← Chapters

ရုတ်တရက် တွေ့ဆုံခြင်း

Vol. 16 Ch. 220

ရုတ်တရက် တွေ့ဆုံခြင်း

Vol. 16 Ch. 220

ဤကမ္ဘာကြီးပေါ်ရှိ ကုန်းနေတိရစ္ဆာန်များသည် သန္ဓေပြောင်းလာခဲ့ပြီ ဖြစ်သည်။

ယခင်က ခြင်္သေ့၊ ကျား၊ ဝက်ဝံ၊ မြွေ စသည့် သားရဲရိုင်းများသာ လူသားများကို ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် ပိုးမွှားများပင် လူသားများကို သတ်ဖြတ်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။

သန္ဓေပြောင်းပြီးနောက် သားရဲတိရစ္ဆာန်များသည် အလွန်အကျွံကြီးထွား သန်မာလာကြကာ ၎င်းတို့၏ ပင်ကိုယ်စရိုက်အတိုင်း ကြမ်းတမ်းရက်စက်လာကြသည်။ အချို့သားရဲရိုင်းများသည် ထူးဆန်စွာ ပြောင်းလဲသွားကြပြီး ၎င်းတို့၏ မူရင်း မျိုးစိတ်ကိုပင် ခွဲခြားမရတော့ပေ။

အချို့သားရဲတိရစ္ဆာန်များဆို ၎င်းတို့၏ ရှေး​ဟောင်းမူရင်းပုံစံကဲ့သို့ ပြောင်းလဲသွားကြသည်။ ဥပမာ အစွယ်ရှည် ဓားသွားကျားများ ဖြစ်သည်။ ၎င်းတို့သည် မူလဓားသွားကျားက ဆင်းသက်လာခြင်း ဖြစ်သောကြောင့် အစွယ်ရှည် ဓားသွားကျားများ အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

ကျားများအပြင် အ​ခြားသားရဲတိရစ္ဆာန်များစွာသည် ၎င်းတို့၏ ရှေးဟောင်းဘိုးဘေးသားရဲများပုံစံကို ပြောင်းလဲသွားခဲ့ပြီး ၎င်းတို့ထဲတွင် မမ်မို့ (ရှေးဟောင်းအမွှေးရှည်ဆင်) ကဲ့သို့ မျိုးသုဉ်းသွားသော သားရဲများစွာသည်လည်း ပါဝင်ခဲ့၏။

ကြီးမားသော အစွယ်နှင့် ထူထဲသော အမွေးများရှိသည့် ဤရှေးဟောင်းသားရဲကြီးသည် ရှေးခေတ်အ​ပြာ​ရောင်​ဂြိုလ်တွင် တည်ရှိခဲ့သည်။ ယခုတော့ ဤကဲ့သို့ သားရဲတိရစ္ဆာန်များသည် ဤအပြာရောင်ဂြိုလ်ပေါ်၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

မမ်မို့ ကဲ့သို့ ဧရာမသားရဲတိရစ္ဆာန်များသည် ကြောက်စရာကောင်းပုံ​ပေါ်သော်လည်း ၎င်းတို့၏ လူသားများအပေါ် ခြိမ်းခြောက်နိုင်စွမ်းက အကန့်အသတ်ရှိလှသည်။ ဤကဲ့သို့ သားရဲတိရစ္ဆာန်များသည် မြို့ကြီးတစ်မြို့လုံးကို ဖျက်ဆီးနိုင်သော တောင်တစ်လုံးကြီးမားသည့် ဧရာမသားရဲကြီးများနှင့် မယှဉ်နိုင်ပေ။

အမှန်တကယ် အန္တရာယ်ရှိသည်က သ​န္ဓေပြောင်း ပိုးမွှားများ ဖြစ်သည်။ ၎င်းတို့၏ အန္တရာယ်သည် အလွန်ကြီးမားပြီး အုပ်စုလိုက်လှုပ်ရှားချိန်တွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်း၏။

ဥပမာအားဖြင့် ပျံသန်းနေသော တစ်မီတာ အကျယ်ရှိသော ပုစဉ်းများ ဖြစ်သည်။ ၎င်းတို့သည် အုပ်စုလိုက် ပျံသန်းတတ်ပြီး လူထုကို ထိတ်လန့်စေနိုင်၏။

မှတ်တမ်းများအရ (၄၀) စင်တီမီတာ အရှည်ရှိသည့် ကင်းခြေများက အကြီးဆုံး ဖြစ်သည်။ ကင်းခြေများသည် ကြောက်မက်ဖွယ်အသွင်အပြင်နှင့် ခြေထောက်များစွာရှိပြီး ၎င်း၏ အဆိပ်က အလွန်ပြင်းထန်သည်။

သန္ဓေပြောင်း ဖြစ်စဉ်များ ဖြစ်ပွားလာပြီးနောက် ကင်းခြေများသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ၏။ သန္ဓေပြောင်းပြီးသော ကင်းခြေများသည် (၃) မီတာကျော် ရှေးလျားကာ ၎င်း၏ ရှေးဟောင်းဘိုးဘေးသားရဲများနှင့် တူ၏။

အကယ်၍ အရွယ်ရောက် လူကြီးတစ်ယောက်သည် ၎င်းအား မြင်လိုက်သည့်အခါတွင် ကြောက်ရွံခြင်း မရှိလျှင်ပင် ၎င်း၏ အစားခံရမည့် ကံကြမ္မာက လွတ်မြောက်မည် မဟုတ်ပေ။

တစ်ခုသော နေ့တစ်ရက်၌ ဖန့်ရန်သည် ကုန်းနေ သားရဲတိရစ္ဆာန်များ သန္ဓေပြောင်းသွားသည်ကို သိရှိခဲ့သည်။

ဖန့်ရန်သည် သစ်တောရှိရာ ကမ်းခြေတစ်ခုသို့ သူ၏ အရသာ ပြောင်းလဲရန်အလိုငြား သားကောင်အချို့ကို ရှာဖွေရန် တတ်ရောက်ခဲ့သည်။

သူသည် သစ်တော၏ ရွှံ့နွံပြင်တစ်ခုကို ဖြတ်သန်းစဉ် (၁၅) မီတာကျော် ရှည်လျားသော ဧရာမမြွေတစ်ကောင်ကို တွေ့လိုက်ရသည်။

"ဒီမြွေက ဘာလို့ ဒီလောက်ကြီးနေတာလဲ"

သူ၏ အရှေ့၌ တုန်ရီနေသော မြွေကို ကြည့်ရင်း ဖန့်ရန်သည် အံအားသင့်နေ၏။

ဒီမြွေက Titanoboa မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်ကြီးနေရတာလဲ?..။

"ဝူးးးးး!"

ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ဧရာမဆင်တစ်ကောင် နွံဘေးရှိ သစ်တောကနေ ထွက်လာသည်။ ၎င်းသည် (၅) မီတာ အမြင့်ရှိပြီး (၈) မီတာ ရှည်လျားကာ ကြီးမားသော အစွယ်များနှင့် ထူထဲသော အမွေးများရှိသည့် ဆင် ဖြစ်သည်။

"ဒါ မမ်မို့လား"

သူသည် သဘာဝအတိုင်း မမ်မို့ကို သိရှိ​နေ၏။ လွန်ခဲ့သော ခေတ်ကာလများစွာကတည်းက မျုးသုဉ်းပျောက်ကွယ်သွားခဲ့သော မမ်မို့သည် ယခု သူ့ရှေ့မှောက်၌ ပေါ်လာခြင်းက သူ့ကို အံအားသင့်စေသည်။

ရုတ်တရက် ထွက်ပေါ်လာသော မမ်မို့သည် ဖန့်ရန်ကို မြင်တွေ့ပြီးနောက် ကြောက်လန့်တုန်ရီသွား၏။

၎င်းသည် ချက်ချင်းပင် တောထဲသို့ ပြေးဝင်၏။ ဤသည်ကို မြင်လိုက်ရသော ဖန့်ရန်သည် သူ၏ ကိုယ်ကို ကွေးညွတ်ကာ မမ်မို့ကို ဖမ်းဆီးလိုက်သည်။

ဧရာမမမ်မို့သည် ဖန့်ရန်၏ ပါးစပ်က​နေ ကျယ်လောင်စွာ အော်ဟစ်ရင်း လွတ်မြောက်ရန် ရုန်းကန်နေသည်။

ဖန့်ရန်သည် မည်သည့် စိတ်လှုပ်ရှားမှုမှ မရှိဘဲ သူ၏ ကိုက်အားကို အနည်းငယ် တိုးလိုက်ကာ မမ်မို့၏ သတ်လိုက်သည်။ ထို့နောက် သူသည် မမ်မို့ကို ချက်ချင်းပင် မျိုချလိုက်၏။

သူ၏ အချင်းသည် (၆.၅) မီတာရှိပြီး နှစ်ထပ်တိုက်ထက်ပင် မြင့်မားသည်။ ဧရာမမမ်မို့သည် လူသားများအတွက် ဧရာမဖြစ်သော်လည်း သူ့အတွက် အစာပြေစားစရာတစ်ခုမျှသာ ဖြစ်သည်။

မမ်မို့ကို မျိုချပြီးနောက် ဖန့်ရန်သည် ရွှံ့နွံထဲက Titanoboa ကို မျိုချလိုက်သည်။

သူ့အတွက် Titanoboa ကဲ့သို့ ဒဏ္ဍာရီလာ သတ္တဝါသည်ပင် ပိုးကောင်နှင့် မကွာခြားပေ။

ဤအ​ပြာ​ရောင်ဂြိုလ်ပေါ်တွင် သ​န္ဓေပြောင်း သားရဲနှင့် ကိုင်းဂျူး သားရဲများသာ မရှိလျှင် (၁၅) မီတာ အရှည်ရှိသော Titanoboa သည် သစ်တောများကို အုပ်စိုးနိုင်သော ဘုရင်အဖြစ် သတ်မှတ်နိုင်သည်။

"ဒီဂြိုလ်ပေါ်က လူတွေကတော့ တကယ့်ကို သနားစရာပဲ"

ဖန့်ရန်သည် သူ၏ အိမ်တစ်လုံးအရွယ်ခန့်ရှိသော ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် ကြုံဖူးခဲ့သော လူများကို သတိရမိ၏။ ဤကဲ့သို့ ခေတ်ပျက်ကြီးသည် ထိုလူများထဲက တချို့ကို သေဆုံးစေလိမ့်မည်ဟု သူထင်သည်။

ဖန့်ရန်သည် တောထဲက ထွက်မသွားသေးဘဲ ဆက်လက်စူးစမ်နေခဲ့သည်။ သူ၏ အဆင့်အရ ဤသစ်တောတွင် သူ့ကို ယှဉ်နိုင်သူ ရှိမည်ဟု သူမထင်ပေ။

သူဖြတ်သန်းသွားရာ လမ်းကြောင်းရှိ သစ်ပင်များက ကျိုးပဲ့ကုန်ကာ မြေကြီးက နိမ့်ပါးကျစ်လစ်သိပ့်သီးကုန်၏။ သူ၏ ဧရာမခန္ဓာကိုယ်ဖြင့် ဖြတ်သန်းသွားရာ နေရာတိုင်းသည်၊ ဧရာမ လမ်းကြောင်းတစ်ခု ထင်ကျန်ရစ်ပြီး အပျက်အစီးများက ပြန့်ကျဲနေခဲ့လေသည်။

လမ်းတစ်လျှောက်တွင် ထူးဆန်းသော သားရဲတိရစ္ဆာန်များစွာကို သူမြင်ခဲ့ရသည်။

အချို့သားရဲတိရစ္ဆာန်များသည် ရှေး​ဟောင်းခေတ်က ကမ္ဘာ​မြေပေါ်တွင် လှည့်လည်ကျက်စားခဲ့သော သားရဲများ ဖြစ်ကြပြီး၊ အချို့ကမူ ထူးဆန်းကာ ဂြိုလ်သားနှင့်တူ​သော သားရဲများ ဖြစ်ကြသည်။

ဖန့်ရန်သည် ဂြိုလ်သားနှင့်ဆင်တူသော သားရဲနှစ်ကောင်ကို ဖမ်းဆီးစားသောက်ခဲ့ပြီး၊ တစ်မီတာရှည်လျားသော ၎င်းသားရဲတစ်​ကောင်ဆီက ဝေလငါးကြီးများနှင့် ဧရာမရေဘဝဲတို့က ပေးနိုင်သည့် စနစ်အမှတ်ထက် ပိုများသော စနစ်အမှတ်ကို ရရှိခဲ့ခြင်းကြောင့် အံအားသင့်ခဲ့ရ၏။

ဖန့်ရန်သည် သစ်တောအတွင်း ခဏတာ လှည့်လည်ပြီးနောက် ကမ်းခြေသို့ ပြန်သွားကာ ဧရာမလိပ်ကြီးနှင့်အတူ မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

ဒုံဂန်မြို့အနီး ရောက်ရှိချိန်တွင် သူသည် ကိုင်းဂျူး သားရဲ သုံးကောင်နှင့် ကြုံတွေ့ခဲ့ပြီး ၎င်းတို့အား စားသောက်ခြင်းဖြင့် စနစ်အမှတ် (၅၀၀၀၀၀) ရရှိခဲ့သည်။

သူသည် ထိုအချိန်က ထိုကိုင်းဂျူး သားရဲသုံးကောင်သည် အိုဗာကလော့ တုန်ခါမှု စွမ်းရည်ဖြင့် အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"ဒါတွေက ဒီနေ့အတွက် နေ့လယ်စာ ဖြစ်လိမ့်မယ်"

ဖန့်ရန်သည် သူ့ရှေ့မလှမ်းမကမ်းရှိ ကိုင်းဂျူး သားရဲသုံးကောင်ကို ကြည့်​နေသည်။ ကိုင်းဂျူး သားရဲများအနက် နှစ်ကောင်သည် ဒိုင်နိုဆောနှင့် အလွန်ဆင်တူပြီး ကျန်တစ်ကောင်မှာ ဂဏန်းနှင့်တူသည်။

ဧရာမ ဂဏန်းနှင့်တူသော ကိုင်းဂျူး သားရဲသည် ဧရာမ ညှပ်ကြီးနှစ်ခုနှင့် သံမဏိကို တိုဖူးသဖွယ် အလွယ်တကူ ထိုးခွဲနိုင်သော အလွန်ချွန်ထက်သည့် ခြေထောက်များကို ပိုင်ဆိုင်ထားသည်။

ဖန့်ရန်သည် ၎င်းကိုင်းဂျူး သားရဲသုံးကောင်ကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် အရာတစ်ခုကို ခံစားလိုက်ရပြီး ဝေးကွာသော ကောင်းကင်သို့ လှမ်းကြည့်လိုက်သည်။

သူသည် လေယာဉ်တစ်စီး ဤနေရာသို့ ပျံသန်းလာသည်ကို သတိပြုမိ​နေသည်။

၎င်းသည် အလွန်ဝေးသေးသော်လည်း ဖန့်ရန်သည် သူ၏ အမြင်အာရုံဖြင့် ၎င်းအား ရှင်းရှင်းလင်းလင်း မြင်တွေ့​နေရသည်။

သူ၏ အမြင်အာရုံဖြင့် အတားအဆီးမရှိလျှင် (၁၀) ကီလိုမီတာ အကွာအဝေးက လူသားတစ်ယောက်၏ မျက်နှာအမူအရာကိုပင် ရှင်းရှင်းလင်းလင်း မြင်​တွေ့နိုင်သည်။

၎င်းသည် ပုစဉ်းတောင်ပံကဲ့သို့ အတောင်ပံများနှင့် ပုစဉ်းကဲ့သို့ သေးသွယ်ကာ အမှီးက အထက်သို့ ကွေးညွတ်နေပြီး ၎င်းတွင် တောင်ပံအသေးရှိသေးပြီး၊ အင်ဂျင်အကြီးနှစ်လုံးနှင့် အင်ဂျင်အသေးနှစ်လုံးရှိသော မီတာ (၁၅၀) ကျော်သည် ငွေရောင် လေယာဉ် ဖြစ်သည်။

ဧရာမလေယာဉ်ကြီးသည် ဖန့်ရန်နှင့် မလှမ်းမကမ်းရှိ သစ်ပင်များ ရှင်းလင်းသော ကွင်းပြင်တစ်ခုသို့ ဆင်းသက်ရန် ရည်ရွယ်ချက်ဖြင့် မြေပြင်သို့ ဖြည်းညှင်းစွာ နိမ့်ဆင်းလာသည်။

လေယာဉ်၏ အင်ဂျင်ကြီးနှစ်လုံးဘေးရှိ အင်ဂျင်ငယ်နှစ်လုံးသည် တဖြည်းဖြည်း မြေပြင်သို့ လှည်ပတ်လာကာ အင်ဂျင်ဟိန်းသံနှင့်အတူ အပြာရောင်မီးလျှံများသည် လေဖိအားတစ်ခုကို ဖန်တီးပေးပြီး၊ လေယာဉ်ကို မြေပြင်သို့ ဆင်းသက်နိုင်ရန် ထောက်ပံပေးသည်။

ဘုန်း!

ဧရာမလေယာဉ်​ကြီးသည် ဆင်းသက်ခြင်းကြောင့် ပတ်ဝန်းကျင်မြေပြင်သည် တုန်ခါသွားသည်။

"အို?"

ဤမြင်ကွင်းကို မြင်နေရသော ဖန့်ရန်သည် အလွန်အံ့အားသင့်သွား၏။

"ဒီဂြိုလ်ရဲ့ နည်းပညာက ဒီအဆင့်တောင် ရောက်နေပြီလား"

သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များတွင်သာ မြင်တွေ့ရသော လေယာဉ်ကို သူသည် မျက်မြင်​ကြုံတွေ့နေရပြီ ဖြစ်သည်။

ရုတ်တရက် ဧရာမလေယာဉ်ကြီး၏ နောက်ဘက်တံခါးသည် ပွင့်သွားပြီး လှေကားတစ်စင်း ကျလာသည်။ ထို့နောက် ထူးဆန်းသော သံမဏိဝတ်စုံများကို ဝတ်ဆင်ထားသည့် အဖွဲ့တစ်ဖွဲ့သည် ထိုလှေကားမှ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။ 

.....

All Chapters