← Chapters

ကိုင်းဂျူး သားရဲ ပုံတူပွားခြင်း အောင်မြင်မှု

Vol. 16 Ch. 216

ကိုင်းဂျူး သားရဲ ပုံတူပွားခြင်း အောင်မြင်မှု

Vol. 16 Ch. 216

မြို့ပျက်တစ်ခုလုံးကို လှည့်ပတ်ရန် တစ်ရက်သာ ကြာသည်။

ဖန့်ရန်သည် မြို့ပျက်ဧရိယာကို လှည့်ပတ်ပြီးနောက် ပင်လယ်ကမ်းခြေသို့ ပြန်လာခဲ့သည်။

သူသည် မြို့ပျက်အတွင်း အဆင့် (၃) ကိုင်းဂျူး သားရဲနှစ်ကောင်ကို တွေ့ခဲ့ရပြီး စနစ်အမှတ် (၈) သိန်း ရရှိခဲ့သည်။ ထိုကိုင်းဂျူး သားရဲနှစ်ကောင်သည် သူယခင် စားသောက်ခဲ့ဖူးသော ကိုင်းဂျူး သားရဲများနှင့် ဆင်တူကာ နူကလီးယားဓါတ်ရောင်ခြည်များကို စုတ်ယူနေခဲ့ခြင်း ဖြစ်သည်။

ကိုင်းဂျူး သားရဲများသည် နူကလီးယားဓါတ်ရောင်ခြည်ကို စုတ်ယူခြင်းဖြင့် ၎င်းတို့၏ အဆင့်ကို မြှင့်တင်နိုင်ကြောင်း လူသားများက အတည်ပြုခဲ့ပြီ ဖြစ်သည်။

ဖန့်ရန်တွင်လည်း အလားတူ ခန့်မှန်းချက်ရှိ၏။ သို့သော် သူသည် ၎င်းအား ဂရုမစိုက်ပေ။ ထိုအစား သူသည် အခြားမြို့ပျက်များက ကိုင်းဂျူး သားရဲများကို အမဲလိုက်ရန်သာ စိတ်ဝင်စားသည်။

"နူကလီးယားလက်နတ်​တွေကြောင့် ပျက်စီးသွားခဲ့တဲ့ မြို့ပျက်တိုင်းမှာသာ ကိုင်းဂျူး သားရဲတွေ ရှိနေမယ်ဆိုရင် ဒီဟွာရှ ကမ်းရိုးတန်း မြို့တွေမှာတင် စနစ်အမှတ် ၁၀ သန်းလောက် ရိပ်သိမ်းနိုင်လိမ့်မယ်.."

ဖန့်ရန်သည် ဟွာရှ၏ ကမ်းရိုးတန်းမြို့များစွာ ဖျက်ဆီးခံခဲ့ရကြောင်း သိထားခဲ့၏။ အကယ်၍ သူသာ ထိုမြို့တွေကို သွားရောက်နိုင်မည်ဆိုလျှင် စနစ်အမှတ် များစွာစုဆောင်းနိုင်ပေမည်။

မနက်​ဖြန်တွင် မြောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့တိုင်းကို သူသွားရောက်မည် ဖြစ်သည်။ မြောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင် မြို့ပျက် (၅) ​မြို့၊ (၆) မြို့ခန့် ရှိနေနိုင်ပြီး မြို့တိုင်းတွင် ကိုင်းဂျူး သားရဲများ ရှိနေနိုင်ပေသည်။

ညအချိန်၌ ဖန့်ရန်သည် အဆောက်အအုံအပျက်အစီးတစ်ခု၏ အပေါ်တွင် အိပ်စက်ခဲ့၏။ သူ၏ စိတ်စွမ်းအင်သည် အလွန်ကောင်းမွန်ပြီး တစ်လခန့် မအိပ်စက်လျှင်ပင် ပြဿနာမရှိသော်လည်း သူသည် ညဘက်၌ အိပ်စက်သည့် အလေ့အကျင့်ကို ထိန်းသိမ်းထားခဲ့သည်။

ဖျော်ဖြေရေးနည်းလမ်းများ မရှိသော သူ့အဖို့ အချိန်အများစုကို အမဲလိုက်ခြင်း၊ အချိန်ပြည့်သွားလာခြင်းနှင့် ကုန်ဆုံးတတ်ပြီး ကျန်ရှိနေသော အချိန်များက အိပ်စက်ခြင်းပင် ဖြစ်သည်။

မနက်စောစောတွင် ဖန့်ရန်သည် နိုးလာခဲ့ပြီး သူ၏ မှုန်ဝါးနေသော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကောင်းကင်ယံတွင် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေပြီး နေရောင်ခြည် အလင်းရောင်တန်းအချို့သာ မြေပြင်ပေါ်သို့ ကျရောက်နေ၏။

"နူကလီးယားဗုံးတွေ အများကြီး ပေါက်ကွဲခဲ့တာက ငါ့အပေါ် သက်ရောက်မှုအချို့ရှိနေတယ်"

ဖန့်ရန်သည် မသက်မသာခံစားနေရ၏။ သူ၏ မိုးကြိုးဒိုမိန် စွမ်းရည်သည် နေရောင်ခြည်ကလာသော စွမ်းအင်အပေါ်မှီခိုအားထားရသည်။ ယခု ကောင်းကင်ယံသည် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေ၏။ ၎င်းဖုန်မှုန့်များသည် နေရောင်ခြည် စွမ်းအင်အပေါ် သူ၏ စုပ်ယူမူအား နှေးကွေးစေသောကြောင့် စိတ်မသက်မသာ ခံစားရစေသည်။

ဖန့်ရန်သည် လေးပင်စွာ ထရပ်ရင်း သူ၏ အတွေးများကို ဖယ်ထုတ်၏။ သူသည် သူ၏ ယခင် ရည်ရွယ်ချက်အတိုင်း ကမ်းခြေဆီသို့ ဦးတည်သွားခဲ့သည်။

...

ဧရာမမြွေကြီး၏ လှုပ်ရှားမှုများကို လူများက အမြဲတစေ ဂရုတစိုက် စောင့်ကြည့်နေခဲ့ကြသည်။ ၎င်းတွင် လူသားများအား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တတ်သော မှတ်တမ်းမရှိသော်လည်း သတိဟူသည် ပိုသည်မရှိပေ။

ဟွာရှ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် ဧရာမမြွေကြီး တိုင်​ရှန်းကနေ ထွက်ခွာသွား​ခြင်းကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ကြသည်။

ကံကောင်းစွာဖြင့် သူတို့စိုးရိမ်သလို ဖြစ်မလာဘဲ ဧရာမမြွေကြီးက မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် ဦးတည်နေခဲ့သည်။ ၎င်းသည် တစ်နာရီလျှင် ကီလိုမီတာ (၃၀၀) ခန့်ရှိ​သော အမြန်နှုန်းဖြင့် သွားနေခဲ့ခြင်း ဖြစ်သည်။ ဒရုန်းသည် အချိန်အတော်ကြာ ၎င်း​နောက် လိုက်ပါပြီးနောက် စွမ်းအင်ကုန်ဆုံးသွားခဲ့၏။ ထိုကြောင့် အစိုးရသည် ဧရာမမြွေကြီး၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ဂြိုလ်တုများကို အသုံးပြုခဲ့ရသည်။

"ဧရာမမြွေကြီးက ကမ်းရိုးတန်းတစ်လျှောက်လုံးက မြို့တွေမှာရှိတဲ့ ကိုင်းဂျူး သားရဲတွေကို ရှင်းလင်းဖို့ စီစဉ်နေတာပဲ"

ဖန့်ရန်ကို စောင့်ကြည့်နေကြသော ဝန်ထမ်းများက ကောက်ချက်သည်။

ဖန့်ရန်သည် မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်လုံးက မြို့တွေကို နှစ်လကြာ လှည့်လည်သွားလာခဲ့ပြီးနောက် တိုင်ရှန်းသို့ ပြန်ရောက်လာခဲ့သည်။

ဧရာမလိပ်ကြီးသည် ကမ်းလွန်ပင်လယ်ပြင်တွင် ရှိနေပြီး၊ ရှေးဟောင်းသားရဲများ၊ သန္ဓေပြောင်း သားရဲများက ၎င်းအား ဝန်းရံထားသည်။

ဖန့်ရန်သည် ဧရာမလိပ်ကြီး၏ ဘေးက ရှေးဟောင်းသားရဲများနှင့် သန္ဓေပြောင်း သားရဲများကို ရိပ်သိမ်းနေသည်။

သူ၏ လက်ရှိစနစ်အမှတ်သည် သန်း (၃၀) ခန့် ဖြစ်သည်။ သူ၏ အမဲလိုက်နှုန်းကိုသာ ဤအတိုင်း ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် နှစ်လ၊ သုံးလအတွင် ဆင့်ကဲဖြစ်စဉ် စတင်နိုင်ပေမည်။

ထို့အပြင် သူ၏ ဂုဏ်သတင်းရမှတ်သည် သန်း (၇၀၀၀) ဖြစ်သည်။

ဖန့်ရန်သည် ဂုဏ်သတင်းရမှတ် သန်း (၈၀၀၀) ရောက်လျှင် စွမ်းရည်အသစ်များ ထက်မံရရှိနိုင်သည်ဟု ခန့်မှန်းထား၏။ သို့သော် ဤအ​ပြာ​ရောင် ကမ္ဘာဂြိုလ်ပေါ်က လူများဖြင့် ထိုပမာဏကို ရရှိနိုင်မလားဆိုတာ သူမသိပေ။

ဟွာရှ၏ အခြေအနေသည် စတင်ကောင်းမွန်လာကာ လအနည်းငယ်အတွင်း နူကလီးယားဗုံး (၅) လုံးသာ ပေါက်ကွဲခဲ့၏။ အဆင့် (၅) ကိုင်းဂျူး သားရဲများအား ဧရာမမြွေကြီးက ကိုင်တွယ်နေခဲ့ခြင်းကြောင့် ၎င်းတို့၏ အနေအထားက ကောင်းမွန်လာခဲ့လေသည်။

အခြားတစ်ဖက်ရှိ အမေရိကန်နိုင်ငံ၏ အခြေအနေသည်တော့ ဆိုးရွားနေခဲ့သည်။ လအနည်းငယ်အတွင်း အဆင့် (၅) ကိုင်းဂျူး သားရဲအကောင် (၃၀) ကျော် တိုက်ခိုက်လာခဲ့မှုကြောင့် နူကလီးယားဗုံးများ အဆက်မပြတ် အသုံးပြုခဲ့ရပြီး လူတိုင်းက ပင်ပန်းနေကြသည်။

နူကလီးယားဗုံးများကြောင့် ကမ်းရိုးတန်းများကို ဦးတည်ထားသော ကီလိုမီတာ (၅၀၀) သည်၊ လူသားများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

အမေရိကန်နိုင်ငံ၏ နယ်မြေကျယ်ပြောခြင်းက ကံကောင်း၏။ အကယ်၍ နိုင်ငံငယ်တစ်ခုသာ ဖြစ်နေမည်ဆိုလျှင် ၎င်းက ပျက်စီးသွားလောက်ပြီ ဖြစ်သည်။

ထိုအခြေအနေသည် နိုင်ငံသားများအား ကိုင်းဂျူး သားရဲနှင့် ကိုင်ဂျူး သားရဲ ထိတ်တိုက်ရင်ဆိုင်ခြင်း ဆိုသော စီမံကိန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံ​စေခဲ့သည်။ နိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားများ၏ မျှော်လင်ချက်အောက်တွင် သုတေသီများသည် နေ့ရောညပါ မရပ်မနား လုပ်ဆောင်ခဲ့ကြ၏။

၎င်းစီမံကိန်းပြီးဆုံးချိန်တွင် ၎င်းက လူတိုင်းကို စိတ်မပျက်စေခဲ့ပေ။

"ဒီစီမံကိန်းက လူသားတွေ ပြန်ဦးမော့လာနိုင်စေမဲ့ မျှော်လင့်ချက်တစ်ခုဆိုလည်း မမှားဘူး"

ရင်ပြင်တစ်ခု၏ အမြင့်တစ်နေရာတွင် စီမံကိန်းအဖွဲ့၏ ခေါင်းဆောင်က သတင်းထောက်အများအပြားကို ငုံ့ကြည့်နေသည်။ ထိုလူသည် အနည်းငယ် ဝဖိုင်းကာ စိတ်လှုပ်ရှားနေသည့်ပုံပေါ်သည်။ ထိုလူ၏ အနောက်တွင်တော့ အမြင့်ပေများစွာရှိသည့် လူသားသဏ္ဍာန်ရှိသော အရာတစ်ခုအား အနက်ရောင် ပိတ်စဖြင့် ဖုံးအုပ်ထားသည်။

သတင်းထောက်အဖွဲ့သည် သတ်လတ်ပိုင်းအရွယ်ရှိသော လူဖြူအမျိုးသားအား ၎င်း၏ အနောက်က အရာကို ချပြရန်အတွက် နိုးဆော်နေကြသည်။

"ခင်ဗျားတို့ မစောင့်နိုင်တော့ဘူး ထင်တယ်"

လူဖြူအမျိုးသားသည် သတင်းထောက်များကို ကြည့်ပြီး ပြုံးလိုက်ကာ သူ၏ ဘယ်လက်ကို မြှောက်ကာ အော်ပြောလိုက်သည်။

"ဂျေနာ့"

သတ်လတ်ပိုင်းအရွယ်ရှိသော အမျိုးသားက ထိုသို့ပြောလိုက်သည်နှင့် ၎င်း၏ အနောက်က အရာကို ဖုံးအုပ်ထားသော အနက်ရောင် ပိတ်စသည် ဖြည်းညှင်းစွာ ပြုတ်ကျသွားကာ သတင်းထောက်များ၏ အမြင်အာရုံ၌ ဧရာမသားရဲကြီး တစ်ကောင်ပေါ်လာခဲ့သည်။

"အား!"

ဤသတင်းစာရှင်းလင်းပွဲသို့ လာရောက်ကျသော သတင်းထောက်များစွာသည် ၎င်းတို့၏ ရှေ့က ဧရာမသားရဲကြီးကို ကြည့်ရင်း အော်ဟစ်လိုက်ကြသည်။ သတ်လတ်ပိုင်းအရွယ် လူရွယ်အမျိုးသား၏ အနောက်တွင် အမြင့်တစ်မီတာခန့်ရှိသည့် ဧရာမသားရဲကြီးတစ်ကောင် ရှိနေသည်။

ဧရာမသားရဲကြီးသည် ဧရာမဂေါ်ရီလာတစ်ကောင်နှင့် ဆင်တူပြီး အမွှေးအလွန်များ၏။ ၎င်း၏ မျက်နှာသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သတင်းထောက်များကို မျိုချလုမတက်အကြည့်ဖြင့် ကြည့်နေသည်ဟု ထင်ရသည်။ ထိုမြင်ကွင်းကြောင့် လူများသည် အော်ဟစ်ကုန်ရာ မြင်ကွင်းက ရှုပ်ထွေးကုန်၏။

"လူကြီးမင်းတို့ မထိတ်လန့်ကြပါနဲ့"

စီမံကိန်းအဖွဲ့ခေါင်းဆောင်သည် ဧရာမသားရဲကြီး၏ ခြေထောက်ရှေ့တွင် ရပ်နေရင်း မိုက်ခရိုဆော့ဖြင့် အော်ပြောလိုက်သည်။ သူ၏ အော်သံအပြီးတွင် ရှုပ်ထွေးနေသော လူအုပ်ကြီးသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ကာ လူဖြူအမျိုးသားကို ကြည့်လိုက်ကြသည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ခါးညွှတ်ကာ သူ့နောက်ရှိ ဧရာမသားရဲကြီးကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။

"အားလုံးပဲ သေချာကြည့်​ကြပါ။ ဒါက လွန်ခဲ့တဲ့ နှစ်နှစ်က ပုံတူပွားခဲ့တဲ့ ကင်းကောင်ပါ"

"အခုဆိုရင် အရမ်းကြီးကို ကြီးလာပါပြီ"

သတ်လတ်ပိုင်းအရွယ် အမျိုးသား၏ ရှင်းပြချက်ကို ကြားပြီးနောက် အချို့လူများ သတိပြန်ဝင်လာခဲ့ကာ ဧရာမသားရဲကြီးကို ​သေချာကြည့်လိုက်ကြ၏။

စီမံကိန်းခေါင်းဆောင် နက်က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်ပြီး ၎င်း၌ သတင်းအချို့ကို ကြေညာမည်ဟု ပြောခဲ့သောလည်း ၎င်းက စီမံကိန်းအောင်မြင်ပြီဖြစ်ကြောင်း, မထင်ထားခဲ့ပေ။ 

ထိုအစား နောက်ထပ် တွေ့ရှိချက်တစ်ခု ဖြစ်နိုင်သည်ဟု ထင်ခဲ့သောကြောင့် ထိုသားရဲကြီးကို မြင်လိုက်ရချိန်တွင် လူတိုင်းက ရှုပ်ထွေးသွားခဲ့ကြခြင်း ဖြစ်သည်။

နက်၏ ရှင်းပြချက်ကို ကြားပြီးနောက် လူတိုင်းသည် အခြေအနေကို သဘောပေါက်သွားသည်။ လူတိုင်းသည် အံ့အားသင့်သော အမူအရာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

စီမံကိန်း အောင်မြင်သွားပြီလား...။

......

All Chapters