော့ တုန်ခါမှု စွမ်းရည်ကို နှစ်ကြိမ်တိတိ အဆင့်မြှင့်တင်ခဲ့၏။

ထို့အပြင် သူက စွမ်းရည် အသစ်တွေကိုလည်း ရရှိခဲ့ခြင်း ဖြစ်သည်။

.....

All Chapters