← Chapters

လောကကြီးမှာ ဒီလိုမျိုး သိုင်းပညာ ရှိလို့လား

Vol. 15 Ch. 217

လောကကြီးမှာ ဒီလိုမျိုး သိုင်းပညာ ရှိလို့လား

Vol. 15 Ch. 217

ရွှီယန်က ထိုင်လိုက်ပြီးနောက် သူ၏မျက်နှာက လေးနက်လာခဲ့၏။ သိုင်းပညာအပေါ် ရူးသွပ်သည့် သိုင်းပညာ ပညာရှင်များကို ကြည့်သည်။ သူတို့တွင် ထူးကဲသည့် နားလည်မှုတို့ ရှိနေနိုင်၏။

သို့မဟုတ် အချို့စွမ်းအားကြီးမားသည့် ကျင့်စဉ်များကို ကျင့်ကြံထားလောက်၏။

'ထူးဆန်းတယ်... အစစ်အမှန် သိုင်းပညာကို ကျင့်ကြံတဲ့လူ ဘယ်သူမှ မရှိဘူးလား..'

ရွှီယန်က ပညာရှင်များကို ကြည့်ရှု့ပြီးနောက် မျက်မှောင်ကျုံ့သွားသည်။ တိတ်ဆိတ်စွာဖြင့် စဉ်းစား၏။

'ခုနစ်စင်ကြယ် အကယ်ဒမီမှာလည်း စစ်မှန်တဲ့ သိုင်းပညာ မရှိဘူးလား။ အဲ့လိုဆိုရင် အတွင်းဘက်နယ်မြေက သိုင်းသမားတွေက တကယ့်ကို သနားဖို့ကောင်းတာပဲ..'

'သူတို့အားလုံးက သိုင်းပညာအပေါ်ကို အရမ်းကို ရူးသွပ်ကြတယ်။ ငါသာ အမှန်တရားကို ပြောလိုက်ရင် သူတို့ကျင့်ကြံတာက အတုအယောင် သိုင်းပညာဆိုတာကိုသာ သိသွားကြပြီး ထိုးနှက်ချက်ကို ခံနိုင်မှာ မဟုတ်လောက်ဘူး..'

'ဒါကြောင့်မို့လို့ ငါ့အနေနဲ့ သိုင်းပညာရဲ့အခြေခံသဘောတရားတွေကိုပဲ ပြောရမယ်။ အတုတွေ အစစ်တွေကို တည့်တိုးကြီး သွားပြောလို့ မဖြစ်ဘူး။ အဲ့ဒါဆိုရင်တော့ အဆင်ပြေလောက်မှာပါ..'

'သူတို့က အတုအယောင် သိုင်းပညာကို ကျင့်ကြံကြပေမယ့် အချိန်နဲ့အမျှ ပြင်းထန်တဲ့ လေ့လာမှုတွေ အပြီးမှာ အချို့ထူးကဲတဲ့ အတွေးအမြင်တွေ ရှိနေလောက်တယ်..'

ရွှီယန်က ထိုကဲ့သို့ တွေးမိပြီးနောက် ချက်ချင်းပင် တက်ကြွလာခဲ့သည်။ ဒီဆွေးနွေးမှုမှ မည်သည်တို့အား ရရှိလာနိုင်မည်နည်းဟု မျှော်လင့်နေမိ၏။

"မိတ်ဆွေလေးက သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုကို အရင်ဆုံး ရှင်းပြမှာလား။ ဒါမှမဟုတ် ကျွန်တော်တို့ဘက်က စတင်ရမှာလား.."

သိုင်းပညာ ပညာရှင်တစ်ယောက်က မေး၏။

"ခင်ဗျားတို့က အသက်ပိုကြီးဟာပဲ။ ခင်ဗျားတို့ဘဲ စပါ.."

ရွှီယန်က ပြောသည်။

"ဒါဆိုရင် ကျွန်တော်တို့ဘက်က စတင်ပါမယ်။ သိုင်းပညာဆိုတာ ကိုယ့်ကိုယ်ကို ခွန်အားမြှင့်တင်ခြင်းလို့ ကျွန်တော်အမြဲတမ်း ယုံကြည်ခဲ့တယ်။ ကျင့်ကြံမှုကနေတစ်ဆင့် ကိုယ့်ကိုယ်ကို အနှောင်အဖွဲ့တွေကနေ လွတ်ကင်းစေခြင်းပဲ။ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်၉ကနေ စတင်ပြီး ခန္ဓာကိုယ်ရဲ့ တည်ဆောက်မှုကို မွန်းမံတယ်။ ချီကို အားဖြည့်တယ်..."

သိုင်းပညာ ပညာရှင်တစ်ယောက်က သူ၏ သိုင်းပညာအပေါ် နားလည်မှုအဆင့်တိုင်းအား စတင်ပြောပြ၏။

ရွှီယန်က တိတ်ဆိတ်စွာ နားထောင်နေပါသည်။ သူ့အနေနှင့် အတွင်းဘက်နယ်မြေ၏ သိုင်းပညာအကြောင်းကို ယေဘုယျ စိတ်ကူးအချို့ ရှိထားပြီး ဖြစ်ပေမယ့် အဆင့်တစ်ခုချင်းစီတိုင်းရှိ အသေးစိတ်ကျသည့် ခြားနားချက်များကို သိရှိခြင်း မရှိပါ။

သိုင်းပညာ ပညာရှင်၏ ရှင်းပြချက်ကို နားထောင်မှုက ရွှီယန်၏ အတွင်းဘက်နယ်မြေ၏ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုအား ပိုမို အသေးစိတ်ကျလာစေ၏။

'ဆရာက ငါ့ကို အတုတွေ အစစ်တွေအကြောင်း မပြောတာက အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာ စနစ်က ပြည့်စုံတဲ့ စနစ်တစ်ခု ဖြစ်နေလို့ ဖြစ်မယ်။ ချို့ယွင်းချက်တွေ ရှိနေတာပဲရှိတာ..'

'တစ်နည်းအားဖြင့် ပြောရရင် သူတို့က ပင်မအခြေခံကို မကျင့်ကြံခဲ့ဘူး..'

'အဆင့်၉မှာဆိုရင် ဥပမာအားဖြင့် ဒါက ခန္ဓာကိုယ်ကိုသန့်စင်တာပဲ။ ခန္ဓာကိုယ်ကိုပဲ အားဖြည့်တယ်။ ကြွက်သားနဲ့ အရိုးတွေကို ပိုပြီး မာကျောလာစေတာပဲ ရှိတယ်။ အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းတွေလိုမျိုး မဟုတ်ဘူး..'

'ကြည့်ရတာ အပေါ်ယံကိုပဲ ကျင့်ကြံပုံပေါ်ပြီး အတွင်းထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားမှု မရှိဘူး..'

ရွှီယန်က နားထောင်ရင်းက သက်ပြင်းချသည်။ သိုင်းပညာအကြောင်း ပြောကြားသည့် ပညာရှင်က  အဆင့်၉မှ သိုင်းသခင်အဆင့်အထိ ဆက်လက်ပြောကြား၏။

ဤသည်မှာ ရွှီယန်အနေနှင့် ပထမဆုံးအကြိမ် အတွင်းဘက်နယ်မြေ၏ သိုင်းပညာစနစ်အကြောင်းကို ပြီးပြည့်စုံစွာ နားလည်မှု ရလာခြင်း ဖြစ်သည်။

သူက ခံစားချက်များဖြင့် သက်ပြင်းချ၏။

'စနစ်တစ်ခုလုံးက ပြည့်စုံပေမယ့် ကျင့်ကြံတာက  အပေါ်ယံဆန်လွန်းတယ်လို့ ခံစားရတယ်။ ရလဒ်အနေနဲ့ အဲ့ဒါကို အတုယောင်သိုင်းပညာလို့ ယူဆလို့လည်း မမှားနိုင်ဘူး..'

ပထမဆုံး သိုင်းပညာ ပညာရှင်က ရှင်းပြမှုအပြီးတွင် ဒုတိယနှင့်တတိယ.. အဆက်ဆက် တစ်ယောက်ပြီးတစ်ယောက်က သိုင်းပညာကျင့်စဉ်အပေါ်ကို ဆက်လက် ရှင်းပြ၏။

ကျင့်ကြံဖို့ နည်းလမ်းတစ်ခုချင်းစီတိုင်းက ခြားနားကြသည်။ သို့ပေမယ့် မည်သည်မှ အတွင်းဘက်နယ်မြေ၏ သိုင်းပညာစနစ် ဘောင်အတွင်းမှ ခွဲထွက်နိုင်ခြင်း မရှိပါ။

"မိတ်ဆွေလေး... မင်းအလှည့်ပဲ.."

နောက်ဆုံး သိုင်းပညာ ပညာရှင်က သူ၏ ရှင်းပြမှု အပြီးတွင် အပြုံးတစ်ခုဖြင့် ရွှီယန်ကိုကြည့်သည်။

ရွှီယန်က ခေါင်းငြိမ့်၏။ သူလည်းပဲ ဒီဆွေးနွေးချက်မှ အကျိုးအမြတ်များ ရရှိလာပါသည်။ ဒီသိုင်းပညာပညာရှင်များမှာ သိသာစွာပင် အတွင်းဘက်နယ်မြေတွင် သိုင်းပညာအပေါ် သာမန် သိုင်းပညာရှင်များထက် ပိုမိုနက်ရှိုင်းကာ တိကျစွာ နားလည်၏။ သူ့ကို ဉာဏ်လင်းအချို့ ရရှိစေခဲ့သည်။

"သိုင်းပညာမှာ အခြေခံအကျဆုံးနဲ့ အရေးကြီးမှုက  အခြေခံအုတ်မြစ်ပဲ။ ကျွန်တော့်ရဲ့ဆရာ တစ်ခါပြောဖူးတယ်။ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်က ပင်ပျိုလေးတစ်ခုကနေပြီးတော့ ဖြစ်တည်လာတာတဲ့။ မြင့်မားလှပါတယ်ဆိုတဲ့ အဆောက်အအုံတွေက အောက်ခြေကနေပဲ အမြင့်ကို တက်ကြရတယ်။ ဒါကြောင့်မို့လို့ သိုင်းပညာရဲ့ စတင်မှုက အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းက နေပြီးတော့ စတင်တယ်..."

ရွှီယန်က လေးနက်စွာ ပြော၏။

သိုင်းပညာ ပညာရှင်အားလုံးတို့ ပဟေဠိဖြစ်သွားကြသည်။ မတ်တတ်ရပ်နေသည့် ဖူယွင်ထန်းလည်း မျက်လုံးများ ပြူးကျယ်လာခဲ့၏။

အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းလေလား။ ၎င်းတို့ကို မည်ကဲ့သို့ လုပ်သနည်း။

"မိတ်ဆွေလေး... ခဏလောက် နေပါဦး... အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းဆိုတာ ဘာကိုပြောတာလဲ။ သိုင်းပညာရဲ့ အစက အဲ့လိုမျိုး ကျင့်ကြံတာလား.."

သိုင်းပညာ ပညာရှင်တစ်ယောက်က နားမလည်နိုင်စွာဖြင့် မေး၏။

"အတိအကျပဲ.."

ရွှီယန်က လေးနက်စွာဖြင့် ခေါင်းငြိမ့်သည်။

"စစ်မှန်တဲ့ သိုင်းပညာက အတွင်းထဲကနေအပြင်.. အပြင်ကနေအတွင်း လူတစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ သန့်စင်မှုတွေ ပါဝင်တယ်။ သေမျိုးလောကကနေ ကင်းကွာပြီး ထာဝရရှင်သန်မှုကို ရှာဖွေတယ်.."

သိုင်းပညာ ပညာရှင်များက တံတွေးကို မျိုချမိကြ၏။ ဒီပန်းတိုင်မှာ အလွန် မြင့်မားလွန်းသည့်ပုံ ရှိသည်။

ရှေးခေတ်အခါကတည်းက ယခုအချိန်အထိ မည်သူက ထာဝရရှင်သန်ခြင်းကို ရရှိနိုင်ခဲ့လို့နည်း။

"မိတ်ဆွေလေး... အရေပြားသန့်စင်ခြင်း အပိုင်းကို  ရှင်းပြနိုင်မလား မသိဘူး.."

သိုင်းပညာ ပညာရှင်တစ်ယောက်က သိလိုစွာမေးသည်။ တစ်ခါမှ မကြားဖူးသည့် သိုင်းပညာ စနစ်က သူတို့၏ သိလိုစိတ်ကို မြင့်တက်လာစေ၏။

"အရေပြားသန့်စင်ခြင်းက လူတစ်ယောက်ရဲ့ ချီနဲ့သွေးကို အာရုံခံခြင်းကနေ စတင်တယ်။ အဲ့ဒါကို အသုံးပြုပြီး အရေပြားအလွှာကို သန့်စင်ရတယ်။ အရေပြားသန့်စင်မှု ပြီးမြောက်ပြီဆိုရင် သာမန်ဆေဘာတွေ ဓားတွေက လှီးဖြတ်နိုင်ဖို့ ခက်ခဲလာလိမ့်မယ်..."

ရွှီယန်က ရှင်းပြ၏။

"မဖြစ်နိုင်ဘူး.."

သိုင်းပညာ ပညာရှင်တစ်ယောက်က ခံစားချက်မြင့်စွာဖြင့် ငြင်းဆန်၏။

"တတိယအဆင့် သိုင်းသမားတစ်ယောက်တောင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခုတည်း အပေါ်ကို  မှီခိုပြီး ဆေဘာတွေ ဓားတွေကို မခံနိုင်ဘူး။ ဒါက အရေပြားသန့်စင်ခြင်း အဆင့်လေးပဲ ရှိသေးတယ်။ မင်းပြောတဲ့အတိုင်းဆိုရင် ဒါက သိုင်းပညာရဲ့ ပထမဆုံးခြေလှမ်းပဲ။ ဓားတွေ ဆေဘာတွေကို ခုခံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး.."

အခြားတစ်ယောက်ကလည်း သဘောတူညီစွာ ခေါင်းငြိမ့်သည်။

ရွှီယန်က သူတို့ကို ဂရုဏာသက်စွာ ကြည့်၏။ ရေတွင်းထဲမှ ဖားသူငယ် ဖြစ်ရသည်မှာ အလွန် ကြောက်ဖို့ကောင်းလှပါသည်။ ကောင်းကင်၏ ကျယ်ပြောမှုအကြောင်းကို ပြောလိုက်သည်နှင့် ချက်ချင်းပင် ငြင်းဆန်ကာ ကောင်းကင်ကြီးကို ထိုမျှမကြီးဟု အတင်းခံယူကြ၏။

"ဒါက ဘယ်လို အကြည့်မျိုးလဲ.."

မျက်ကွင်းများ ညိုနေသည့် သိုင်းပညာပညာရှင်တစ်ယောက်က သဘောမကျစွာ ပြောသည်။

"အရေပြားသန့်စင်ခြင်း အဆင့်အပြီးမှာ သာမန်ဆေဘာတွေ ဓားတွေနဲ့ မထိုးဖောက်နိုင်တာက အံ့သြစရာ မရှိဘူး။ မင်းတို့ပြောတဲ့ တတိယအဆင့် သိုင်းသမားကတော့ သူတို့ရဲ့ ကျင့်ကြံမှုနည်းလမ်းက ခြားနားနေတယ်။ ဒါကြောင့်မို့လို့ အရေပြားရဲ့ မာကျောမှုက သာမန်လူတွေထက် နည်းနည်းလေးပဲ သာတယ်။ သာမန်ဆေဘာတွေ ဓားတွေနဲ့ ဒဏ်ရာရနိုင်တယ်.."

"မင်းတို့.. တစ်ခါမှ မမြင်ဖူးဘူးဆိုပြီး.. မကြားဖူးဘူးဆိုပြီး အဲ့ဒါက တည်ရှိမနေဘူးလို့ ပြောလို့မရဘူး.."

ရွှီယန်က သူ၏ ရေတွင်းထဲမှ ဖားသူငယ်များကို ကြည့်သည့် အကြည့်အား ရုတ်သိမ်းကာ ပြောသည်။

"မဖြစ်နိုင်ဘူး...ငါလုံးဝမယုံဘူး။ ပြီးတော့ ချီနဲ့သွေးဆိုတာ ဘာကိုပြောတာလဲ.."

လူတစ်ယောက်သည် ၎င်းကို အသုံးပြုပြီး အရေပြားကို မည်ကဲ့သို့ သန့်စင်နိုင်မည်နည်း။ ဤသည်က အဓိပ္ပါယ်မရှိပေ။ သိုင်းပညာ ပညာရှင်များက ခေါင်းရမ်းကြ၏။

"ကြားမဖြတ်နဲ့...မိတ်ဆွေလေးကို ဆက်ပြီးတော့ပြောပလေ့စေ.."

နောက်ထပ် သိုင်းပညာ ပညာရှင်က အလိုမကျစွာဖြင့်ပြော၏။

"ကောင်းပြီ...ကျေးဇူးပြုပြီး ဆက်ပြောပါ.."

ရွှီယန်က ဆက်လက်ပြောသည်။

"အရေပြားသန့်စင်မှုအပြီးမှာ အရိုးကို သန့်စင်ရတယ်။ ပြီးတော့ အရိုးသန့်စင်မှုမှာဆိုရင် သံအရိုး၊ ကြေးအရိုး၊ ရွှေအရိုးနဲ့ ကျောက်စိမ်းအရိုးဆိုပြီးတော့ ခွဲခြားထားတယ်။ သံအရိုးက သာမာန်ပဲ။ ကြေးအရိုးကတော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ ရွှေအရိုးကို ဖွဲ့စည်းပြီးပြီဆိုရင် မြေကြီးထဲမှာ နှစ်ပေါင်းထောင်ချီအောင် မြှုပ်ထားရင်တောင် အကောင်းပကတိအတိုင်း ရှိနေနိုင်တယ်။ ကျောက်စိမ်းအရိုးကတော့... ကျွန်တော့်အနေနဲ့ ပြောဖို့တောင် လိုမယ်မထင်တော့ဘူး..."

All Chapters