အာရုံကြော ဆက်သွယ်ခြင်း နည်းပညာ
Vol. 16 Ch. 217
လွန်ခဲ့သည့် သုံးနှစ်က ပထမဆုံးသော အဆင့် (၅) ကိုင်းဂျူး သားရဲ ပေါ်လာပြီး စစ်မှန်သော ကမ္ဘာပျက်ကပ် စတင်ခဲ့သည်။
နှစ်နှစ်အကြာတွင် အမေရိကန်နိုင်ငံ၏ အမျိုးသား သုတေသနဌာနမှ ကိုင်းဂျူး သားရဲ vs.
ကိုင်းဂျူး သားရဲ ဆိုသော စီမံကိန်းကို စတင်ကြောင်း ကြေညာခဲ့ပြီး လူတိုင်းကို မျှော်လင့်ချက် ပေးခဲ့သည်။
ဤနှစ်နှစ်အတွင်း ကမ္ဘာကြီးပျက်သုန်းတော့မလို ဖြစ်နေခဲ့ပြီး နိုင်ငံများစွာသည် မင်းမဲ့တိုင်းပြည်ကဲ့သို့ အုပ်ချုပ်သူကင်းမဲ့သွားကာ နိုင်ငံများစွာလည်း ပျက်စီးသွားခဲ့သည်။
ဤတွင် ဟွာရှနှင့် အမေရိကန် ကဲ့သို့ အင်အားကြီးနိုင်ငံများပင် ပါဝင်သည်။ လူတိုင်းသည် ကမ္ဘာကြီး အဆုံးသတ်တော့မည်ဟု ထင်ခဲ့ကြသည်။
သို့သော် အမေရိကန်နိုင်ငံက ဤကဲ့သို့ အခြေအနေကို ထိန်းချုပ်နိုင်မည့် ကိုင်းဂျူး သားရဲတစ်ကောင် ဖန်တီးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ၎င်းသည် မှောင်မိုက်သော ညကို ထိုးခွင်ထွက်ပေါ်လာသော အရုဏ်ဦး၏ ရောင်နီပျိုးစပြုခြင်းသာ ဖြစ်ရပေမည်။
သတင်းထောက်များက ဧရာမကင်းကောင်ကြီးကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ၎င်း၏ ခန္ဓာကိုယ်သည် မိုးမျှော်တိုက် တစ်လုံးနှင့် ဆင်တူကာ မမြင်နိုင်သော ဖိအားတစ်ခုကို ထုတ်လွှင့်နေသလိုပင်။
သတင်းထောက်များ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး စူးစပ်လိုစိတ်နှင့် စိတ်လှုပ်ရှားမှုတို့က အစားထိုးဝင်ရောက်လာ၏။
"မစ္စတာ နက်၊ ဒီကင်းကောင်က ဘယ်အဆင့်ရှိတဲ့ ကိုင်းဂျူး သားရဲကို ရင်ဆိုင်တိုက်ခိုက်နိုင်လဲ"
ရုတ်တရက် လူဖြူလူငယ်တစ်ယောက်က မိုက်ခရိုဖုန်းဖြင့် နက်ဆီသို့ လျှောက်လာကာ မေးလိုက်သည်။ အခြားသတင်းထောက်များက နက်၏ အဖြေကို စောင့်ဆိုင်းနေကြ၏။
ထိုမေးခွန်ကို နက်က အပြုံးတစ်ခုဖြင့် တုံ့ပြန်ရင်း ပြောလိုက်သည်။
"ကင်းကောင်က လက်ရှိအခြေအနေမှာ ကိုင်းဂျူး သားရဲတွေကို တိုက်ခိုက်နိုင်စွမ်း မရှိသေးပါဘူး"
"ဘာ.."
သူ၏ စကားကို ကြားလိုက်သည်နှင့် နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ သတင်းထောက်များသည် တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်နေကြပြီး လှည့်စားခံလိုက်ရသည့် ခံစားချက်ကို ရနေကြသည်။
"အားလုံးဘဲ.."
နက်က ကျယ်လောင်စွာ လက်ခုပ်တီးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ကင်းကောင်က လက်ရှိအခြေအနေမှာ ကိုင်းဂျူး သားရဲတွေကို တိုက်ခိုက်နိုင်စွမ်း မရှိသေးပေမယ့် လူသားတွေရဲ့ အမိန့်ကို နာခံနိုင်တယ်၊ ဒါက ကောင်းမွန်တဲ့ အစပျိုးခြင်း မဟုတ်ဘူးလား.."
နက်၏ စကားကို ကြားပြီးနောက် သတင်းထောက်များ ငြိမ်သက်သွားသည်။ ဤအချိန်တွင် နက်က နောက်သို့လှည့်၍ ဧရာမကင်းကောင်ကြီးကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ဂျေနော့.. ရှေ့ကို နှစ်လှမ်းလှမ်းလိုက်"
သူ၏ စကားအပြီးတွင် သတင်းထောက်များ၏ အံ့အားသင့်နေသော မျက်လုံးများအောက်၌ ဧရာမကင်းကောင်ကြီးသည် ၎င်း၏ ခြေထောက်တစ်ဖက်ဖြင့် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ရာ အသံကျယ်ကြီးထွက်ပေါ်လာပြီး ကြီးမားသော တွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုနောက် ၎င်းသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းပြီး ရပ်တန့်လိုက်၏။
ဤမြင်ကွင်းကို မြင်လိုက်ရသော သတင်းထောက်များသည် နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားပြန်သည်။
ကင်းကောင်၏ ယိမ်းယိုင်နေသော ခြေလှမ်းများသည် ကိုင်းဂျူး သားရဲများကို တိုက်ခိုက်နိုင်ခြင်း မရှိသေးကြောင်း ပြသနေ၏။
ဤတွင် ၎င်းထက် အရေးကြီးသည့် အရာရှိနေ၏။ ၎င်းက ကင်းကောင်သည် လူသားများ၏ အမိန့်ကို လိုက်နာခြင်းပင် ဖြစ်သည်။ ၎င်းသည် ကင်းကောင်က လက်ရှိအခြေအနေတွင် တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း နောင်အနာဂတ်၌ ၎င်းကို အသုံးပြုလာနိုင်မည်ဟု ဆိုလိုနေသည်။
"မစ္စတာ နက်၊ မင်း ကင်းကောင်ကို ဂျေနော့လို့ ခေါ်လိုက်တာ ကြားလိုက်တယ်။ အဲ့ဒါက သူ့ရဲ့ နာမည်အသစ်လား"
သတင်းထောက်တစ်ယောက်က ရုတ်တရက် မတ်တပ်ရပ်လာပြီး နက်ကို မေးလိုက်၏။
"မဟုတ်ပါဘူး..."
နက်က အပြုံးဖြင့် ပြောလိုက်သည်။
"ကျုပ် အားလုံးကို တစ်ခုပြောပြဖို့ ကျန်နေပါသေးတယ်။ အဲ့တာကတော့ အခုချိန်အထိ ကျုပ်တို့တွေ ကိုင်းဂျူး သားရဲတွေရဲ့ မျိုးဗီဇ အချက်အလက်တွေကို အောင်မြင်စွာ အဖြေရှာနိုင်ခြင်း မရှိသေးဘူး ဆိုတာပါပဲ.."
"ကျုပ်တို့တွေ လူသားတွေကို သစ္စာရှိမဲ့ မျိုးရိုးဗီဇကို ကိုင်းဂျူး သားရဲတွေ ဆီမှာ ထည့်သွင်းနိုင်ခြင်း မရှိသေးပါဘူး။ ကျုပ်တို့ရဲ့ နည်းပညာက ဒီအဆင့်ကိုရောက်ဖို့ အဝေးကြီး လိုနေပါသေးတယ်။ ဒါပေမဲ့ ကျုပ်တို့တွေ ကိုင်းဂျူး သားရဲ,ရဲ့ မျိုးရိုးဗီဇထဲက ရန်လိုတဲ့ဗီဇကို ဖယ်ရှားနိုင်ခဲ့ပါပြီ"
"ကျုပ်တို့တွေ ပုံတူပွားနည်းပညာနဲ့ ဖန်တီးထားတဲ့ ကိုင်းဂျူး သားရဲကို ထိန်းချုပ်ဖို့ အခြားနည်းပညာတစ်ခုကို အသုံးပြုခဲ့ပါတယ်။ အဲဒါကတော့ အာရုံကြော ဆက်သွယ်ခြင်းပါ။"
အသက်ပြင်းပြင်းရှူပြီးနောက် နက်သည် ဤနည်းပညာ၏ သီအိုရီနှင့် လုပ်ဆောင်ချက်များကို ရှင်းပြသည်။ ၎င်းနည်းပညာသည် ကိုင်းဂျူး သားရဲ၏ အသိစိတ်ကို အာရုံကြော ဆက်သွယ်ခြင်း နည်းပညာဖြင့် ထိန်းချုပ်ခြင်း ဖြစ်သည်။
ကမ္ဘာပေါ်က အာရုံကြောသိပ္ပံနယ်ပယ်တွင် အမေရိကန်နိုင်ငံက ထိတ်တန်းအဆင့်၌ ရှိ၏။ အာရုံကြော ဆက်သွယ်ခြင်း နည်းပညာသည် လွန်ခဲ့သော နှစ်များစွာကတည်းက သုတေသနပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ဤနည်းပညာဖြင့် စက်ရုပ်များ ထိန်းချုပ်ရလွယ်ကူစေရန် အသုံးပြုခဲ့ပြီး၊ လူအသိစိတ်ဖြင့် အခြားသက်ရှိကို ဆက်သွယ်ထိန်းချုပ်ခြင်းသည်တော့ သီအိုရီသာ ဖြစ်ခဲ့သည်။ သို့သော် ဤစိတ်ကူးယဥ် နည်းပညာကို နက်၏ အဖွဲ့က လက်တွေ့အဖြစ်သို့ ဖန်တီးနိုင်ခဲ့၏။
သူ့ရှေ့ရှိ ဆူညံနေသော သတင်းထောက်များကို ကြည့်ကာ နက်က ပြုံးလိုက်သည်။ သူသည် ကင်းကောင်ကို ထိုင်ရန်အတွက် လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။ သူတို့သည် ကင်းကောင်ကို ပုံတူပွားစဉ်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ၎င်းက ၎င်း၏ မျိုးဗီဇအတွင်း လူသားများကို သစ္စာရှိမည့် ဒီအန်အေကို ထည့်သွင်းနိုင်ခြင်း မရှိလျှင် အာရုံကြော ဆက်သွယ်ခြင်း နည်းပညာကို အသုံးပြုခြင်း ဖြစ်သည်။
ဤနှစ်တွင် အာရုံကြောသိပ္ပံနယ်ပယ်၌ နှစ်လကြာရှည် စုဆောင်းထားခဲ့သော စုဆောင်းမှုများဖြင့် ဤအောင်မြင်မှုကို ဖန်တီးနိုင်ခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးသွားသည်။ သတင်းထောက်များသည် ဤအံ့ဖွယ်အမှုကို ကမ္ဘာသို့ ဖြန့်ဝေရန် စိတ်အားထက်သန်စွာဖြင့် လျင်မြန်စွာ လူစုခွဲခဲ့ကြ၏။
...
အမေရိကန်နိုင်ငံ၏ ကင်းကောင်ကို ထိန်းချုပ်ရန် အာရုံကြော ဆက်သွယ်ခြင်း နည်းပညာကို ဖန်တီးနိုင်ခဲ့သော သတင်းသည် ကမ္ဘာ့နေရာအနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံး ဆူညံသွားသည်။
၎င်းက စိတ်ကူးယဥ် နည်းပညာတစ်ခု ဖြစ်သည်။
သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များထဲတွင်သာ ရှိခဲ့သော နည်းပညာသည် လက်တွေ့ကမ္ဘာတွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။
ယခင်ခေတ်တွင်သာဆို ဤနည်းပညာသည် ပေါ်လာဖို့ နှစ်ငါးဆယ်ခန့် ကြာမြင့်အုံးပေမည်။ သို့သော် ဤကပ်ဘေးသည် လူသားများ၏ အလားအလာကို အပြည့်အဝဖော်ထုတ်နိုင်ခဲ်ပြီး အာရုံကြော ဆက်သွယ်ခြင်း နည်းပညာကို ကနဦး အသုံးချလာနိုင်စေခဲ့သည်။
အမေရိကန်နိုင်ငံ၏ ကိုင်းဂျူး သားရဲများကို အသုံးပြုကာ တိုက်ခိုက်နိုင်တော့မည့် နည်းပညာသည် ကမ္ဘာ့နိုင်ငံများက အခြေခံလူတန်းစားများကို ပျော်ရွှင်သွားစေသည်။ သို့သော် အဓိက နိုင်ငံကြီးများ၏ အထက်ပိုင်း ပုဂ္ဂိုလ်များသည်တော့ ပြစ်တင်ဝေဖန်နေကြ၏။
နက်၏ သုတေသနအဖွဲ့လုပ်ရမည့် တစ်ခုတည်းသော အချက်သည် ကိုင်းဂျူး သားရဲများ၏ မျိုးရိုးဗီဇထဲသို့ သစ္စာရှိမှု ဆက်တင်ကို ထည့်သွင်းရန် ဖြစ်သည်။
နိုင်ငံအများအပြား၏ သုတေသနအဖွဲ့များသည် အမေရိကန်များ၏ နည်းလမ်းကို အတုခိုးရန် ကြိုးစားခဲ့သော်လည်း အရင်းအမြစ်၊ ငွေကြေးနှင့် အချိန်များသာ အလဟာသတ်ကုန်ဆုံးသွားခဲ့၏။ ထိုအခါမှသာ ၎င်းတို့သည် အမေရိကန်က သတင်းအချက်အလက် ထောင်ချောက်ဆင်ခဲ့မှန်း သဘောပေါက်ခဲ့လေသည်။
ဤတွင် ဟွာရှကဲ့သို့ နိုင်ငံများလည်း အာရုံကြော ဆက်သွယ်ခြင်း နည်းပညာကို အသုံးချရန် ကြိုးစားခဲ့သော်လည်း စမ်းသပ်ကိုင်းဂျူး သားရဲ၏ အသိစိတ်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်တိုင်း စမ်းသပ်ခံ သားရဲ၏ အသိစိတ်သည် ပြိုကွဲသွားပြီး ရူးသွတ်သွားခြင်း ဖြစ်သည်။
ထို့ကြောင့် အာရုံကြော ဆက်သွယ်ခြင်း နည်းပညာကို အသုံးပြုလိုခဲ့သော နိုင်ငံများသည် အမေရိကန်နိုင်ငံ၏ ဤအခက်အခဲကို ကျော်လွှားနိုင်ခဲ့သော နည်းလမ်းကို သိရှိလိုကြသည်။ သို့သော် အမေရိကန်က စမ်းသပ်ဒေတာ အနည်းငယ်မျှ မျှဝေရန် ဆန္ဒမရှိပေ။
၎င်းသည် နိုင်ငံအများအပြားက ပညာရှင်များ၊ အထက်ပိုင်း ပုဂ္ဂိုလ်များကို ဒေါသထွက်စေခဲ့သည်။
"ဒီအပြာရောင်ဂြိုလ်ကို သူတို့ပဲ ကယ်တင်နိုင်မယ်လို့ ထင်နေတာလား။ ဒါက အိပ်မက်မက်နေတာပဲ ဒီကမ္ဘာပေါ်မှာ သူတို့နိုင်ငံတစ်ခုတည်းပဲ ရှိတယ်လို့ ထင်နေတာ"
ရုရှားနိုင်ငံသား တစ်ယောက်က ဒေါသတကြီး ပြောသည်။
"ကျုပ်က အမေရိကန်အနေနဲ့ ဒီလို နည်းပညာကို မဖုံးကွယ်ထားသင့်ဘူးလို့ထင်တယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ဒီကပ်ဘေးကို ကြံကြံခံနိုင်ဖို့ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး စည်းလုံးနေရမယ်"
ဟွာရှ နိုင်ငံသား တစ်ယောက်က ပြောခြင်း ဖြစ်သည်။
"အမိကမ္ဘာမြေကို ချစ်ပါ"
ဂျပန်နိုင်ငံသား၏ စကားကို တိုတိုနှင့် ရိုးရှင်းသည်။
လူသားများ၏ မျှော်လင့်ချက်က ဤအာရုံကြော ဆက်သွယ်ခြင်း နည်းပညာ ဖြစ်သည်။ ၎င်းနည်းပညာသည် ကိုင်းဂျူး သားရဲများကို လယ်ဗယ်တူတိုင်ခိုက်နိုင်မည့် နည်းပညာ ဖြစ်သည်။
ဟွာရှကဲ့သို့ နိုင်ငံအများအပြားသည် အာရုံကြော ဆက်သွယ်ခြင်း နည်းပညာကို အသည်းအသန် သုတေသန ပြုနေကြသည်။
အမေရိကန်သည် ဤနည်းပညာလမ်းကြောင်းက ဖြစ်ထွန်းနိုင်ကြောင်း သက်သေပြခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုတိုင် ၎င်းတို့သည် မည်သည့် ရလဒ်မျှ မရသေးပေ။
လူသားများသည် အနာဂတ်အတွက် မျှော်လင့်ချက် ရောင်ခြည်ကို မြင်လာရသည်။ သို့သော် နောင်ဖြစ်လာသော အရာများသည် လူသားများ၏ ဤမျှော်လင့်ချက်ကို ရိုက်ချိုးပစ်ကာ စိတ်ပျက်အားငယ်ခြင်းဟူသော ချောက်နက်ထဲသို့ ကျရောက်သွားစေပြန်၏။
.....