အစစ်အမှန်ချီ၏ ဆန်းကြယ်မှုများအား နားလည်ခြင်း၊ မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှု အဆင့်
Vol. 15 Ch. 219
“ကျေးဇူးပါ။ ဒါဆိုရင် ကျွန်တော် သိုင်းလေ့ကျင့်ဖို့ ရှိသေးလို့.. သွားလိုက်ဦးမယ်”
ရွှီယန်က ပျော်ရွှင်စွာဖြင့် အခန်းတစ်ခုကို ရှာသည်။ ဝင်ရောက်ပြီးနောက် သူ၏ အစစ်အမှန်ချီကို စတင် ခွဲခြား၏။
လန်ချုံးက ကြောင်တောင်နေ၏။ အသေအချာပင်။ တစ်ဖက်လူသည် အလကား နေစရာရှာနေခြင်း ဖြစ်၏။
“စီနီယာအစ်ကိုကြီး အခုလောက်ဆို ခုနစ်စင်ကြယ် အကယ်ဒမီကို လာတဲ့လမ်းမှာ ရှိလောက်မယ် ထင်တယ်။ ခုနစ်စင်ကြယ် မြို့တစ်ခုလုံးက အစ်ကိုကြီးရဲ့ စွမ်းအားနဲ့ လူမဆန်တဲ့ စွမ်းရည်တွေကို အုတ်အော်သောင်းနင်း ပြောနေကြပြီး ခုနစ်စင်ကြယ် အကယ်ဒမီမှာလည်း စိတ်လှုပ်ရှားမှုတွေနဲ့ ဆူပွက်နေတယ်”
“ဒီကျော်ကြားမှုကို သူကိုင်တွယ်နိုင်ပါ့မလား မသိဘူး”
လန်ချုံးက သက်ပြင်းချသည်။
စီနီယာအစ်ကိုကြီး၏ မိတ်ဆွေသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် စွမ်းအားကြီးမား၏။
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့သည် ဘုရင်ခံ သုအိမ်တော်မှ ထွက်လာပြီးနောက် ဝူရွှမ်းစံအိမ်သို့ ရောက်ခဲ့ကြသည်။ ထိုနေရာတွင် ပြောစကားများကား ပြန့်နှံ့နေဆဲ ရှိ၏။
လူငယ်တစ်ယောက်သည် တစ်ဝက်တစ်ပြတ် သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်ကာ ဝူရွှမ်းစစ်ဘုရင်ကို မထီမဲ့မြင် ပြုခဲ့၏။ စော်ကားသည့် စကားများကိုပင် ပြောကာ လုံခြုံစွာ ထွက်ခွာသွားလေသည်။
ဤသည်မှာ ဓါးသခင်ချောက်ကမ်းပါးမှ ရှဲ့လင်ဖုန်း ဖြစ်၏။ သူသည် စစ်မှန်စွာ အနှိုင်းမဲ့သည့် ဓါးပါရမီရှင်တစ်ယောက် ဖြစ်သည်။
ထို့အပြင် ရှဲ့လင်ဖုန်း၏ ဝူရွှမ်းစံအိမ်မှ လျှို့ဝှက်ဆန်းကြယ်သည့် အလှလေးနှင့် မရှင်းလင်းသည့် ချစ်ရေးချစ်ရာ ကိစ္စများပင် ပျံ့နှံ့နေ၏။
ဒဏ္ဍာရီဆန်သည့် ထိုမိန်းကလေးသည် ရှ့လင်ဖုန်း၏ အနှိုင်းမဲ့သည့် ဟန်ပန်ကြောင့် ဖမ်းစားခြင်း ခံလိုက်ရပြီး နက်ရှိုင်းစွာ ချစ်ခင်စုံမက်ကာ သူမကိုယ်သူမ ရုန်းမထွက်နိုင်အောင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
ထို့အပြင် ပုံပြင်များကား ပိုမို၊ ပိုမိုကာ ချဲ့ကားလာခဲ့၏။
“သခင်လေး.. ကျွန်တော့အထင်တော့ သခင်လေးရဲ့ နာမည်အစစ်ကို မသုံးတာ ကောင်းပါလိမ့်မယ်။ မဟုတ်ရင် အန္တရာယ်တွေ ကျရောက်လာနိုင်တယ်”
ဟူရှန်းက စိုးရိမ်စွာ ပြောသည်။
ရှဲ့လင်ဖုန်း “..”
ရွှီယန်က ဖြစ်ပွားစေခဲ့သည့် ဂယက်သည် အလွန် ကြီးမားလှ၏။ စစ်ဘုရင်၏ ရှေ့တွင် မထီမဲ့မြင်ပြုပြီး လူသတ်ကာ ဝူရွှမ်းစံအိမ်မှ မိန်းကလေးနှင့်လည်း ရှုပ်ထွေးသည့် ဆက်ဆံရေးတို့ ရှိနေသည်ဟု ဆို၏။
သူ့ကိုသာ အယောင်ဆောင်သူဟု အထင်လွဲပါက ပြဿနာကြီးပါပြီ။
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်”
ရှဲ့လင်ဖုန်းက လေးနက်စွာ ခေါင်းညှိတ်သည်။ နှစ်ယောက်သားသည် ဝူရွှမ်းစံအိမ်ဆီသို့ တစ်ခါတည်း သွားရောက်၏။ ရွှီယန်၏ တည်နေရာကို ရှာတွေ့ရန် မျှော်လင့်သည်။
“ကျွန်တော်က ရှဲ့ယန်ပါ.. ဒီမှာ ကျွန်တော့ညီလေးရှဲ့လင်ဖုန်းရဲ့ သတင်းကြားလို့… သူဘယ်မှာ ရှိမလဲလို့ မေးချင်လို့ပါ”
ရှဲလင်ဖုန်းက ဝူရွှမ်းစံအိမ်မှ မန်နေဂျာတစ်ယောက်ကို မေးသည်။
ဟူရှန်း “..”
ရုတ်တရက် ဝူရွှမ်းစံအိမ်၏ အပေါ်ဆုံးအလွှာမှ အသံတစ်ခု ထွက်ပေါ်လာ၏။
“ဖြစ်နိုင်တာက.. ရှင်က သခင်လေးရှဲ့ပြောတဲ့ မိတ်ဆွေများလား.. ကျေးဇူးပြုပြီး တက်လာခဲ့ပါ”
ရှဲ့လင်ဖုန်းက တက်ကြွသွား၏။ ဤသည်မှာ ရွှီယန်နှင့် မရှင်းမရှင်း ဆက်ဆံရေးရှိသည်ဟု ဆိုကြသည့် လျှို့ဝှက်ဆန်းကြယ်သည့် မိန်းကလေးလေလား။
“ကျေးဇူးပါ”
ရှဲ့လင်ဖုန်းက လေထဲသို့ ခုန်လိုက်ကာ ဝူရွှမ်းစံအိမ်၏ ထိပ်ဆုံးသို့ ဦးတည်သွားသည်။ ဟူရှန်းလည်း နီးကပ်စွာ လိုက်၏။ သို့ပေမယ့် အားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရလေသည်။
“ဘယ်နောက်လိုက်မှ တက်ခွင့်မပြုဘူး”
အေးစက်သည့် အမျိုးသမီးအသံတစ်ခု တစ်နေရာရာမှ ပေါ်လာ၏။
ဟူရှန်း “…”
သူ့အနေနှင့် အောက်တွင်သာ စောင့်နေနိုင်ပါသည်။ စိတ်ထဲတွင် အောင့်သည်းသည်း ဖြစ်နေ၏။
ရှဲ့လင်ဖုန်းက ခြံဝန်းအတွင်းသို့ ခြေချသွား၏။ ဝတ်စုံပြောင်နှင့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ ပုံစံက ချက်ချင်း ပြောင်းလဲသွားပြီး မသိစိတ်က အလိုလို ဓါးရိုးဆီသို့ လက်လှမ်းလိုက်၏။
စွမ်းအားကြီးမားသည့် အငွေ့အသက်တစ်ခု သူ့ကို လွှမ်းခြုံလာပြီး ပုံစံက အလွန် လေးနက်သွားသည်။
ဝတ်စုံပြောင်နှင့် အမျိုးသမီးက ခေါင်းကိုလှည့်ကာ သူ့ကိုကြည့်သည်။ သူမ၏ တောက်ပသည့် မျက်ဝန်းများက လူသားများ၏ အခြေခံအကျဆုံး စိတ်ဆန္ဒတို့ကို လှုံ့ဆော်နိုင်သည် ထင်ရ၏။
မျက်နှာကို မမြင်ရလျှင်တောင် သူမ၏ အလှသည် နိုင်ငံတစ်နိုင်ငံ(သို့) မြို့တစ်မြို့ကို ဖျက်ဆီးနိုင်စွမ်း ရှိမည်ဟု ခံစားရစေသည်။ နှင်းကဲ့သို့ ဖြူဖွေးသည့် ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်ဝန်းများက ကြယ်ပွင့်များကဲ့သို့ လင်းလက်နေ၏။
ထိုအချိန်၌ ရှဲ့လင်ဖုန်းမှာ ရှင်းမပြနိုင်သည့် စေ့ဆော်မှုတစ်ခုကို ခံစားနေရသည်။ သူ၏ နှလုံးသားက ရင်ဘတ်ဆီမှ ခုန်ထွက်သွားရင် အဆင်သင့်ဖြစ်နေသကဲ့သို့ ရှိ၏။ သွေးများက ဆူပွက်လာခဲသည်။
ကြည့်ရတာ သူ၏ စိတ်ဆန္ဒက ကိုယ်ကျင့်သိက္ခာ အားလုံးတို့ကို အနိုင်ယူသွားတော့မည့်ပုံ ရှိသည်။ သူမ၏ ရှေ့တွင် ဒူးထောက်ကာ ခစားလိုစိတ်တို့ တဖွားဖွာား ပေါ်လာနေ၏။
စိတ်ဆန္ဒက လောင်ကျွမ်းနေ၏။ သို့ပေမယ့် ထိုရုတ်တရက် စိတ်ရိုင်းတို့သည် ဝတ်စုံပြောင်နှင့် အမျိုးသမီးဆီသို့ ဦးတည်နေခြင်း မဟုတ်ပါ။
သို့ပေမယ့် သူ့ကို အကြောင်းပြချက် မရှိပဲ အရိုးဆန်လာစေ၏။ ဝတ်စုံပြောင်နှင့် အမျိုးသမီးမှာ စိတ်ဆန္ဒတို့ကို သွန်ချနိုင်သည့် အရာတစ်ခု မဟုတ်လောက်အောင် မြင့်မြတ်နေဟန် တူသည်။ သူသည် ဝူရွှမ်းစံအိမ်၏ အောက်သို့ ဆင်းကာ တစ်ယောက််ယောက်အပေါ်သို့ သွန်ချလိုခြင်းသာ ရှိ၏။
“မကောင်းတော့ဘူး”
ရှဲ့လင်ဖုန်းသည် ထိတ်လန့်သွား၏။ ဤသည်မှာ မည်ကဲ့သို့သော ကျင့်စဉ်မျိုး ဖြစ်သနည်း။ သူသည် ရွှီယန်လောက် ထူးချွန်ခြင်း မရှိပေ။
သို့ပေမယ့် ဓါးသခင် ချောက်ကမ်းပါးတွင် နှစ်တစ်ထောင်မှတစ်ယောက် ပေါ်ထွန်းနိုင်သည့် ပါရမီရှင်တစ်ယောက် ဖြစ်၏။
သူ၏ မွေးရာပါ ပါရမီက နိမ့်ပါးခင်း မရှိပါ။ ဓါးသိုင်းအပေါ် နားလည်သဘောပေါက်မှုမှာ အလွန် အားကောင်း၏။
ရှဲ့လင်ဖုန်းက သူ၏ အစစ်အမှန်ချီကို ချက်ချင်း လှည့်လည်လိုက်သည်။ ထိန်းချုပ်မရသည့် နှလုံးသားကို တည်ငြိမ်အောင် ကြိုးစား၏။ သူ၏ဓါးသည် တစ်ဝက်အထိ ဆွဲထုတ်ပြီးဖြစ်ကာ ဓါးအလင်းက
သူ၏ပတ်ဝန်းကျင်၌ ရစ်ဝဲလာခဲ့သည်။
“ညီလေးရွှီပြောတာ နှလုံးသားထဲမှာ ဘယ်မိန်းမမှ မရှိရင် ကျင့်ကြံရတာ နတ်ဘုရားတစ်ပါးလို မြန်ဆန်တယ်တဲ့။ ငါ့အထင်တော့ ဒီစိတ်အခြေအနေကို စတင် သဘောပေါက်လာပြီ ထင်တယ်။ ဒါပေမယ့် ချိုးဖျက်ဖို့က အရမ်းကို ခက်ခဲလွန်းတယ်”
“ဖြစ်နိုင်တာက ဒီအလွှာကို ချိုးဖျက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေကို ဝင်ရောက်ပြီးရင် ဓါးနှလုံးသားလည်း သန့်စင်လာလောက်တယ်”
ရှဲ့လင်ဖုန်းက နှလုံးသားထဲတွင် သတ်ပြင်းချသည်။
ဝတ်စုံဖြူနှင့် မိန်းကလေးက အကြည့်ကိုရုတ်ကာ ရယ်၏။
“သခင်လေးရှဲ့ရဲ့ မိတ်ဆွေက တကယ့်ကို ထူးကဲတာပဲ။ အတွင်းဘက်နယ်မြေက လူငယ်မျိုးဆက်တွေထဲမှာ ရှင့်ကို ယှဉ်နိုင်တာ လူနည်းစုပဲ ရှိမယ်ထင်တယ်”
“မြှောက်ပင့်လွန်းနေပါပြီ”
ရှဲ့လင်ဖုန်းက ဓါးကို ပြန်သိမ်းကာ လေးစားစွာ ဦးညွှတ်သည်။
“သခင်လေးရှဲ့ ဘယ်နေရာကို သွားလဲ ဆိုတာကို ကျွန်မလည်း မသိဘူး။ အခု ရှင်သွားလို့ရပြီ”
ဝတ်စုံပြောင်နှင့် မိန်းကလေးက လက်ကို ဝှေ့ယမ်းသည်။
“နှုတ်ဆက်ပါတယ်”
ရှဲ့လင်ဖုန်းလည်း နောက်သို့လှည့်ကာသာ အမြန် ထွက်ခွာခဲ့၏။ သူ၏ နှလုံးသားက အေးစက်နေပါသည်။
“ဒီမိန်းကလေးကလည်း သိုင်းသခင်အဆင့်ရဲ့ အစောပိုင်းမှာပဲ။ တကယ့် တိုက်ခိုက်မှုစွမ်းအားက ငါ့ထက် သာလွန်မနေဘူး။ ဒါပေမယ့် သူမရဲ့ ထူးဆန်းတဲ့ ဆွဲဆောင်ခြင်း
အတတ်က ဆန်းကြယ်လွန်းတယ်”
“အမှန်တကယ်သာ တိုက်ခိုက်ရင် ငါ့ရဲ့ စိတ်ကို တည်ငြိမ်အောင် မလုပ်နိုင်ပဲ အနိုင်ရမှာ မဟုတ်ဘူး”
ဝူရွှမ်းစံအိမ်၏ လျှို့ဝှက်ဆန်းကြယ်သည့် မိန်းကလေးသည် အမှန်တကယ်ကို စွမ်းအားကြီးမားလှ၏။
“ဒီဝူရွှမ်း ညငှက်ကြယ်က တကယ့် ညငှက်ကြယ် မဟုတ်လောက်ဘူး။ သူမ ဝူရွှမ်းစံအိမ်မှာ ရှိနေတာက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်စဉ်ကို ကျင့်ကြံဖို့ ဖြစ်မယ်”
ရှဲ့လင်ဖုန်းက စဉ်းစားသည်။
“ညီလေးရွှီတုန်းက ဘယ်လိုများ ကိုင်တွယ်ခဲ့လဲ မသိဘူး”
ရွှီယန်လည်း ဝူရွှမ်းစံအိမ်သို့ လာရောက်ကာ စိတ်ကို ကျင့်ကြံခဲ့၏။ ဒီအမျိုးသမီးနှင့် တွေ့ခဲ့ရပေမည်။ သူမ၏ လှည့်ဖျားခြင်းအတတ်ကို မည်ကဲ့သို့ ရင်ဆိုင်ခဲ့သနည်း။
ရှဲ့လင်ဖုန်းသည် ဝတ်စုံပြောင်နှင့် မိန်းကလေးမှာ သူ့အပေါ် အစွမ်းကုန် အသုံးမပြုခဲ့ဟု သံသယဝင်မိ၏။
“သခင်လေး.. ဘယ်လိုရှိလဲ”
ဟူရှန်းက သူ့ကို တွေ့သည်နှင့် သိလိုစွာ မေးမြန်းသည်။
“ဘာသတင်းမှ မရဘူး။ သွားကြရအောင်”
ရှဲ့လင်ဖုန်းက အချိန်ကြာရှည်စွာ နေရဲခြင်း မရှိပဲ အလျှင်အမြန် ထွက်ခွာသွားသည်။
ဝူရွှမ်းစံအိမ်၏ ထိပ်ဆုံးအလွှာတွင်…
ဝူရွှမ်းစစ်ဘုရင်၏ ပုံရိပ်က ပေါ်လာ၏။ သူမက ဝတ်စုံပြောင်နှင့် မိန်းကလေးကို ကြည့်ကာ ပြုံးသည်။
“ငါ့တပည့်လေး.. နင်သူ့ဆီမှာ ကျရှုံးနေပြီ မလား။ သူ့မိတ်ဆွေလို့ ကြားလိုက်တာနဲ့ အပေါ်ကို တန်းဖိတ်တော့တာပဲ”
“ဆရာ.. မဟုတ်တာ မပြောပါနဲ့။ ကျွန်မက သူပြောတဲ့ မိတ်ဆွေ ဘယ်လောက်စွမ်းအားကြီးလဲ ဆိုတာကို သိချင်ရုံပဲ”
ဝတ်စုံပြောင်နှင့် မိန်းကလေးက မျက်ဆံလှည့်သည်။
“သခင်လေးရှဲ့နဲ့ မိတ်ဆွေဖြစ်နိုင်တဲ့ လူတိုင်းက တကယ့်ကို မခေဘူး”