← Chapters

တိရစ္ဆာန်များ သန္ဓေပြောင်းခြင်း

Vol. 16 Ch. 218

တိရစ္ဆာန်များ သန္ဓေပြောင်းခြင်း

Vol. 16 Ch. 218

ဟွာရှ၏ မြောက်ဘက်အခြမ်းတွင် တောင်ထူထပ်သော မြို့တစ်မြို့ ရှိသည်။ ဤမြို့သည် ဟွာရှ၏ အတွင်းဘက်တွင် တည်ရှိခြင်းကြောင့် ကိုင်းဂျူး သားရဲများ၏ တိုက်ခိုက်ခြင်းကို မခံရသေးသော်လည်း ကိုင်းဂျူး သားရဲများ၏ အဖြူရောင်အဆိပ်ဓာတ်ငွေ့ ပြဿနာများကြောင့် လေထုညစ်ညမ်းမှုကို ခံစားနေရဆဲ ဖြစ်သည်။

တစ်ရက်တွင်..။

မြို့၏ ရဲစခန်းသို့ လူတစ်ယောက်သည် တောင်ပေါ်တွင် အလောင်းတစ်လောင်း တွေ့ရကြောင်း သတင်းပို့လာသည်။ ၎င်းသည် လူသတ်မှု ဖြစ်နိုင်သောကြောင့် ရဲများသည် သတင်းပို့လာသူနှင့်အတူ တောင်ပေါ်သို့ လျင်မြန်စွာ သွားခဲ့ကြ၏။

သေဆုံးသူသည် အသက် လေးဆယ်ဝန်းကျင်ရှိသော အမျိုးသားတစ်ယောက် ဖြစ်ပြီး၊ လည်ပင်းတွင် အပေါက်တစ်ခု၊ ပခုံးနှင့် ဦးခေါင်းတွင် ဒဏ်ရာများနှင့် ဝမ်းဗိုက်တွင် ကြီးမားသော ဘောလုံးတစ်လုံးအရွယ်ခန့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

သေဆုံးရသော အဓိက အကြောင်းအရင်းသည် လည်ပင်းက ဒဏ်ရာကြောင့် ဖြစ်သည်။

သေဆုံးသူသည် သတ္တဝါတစ်ကောင်၏ လည်ပင်းကို ကိုက်ခဲခံရမှုကြောင်း သေဆုံးခြင်း ဖြစ်ပြီး၊ ဝမ်းဗိုက်က ဒဏ်ရာသည်တော့ ၎င်းသတ္တဝါက သေဆုံးသူ၏ အတွင်းအင်္ဂါများကို စားသုံးသွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သေဆုံးသူ၏ ခန္ဓာကိုယ်ကို အခြေခံ၍ လူသတ်တရားခံက မည်သည့် တိရစ္ဆာန်ဖြစ်ကြောင်း ဆုံးဖြတ်ရ ခက်ခဲသည်။

အဘယ့်ကြောင့် ဆိုသော ဤတောင်ပေါ်သစ်တောထဲတွင် တိရစ္ဆာန် အငယ်စားများသား ရှိပြီး လူကိုသတ်ဖြတ်နိုင်သော တိရစ္ဆာန်များလည်း မရှိခြင်းကြောင့် ဖြစ်သည်။ ဝံပုလွေကဲ့သို့ တိရစ္ဆာန်များ မပေါ်လာတာ နှစ်အတော်ကြာပြီ ဖြစ်ခြင်းကြောင့် ဤတောင်ပေါ်သစ်တောတွင် တိရစ္ဆာန်ငယ်များသာ ရှိသည်။

ရဲများသည် သေဆုံးသူ၏ နံဘေးတွင် သံသယဖြစ်ဖွယ် အရာတစ်ချို့ကို တွေ့ခဲ့ရသည်။ ၎င်းသည် ပိုးမွှားအချို့၏ ခြေထောက်များ ဖြစ်သည်။

ဤပိုးမွှားများ၏ ခြေထောက်သည် သံသယဖြစ်ဖွယ်ကောင်းပြီး လက်ညှိုးထက်ပင် ကြီးမားသည်။ နောက်ဆုံးတွင် ရဲများက ၎င်းပိုးမွှား၏ ခြေထောက်များကို ယူဆောင်ကာ မြို့သို့ ပြန်ခဲ့ကြသည်။

ဤဖြစ်ရပ်သည် အနည်းငယ် ထူးဆန်းသောကြောင့် အဆင့်မြင့် စီမံခန့်ခွဲမှုရုံး၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ၎င်းတို့သည် ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကို မြို့သို့ ဖိတ်ကြားခဲ့ပြီး၊ ထိုအမျိုးသား သေဆုံးရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးစတင်ခဲ့သည်။

ခြေထောက်များကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ၎င်းသည် နှံကောင်၏ ခြေ​ထောက်များနှင့် အလွန်ဆင်တူပြီး၊ မျိုးရိုးဗီဇ ကလည်း ဆင်တူကြောင်း တွေ့ရှိခဲ့သည်။ အကယ်၍ ၎င်းခြေထောက်များ၏ ပိုင်ရှင်သာ နှံကောင်ဖြစ်မည်ဆိုလျှင် ထိုနှံကောင်သည် အနည်းဆုံး လက်မောင်းအရွယ်အစား ရှိမည် ဖြစ်သည်။

၎င်းက ကျွမ်းကျင်ပညာရှင်အဖွဲ့ကို အံ့အားသင့်​စေခဲ့သည်။

ထိုနောက် ၎င်းနှံကောင်ကို ရှာဖွေရန်အတွက် လူအင်အားစုဆောင်းကာ သစ်တောအနှံ့ရှာဖွေခဲ့ကြလေသည်။ သို့သော် ရလဒ်က စိတ်ပျက်စရာပင်၊ တောထဲ၌ မည်သည့်အရာမျှ ရှာမတွေ့ပေ။

ထိုဖြစ်ရပ်သည် အလွန်အရေးကြီးပြီး အမေရိကန်တွင်လည်း အလားတူ ဖြစ်သည်။ ၎င်းတို့သည် ဤကဲ့သို့ သတ္တဝါများရဲ့ အရိပ်အရောင်ကို တွေ့ခဲ့ရသည်။

...

နွေရာသီအလယ်ပိုင်းတွင်...။

Angoras အပန်းဖြေမြို့၏ နေရောင်ခြည်က အလွန်ပူပြင်းသည်။ ပင်လယ်ရေမျက်နှာပြင်အထက်တွင် တည်ရှိသော မြို့ဖြစ်ခြင်းကြောင့် ဤမြို့၏ လေထုသည် အတော်ကောင်းမွန်ကာ ရှုခင်းလည်း လှပသည်။

Longbow ချောက်ကမ်းပါး၏ တစ်ဖက်တွင် အထက်တန်းကျောင်းသားများသည် ဘန်ဂျီခုန်ရန် ပြင်နေကြ၏။

ကမ္ဘာပျက်ကပ်တွင် ဤကဲ့သို့ ဖျော်ဖြေရေးလုပ်ငန်းများစွာ ရှိ​နေ​သေးသည်။ ဤကဲ့သို့ ခေတ်တွင် စိတ်ဓာတ်ကျခြင်းနှင့် ကြောက်ရွံ့မှုကို ဖြေဖျောက်ရန် ဖျော်ဖြေရေးနည်းလမ်းများက အဓိက ကျလေသည်။

အထက်တန်းကျောင်းသားများသည် အင်အားအပြည့်ရှိနေသည်။ ယောင်္ကျားလေးများသည် နွေရာသီအဝတ်အစားများဖြစ်သော ဘောင်းဘီတို၊ တီရှပ်နှင့် မိန်းကလေးများက အင်္ကျီလက်ပြတ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားကြသည်။

လူငယ်တစ်ယောက်က ပထမဆုံး ဘန်ဂျီခုန်ရန် ဆန္ဒရှိ​နေသည်။ ဘုန်ဂျီခုန်ခြင်း အားကစားကို တစ်ခါမှ မလုပ်ဖူးခဲ့ကြသော မိန်းကလေးများ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သော အသွင်အပြင် ရှိနေခဲ့ပြီး၊ ထိုလူငယ်၏ ပထမဆုံး စမ်းကြည့်ဖို့ ဆန္ဒရှိသည်ကို ကြားပြီးနောက် လူအများအပြားက အားပေးလိုက်ကြသည်။

၎င်းတို့က ထိုလူငယ်နှင့်အတူ ဘန်ဂျီခုန်သည့် နေရာဆီသို့ သွားပြီး ဝန်ထမ်းက ခါးပတ်ပတ်​ပေး​ခြင်းကို ကြည့်နေကြသည်။

Longbow ချောက်ကမ်းပါး၏ ပုံသဏ္ဌာန်သည် နှစ်ခြမ်းကွဲနေသော ကျောက်တုံးကြီးနှင့် ဆင်တူသောကြောင့် ထိုနာမည်ပေးထားခြင်း ဖြစ်သည်။

ချောက်ကမ်းပါးအောက်ခြေတွင် မြစိမ်းရောင် ရေများရှိပြီး ရေနေမျိုးစိတ်များရှိကာ မိကျောင်းအချို့လည်း ရှိ၏။ ဘန်ဂျီခုန်ချိန်တွင် ကံကောင်းမည် ဆိုပါက မိကျောင်းတစ်ကောင်ရေကူးနေခြင်းကို မြင်ရမည်ဟု ဆိုစမှတ်ပြုကြသည်။ ၎င်းသည် လူများကို မတူကွဲပြားသော ရသကို ပေးစွမ်းပြီး၊ စိတ်လှုပ်ရှားစေနိုင်သည်။

လူငယ်သည် ရော်ဘာကြိုးကို သူ့၏ ခါး၌ ချည်ပြီးနောက် မိန်းကလေးများ၏ အကြည့်အောက်တွင် ကိုယ်ကိုကိုင်းလိုက်ကာ အောက်သို့ ခုန်ချသွားခဲ့သည်။

"အားး"

မိန်းကလေးများ ကြောက်လန့်တကြားအော်လိုက်ကြပြီး၊ လက်ရန်းကနေ သူတို့အဖော် လူငယ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ထောက်!!

ကြိုး၏ တင်မာသွားသံထွက်ပေါ်လာသည်၊ လူငယ်၏ ပြုတ်ကျမှုအရှိန်ကြောင့် ကြိုးသည် ပိုမိုဆွဲဆန့်သွားနေသည်။

လူငယ်သည် သူ၏ လက်များကို ဆန့်တန်းထားပြီး အလွန်စိတ်လှုပ်ရှားနေ၏။

သူသည် အပေါ်သို့ ပြန်ရောက်ပြီးနောက် ချောမောလှပကာ ဆွဲဆောင်မှုရှိသော မိန်းမငယ်လေးများ၏ အားပေးခြင်းကို ခံရလိမ့်မည်ဟု တွေးလိုက်မိသည်။ ထိုနောက် သူသည် တောတွင်း ညတစ်ညကို စတင်နိုင်ပေမည်။ 

ထိုမြင်ကွင်းကို စိတ်ကူးယဉ်ရင်း သူ့၏ မျက်နှာပေါ်တွင် အရုပ်ဆိုးသော အပြုံးတစ်ခု ပေါ်လာပြီး၊ သရေများပင် ကျမလို ဖြစ်သွားခဲ့သည်။

သို့သော် နောက်တစ်ခဏ၌ သူ၏ အံ့ဖွယ် စိတ်ကူးယဉ်မှုမျာ ရုတ်တရက် ပျက်စီးသွားခဲ့သည်။

ဝုန်း!

ဘန်ဂျီခုန်နေသော လူငယ်၏ အောက်ခြေ ရေမျက်နှာပြင်သည် ရုတ်တရက် ပွင့်ထွက်သွားပြီး ဧရာမအနက်ရောင်အရိပ်တစ်ခုသည် မြစ်ထဲမှ သူ့ဆီသို့ ခုန်အုပ်လာသည်။

"မလုပ်နဲ့!!.."

လူငယ်သည် အော်ဟစ်လိုက်သော်လည်း အနက်ရောင်အရိပ်၏ အစားခံလိုက်ရသည်။ ဘုန်ဂျီခုန်သည်ကို ကြည့်နေကြသော မိန်းကလေးများသည် ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် မျက်လုံးပြုးသွားကြသည်။

မိန်းကလေးအချို့သည် ထိုကြောက်မက်ဖွယ်မြင်ကွင်းကြောင့် မျက်လုံးများကို မှိတ်လိုက်ကြပြီး၊ လူငယ်အဖော်များက ထိုအစားခံလိုက်ရသော လူငယ်၏ အမည်ကို ထိတ်လန့်တကြား အော်ခေါ်နေကြသည်။

အစောပိုင်းက စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းသည်၊ ​ကြောက်မက်ဖွယ်ရာ ဖြစ်သွားခဲ့ပြီး ဧရာမသားရဲကြီး တစ်ကောင်သည် ရေထဲမှထွက်လာကာ လူငယ်လေးကို စားသွားခဲ့ကာ ယခုတော့ ဘန်ဂျီခုန်ရာတွင် အသုံးပြုသော ကြိုးပေါ်၌ ခန္ဓာကိုယ် တစ်ပိုင်း အတွင်းအင်္ဂါအချို့နှင့် ၎င်းက မြစ်အတွင်းသို့ ကျဆင်းနေသည့် သွေးစက်အချို့သာ ကျန်ရှိတော့သည်။

"မိကျောင်း၊ အဲ့တာ မီတာ အရှည်နှစ်ဆယ် ရှိတဲ့ ဧရာမမိကျောင်းကြီး တစ်ကောင်ပဲ.."

ရှုခင်းနေရာမန်နေဂျာက ထိတ်လန့်တကြား ပြောလိုက်သည်။

ဘန်ဂျီခုန်သည့် နေရာရှိ ကင်မရာမှတစ်ဆင့် မတော်တဆမှုမဖြစ်​သေးမီ ဓာတ်ပုံကို ရရှိခဲ့ကြပြီ ဖြစ်သည်။ ၎င်းကတဆင့် ဧရာမမိကျောင်းကြီးသည် လူငယ်၏ ခန္ဓာကိုယ်ကို ဆွဲယူခြင်းဖြင့် လူငယ်၏ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားသည်ကို တွေ့ခဲ့ရပြီ ဖြစ်သည်။

(၂၀) မီတာ ရှည်သော သားရဲများက လက်ရှိခေတ်တွင် သာမန်မျှသာ ဖြစ်သော်လည်း ဤမတော်တဆမှုက ကုန်းတွင်းပိုင်းဒေသတွင် ဖြစ်ပွားခြင်း ဖြစ်သည်။ ယခုတိုင် ယူဂန်ဒါ မြက်ခင်းပြင်​ဒေသတွင် ပေါ်လာခဲ့ဖူးသော ဧရာမမြွေကြီးက လွဲ၍ ထိုကဲ့သော ဧရာမသားရဲများသည် ကုန်းတွင်းပိုင်း​ဒေသတွင် ပေါ်လာဖူးခြင်း မရှိပေ။

ဧရာမနှံကောင်နှင့် ဧရာမမိကျောင်း ဖြစ်ရပ်သည် အစသာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုကဲ့သို့ ဖြစ်ရပ်များ ပိုမိုများပြားလာခဲ့သည်။ ကုန်းတွင်းပိုင်း​ဒေသတွင် ဧရာမတိရစ္ဆာန်များ၊ ဧရာမပိုးမွှားများ၊ ဧရာမငှက်များ အစရှိသည့် သန္ဓေပြောင်း တိရစ္ဆာန်များ ပေါ်လာခဲ့သည်။

တိရစ္ဆာန်များ စတင်သန္ဓေပြောင်းလာသည်၊ ဤသည် လူသားမျိုးနွယ်ကို ခြိမ်းခြောက်လာသော ကပ်ဘေးအသစ် ဖြစ်သည်။

.....

All Chapters