အစစ်မှန်ချီ၏ ဆန်းကြယ်မှုများအား နားလည်ခြင်း၊ မူလအဆင့်၏ ပြီးပြည့်စုံခြင်း(၂)
Vol. 15 Ch. 220
သူမက သက်ပြင်းချသည်။
"ပြီးရင် ကျွန်တော်တို့တွေ ဘယ်ကိုသွားကြမလဲ သခင်လေး.."
ကြယ်တစ်ထောင်ကန်မှ ထွက်ခွာပြီးနောက် ဟူရှန်းက မေး၏။ ရှဲ့လင်ဖုန်းက ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
"ကျန်းကျွင်းရာရဲ့ အဖွဲ့တွေကိုပဲ ငါနဲ့ပတ်သက်တဲ့ ဘာသတင်းများ ရမလဲလို့ ဂရုစိုက် စောင့်ကြည့်ခိုင်းထားလိုက်.."
အတွင်းဘက်နယ်မြေရှိ ထိပ်တန်းအင်အားစု တစ်ခုအနေနှင့် ကျန်းကျွင်းရာတွင် သိုင်းလောကမှ သတင်းအချက်အလက်များကို ရရှိနိုင်သည့် သတင်းအချက်အလက် ဆက်သွယ်ရေး ကွန်ယက်တစ်ခု ရှိပါသည်။
ထိုအချိန်၌ လေထဲတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။ ဤသည်မှာ လက်သီးဆုပ်အရွယ်ရှိ မီးခိုးရောင် ငှက်တစ်ကောင်ဖြစ်သည်။ ခြေထောက်တွင် စာလိပ်တစ်ခုကို ချည်ထား၏။
"စာပို့ငှက်က သတင်းလာတာလား။ ဘာဖြစ်တာလဲ.."
ထိုပုံကို တွေ့ရပြီးနောက် ဟူရှန်းက မှင်သက်သွားသည်။
စာပို့ငှက် သတင်းပို့ခြင်းမှာ အတွင်းဘက်နယ်မြေရှိ အဓိက အဖွဲ့အစည်းကြီးများ၏ မကြာခဏ အသုံးပြုလေ့ရှိသော ဆက်သွယ်ရေး နည်းလမ်းတစ်ခု ဖြစ်သည်။
ငှက်များကို ထိုအတွက် အထူး ပျိုးထောင်ကာ လေ့ကျင့်ပေး၏။
ဂိုဏ်းများရှိ စာပို့ငှက်များသည် စိတ်ဝိဉာဉ်ငှက်များနီးပါး အဆင့်မြင့်မားပြီး မြန်ဆန်ကာ အားကောင်းသည့် ပုန်းအောင်းနိုင်စွမ်း ရှိပါသည်။
၎င်းတို့သည် မြင့်မားစွာ ပျံသန်းနိုင်ပြီး နေ့နေ့ညည စာပို့နိုင်ကြ၏။ ထို့အပြင် စာပို့သူများကိုလည်း မှတ်မိကာ သက်ဆိုင်ရာ အကွာအဝေးတစ်ခု အတွင်းတွင် စာအား ပို့ဆောင်ပေးရမည့်လူကို လျှင်မြန်စွာ ရှာဖွေနိုင်ကြ၏။
အဓိက အဖွဲ့အစည်းကြီးများသည် သက်ဆိုင်ရာ နေရာများအတွင်းတွင် စာပို့ငှက် သတင်းအချက်အလက် ပို့ဆောင်ခြင်းကို တည်ဆောက်ပြီး ကြီးမားသည့် ဆက်သွယ်ရေး ကွန်ယက်တစ်ခုကို ဖွဲ့စည်းကြ၏။
ထိုကဲ့သို့သော ကြီးမားသည့် ဆက်သွယ်ရေး ကွန်ယက်မျိုးကို တည်ထောင်နိုင်သည့် အဖွဲ့အစည်းများမှာ အတွင်းဘက်နယ်မြေတွင် အနည်းငယ်သာ ရှိပါသည်။
ဓားသခင်ချောက်ကမ်းပါးမှာလဲ ထိုအထဲမှ တစ်ခုဖြစ်၏။
ပြောရလျှင် သူတို့သည် အရေးပေါ် သို့မဟုတ် အထူးအခြေအနေသာ မကြုံရပါက စာပို့ငှက် သတင်းပို့ခြင်းကို အသုံးပြုခြင်း မရှိပါ။ အကြိမ်တိုင်းတွင် အသုံးပြုရန်အတွက် ကုန်ကျစရိတ်မှာ သက်သာခြင်း မရှိပေ။ ငှက်၏ ဆက်သွယ်ပို့ဆောင်နိုင်သည့် စွမ်းရည်ကို ထိန်းသိမ်းရန်အတွက် စိတ်ဝိဉာဉ်ဆေးပင်များကို လိုအပ်၏။
ရှဲ့လင်ဖုန်းက စာပို့ငှက်၏ ခြေထောက်မှ စာလိပ်ကို ဖြုတ်ယူကာ ဖြန့်ကြည့်သည်။
"ညီလေးရွှီ ခုနှစ်စင်ကြယ်အကယ်ဒမီကို သွားပြီးတော့ သိုင်းပညာစင်မြင့်ရဲ့ အဆင့်၉ဆင့်ကို အောင်နိုင်ခဲ့တယ်..."
ရှဲ့လင်ဖုန်း၏ ဦးရေပြားများက အနည်းငယ် ယားယံလာခဲ့၏။
"ဟစ်.."
ဟူရှန်းက အံ့ဩသွားသည်။
"ရွှီယန်က စစ်ဘုရင်တစ်ယောက်ကိုတောင် အနိုင်ယူနိုင်နေပြီးပြီလား.."
ခုနှစ်စင်ကြယ်အကယ်ဒမီ၏ အဆင့်၉ရှိ စောင့်ကြပ်သူမှာ စစ်ဘုရင်တစ်ယောက် ဖြစ်သည်။
"မဟုတ်ဘူး... ညီလေးရွှီက စည်းမျဉ်းတွေကို ချိုးဖျက်ပြီး စစ်ဘုရင်အစား အထွတ်အထိပ် သိုင်းသခင်၁၀ယောက်ကို အနိုင်ယူခဲ့တာ။ ပြီးတော့ ငါ့ရဲ့နာမည်နဲ့ ခုနှစ်စဉ်ကြယ်အကယ်ဒမီရဲ့ စာကြည့်တိုက်ထဲကို ဝင်ရောက်ခဲ့တယ်.."
ရှဲ့လင်ဖုန်းက စာကို ဟူရှန်းဆီသို့ ပေး၏။ ဖတ်ကြည့်ပြီးနောက် ဟူရှန်းက ဝမ်းသာစွာ ပြောသည်။
"သခင်လေး... ဒါက သတင်းကောင်းပဲ... မင်းရဲ့ဂုဏ်သတင်းက ခုနှစ်စင်ကြယ် အကယ်ဒမီမှာတင် မဟုတ်ဘူး.. အတွင်းဘက်နယ်မြေ တစ်ခုလုံးကိုပါ လှုပ်ခါစေခဲ့ပြီ.."
ရှဲ့လင်ဖုန်းမှာ ငိုချင်လုမတတတ် ဖြစ်သွားခဲ့၏။
"ညီလေးရွှီမှာ ဘယ်လိုခွန်အားမျိုးရှိပြီး ငါ့မှာရော ဘယ်လိုခွန်အားမျိုးရှိလဲ။ ဒီလို ဂုဏ်သတင်းမျိုးကို ငါထမ်းပိုးနိုင်မယ်လို့ မင်းထင်လား.."
ဟူရှန်းက ခဏတာစဉ်းစားပြီးနောက် ခေါင်းငြိမ့်၏။
"ခုနှစ်စင်ကြယ်အကယ်ဒမီကို သွားရအောင်.."
ရှဲ့လင်ဖုန်းက နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
သူသည် သူသာလျှင် ရှဲ့လင်ဖုန်းဖြစ်သည်ဟု ရှင်းလင်းအောင် လုပ်ရပေမည်။ မဟုတ်ပါက တစ်နေ့တွင် သူ၏ နာမည်ကိုပင် ပြောင်းပစ်ရနိုင်၏။ ထိုကဲ့သို့သော ဂုဏ်သတင်းမျိုးကို သူ့အနေနှင့် ခံနိုင်ရည်မရှိပေ။
ရှဲ့လင်ဖုန်းက ခုနှစ်စင်ကြယ် အကယ်ဒမီသို့ ထွက်ခွာချိန်၌ ဝူရွှမ်းစံအိမ်ရှိ ဝတ်စုံပြောင်နှင့် မိန်းကလေးလည်း စာပို့ငှက်မှ စာတစ်စောင်ကို ရရှိခဲ့သည်။ သူမသည် ဖတ်လေလေ ပိုမိုအံ့ဩလေ ဖြစ်လာခဲ့၏။
"သခင်လေးရှဲ့... ရှင်က တကယ့်ကို အနှိုင်းမဲ့တာပဲ.." သူမ၏ နှလုံးသားထဲမှ နက်ရှိုင်းစွာ သက်ပြင်းချမိသည်။ ဆရာဖြစ်သူအား ပြော၏။
"ဆရာမ... ကျွန်မ ခုနစ်စင်ကြယ် အကယ်ဒမီကို သွားချင်တယ်.."
ဝူရွှမ်းစစ်ဘုရင်က ပြုံးသည်။
"ငါထင်ထားတဲ့အတိုင်းပဲ... နင်သူ့ကို ကြိုက်နေတာမလား.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက မျက်စံလှည့်သည်။
သူမက ဆရာဖြစ်သူကို လျစ်လျူရှု့ကာ ပြော၏။
"အဖွားယောင်... ကျွန်မနဲ့ လိုက်ပါလား.."
ခြံဝန်းအတွင်းတွင် အိုမင်းသည့် အဖွားအိုတစ်ဦး ပေါ်လာပြီး ပြောသည်။
"ကောင်းပါပြီ.."
သူမလည်းပဲ စစ်ဘုရင်တစ်ယောက် ဖြစ်၏။
ခုနှစ်စင်ကြယ် အကယ်ဒမီတွင် ရွှီယန်၏ တိုက်ပွဲမှာ ပြီးဆုံးခဲ့တာ ၃ရက်ကြာပြီးပြီ ဖြစ်ပေမယ့် သူဖန်တီးခဲ့သည့် လှိုင်းများက တည်ငြိမ်သွားခြင်း မရှိသေးပေ။အနီးအနားရှိ နေရာအားလုံးတွင် ရေပန်းစားသည့် ဆွေးနွေးစရာတစ်ခု ဖြစ်နေသေး၏။
မည်သည့် နေရာသို့ သွားစေကာမူ ကျောင်းသားများ၏ ရွှီယန်၏ သိုင်းပညာစင်မြင့် ၉ဆင့်အား စိန်ခေါ်ခဲ့ပုံအား ဆွေးနွေးနေကြောင်းကို ကြားနိုင်ပါသည်။
"သခင်မလေး... သခင်လေးရှဲ့ ခုနှစ်စင်ကြယ် အကယ်ဒမီကို ရောက်နေပြီ.."
ခုနှစ်စင်ကြယ် အကယ်ဒမီ၏ အတွင်းဘက် ခြံဝန်းရှိ သက်ဆိုင်ရာ ခြံဝန်းတစ်ခုတွင် ချွေအာက အမြန်ပြေးလာခဲ့၏။ သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေပါသည်။
ထိုစကားကို ကြားရပြီးနောက် သုယွီယင်း၏ မျက်လုံးများက လင်းလက်သွားပြီးမေးသည်။
"ချွေအာ...သခင်လေးရှဲ့ ဘယ်မှာလဲ.."
"ကျွန်မလည်း မသိဘူး... ဒါပေမယ့် လူတွေ အားလုံးကတော့ သခင်လေးရှဲ့ အကြောင်းကိုပဲ ပြောနေတယ်။ သူအဆင့်၉ စင်မြင့်ပေါ်မှာ ကျောင်းရဲ့ ဆရာခေါင်းဆောင် ၁၀ယောက်ကို အနိုင်ယူခဲ့တယ်တဲ့.."
ချွေအာ၏ မျက်လုံးများထဲ၌ လေးစားသည့် အကြည့်တို့
ပြည့်နက်နေ၏။
"ချွေအာ...သခင်လေးရှဲ့ ဘယ်မှာလဲဆိုတာကို မြန်မြန်လေးရှာ ငါသူ့ကို တွေ့ချင်တယ်.."
သုယွီယင်း၏ မျက်နှာက နီရဲလာ၏။ စိတ်အားထက်သန်စွာ ပြောသည်။
"ဟုတ်ကဲ့ပါ သခင်မလေး... ကျွန်မ ပိုက်ဆံပိုသုံးပြီးတော့ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်.."
ချွေအာလည်းပဲ တူညီစွာ တွေ့ချင်နေပါသည်။
"မြန်မြန်လေးလုပ်.."
သုယွီယင်းက နှိုးဆော်စွာ ပြောသည်။ ချွေအာက အလျှင်အမြန် ထွက်ခွာသွား၏။
ဓားသခင် ချောက်ကမ်းပါး ပိုင်သည့် အိမ်တစ်ခုတွင် ရွှီယန်၏ လက်ချောင်းထိပ်များရှိ အစစ်အမှန်ချီက ၁၀ခုတိုင်အောင် ကွဲထွက်သွား၏။ အစစ်အမှန်ချီမျှင် တစ်ခုချင်းစီတိုင်းက အလွန်သိပ်သည်းကာ ပြန့်ကျဲနေသည့် အခြေအနေဖြစ်မည့်အစား စုစည်းမှုသာ ပိုအားကောင်းလာခဲ့၏။
"နောက်ဆုံးတော့ အောင်မြင်ပြီ.."
လက်ချောင်းထိပ်ရှိ အစစ်အမှန်ချီကို နားလည်မှုရလာပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည့် အစစ်အမှန်ချီများ ဆက်တိုက် စတင်ခွဲထွက်သွားခဲ့သည်။
နှစ်ပိုင်း၊ သုံးပိုင်း... ခွဲထွက်မှုတိုင်းတွင် ချီကပိုမို သေးငယ်လာပြီး ပိုမို စုစည်းလာခဲ့၏။ နောက်ဆုံးတွင် ရွှီယန်၏ ပတ်ဝန်းကျင်ရှိ လေထဲ၌ ဆံချည်မျှင်ကဲ့သို့ သေးငယ်သည့် အစစ်အမှန်ချီ အချောင်းလေးများ ထူထဲစွာ ဝန်းရံလာခဲ့သည်။
ခန္ဓာကိုယ်မှာ ကြည့်ရတာ လူသားသဏ္ဍာန် ဖြူကောင်တစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့၏။
"လက်စသတ်တော့ ဒါက အစစ်အမှန်ချီရဲ့ ဆန်းကြယ်မှုကို... အစစ်အမှန်ချီကို ခွဲခြားမှုလုပ်ရင်းနဲ့ ငါအားကောင်းအောင်လည်း ပိုလုပ်နိုင်ခဲ့တယ်။ အကန့်အသက်ကို ရောက်လုနီးပါးအထိ မြှင့်တင်နိုင်ခဲ့တယ်။ အခု ငါ့ရဲ့ အစစ်အမှန်ချီရဲ့ သန့်စင်မှုက ၃၀%လောက် တိုးလာခဲ့ပြီ.."
"ဒါက အစစ်အမှန်ချီရဲ့ အကန့်အသတ်နီးပါးကို ရောက်နေပြီးပြီ။ အစစ်အမှန်ချီရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်သဘောပေါက် လာစေတာက ငါ့ကို ထုံးရွှမ်အဆင့်ရဲ့ ကျင့်စဉ်အတွက် ဉာဏ်အလင်းအချို့ ရလာစေတယ်..'
ရွှီယန်က အလွန်စိတ်လှုပ်ရှားနေ၏။ သူ၏ စွမ်းအားမှာ နောက်ထပ်တစ်ကြိမ် တိုးမြင့်လာခဲ့ပြန်လေပြီ။
အတွေးတစ်ချက်နှင့်အတူ အပ်ချောင်းကဲ့သို့ အစစ်အမှန်ချီ အားလုံးတို့ တစ်ခုတည်းအဖြစ် စုစည်းသွားပြီး သေးငယ်သည့် အစစ်အမှန်ချီ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားစေသည်။
ဤသည်မှာ နဂါးနိုင်လက်ဝါးသိုင်းမှ ထုတ်လွှတ်သည့် နဂါးမဟုတ်ပါ။ အစစ်အမှန်ချီများကို ခွဲခြားခြင်းနှင့် ပေါင်းစပ်ခြင်းမှ ဖြစ်တည်လာသည့် နဂါးတစ်ကောင်ဖြစ်၏။
'ငါ့ရဲ့ နဂါးနိုင်လက်ဝါးသိုင်းရဲ့ စွမ်းအားလည်း တိုးတက်လာခဲ့တယ်... အစစ်အမှန်ချီအပေါ်ကို ထိန်းချုပ်မှု ပိုပြီးတော့ အားကောင်းလာတာနဲ့အမျှ.. အထူးသဖြင့် ခွဲခြမ်းခြင်းနဲ့ ပြန်လည်ပေါင်းစပ်ခြင်းမှာ ကျွမ်းကျင်လာတာနဲ့အမျှ နဂါးနိုင်လက်ဝါးသိုင်းရဲ့ စွမ်းအားနဲ့ တိုက်ခိုက်နိုင်မှုကလည်း တိုးတက်လာခဲ့တယ်..'
'ဒီအချိန်က မူလအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်ကို အဆင့်ချိုးဖျက်ဖို့ အချိန်ရောက်ပြီ..'
ရွှီယန်က သူ၏ အတွေးများကို စုစည်းလိုက်သည်။မျက်လုံးများ၌ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။ မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ပြီးပါက သူသည် စစ်ဘုရင်များကို ကြောက်စရာ မလိုတော့ပေ။
အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်လျှင်တောင် အကြောက်တရား မရှိစွာ နေနိုင်၏။ သူ့အနေနှင့် တစ်ဖက်လူကို အနိုင်ရနိုင်ခြင်း မရှိလျှင်တောင် တစ်ဖက်လူကလည်း သူ့ကို မည်သည်မှ လုပ်နိုင်မည် မဟုတ်ပေ။
'ခွန်အားက အဆင့်ကြီးတစ်ဆင့်ကို ဖြတ်ကျော်လာနိုင်ခဲ့ပြီ..'
ရွှီယန်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။ မူလအဆင့်၏ အကြီးစား ပြည့်စုံမှု အပြီးတွင် သူသည် စစ်ဘုရင်အဆင့်များကို ကြောက်စရာ မလိုတော့ပေ။
ပြီးပြည့်စုံခြင်းအဆင့်သာ ရောက်ရှိပါက သာမန်စစ်ဘုရင်တစ်ယောက်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်နိုင်လောက်၏။
သူသာ ထုံးရွှမ်အဆင့်သို့ အဆင့်ချိုးဖျက်ပြီးပါက စစ်ဘုရင်အားလုံးတို့ကို အနိုင်ယူရန်မှာ ပြဿနာကြီး မဟုတ်တော့ပါ။
အတွင်းဘက်နယ်မြေ၏ ထိပ်တန်းရှိ အထွတ်အထိပ် စစ်ဘုရင်များကိုပင်လျှင် အလွယ်တကူ အနိုင်ယူနိုင်၏။
ရွှီယန်က တင်ပျဉ်ခွေထိုင်ကာ မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ စတင် အဆင့်ချိုးဖျက်၏။
သူသည် ပတ်ဝန်းကျင်မှ လောကကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ဆွဲယူကာ မူလအစစ်အမှန်ချီအဖြစ် ဆက်တိုက် သန့်စင်သည်။
'အတွင်းဘက်နယ်မြေရဲ့ စိတ်ဝိဉာဉ်စွမ်းအင်က အရမ်းကို ညင်သာလွန်းတယ်။ ကြမ်းကြုတ်မှုနဲ့ ကြီးစိုးမှုတွေ သိပ့်မရှိဘူး။ ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီကြောင့်များလား..'
'အတွေးတစ်ချက်နဲ့ ကောင်းကင်နဲ့ ကမ္ဘာ့မြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲကို ဝင်ရောက်စေတယ်။ အခုအချိန်မှာ စိတ်ဝိဉာဉ်စွမ်းအင်ကို စိတ်ကြိုက် ထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေပြီ။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အကြားက ညင်သာတဲ့ စည်းချက်ကိုတောင်မှ ခံစားနိုင်တယ်..'
'ဖြစ်နိုင်တာက အဲ့ဒါက စိတ်ဝိဉာဉ်လင်းကျီများလား..'
ရွှီယန်က တိတ်ဆိတ်စွာဖြင့် အာရုံခံနေ၏။ အတွင်းဘက်နယ်မြေရှိ စိတ်ဝိဉာဉ်စွမ်းအင်သည် အလွန် ညင်သာလွန်းလှသည်။
သူ့အနေနှင့် မည်သည့် ကျင့်စဉ်ကိုမှ ကျင့်ကြံစရာမလိုလုနီးပါး ရှိနေ၏။ အတွေးတစ်ချက်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်က ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို ဖြတ်သန်းပြီး အစစ်အမှန်ချီအဖြစ် သန့်စင်၏။
သူ၏ ဒန်တန်ချီပင်လယ်ဆီသို့ တစ်ခါတည်း သွားရောက်သည်။
'အတွင်းဘက်နယ်မြေက သိုင်းသမားတွေလည်း ဒီလိုပဲ အမြဲ ခံစားရတာလား မသိဘူး..'
ရွှီယန်က စဉ်းစားသည်။ စွန့်ပစ်ဒေသတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို တည်ဆောက်ပြီးမှ စိတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူကာ ကျင့်ကြံနိုင်၏။
အတွင်းဘက်နယ်မြေသို့ ရောက်ရှိပြီးနောက် စိတ်ဝိဉာဉ်စွမ်းအင်၏ စုပ်ယူမှု အမြန်နှုန်းက မယုံကြည်နိုင်စရာကောင်းလောက်အောင် ဖြစ်လာခဲ့သည်။
ကျင့်စဉ်တစ်ခုခုကို လှည့်လည်စရာပင် မလိုဘဲ အတွေးတစ်ချက်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်များက ခန္ဓာကိုယ်အတွင်းသို့ အလိုလို ဝင်ရောက်ကြ၏။
ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီကြောင့် ဖြစ်မည်ဟု ရွှီယန် ခန့်မှန်းရသည်။ အတွင်းဘက်နယ်မြေရှိ သိုင်းသမားများလည်း ယခုကဲ့သို့ ကျင့်ကြံသည်လား မသိပေ။
"အုန်း.."
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီက ဆက်တိုက် အားကောင်းလာနေပြီး ဒန်တန်ချီပင်လယ်က ကျယ်ပြန့်လာကာ စစ်မှန်သည့် ပင်လယ်တစ်ခုကဲ့သို့ ကျယ်ပြောလာခဲ့သည်။
မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ချိုးဖျက်ခြင်းအတွက် သူ့တွင် မည်သည့် အတားအဆီးမှ ကြုံတွေ့ရခြင်း မရှိပါ။ တစ်ခါတည်းနှင့် လျှင်လျှင်မြန်မြန် အဆင့်ချိုးဖျက်ခဲ့၏။
'ဒါက မူလအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှု အဆင့်ပဲ... ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ဖူယွင်ထန်းတောင်မှ ငါ့ကို အန္တရာယ် မပေးနိုင်တော့ဘူး..'
ရွှီယန်က တိတ်ဆိတ်စွာဖြင့် တွက်ချက်နေ၏။
'ဖူယွင်ထန်းက ခုနှစ်စင်ကြယ် အကယ်ဒမီရဲ့ ထိပ်တန်း ကြီးကြပ်သူ တစ်ယောက်ပဲ။ သူက အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင် တစ်ယောက်ဖြစ်တယ်။ ငါ့ထက် အဆင့်ကြီး တစ်ဆင့်လုံး မြင့်မားနေတယ်။ အဲ့ဒီ့အပြင် အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်တွေအကြားမှာမှ အသန်မာဆုံးတွေထဲမှာ ပါဝင်တယ်..'
'သူ့မှာ ခုနှစ်စင်ကြယ် အကယ်ဒမီရဲ့ အကောင်းဆုံးသော ကျင့်စဉ်တွေ ကျင့်ကြံထားတာရှိတယ်။ သိုင်းပညာ လျှို့ဝှက်အတတ်တွေကိုလည်း တတ်မြောက်ထားရမယ်..'
'အဲ့ဒီ့အပြင် ကိုယ့်ကိုယ်ကို ထိခိုက်ပြီးတော့ စွမ်းအားကို အဆမတန် ပေါက်ကွဲထွက်စေတဲ့ ကျင့်စဉ်တွေလည်း ရှိရမယ်။ ဒါ့ကြောင့် သူ့ကို အနိုင်ယူဖို့ကတော့ ရိုးရှင်းနေမှာ မဟုတ်ဘူး..'
ခုနှစ်စင်ကြယ် အကယ်ဒမီတွင် အထူး လျှို့ဝှက်အတတ်များ ရှိရာ ကျောင်းရှိ သိုင်းပညာရှင်များက မကျင့်ကြံပဲ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ အသုံးမပြုတာက တစ်ကြောင်းဖြစ်သည်။ သိရှိထားတာက တစ်ကြောင်းဖြစ်၏။ အသက်အန္တရာယ်သာ ထိခိုက်လာပါက အသုံးပြုရန် ဝှက်ဖဲများ ရှိနေမှာပါ။
ဒဏ်ရာ အပြင်းအထန် ရသည်ဟူသည်မှာ သေသည်ထက်တော့ အများကြီး ပိုကောင်း၏။ ရန်သူနှင့် အတူတူ သေရခြင်းမှာလည်း တစ်ယောက်တည်း သေရခြင်းထက် အများကြီး ပိုကောင်း၏။
ထို့ကြောင့် သံသယဝင်စရာ မလိုဘဲ ဖူယွင်ထန်းမှာ ထိုလျှို့ဝှက်အတတ်များကို ကျင့်ကြံထားရပေမည်။
ဆရာဖြစ်သူ၏ စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ခဲ့သည့် စွမ်းအားကြီးမားပုံအား ပြန်လည်အမှတ်ရလာပြီး ရွှီယန်၏ စိတ်ထဲ၌ မီးတောက်သကဲ့သို့ ခံစားလာရသည်။
'ငါ့အနေနဲ့ ဖူယွင်ထန်းကို လက်ဝါးတစ်ချက်တည်းနဲ့ အနိုင်မယူနိုင်ပေမယ့် ခွန်အားအပြည့်နဲ့ အချက်ပေါင်းများစွာ တိုက်ခိုက်ရင်တော့ အနိုင်ယူနိုင်လောက်မှာ မလား..'
'ရွှေနဂါး၁၈ကောင်ကို ဆင့်ခေါ်ပြီး သူ့အပေါ်ကိုသာ ဖောက်ခွဲပစ်လိုက်ရင် အချက်တွေ များလာရင် ဖျက်ဆီးဖို့ လုံလောက်လောက်မှာပါ..'
ရွှီယန်က နှလုံးသားထဲတွင် တွက်ချက်၏။ အကြမ်းဖျင်း ခန့်မှန်းချက်အချို့ ရလာခဲ့သည်။
李 玄: