← Chapters

အာဖရိကတိုက်က ထွက်ခွာခြင်း

Vol. 16 Ch. 215

အာဖရိကတိုက်က ထွက်ခွာခြင်း

Vol. 16 Ch. 215

ဖန့်ရန် သူ့ခန္ဓာကိုယ်ကို စစ်​ဆေးလိုက်သည်။ သူသည် အမှန်တကယ် ဧရာမကြီးဟု ခေါ်ဆိုနိုင်သည်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အရှည်သည် မီတာ (၂၀၀) ဖြစ်ကာ အနံသည် (၆.၅) မီတာခန့် ဖြစ်သည်။ ၎င်းသည် မီတာ (၁၀၀) အရှည်ရှိသော စစ်သင်္ဘောတစ်စီးကိုပင် တစ်စစီဖြစ်အောင် လုပ်နိုင်သည့် အရွယ်အစား ဖြစ်သည်။

သူ၏ ဤဆင့်ကဲဖြစ်စဉ် အပြီးတွင် စွမ်းရည်အသစ်များ ရရှိခဲ့၏။ သူသည် ၎င်းနှစ်ခုအား ယခုတိုင် အဆင့်မြှင့်တင်ခြင်း မပြုရသေးပေ။

ပထမဆုံးသော စွမ်းရည်သည် စွမ်းအင်ရောင်ခြည် ဖြစ်သည်။ ၎င်းသည် သိပ်သည်းဆပြင်းထန်သော စွမ်းအင်ရောင်ခြည်ကို ထုတ်လွှင့်နိုင်သော စွမ်းရည် ဖြစ်သည်။ ၎င်းသည် ဂေါ်ဇီလာအတု ကိုင်းဂျူး သားရဲ၏ စွမ်းရည် လေဆာရောင်ခြည်နှင့် ဆင်တူသော်လည်း ပိုမိုပြင်းထန်သော အဝေးသုံး စွမ်းရည်တစ်ခု ဖြစ်သည်။

စွမ်းအင်ရောင်ခြည်သည် မိုးကြိုးဒိုမိန်း၊ အိုဗာကလော့ တုန်ခါမှုတို့နှင့် အလွန်လိုက်ဖက်ညီ၏။ သူသည် ထိုစွမ်းရည်နှစ်ခုကို အသုံးပြု၍ ဆယ်ကီလိုမီတာအဝေးက ပစ်မှတ်တစ်ခုကို ထောက်လှမ်းကာ ချိန်ရွယ်နိုင်ပြီး စွမ်းအင်ရောင်ခြည်ကို အသုံးပြုခြင်းဖြင့် ပစ်မှတ်အား သုတ်သင်နိုင်ပေမည်။

ယခုအချိန်တွင် ထိုစွမ်းရည်က အနည်းငယ် အသုံးမဝင်သလို ဖြစ်နေသော်လည်း စွမ်းရည်အဆင့်မြှင့်လာသည်နှင့်အမျှ ဖျက်စီးနိုင်စွမ်း၊ အကွာအဝေးနှင့် အမြန်နှုန်းတို့လည်း တိုးလာမည် ဖြစ်သည်။

ဒုတိယစွမ်းရည်သည် စွမ်းအင်ဒိုင်ကာ ဖြစ်သည်။ ၎င်းသည် ကာကွယ်ရေးနှင့် ပြိုင်ဘက်ရန်သူအပေါ် ထိန်းချုပ်နိုင်သော စွမ်းရည် ဖြစ်သည်။ ၎င်းသည် သာမာန်စွမ်းရည်များကဲ့သို့ ရုပ်ပိုင်းဆိုင်ရာအကာအကွယ်ကို တိုးတက်စေခြင်း မဟုတ်ဘဲ ၎င်းကို အသက်သွင်းလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်လှိုင်းများပါဝင်သည့် အချင်း (၁) ကီလိုမီတာရှိသော ကိုယ်ပျောက်ဒိုင်ကာတစ်ခု ပေါ်လာမည် ဖြစ်သည်။

လျှပ်စစ်သံလိုက်လှိုင်းများသည် ဒုံးကျည်နှင့် အပူစွမ်းအင်သုံးလက်နက်များအပါအဝင် စက်လက်နက်များရှိ အီလက်ထရွန်းနစ်အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။

ထို့အပြင် စွမ်းရည်ဒိုင်ကာက ထုတ်လွှတ်​နေသည့် လျှပ်စစ်သံလိုက်လှိုင်းများတွင် သာမာန်ရိုးကျ လျှပ်စစ်သံလိုက်လှိုင်းများနှင့် မတူညီသည့် သက်ရှိများ၏ ဇီဝကမ္မလုပ်ဆောင်ချက်များကို အနှောင့်အယှက် ဖြစ်စေနိုင်သော စွမ်းရည်ရှိသည်။

၎င်းသည် အထူးသဖြင့် သူ၏ ပြိုင်ဘက်နှင့် ထိတွေ့တိုက်ခိုက်နေချိန်တွင် ပြိုင်ဘက်၏ လှုပ်ရှားမှုများကို အကြီးအကျယ် ထိခိုက်စေနိုင်သော စွမ်းရည်ပင် ​ဖြစ်သည်။

ဤစွမ်းရည်နှစ်ခုသည် ဖန့်ရန်ကို စိတ်လှုပ်ရှားစေခဲ့သည်။

သို့သော် ဤစွမ်းရည်နှစ်ခုကို အဆင့်မြှင့်တင်ရန်အတွက် ကျွမ်းကျင်မှုရမှတ် (၃၀) စီလိုအပ်၏။ ဤစွမ်းရည်နှစ်ခုက အလွန်အစွမ်းထက်သည်။ သို့သော် ဤစွမ်းရည်နှစ်ခုသည် ကနဦး အဆင့် (၁) တွင် စွမ်းအား သိပ်မကြီးပေ။ ထိုကြောင့် သူသည် အိုဗာကလော့ တုန်ခါမှုကို အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ့အတွက် အကောင်းဆုံးရွေးချယ်မှုက ဒီကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ဖို့ဖြစ်သည်မှာ သေချာသည်။ အခုချိန်မှာ သူသည် ကျွမ်းကျင်မှုမှတ်များ ရရှိရန်နှင့် သူ့ကိုယ်သူ အားကောင်းစေရန် တကယ်ကို စိတ်အားထက်သန်နေသည်။

ဤအ​ပြာ​ရောင်ဂြိုလ်သည် ပို၍ အန္တရာယ်များလာနေသည်။

အဆင့် (၅) ကိုင်းဂျူး သားရဲများစွာ ပိုပိုပေါ်လာနေ၏။ အဆင့် (၅) ကိုင်းဂျူး သားရဲတစ်ကောင်ဆိုလျှင် အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း နှစ်ကောင်ဆိုလျှင် ရင်ဆိုင်ရခတ်လာပြီ ဖြစ်သည်။ ထိုထက်ပိုလာလျှင်တော့ သူလည်း ထွက်ပြေးဖို့သာ တတ်နိုင်လေသည်။ ထိုကြောင့် သူသည် စွမ်းအားပိုကြီးလာဖို့ လိုအပ်၏။

သူ၏ စွမ်းရည်များသည် အသုံးပြုရသည်မှာ အကန့်အသတ်ရှိ၏။ ဥပမာ- မိုးကြိုးဒိုမိန် ဖြစ်သည်၊ သူသည် ၎င်းကို (၁၀) ကြိမ်သာ အသုံးပြုနိုင်သည်။ အိုဗာကလော့ တုန်ခါမှုသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

အကြိမ်တိုင်းသည် သူ့အား ပင်ပန်းစေကာ စိတ်စွမ်းအင်ကို ကုန်ဆုံးစေနိုင်သည်။ အပေါ့ပါးဆုံးသော ဆိုးကျိုးသည် အိပ်ငိုက်ခြင်း ဖြစ်ပြီး အဆိုးရွားဆုံးက သတိလစ်မေ့မျောသွားခြင်း ဖြစ်သည်။

(၂၇) ကြိမ်မြောက် ဆင့်ကဲဖြစ်စဉ်ပြီးဆုံး​ပြီနောက် နောင်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ်ပမာဏကို ဖန့်ရန် ကြည့်လိုက်၏။

လိုအပ်​သော စနစ်အမှတ်ပမာသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ယခင်စနစ်အမှတ်ပမာဏထက် နှစ်ဆကျော်ဖြစ်သည့် သန်း (၅၀) ဖြစ်သည်။

၎င်းသည် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ်ပမာဏပြည့်မှီနိုင်ရန် အဆင့် (၅) ကိုင်းဂျူး သားရဲအကောင် (၇၀) ​​ကျော်​ကို အမဲလိုက်ရမည်ဟု ဆိုလို​​​နေသည်။

ဖန့်ရန်သည် ဤအာဖရိကတိုက်က ပိုမိုအန္တရာယ်များလာသည်ဟု ခံစားမိနေ၏။ ထိုကြောင့် သူသည် အာဖရိကတိုက်က ထွက်ခွာတော့ပေမည်။ ဤအာဖရိကတိုက်က ထွက်ခွာခြင်းတွင် သူ့၌ အဓိကအကြောင်းပြချက်ရှိပြီး ၎င်းက သူ၏ ဂုဏ်သတင်းကျော်ကြားလိုခြင်းနှင့် အုပ်စုလိုက်နေတတ်လာသော ကိုင်းဂျူး သားရဲများကို အမဲလိုက်ရန် ခတ်ခဲလာခြင်းတို့ကြောင့် ဖြစ်သည်။

...

ဧရာမမြွေကြီး အာဖရိကကမ်းရိုးတန်း​ဒေသကနေ ထွက်ခွာသွားပြီဆိုသော သတင်းသည် ကမ္ဘာ​နေရာအနှံ့အပြားသို့ ဟာရီကိန်းမုန်းတိုင်း တစ်ခုလို ပျံ့နှံ့သွားခဲ့သည်။

အာဖရိကတိုက်က လူများသည် ဝမ်းနည်းနေကြပြီး ဥရောပတိုက်ကလွဲ၍ အခြားတိုက်ကြီးများနှင့် အာရှတိုက်က လူများသည်တော့ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ဧရာမမြွေကြီးသည် ဥရောပတိုက်နှင့် ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ဦးတည်နေကာ အာရှတိုက်ဆီသို့ ရွေ့လျားနေ၏။

ဖန့်ရန်သည် ယခုဆို ဧရာမလိပ်ကြီး၏ ကျောပေါ်တွင် မနေတော့ပေ။ သူ၏ အရွယ်အစားသည် အလွန်ကြီးမားကာ လေးလံနေပြီ ဖြစ်၍ ဧရာမလိပ်ကြီး၏ ဦးဆောင်ကာသာ ရွေ့လျားနေတော့သည်။ ဧရာမလိပ်ကြီးသည်တော့ သူ့နောက်က လိုက်ပါလာနေ​ခဲ့လေသည်။

သုံးလကြာပြီးနောက် ဖန့်ရန်သည် တောင်အာဖရိက ကမ်းရိုးတန်းက​နေ သြစတြေးလျနှင့် အင်ဒိုနီးရှားပိုင်နိုင်ငံကြားတွင်ရှိသော အီတီယိုပင်လယ်​ပြင်သို့ ရောက်ရှိလာခဲ့သည်။

"အရှင် မြွေနတ်ဘုရား၊ ကျေးဇူးပြုပြီး ဒေသမှာ သင့်.. အခြေချပေးပါ"

ဩစတြေးလျနိုင်ငံသားများနှင့် အင်ဒိုနီးရှားနိုင်ငံသားများစွာသည် ကမ်းရိုးတန်းတွင် ဒူးထောက်ကာ ဆုတောင်းကြသည်။ သို့သော် ၎င်းတို့၏ ဆုတောင်းက အရာမထင်ခဲ့ပေ။ ဧရာမမြွေကြီးက ဆက်လက်ရွေ့လျားသွားခဲ့ရာ ဤလူများသည် ဝမ်းနည်သွားခဲ့ကြ၏။

ဧရာမမြွေကြီးသည် ကိုင်းဂျူး သားရဲအားလုံးကို သတ်ဖြတ်နိုင်ခြင်း မရှိသော်လည်း ကိုင်းဂျူး သားရဲများကို သတ်ဖြတ်နိုင်နေဆဲ ဖြစ်သည်။

ဧရာမမြွေကြီး၏ ကိုင်းဂျူး သားရဲများကို သတ်ဖြတ်ခြင်းတွင် လူသားများ သတ်ဖြတ်ခြင်းကြောင့် အဆိပ်ဓာတ်ငွေ့များက ကျန်ရစ်သကဲ့သို့ ကျန်ရစ်ခဲ့ခြင်း မရှိပေ။

ထို့အပြင် ဧရာမမြွေကြီးသည် ကိုင်းဂျူး သားရဲများကို သတ်ဖြတ်ပြီးနောက် စားသုံးတတ်၏။

ကိုင်းဂျူး သားရဲများ ပင်လယ်ထဲတွင် သေဆုံးလျှင် ၎င်းတို့၏ သွေးက ပင်လယ်ရေနှင့် ဓာတုတုန့်ပြန်မှုကြောင့် အဆိပ်ဓာတ်ငွေ့များအဖြစ်သို့ ပြောင်းလဲသွားခြင်း မရှိပေ။ ထိုကြောင့် လူများသည် ကိုင်းဂျူး သားရဲများကို ကမ်းရိုးတန်းမရောက်မှီ ပင်လယ်ထဲတွင် တိုက်ခိုက်ရန် ကြံရွယ်ခဲ့ကြ၏။

သို့သော် ကိုင်းဂျူး သားရဲများက အရူးများ မဟုတ်ပေ။ ၎င်းတို့သည် အန္တရာယ်ကို ခံစားမိနိုင်ပြီး ပုန်းအောင်းနေနိုင်၏။

ထို့အပြင် အဆိပ်ဓာတ်ငွေ့များအဖြစ်ပြောင်းလဲနိုင်သော ကိုင်းဂျူး သားရဲများသည် အဆင့် (၃) နှင့် အထက်ဖြစ်ပြီး ၎င်းတို့အား အလွယ်တကူ ထောက်လှန့်သိရှိနိုင်ခြင်း မရှိပေ။

အီတီယိုပင်လယ်​ပြင်ကို ဖြတ်ကျော်ပြီးနောက် ဖန့်ရန်သည် မြောက်ဘက်သို့ ဦးတည်ခဲ့ပြီး၊ အင်ဒိုနီးရှားကျွန်းစုကို ဖြတ်ကျော်ခဲ့သည်။

ဤအခါတော့ ဖိလစ်ပိုင်နိုင်ငံက လူများ ဆုတောင်းရမည့်အလှည့် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဧရာမမြွေကြီးသည် ဤနေရာတွင်လည်း မနေဘဲ ဆက်လက်ရွေ့လျား​နေခဲ့​လေသည်။

ဟွာရှ လူများ စတင်စိုးရိမ်ပူပန်လာသည်။

လူအများအပြားသည် နံ့သာပေါင်းများဖြင့် ဧရာမမြွေကြီးကို ပူဇော်ပသလာ၏။ အချို့လူများဆို ဧရာမမြွေကြီးကို ဘိုးဘေးအဖြစ် ပူဇော်ပသကြလေသည်။

"အရှင် မြွေနတ်ဘုရား၊ မြွေဘိုး​ဘေးကြီး ခင်ဗျာ၊ ကျေးဇူးပြုပြီး ရပ်တန့်ပေးပါ။ ဒီ​နေရာမှာ ဘိုး​ဘေးအတွက် စားကောင်းသောက်ဖွယ် ကိုင်းဂျူး သားရဲ အများကြီး ရှိပါတယ်"

ဖန့်ရန်သည် ဟွာရှ၏ အရှေ့ပင်လယ်တွင် ရပ်တန့်ခဲ့ပြီး ၎င်းနေရာက ကျန်းဆုနှင့် ကျန်းကျဲ ကမ်းရိုးတန်း ဖြစ်သည်။

သူသည် ကမ်းရိုးတန်းတစ်လျှောက်တွင် မြို့ပျက်များကို မြင်ခဲ့ရသည်။

ဝမ်ကျိုး၊ တိုင်ရှန်းနှင့် ရှန်းကျိုး...။

ဖန့်ရန်သည် တိုင်ရှန်းတွင် နေထိုင်ရန် ရွေးချယ်ခဲ့ပြီး ကမ်းရိုးတန်းတစ်လျှောက် လှည့်လည်သွားလာခဲ့သည်။

သူသည် စောင့်ကြည့်ခံနေရကြောင်း သိရှိနေခဲ့၏။ ဒရုန်းများစွာသည် ကီလိုမီတာအနည်းငယ်အကွာက မှတ်တမ်းတင်နေကြသော်လည်း ၎င်းအား သူဂရုမစိုက်​ပေ။

၎င်းကလည်း သူ၏ ဂုဏ်သတင်းကို စုဆောင်းရန်အတွက် နည်းလမ်းတစ်ခုဖြစ်သောကြောင့် ထိုဒရုန်းများကို မဖျက်စီးခဲ့ခြင်း ဖြစ်သည်။

ဧရာမမြွေကြီး တိုင်ရှန်းတွင် အခြေချနေပြီဆို​သော သတင်းသည် အာရှတိုက်တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ပြီး ဟွာရှနိုင်ငံသားများကို အထူးပင် စိတ်လှုပ်ရှားစေခဲ့သည်။

ဂျပန်နိုင်ငံက လူများသည်တော့ စိတ်ပျက်လက်ပျက် ဖြစ်​နေခဲ့သည်။ ၎င်းတို့သည် ဧရာမမြွေကြီးက သူတို့အား ကယ်တင်ရန်အတွက် အာဖရိကတိုက်က ထွက်ခွာလာ​ခြင်း​ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။

ဂျပန်နိုင်ငံတွင် ကမ်းရိုးတန်းမြို့ အလွန်များပြား၏ ထိုကြောင့် ကိုင်းဂျူး သားရဲတိုက်ခိုက်မှုကို အများဆုံးခံရသည်။ အကယ်၍ ဟွာရှသည်သာ ၎င်းတို့အား ကူညီနေခြင်း မရှိလျှင် ၎င်းတို့၏ အခြေအနေက အလွန်ဆိုးရွားနေလိမ့်မည် ဖြစ်သည်။

ဖန့်ရန် ထိုနေရာတွင် အခြေချပြီးနောက် မြို့ပျက်ကြီးအတွင်း ကိုင်းဂျူး သားရဲများ၏ ရှာဖွေ​ခြင်းကို စတင်ခဲ့သည်။ မြို့ပျက်ကြီးအတွင်း ကိုင်းဂျူး သားရဲများကို ရှာဖွေရန်ခတ်ခဲသည်ဟု ထင်ရသော်လည်း အမှန်တွင်တော့ သူ့အတွက် အလွန်လွယ်ကူသည်။

သူသည် မိုးကြိုးဒိုမိန်း သို့မဟုတ် အိုဗာကလော့ တုန်ခါမှုတို့ဖြင့် ကီလိုမီတာ (၂၀) ကနေ (၃၀) အကွာအဝေးအထိ ထောက်လှမ်းနိုင်နေပြီ ဖြစ်သည်။

.....

All Chapters