← Chapters

ကြယ်များအောက်၌ နတ်ဘုရား မင်းသားများနှင့် တိုက်ခိုက်ခြင်း (၂)

Vol. 12 Ch. 1141

ကြယ်များအောက်၌ နတ်ဘုရား မင်းသားများနှင့် တိုက်ခိုက်ခြင်း (၂)

Vol. 12 Ch. 1141

"ဘုန်း…"

ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် မျက်စိတစ်မှိတ်ထက် ပိုမို လျှင်မြန်သော အချိန် အတွင်းမှာပင် များစွာသော စစ်သည်တော်များနှင့် နတ်ဘုရား ဗိုလ်ချုပ် များမှာ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ မိစ္ဆာနေ ဂိုဏ်းမှ နတ်ဘုရား မင်းသား လင်းယန် ပင်လျှင် ရွှေရောင် မှော်ဆေးအိုးငယ်၏ တိုက်ရိုက် တိုးဝင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

လင်းယန်သည် မိစ္ဆာနေဂိုဏ်း၏ အတွေ့အကြုံရင့် နတ်ဘုရား မင်းသား တစ်ယောက် ဖြစ်ကာ အခြေတည် ဝိညာဉ် အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သူသည် နတ်ဘုရား စွမ်းအား အမျိုးမျိုးကို ကျွမ်းကျင်ကာ သာမန် အခြေတည် ဝိညာဉ် ထိပ်ဆုံး အဆင့်များထက် အဆများစွာ ပိုမို အစွမ်းထက်သည်။

သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အပိုင်းပိုင်း ပြတ်နေ၏။ မရေမတွက်နိုင်သော ခန္ဓာကိုယ် အင်္ဂါများနှင့် ရွှေရောင် သွေးစက်များမှာ နေရာအနှံ့ ပြန့်ကျဲနေသည်။ သူ့အား ကြည့်ရသည်က ကျောက်တောင် တစ်ခုနှင့် ထိပ်ချင်း ဝင်ဆောင့်မိသည့် ဖရဲသီး တစ်ခု အလားပင်။

"လင်းယန် သေသွားတာလား…"

များစွာသော လူများမှာ ဆွံ့အ နေကြသည်။ သူတို့သည် ကိုယ့်အမြင်အာရုံကို ကိုယ် မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

လင်းယန်သည် လင်းဟယ်၏ အကို ဖြစ်ကာ မိစ္ဆာနေဂိုဏ်း၏ ထိပ်ဆုံး နတ်ဘုရား မင်းသား အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်သည်။ သာမန် နတ်ဘုရား ဗိုလ်ချုပ်များ ပင်လျှင် သူ့အား မယှဉ်နိုင်ချေ။

နှစ်ပေါင်း ငါးသောင်းကျော် ကျင့်ကြံကာ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် ဓမ္မ ဥပဒေသများကို ထိတွေ့နိုင်သည့် မဟာ အကြီးအကဲများ ပင်လျှင် သူနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ သို့သော်လည်း ယခုတွင်မူ ချန်းဖန်သည် သူ့အား မှော်ဆေးအိုး တစ်ခုဖြင့်ပင် အပိုင်းပိုင်း အစစ ဖြစ်အောင် ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သည်။

"ဟူး… ဟူ…"

ချန်းဖန်၏ အခြေတည် ဝိညာဉ် တစ်ဖြစ်လည်း တစ်ပေခန့်သာ ရှည်လျားသည့် ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်သည် ခြေသုံးချောင်း၊ လက်ကိုင် နှစ်ခုပါသော ရွှေရောင် မှော်ဆေးအိုးကို ကိုင်ဆောင်ထား၏။ ထိုအရာသည် အမြင်အားဖြင့် အားနည်းပုံ ပေါ်သည့်တိုင် သံမဏိတူ တစ်ခု အလား မာကြောကာ လင်းယန်ကိုပင် လွယ်ကူစွာ ဖျက်ဆီး ပစ်နိုင်ခဲ့သည်။

"ရား…"

လင်းယန်၏ စစ်ရထားကို ဆွဲသည့် အနီရောင် မီးမိစ္ဆာကျားသည် ကျယ်လောင်သော ဟိန်းဟောက်သံကို ပြုလေရာ ဘေးနားရှိ အခြေတည် ဝိညာဉ် အဆင့် အကြီးအကဲ များစွာမှာ ကြောက်လန့်၍ပင် သွားကြသည်။

"ဘုန်း…"

ထိုအရာက ပါးစပ်ကို ဟလျှက် ပေတစ်ထောင်ခန့် ရှိသော အနက်ရောင် မီးတောက်ကို ပစ်လွှတ်လိုက်လေ၏။ မီးတောက်သည် ကောင်းကင်ကို ဖြတ်သန်း၍ လောင်ကျွမ်းကာ ရှည်လျားသော အနက်ရောင် အမှတ်တစ်ခုကို ဖန်တီးသည်။

ကြောက်မက်ဖွယ် အကောင်းဆုံး အရာကား ထိုမီးတောက်၏ လမ်းကြောင်း တစ်လျှောက်ရှိ ရွှေအမြုတေ အဆင့်များ အပါအဝင် အရာ အားလုံးမှာ ချက်ချင်း အခိုးအငွေ့ အဖြစ် ပျောက်ကွယ် သွားခြင်းပင်။

"ဝှစ်…"

မီးတောက်သည်  အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ကိုပင် ပွတ်တိုက်သွား၏။ မျက်စိ တစ်မှိတ် အတွင်းမှာပင် ထိုအခြေတည် ဝိညာဉ် အဆင့်မှာ ခန္ဓာကိုယ် တစ်ဝက် ပျက်စီးကာ နာကျင်စွာ အော်ဟစ် လိုက်ရ၏။

"အဲဒါက မိစ္ဆာဝါးမျိုခြင်း မီးတောက်ပဲ…"

အခြေတည် ဝိညာဉ် အဆင့် အကြီးအကဲ တစ်ယောက်က အော်ဟစ် လိုက်သည်။ ထိုအရာကား "ကမ္ဘာတစ်သောင်း မီးသတ်မှတ်ချက်" တွင်ပင် အမြင့်ပိုင်း နေရာ၌ ရပ်တည်နေသော မီးတောက် တစ်ခု ဖြစ်သည်။ ပြောစကားများ အရဆိုလျှင် မိစ္ဆာ ဝါးမျိုခြင်း မီးသည် ပိုမို အစွမ်းထက် လာသည်နှင့် အမျှ နေနှင့် လကိုပင် လောင်ကြွမ်းနိုင်သည်ဟု ဆိုကြသည်။

ထိုအနီရောင် မီးတောက် မိစ္ဆာကျားသည် နတ်ဘုရား သားရဲ မဖြစ်သေးချေ။ သို့တိုင်အောင် နတ်ဘုရား မင်းသားများ ပင်လျှင် ၎င်း၏ ပါးစပ်မှ မှုတ်ထုတ်သော မီးတောက်ကို ခန္ဓာကိုယ် သက်သက်ဖြင့် ခုခံရဲခြင်း မရှိပါချေ။ ထိုမီးတောက်ကား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ ပေသည်။

"ဘုန်း…"

ချန်းဖန်သည် တောင်တန်း မြစ်ပြင် မှော်ဆေးအိုး အသွင် ပြောင်းလဲကာ အရှိန်အား မြှင့်လိုက်၏။

"ခရက်…"

ကြောက်မက်ဖွယ် စွမ်းအင်များသည် ကောင်းကင်တွင် လိမ့်ဆင်းသွား၏။ လူများသည် မှော်ဆေးအိုးထံမှ မြင့်တက် လာသော အထွတ်အမြတ် စွမ်းအင်များကို မျက်လုံးဖြင့်ပင် မြင်ကြရသည်။ မိစ္ဆာ ဝါးမျိုခြင်း မီးတောက်နှင့် ဆုံတွေ့သည့် အခါ တောင်တန်း မြစ်ပြင် မှော်ဆေးအိုးမှာ ပိုမို တောက်ပသော ရောင်စဉ်များကို ထုတ်လွှတ်သည်။ ၎င်းသည် စူးရှ လွန်းရကား လူများ၏ မျက်ကြည်လွှာကိုပင် အောင့်သက် စေ၏။

"ငါ့ရဲ့ မှော်ဆေးအိုးက ကြယ်ပင်လယ်ထဲက သူတော်စင် တစ်ယောက်ရဲ့ အထွတ်အမြတ် ရတနာနဲ့ လုပ်ထားဝာာ… ဒီလို မီးသေးသေးရဲ့ လက်ချက်နဲ့ ဖျက်ဆီး ခံရမယ် ဆိုရင် အထွတ်အမြတ် ရတနာ ဆိုတဲ့ နာမည်နဲ့ မလိုက်ဖက်တော့ဘူး"

ချန်းဖန်သည် ပြောရင်း အနီရောင် မီးမိစ္ဆာ ကျားထံ ပျံသန်း တိုးဝင် သွားတော့၏။

သားရဲသည် မိစ္ဆာ ဝါးမျိုးခြင်း မီးဝောာက်များကို ဆက်တိုက် ထုတ်လွှတ် နေသည်။ သို့သော်လည်း ထိုအရာများသည် ချန်းဖန်ကို အန္တရာယ် ပြုနိုင်စွမ်း မရှိခဲ့ချေ။ တောင်တန်း မြစ်ပြင် ပန်းချီကား ပိုမို နီးကပ်လာသည်နှင့် အမျှ အနီရောင် မီးမိစ္ဆာကျား၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ် လာခဲ့လေသည်။

ထိုအချိန်တွင်ပင် ကျယ်လောင်သော အသံ တစ်ခုမှာ ချန်းဖန်၏ နောက်မှ ထွက်ပေါ် လာခဲ့လေသည်။

"မင်းလိုကောင်က ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့… သေစမ်း"

"ဘုန်း…"

ကြောက်မက်ဖွယ် မိစ္ဆာချီ စွမ်းအင် အချို့မှာ နတ်ဘုရား မင်းသား လင်းယန် သေဆုံးသွားသော နေရာမှ ထွက်ပေါ် လာ၏။ ၎င်းသည် အစားထိုးခြင်း နတ်ဘုရား အဆောင်ကို အသက်သွင်းကာ လင်းယန်၏ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည် တည်ဆောက်သည်။

"ဟူး… ဟူး…"

သွေးနှင့် အစိတ်အပိုင်းများသည် ပြန်လည် စုစည်းလာကာ လင်းယန် ပြန်လည် ဖြစ်ပေါ် လာခဲ့သည်။ မိစ္ဆာနေ တစ်ခုသည် သူ၏ နောက်တွင် လင်းလာ၍ ကြောက်မက်ဖွယ် မိစ္ဆာချီမှာ မိုင်ပေါင်း များစွာကို ပြန့်နှံ့ သွား၏။ ၎င်းတို့က ဟင်းလင်းပြင်ကို မိစ္ဆာ လောက တစ်ခု သဖွယ် ဖြစ်အောင် ပြောင်းလဲသည်။

"ဘုန်း…"

လင်းယန်၏ အနက်ရောင် ဆံပင်များသည် ဓားများ ကဲ့သို့ ဖြောင့်တန်းနေ၏။ သူ၏ မျက်နှာသည် ဒေါသဖြင့် ပြည့်နှက်နေကာ မီးများမှာ ဒွါရပေါက် ခုနစ်ပေါက်လုံးမှ ထွက်ပေါ် နေသည်။ မိစ္ဆာနေဂိုဏ်း၏ နတ်ဘုရား မင်းသား လင်းယန်ကား မြင့်မြတ်ခြင်းနှင့် ဒေါသ တည်းဟူသော အရှိန်အဝါ နှစ်ခုကို တစ်ချိန်တည်းတွင် ထုတ်ဖော် နေခဲ့လေတော့သည်။

"သတ်…"

အနက်ရောင် အမည်မဲ့ ဓားတစ်လက်သည် လင်းယန်၏ ရင်ဘတ်မှ ပျံထွက်လာ၏။ ၎င်းသည် သုံးလက်မမျှ ရှည်လျားပြီး အလွန်အမင်း နက်မှောင်နေသည်။ ဓားသည် ကောင်းကင်ကို ဖြတ်သန်းသွားရာ ပေဒါဇင်ပေါင်း များစွာ ရှည်လျားသည့် မိစ္ဆာမြွေ တစ်ကောင်မှာ လေဟာနယ်ကို ခွဲဖျက်လျှက် ပေါ်ထွက် လာခဲ့သည်။ မိစ္ဆာနယ်မြေတွင် မိစ္ဆာ ဓားတစ်ချောင်း မွေးဖွား လာသည့် အလား လောကမှာ မိစ္ဆာချီများဖြင့် ပြည့်နှက် သွားခဲ့လေသည်။

"ကလန့်…"

ချန်းဖန်သည် လှည့်ကာ မှော်ဆေးအိုးအား အသုံးပြုလျှက် အနက်ရောင် ဓားကို တိုက်ထုတ် လိုက်၏။ ထို့နောက် သူက တစ်ဆက်တည်းပင် အနီရောင် မီးမိစ္ဆာကျားကို သတ်ဖြတ်ရန် ကြိုးစား လိုက်သည်။

"ဝှစ်…"

အနီရောင် မီးမိစ္ဆာကျားသည် သခင်၏ အမိန့်ကို နာခံကာ နောက်သို့ ပေသုံးထောင် တိတိ ခုန်ဆုတ်လိုက်၏။ ချန်းဖန်က သူ၏ နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် လင်းယန်က ဓားအား ကိုင်ဆွဲကာ သူ့ထံသို့ တရကြမ်း တိုးဝင် တိုက်ခိုက်လာသည်။ ချန်းဖန်သည် အစစ်အမှန် သဏ္ဌာန်သို့ ပြန်လည် ပြောင်းလဲကာ နဂါး သင်္ကေတ လှံပုဆိန်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်၏။

"ဘုန်း… ဘုန်း…"

တဒင်္ဂ အတွင်းမှာပင် ချန်းဖန်နှင့် လင်းယန်တို့မှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက် ပြီးသွားကြပြီ ဖြစ်သည်။ လှံပုဆိန်နှင့် လင်းယန်၏ ဓားတို့သည် ထိခတ်ကြရာ မိုးကြိုးကဲ့သို့ အသံများကို ကြားရ၏။ ကောင်းကင်နှင့် လေထု တစ်ခုလုံးမှာ တုန်ခါခြင်း လှိုင်းများဖြင့် ပြည့်နှက် နေလေသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

တိုက်ပွဲ၏ အကျိုးဆက်တွင် အနီးအနားရှိ ရွှေအမြုတေ အဆင့် များစွာမှာ သေဆုံး သွားကြသည်။

အခြေတည် ဝိညာဉ် အဆင့်များ ပင်လျှင် နောက်သို့ ဆုတ်ခွာ နေကြရသည်။ စစ်ရထား များပေါ်ရှိ နတ်ဘုရား မင်းသားများ သာလျှင် တည်ငြိမ်စွာဖြင့် သူတို့ နှစ်ယောက်၏ တိုက်ပွဲကို အနီးကပ် ကြည့်နိုင်ခဲ့၏။

ချန်းဖန်နှင့် လင်းယန်တို့သည် သူတို့တွင် ရှိသမျှ စွမ်းအင် အကုန်လုံးကို ပုံအောလျှက် တိုက်ခိုက် နေကြခြင်း ဖြစ်၏။

ချန်းဖန်၏ လှံပုဆိန်သည် နဂါးတစ်ကောင် ဝန်းရံထားဟန် ရကာ တစ်ချိန်တည်း၌ လင်းဟယ်၏ ဓားမှာ ဆန်းကြယ်ခြင်းတို့ဖြင့် ထုံမွှန်းထားသည်။ သူတို့၏ တိုက်ပွဲ အတွင်း ကျရောက်သွားပါက သာမန် အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ပင် အပိုင်းပိုင်း အစစ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

"ဘုန်း…"

လေဟာနယ်သည် ပျက်စီးခြင်းတို့ဖြင့် ပြည့်နှက် နေ၏။ များစွာသော လူများသည် အနက်ရောင် အလင်း တစ်ခုနှင့် ရွှေရောင် အလင်းတစ်ခု ရောယှက်နေသည်ကိုသာ တွေ့မြင် ကြရသည်။ ၎င်းတို့သည် အကြိမ်တိုင်း၌ ထိပ်တိုက် တွေ့နေကြကာ မိုးကြိုးသံများမှာ နေရာအနှံ့ ပျံ့နှံ့ နေခဲ့လေသည်။

"ခရက်…"

လင်းယန်၏ ဓားသည် ချန်းဖန်၏ လက်မောင်းကို ထိရာ တစ်လက်မခန့် ရှိသော ဒဏ်ရာ တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း တစ်ချိန်တည်း၌ ချန်းဖန်၏ လှံသည် လင်းယန်၏ ရင်ဘတ်ကို ထိုးဖောက် သွားလေရာ လင်းယန်မှာ နောက်တစ်ကြိမ် သေလုလုပင် ဖြစ်သွားခဲ့သည်။

သို့သော်လည်း လင်းယန်မှာ ထိုအရာကို ဂရုစိုက်ဟန် မရပဲ အော်ဟစ် ရယ်မော လိုက်လေ၏။

"ချန်းပေ့ရွှမ်း… ငါက လင်းဟယ်နဲ့ ရီချင်တို့လို အရှုံးသမား မဟုတ်ဘူး… ဒီဂြိုဟ်ပေါ်က မဟာ အခွင့်အရေးက ငါ့အပိုင် ဖြစ်ရမယ်… မင်းနဲ့ မင်းရဲ့ ဂြိုဟ်တစ်ခုလုံးပါ ငါ့လက်အောက်မှာ ကျဆုံးရမယ်"

လင်းယန်က ကြောက်မက်ဖွယ် ကောင်းစွာပင် ဓားကို အရှိန်အဟုန်ဖြင့် ကိုင်လွှဲကာ ချန်းဖန်အား ခုတ်လိုက်သည်။

"ဘုန်း…"

တစ်ချိန်တည်း၌ ချန်းဖန်၏ လှံပုဆိန်သည် တောဆိတ် တစ်ကောင်၏ ဦးချို အလား မည်သို့မျှ မျှော်လင့်ထားခြင်း မရှိသည့် ရှု့ဒေါင့် တစ်ခုသို့ တိုးဝင်သွား၏။ ထိုအရာသည် အနက်ရောင် ဓားကို လှပစွာ ရှောင်ကွင်းကာ လင်းယန်အား ထိလေသည်။

"ဘုန်း…"

မရေမတွက်နိုင်သော အနက်ရောင် အလင်းများသည် လင်းယန်၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာကာ ချန်းဖန်၏ လှံပုဆိန်ချက်ကို တားဆီးရန် ကြိုးစားသည်။ သို့သော်လည်း ထိုအရာသည် ချန်းဖန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်စွမ်း ရှိပါမည်နည်း။

"ဘုန်း…"

လင်းယန်၏ ခန္ဓာကိုယ်မှာ ထက်ပိုင်းပြတ် သွား၏။ သူကား ဒုတိယ အကြိမ်မြောက် သေဆုံး သွားခဲ့ပြန်ပြီ ဖြစ်သည်။ သို့သော်လည်း ကံကောင်းစွာပင် သူ့ထဲတွင် အစားထိုးခြင်း နတ်ဘုရား အဆောင် နှစ်ခု ရှိနေခဲ့ပေသည်။

"ဝှစ်… ဝှစ်…"

လင်းယန်သည် လျှင်မြန်စွာပင် အဆောင်ကို သုံးကာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက် လိုက်သည်။ သို့သော်လည်း သူကား ချန်းဖန်နှင့် သူ့ အကြားရှိ ခြားနားချက်ကို နားလည် သွားခဲ့ပြီ ဖြစ်လေသည်။ သူသည် ချန်းဖန်ကို တစ်ယောက်တည်း စွန့်စားကာ ဆက်လက် တိုက်ခိုက်ဝံ့ခြင်း မရှိတော့ချေ။

"ရောင်းရင်း… ငါ့ကို ကူညီဦး…"

လင်းယန်က အော်ဟစ်လိုက်၏။

"ရား…"

အနီရောင် မီးမိစ္ဆာကျားသည် လေဟာနယ်ကို ကုတ်ခြစ် လိုက်လေရာ မရေမတွက်နိုင်သော သင်္ကေတများ ထွက်ပေါ်လာသည်။ ထိုသင်္ကေတများသည် မီးများ အဖြစ် ပြောင်းလဲကာ ချန်းဖန်ကို ဝါးမျိုရန် ကြိုးစား၏။

"ဘုန်း…"

ချန်းဖန်သည် အေးဆေးစွာပင် တောင်တန်း မြစ်ပြင် မှော်ဆေးအိုး အသွင် ပြောင်းလဲကာ မီးတောက်များထဲသို့ တိုးဝင်၍ အနီရောင် မီးမိစ္ဆာကျားကို တိုက်ထုတ် ပစ်လိုက်သည်။

"ဘုန်း…"

အနီရောင် မီးမိစ္ဆာကျားမှာ နာကျင်စွာ အော်ဟစ်ကာ နောက်သို့ ပေထောင်ချီအောင် လွင့်စဉ် သွား၏။ ၎င်းသည် ကောင်းကင် သားရဲ မျိုးဆက် ဖြစ်လေရာ ခန္ဓာကိုယ်မှာ အလွန် မာကြော လှသည်။ ချန်းဖန်၏ တောင်တန်း မြစ်ပြင် မှော်ဆေးအိုး၏ တိုက်ရိုက် တိုက်ခိုက်ခြင်းကို ခံရသည့်တိုင် ၎င်းသည် အနည်းငယ်သာ နာကျင်မှုကို ခံစားခဲ့ရသည်။ သူသည် တုန်ရီနေသည့်တိုင် မတ်တပ်ရပ်နေနိုင်ဆဲ ဖြစ်သည်။

ထိုအချိန်အတောအတွင်းမှာပင် လင်းယန်သည် အခွင့်အရေးကို ယူကာ ဒဏ်ရာများကို ပြန်လည် ကုသပြီး ဖြစ်သည်။ သူသည် ဓားအား ဆွဲကိုင်ကာ ချန်းဖန်ထံသို့ ပြေးဝင် လာခဲ့ပြန်သည်။

“ဘုန်း...”

ချန်းဖန်သည် ချက်ချင်းပင် လင်းယန်နှင့် မီးမိစ္ဆာကျားတို့၏ ဝန်းရံ တိုက်ခိုက်မှု အလယ်သို့ ကျရောက် သွား၏။ သူသည် အလွန်တရာ အစွမ်းထက်သည့်တိုင် တစ်ချိန်တည်း၌ နှစ်ယောက်စလုံးနှင့် ရင်ဆိုင်ရခြင်းမှာမူ အမှန်ပင် မလွယ်ကူလှချေ။

တိုက်ပွဲအား ကြည့်နေသော နတ်ဘုရား မင်းသားများမှာ အနည်းငယ်ပင် ပျင်းရိနေကြ၏။

“သူက အရမ်းကြီးလည်း ထူးဆန်း မနေပါဘူး... ငါတို့ထက် နည်းနည်းလောက် ပိုပြီး အစွမ်းထက်ရုံပဲ... ကြီးမားတဲ့ ကွာခြားမှုတောင် မရှိဘူး... ချင်ဖန်းဆိုရင် သူနဲ့ မျက်နှာချင်းဆိုင်တောင် တိုက်ခိုက်နိုင်တယ်”

နတ်ဘုရား မင်းသား အချို့က လျှို့ဝှက်စွာ ဆက်သွယ် ပြောဆို လိုက်ကြသည်။

“အဲဒါက ချန်းပေ့ရွှမ်းလား... တကယ် စိတ်ပျက်စရာပဲ”

ချင်ဖန်းကလည်း ခေါင်းအား ခါယမ်း လိုက်သည်။ သို့သော်လည်း လက်တွေ့ကျကျ စဥ်းစားကြည့်ပါက ထိုအရာက အဓိပ္ပာယ် ရှိပေသည်။ ချန်းပေ့ရွှမ်းကား စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ တစ်စုံတစ်ယောက်သာလျှင် ဖြဟ်ပေသည်။ သူ့အခြေအနေဖြင့် ယခုလောက် အစွမ်းထက်ခြင်းက ပင်လျှင် အံ့အားသင့်စရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။

“ဘုန်း...”

ချန်းဖန် လင်းယန်ကို တတိယ အကြိမ် တိုက်ခိုက်ပြီးချိန်၌ အခြား နတ်ဘုရား မင်းသား တစ်ယောက်မှာ တိုက်ပွဲ အတွင်း ဝင်ရောက်လာ၏။

“ငါ့အလှည့်ပဲ...”

***

All Chapters