ဓားနတ်ဘုရားရွှီယန်(၂)
Vol. 15 Ch. 222
ထိုပုံကို တွေ့ရပြီးနောက် ယင်ဟုန်က မည်သည်ကိုမှ ဆက်လက်ပြောကြားမှု မပြုတော့ပါ။ ခုနှစ်စင်ကြယ် အကယ်ဒမီအား ရှဲ့လင်ဖုန်းကို ဆန့်ကျင်ရန်အတွက် သွေးထိုးပေးခြင်းမှာ အသုံးမဝင်တာ သိသာလှပါသည်။
သို့ပေမယ့် နှလုံးသားထဲတွင် ဒေါသတို့ ရစ်ဝဲနေဆဲရှိ၏။ သို့ရာတွင် သူ့အနေနှင့် ဖိနှိပ့်ထားဖို့သာ တတတ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ဓားနန်းတော်သခင်ကို ထိပါးရဲခြင်း မရှိပါ။
"ရှဲ့လင်ဖုန်း ဘယ်မှာလဲ.."
ယင်ဟုန်က သိလိုစွာဖြင့် မေးသည်။
"သူကျမ်းစာအုပ်စုဆောင်းခြင်း စံအိမ်မှာရှိတယ်။ အဲ့ဒီ့မှာ ဝင်ဖတ်ဖတ်နေတာ နှစ်ရက်လောက်ရှိပြီ.."
ဆရာက အပြုံးတစ်ခုဖြင့် ဖြေ၏။
"ကျွန်တော်လည်း သူ့ကို တစ်ကြိမ် တွေ့ဖူးတယ်။ ဒါပေမယ့် မတွေ့ရတာ အချိန်တော်တော် ကြာနေပြီ။ သူ့ရဲ့ ထူးကဲတဲ့ အသွင်အပြင်ကို တစ်ချက်လောက် သွားကြည့်ဦးမှ.."
ယင်ဟုန်က အပြုံးတစ်ခုနှင့် ပြောသည်။ ထိုနောက် ကျမ်းစာအုပ်စုဆောင်းခြင်း စံအိမ်ဆီသို့ ဦးတည်ခဲ့၏။
တစ်ဖက်ရှိ သုယွီယင်းနဲ့ ချွေအာတို့လည်း ကျမ်းစာအုပ်စုဆောင်းခြင်း စံအိမ်ဆီသို့ ရောက်လာခဲ့သည်။
"သခင်လေးရွှီယန် ဘယ်တော့များမှ ထွက်လာမလဲ မသိဘူး.."
စံအိမ်၏ အပြင်ဘက်တွင် ခုနှစ်စင်ကြယ် အကယ်ဒမီမှ ကျောင်းသားတစ်စု စုစည်းနေကြသည်။ ရွှီယန်ကို စောင့်စားနေကြ၏။ ထိုလူအုပ် အတွင်းတွင် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့၂ဦးလည်း ရှိနေပြီး ရွှီယန်ကို စောင့်စားနေပါသည်။
ရွှီယန် ကျမ်းစာအုပ်စုဆောင်းခြင်း စံအိမ်အတွင်းသို့ ဝင်ရောက်ကတည်းက ကျောင်းသားများ၏ အနှောင့်အယှက် ပေးခံရခြင်းအား ရှောင်ရှားနိုင်ရန်အတွက် ဝင်ရောက်ခွင့်ကို ပထမအထပ်၌သာ ခွင့်ပြုထားခဲ့သည်။
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ကဲ့သို့ အပြင်လူများမှာ သိုင်းပညာစမ်းသပ်မှုကိုပင် ပြုလုပ်ထားပြီးခြင်း မရှိရာ ဝင်ရောက်နိုင်ခြင်းပင် မရှိပေ။
ထို့အပြင် သူတို့အနေနှင့် ဝင်ရောက်နိုင်လျှင်တောင် ရွှီယန်ကို မြင်တွေ့ရမည် မဟုတ်ပါ။ ရွှီယန်သည် ၉လွှာနှင့် ၈လွှာတွင်သာ ရှိ၏။
"ဟူရှန်း... ခုနှစ်စင်ကြယ် အကယ်ဒမီက ဒီပါရမီရှင်တွေကို ကြည့်လိုက်ဦး။ အားလုံးက ငါရှဲ့လင်ဖုန်းအတွက် ရောက်လာကြတာ။ ငါသာ ဘယ်သူဆိုတာကို ပြောလိုက်ရင် ဘာဖြစ်မယ်ထင်လဲ.."
ရှဲ့လင်ဖုန်းက စိတ်ပျက်လက်ပျက် အသွင်ဖြင့် ပြောသည်။
"သခင်လေး... သူတို့မှာ သခင်လေးကို အထင်သေးဖို့ အဆင့်မရှိဘူး။ သခင်လေးရဲ့အဆင့်က ရွှီယန်လောက် မကောင်းပေမယ့် သူတို့ထဲမှာ သခင်လေးကို အနိုင်ယူနိုင်တာ ဘယ်သူမှ မရှိဘူး.."
ဟူရှန်းက နှစ်သိမ့်စွာ ပြောသည်။
ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်၏။ ဤသည်က အဓိပ္ပာယ်ရှိပါသည်။ သူလည်းပဲ ကိုယ်ပိုင်မာနတို့ ရှိ၏။
"ငါက ညီလေးရွှီလောက် မထူးချွန်ပေမယ့် အတွင်းဘက်နယ်မြေရဲ့ လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ် ဓားသမားတစ်ယောက်ပဲ။ ငါ့ရဲ့ခွန်အားနဲ့ ယှဉ်ပြိုင်တဲ့လူက အရမ်းကို ရှားတယ်.."
ထိုအတွေးနှင့်အတူ ရှဲ့လင်ဖုန်းက သူ၏ခါးကို ဆန့်လိုက်၏။
ရုတ်တရက် ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရပြီး သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
"သူမက ဘာလို့ဒီမှာ ရှိနေတာလဲ.."
ဟူရှန်းလည်း သူ၏ အကြည့်နောက်သို့ လိုက်ကာ ကြည့်လိုက်ပြီးနောက် ပုဝါပါးဖြင့် မျက်နှာကို ကာထားသည့် ဝတ်စုံပြောင်နှင့် မိန်းကလေးကို တွေ့လိုက်ရသည်။
ရေးတေးတေး အသွင်အပြင်ကိုသာ မြင်တွေ့နိုင်၏။ သူမ၏ဘေးတွင် စစ်ဘုရင်တစ်ယောက် ရပ်နေပါသည်။
"သခင်လေး... သူမကို သိလိုလား.."
"အဲ့ဒါက ဝူရွှမ်းစံအိမ်ရဲ့ အပေါ်ဆုံးထပ်က မိန်းကလေးပဲ.."
ရှဲ့လင်ဖုန်းက နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
ယခုအချိန်၌ ဝတ်စုံပြောင်နှင့် မိန်းကလေးမှာ ညှို့ယူခြင်း အငွေ့အသက်တို့ ပျောက်ကွယ် နေပါသည်။ မျက်နှာကို သဲသဲကွဲကွဲ မြင်ရခြင်း မရှိသည့် နုနယ်သည့် မိန်းကလေးတစ်ယောက်ထက် ပိုမိုခြင်း မရှိပေ။
သို့ရာတွင် ရှဲ့လင်ဖုန်းအနေနှင့် သူမအပေါ်ကို နက်ရှိုင်းသည့် အကြောက်တရား တစ်ခု ရှိနေ၏။ အတွင်းဘက်နယ်မြေရှိ ရွယ်တူများ အကြားတွင် သူ့ဆီမှ ယခုကဲ့သို့သော လေးစားမှုမျိုးကို ခံယူထိုက်သည်မှာ တစ်ဦးသာလျှင် ရှိသည်။ ဤသည်မှာ ဒီမိန်းကလေးဖြစ်၏။
ထိုအချိန်၌ ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သခင်မလေး သခင်မလေး... သူပဲ... သခင်လေးရှဲ့အယောင်ဆောင်တဲ့ လူဆိုးကောင်.."
ရှဲ့လင်ဖုန်း "..."
သူက ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ဘုရင်ခံသု အိမ်တော်မှ အစေခံဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
သူ့ကို ဒေါသတကြီးဖြင့် ကြည့်နေ၏။
သူမ၏ ဘေးတွင် မျက်နှာကို ပုဝါဖြင့်အုပ်ထားသည့် နောက်ထပ် မိန်းကလေးတစ်ဦး ရပ်နေပါသည်။
သုယွီယင်း၏ မျက်လုံးများက အေးစက်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ရှဲ့လင်ဖုန်းကို ကြမ်းတမ်းစွာ ကြည့်သည်။
ဒီလူဆိုးလူယုတ်သည် သခင်လေးရှဲ့ အယောင်ဆောင်ပြီး သခင်လေး၏ ဂုဏ်သတင်းကို ပျက်ပြားအောင် လုပ်ဆောင်ရန် စီစဉ်နေ၏။
"ဒီကပုဂ္ဂိုလ်... ရှင်ဘာလို့ သခင်လေးရှဲ့အယောင် ဆောင်တာလဲမသိဘူး.."
သုယွီယင်းက လျှောက်လာပြီးနောက် အေးစက်စွာမေးသည်။
သူမ၏ နောက်တွင် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး နီးကပ်စွာ လိုက်နေ၏။ အထွတ်အထိပ် သိုင်းသခင်တစ်ယောက် ဖြစ်သည်။
မြင်ကွင်းတွင် ရှိနေသည့် မျက်လုံးအစုံတိုင်းက သူတို့၏ အပေါ်သို့ ကျရောက်လာကြသည်။ အားလုံးတို့မှာ ဒီလူအား ရှဲ့လင်ဖုန်းအယောင် ဆောင်ရဲသည်လားဟု မယုံကြည်နိုင်စွာ ရှိနေ၏။ မည်မျှ ရဲတင်းလိုက်သနည်း။
မလှမ်းမကမ်းရှိ ဝတ်စုံ ပြောင်နှင့် မိန်းကလေးလည်း ချဉ်းကပ်လာခဲ့သည်။ သူမ၏ မျက်လုံးများက သိလိုမှုတို့ဖြင့် ပြည့်နက်နေ၏။ ရှဲ့သခင်လေးယောင် ဟန်ဆောင်သည့် လူလေလား။
ရှဲ့လင်ဖုန်း၏ ပါးစပ်က တွန့်ကွေးသွားသည်။ သူကမှ ရှဲ့လင်ဖုန်းအစစ် ဖြစ်၏။
ဟူရှန်းမှာ ချွေးစေးများ စီးကျလာခဲ့သည်။ ကြီးမားသည့် ဖိအားတစ်ခုကို ခံစားရ၏။ ကြည့်ရတာ လူအုပ်အတွင်းတွင် မီးစတစ်ခု တောက်လောင်နေသည့်ပုံ ရှိသည်။
သူတို့ဆီသို့ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်၏။
"သခင်လေး... ကျွန်တော်တို့တွေ နောက်ဆုတ်ကြမလား.."
ဟူရှန်းက စိတ်ပိုင်းဆိုင်ရာ အသံလွှဲပြောင်းမှုဖြင့် မေးသည်။
"အခုအချိန်မှာ နောက်ဆုတ်တာက အရမ်းကြီး အကြောက်လွန်ရာ မကျဘူးလား။ ညီလေးရွှီ ထွက်လာတာကို ငါတို့တွေ စောင့်ရမယ်.."
ရှဲ့လင်ဖုန်းက အံကိုကြိတ်သည်။
"ဟဲ့... ငါတို့နင့်ကို မေးခွန်းမေးနေတယ်လေ။ နင်ဘာလို့ သခင်လေးရှဲ့အယောင် ဟန်ဆောင်တာလဲ.."
ချွေအာက ဒေါသတကြီးဖြင့် သူ့ကို စိုက်ကြည့်သည်။
"အဲ့ဒါက နားလည်မှုလွဲတာပါ..."
ရှဲ့လင်ဖုန်းက အကူအညီမဲ့စွာ ပြော၏။
"ဘာနားလည်မှုလွဲကြတာလဲ မသိဘူး... ရှင်က ရှဲ့ယန်မဟုတ်ဘူးလား.."
ဝတ်စုံပြောင်နှင့် မိန်းကလေးက စူးစမ်းသည့် မျက်လုံးများဖြင့် ကြည့်သည်။
ရှဲ့လင်ဖုန်းမှာ ရုတ်တရက် ကြီးမားသည့် ဖိအားတစ်ခုကို ခံစားရသည်။ လူတိုင်းက သူ့ကို စိုက်ကြည့်နေပါသည်။
ရိုင်းပြစော်ကားသည့် စကားများကို ပြောဆိုရန် အဆင်သင့်ဖြစ်နေပြီး တံတွေးခွက်ထဲသို့ မျောသွားစေမည့်ပုံ ရှိ၏။
တိုက်ခိုက်မှုကိုသာ ခွင့်ပြုပါက သူတို့သည် သူ့ကို အသီးသီးပင် ဝင်ရောက်တိုက်ခိုက် လာနိုင်သည်။
"သခင်လေး... ခုနှစ်စင်ကြယ်အကယ်ဒမီက တိုက်ခိုက်မှုကို တားမြစ်ထားတာ ကျေးဇူးတင်ရမယ်.."
ဟူရှန်းက စိတ်သက်သာရာ ရသွားသည့် အသွင်ဖြင့် ပြောသည်။
ရှဲ့လင်ဖုန်းက ဘေးကြပ်နံကြပ် ဖြစ်နေစဉ် ပုံရိပ်တစ်ခုက ကျမ်းစာစုဆောင်းခြင်း စံအိမ်၏ ရှေ့တွင် ပေါ်လာခဲ့၏။
"အာ... အကိုရှဲ့ ရောက်လာတာလား.."
ရွှီယန်က ချက်ချင်းပင် ရှဲ့လင်ဖုန်းကို တွေ့လိုက်ရသည်။ စိတ်လှုပ်ရှားစွာဖြင့် လျှောက်လာခဲ့၏။ သုယွီယင်းနှင့် ဝတ်စုံပြောင်နှင့် မိန်းကလေးကိုတော့ လုံးဝ လျစ်လျူရှု့ထားပါသည်။
ရှဲ့လင်ဖုန်းမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။ ရွှီယန်၏ လက်ကိုဆွဲကာ သူ၏ မျက်လုံးများ၌ ပူလောင်သည့် မျက်ရည်စများ ဝဲလာခဲ့၏။
"ညီလေးရွှီ... မင်းနောက်ဆုံးတော့ ထွက်လာပြီပေါ့.."
သူသာ ထွက်မလာပါက ရှဲ့လင်ဖုန်းအနေနှင့် ဆက်လက် တောင့်ခံနိုင်မည် မဟုတ်တော့ပေ။ ရှိနေကြသည့် လူအားလုံးတို့ အနည်းငယ် မှင်သက်သွားကြ၏။
"ညီလေးရွှီ..."
"ဒါက ရှဲ့လင်ဖုန်း မဟုတ်ဘူးလား.."
သုယွီယင်းနှင့် ဝတ်စုံပြောင်နှင့် မိန်းကလေးတို့လည်း အံ့သြသွားကြသည်။
"အကိုရှဲ့... မင်းရဲ့နာမည်ကို သုံးတာ တကယ့်ကို အလုပ်ဖြစ်တယ်။ မင်းနာမည်ကြောင့်သာ မဟုတ်ရင် ၉လွှာကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး.."
ရွှီယန်က အားတက်သရောဖြင့် ပြောသည်။
"အလုပ်ဖြစ်တာ ကောင်းပါတယ်။ အလုပ်ဖြစ်တာ ကောင်းပါတယ်..."
ရှဲ့လင်ဖုန်းက စိတ်သက်သာရာ ရသွားသည့် အပြုံးတစ်ခုဖြင့် ပြုံး၏။
"သခင်လေးရှဲ့... ရှင်က..."
ချွေအာက မှင်သက်နေသည်။ သူမက အံ့သြစွာဖြင့် အသံပြု၏။
"သခင်မလေးသု.."
ရွှီယန်လည်း နောက်ဆုံးတွင် သုယွီယင်းကို သတိထားမိလိုက်သည်။ သူမကို နှုတ်ဆက်၏။
"မတွေ့တာကြာပြီ... ခင်ဗျားလည်း ခုနှစ်စင်ကြယ်အကယ်ဒမီက ကျောင်းသူတစ်ယောက်ပဲလား.."
"ဟုတ်ပါတယ်.."
သုယွီယင်း၏ ခံစားချက်များက ရှုပ်ထွေးနေပြီး ညင်သာစွာဖြင့် ဖြေကြားသည်။
"ယွီယင်းက သခင်လေးကို ခရီးတစ်လျှောက် ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးနာမည်ကို ဘယ်လိုခေါ်ရမလဲ မသိဘူး.."
သိသာစွာပင် တစ်ဖက်လူသည် ဓားသခင်ချောက်ကမ်းပါးမှ ရှဲ့လင်ဖုန်း မဟုတ်ပေ။
"အင်း..."
ရွှီယန်က ခေါင်းကိုကုပ်သည်။ သူ၏နာမည်ကို ပြောပြရမည်လားဟု မရေရာစွာ ရှိနေ၏။
ရှိနေကြသည့် လူအားလုံးတို့ မှင်သက်သွားကြသည်။
ယှဉ်ပြိုင်ခြင်း စင်မြင့်၉ခုကို ဖြတ်ကျော်ခဲ့သည့် မကောင်းဆိုးဝါး လူငယ်သည် ဓားသခင်ချောက်ကမ်းပါးမှ မဟုတ်ပေးဘူးလား။
သူသည် ရှဲ့လင်ဖုန်း၏ အမည်ကို အသုံးပြုပြီး စာကြည့်တိုက် ခန်းမများအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း စ်သည်လား။ ထို့အပြင် တကယ့်ရှဲ့လင်ဖုန်းမှာလည်း တစ်ဖက်လူ၏ သူ၏ နာမည်အား အသုံးပြုပုံကို ဂရုမစိုက်သည့်ပုံ ရှိနေပါသည်။
ရှဲ့လင်ဖုန်းသည် ရွှီယန် သူ၏ နာမည်ကို ဆက်လက် အသုံးပြုမည်ကို ကြောက်ရွံ့နေပါသည်။ သူ၏နာမည်နှင့် ဆက်လက် သောင်းကျန်းမှုများ ပြုလုပ်ပါက သူ့အနေနှင့် ထိုဝန်များကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် လျှင်မြန်စွာဖြင့် တီးတိုးစွာ ပြော၏။
"ညီလေးရွှီ... မင်းရဲ့ခွန်အားနဲ့ ဘယ်လိုလုပ်ပြီးတော့ အတွင်းဘက်နယ်မြေမှာ ကိုယ့်ဘာသာ နာမည်တစ်ခု မလုပ်ရမှာလဲ.."
"ဒီအခွင့်အရေးကို အသုံးပြုပြီး မင်းရဲ့ဂုဏ်သတင်းကို ဘာလို့ မဖြန့်ကျက်မှာလဲ။ ငါ့လိုပဲလေ.... ငါ့မှာလည်း သေးငယ်တဲ့ ဂုဏ်သတင်းရှိတယ်။ အချို့လူတွေက ငါ့ကိုကမ်းပါးဓားသခင် ရှဲ့လင်ဖုန်းလို့ ခေါ်ကြတယ်။ ဒီဂုဏ်သတင်းကို ရဖို့အတွက် မိစ္ဆာသိုင်းသမားတွေ အများကြီးကို ငါသတ်ဖြတ်ခဲ့ရတယ်.."
ထိုစကားကို ကြားရပြီးနောက် ရွှီယန်လည်း အဓိပ္ပါယ်ရှိသည်ဟု ခံစားရ၏။ သူကိုယ်တိုင်မှာ မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်ကာ စစ်ဘုရင်တစ်ယောက်ပင်လျှင် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်တော့ပေ။
အတွင်းဘက်နယ်မြေသို့ ရောက်လာပြီးနောက် မည်သည့် ဂုဏ်သတင်းမှ မရှိခြင်းက ကောင်းမည် မဟုတ်ပါ။
'ဆရာပြောတာတော့ ငါ့မှာ ဓားနတ်ဘုရားတစ်ပါး ဖြစ်လာဖို့အတွက် ပါရမီရှိတယ်တဲ့။ အဲ့လိုပဲ ကောင်းမယ် ထင်တယ်..'
ထိုအတွေးနှင့်အတူ ရွှီယန်က ရုတ်တရက် တက်ကြွစွာ ခံစားလာရသည်။
"ငါက ဓားနတ်ဘုရားရွှီယန်ပဲ.."
ရှဲ့လင်ဖုန်း "..."
လူတိုင်း "..."
ဒီလူသည် အမြဲတမ်းအတိုင်းပင် အလွန်မောက်မာလှပါသည်။ ဓားနတ်ဘုရားလေလား။ ထိုသို့ဆိုပါက ဓားသခင်ချောက်ကမ်းပါးက မည်သို့ ဆိုမည်နည်း။
"လက်စသတ်တော့ သခင်လေးရွှီကို.."
သုယွီယင်းက ညင်သားစွာ ပြောသည်။
သူမ၏ အကြည့်က ရှုပ်ထွေးနေ၏။
ဝတ်စုံပြောင်နှင့် မိန်းကလေးမှာလည်း ထူးဆန်းစွာ ရှိနေပါသည်။ ဒီလူငယ်သည် ဓားသခင်ချောက်ကမ်းပါးမှ မဟုတ်ပေဘူးလား။ မည်သည့်နေရာမှ လာခဲ့သနည်း။
သူသည် အလွန်မောက်မာလှပြီး သူ့ကိုယ်သူ ဓားနတ်ဘုရားဟုပင် ခေါ်နေလေသည်။ လက်ရှိ ဓားသခင်ချောက်ကမ်းပါး၏ ဓားနန်းတော်သခင်မှာ စစ်ဘုရင် ရှဲ့ထန်းဟန် ဖြစ်၏။ အတွင်းဘက်နယ်မြေတွင် အသန်မာဆုံး ဓားသိုင်းပညာရှင်ဟု မှတ်ယူထားသူ ဖြစ်သည်။
သူပင်လျှင် ကိုယ့်ကိုယ်ကို ဓားနတ်ဘုရားဟု ခေါ်ဆိုရဲခြင်း မရှိပါ။
လူတိုင်းက မရေရာစွာ ခံစားနေရစဉ် အသံတစ်ခု ပျံ့လွှင့်လာခဲ့၏။
"အခြားလူတစ်ယောက်ရဲ့ နာမည်ကို အသုံးပြုပြီး စာကြည့်တိုက်ထဲကို ဝင်ရောက်ခဲ့တယ်။ ဘယ်လောက် ရဲတင်းလိုက်လဲ။ မင်းက ခုနှစ်စင်ကြယ်အကယ်ဒမီကို လှောင်ပြောင်နေတာလား.."
ထိုစကားကို ကြားရပြီးနောက် ရှိနေကြသည့် လူအားလုံးတို့ မှင်သက်သွားကြ၏။ ဟုတ်ပါသည်။ သူသည် ရှဲ့လင်ဖုန်းမဟုတ်ဘဲ ရှဲ့လင်ဖုန်း၏ အမည်ကို အသုံးပြုကာ စာကြည့်တိုက်၏ ၉လွှာသို့ ဝင်ရောက်ခဲ့၏။။
ဤသည်က ခုနှစ်စင်ကြယ် အကယ်ဒမီကို လှည့်စားခြင်းပင် မဟုတ်ပါလား။
ရွှီယန်က အသံ၏ အရင်းအမြစ် လားရာဆီသို့ ကြည့်လိုက်သည်။ သူ၏မျက်ခုံးများက မြင့်တက်သွားပြီး ပြော၏။
"အိုး... မင်းကို... တစ်ဝက်မီးဖုတ်ကောင်... အဆင့်ချိုးဖျက်သွားတာလား။ မထင်မှတ်စရာပဲ.."
ယင်ဟုန်က ဒေါသတကြီး ဖြစ်သွား၏။ သူက အစကတည်းက စိတ်ထဲတွင် မကျေမချမ်းဖြစ်နေပြီး ဖြစ်သည်။ ဓားသခင်ချောက်ကမ်းပါးကို ကြောက်ရွံ့၍သာလျှင် လက်စားချေမှု မပြုရဲခြင်း ဖြစ်၏။
သူ့ကို အံ့သြစေသည်မှာ တစ်ဖက်လူသည် ရှဲ့လင်ဖုန်းမဟုတ်ပေ။ ရှဲ့လင်ဖုန်း၏ အမည်ကိုပင် အသုံးချကာ စာကြည့်တိုက် ခန်းမအတွင်းသို့ လှည့်ဖြားဝင်ရောက်ခဲ့သေး၏။
ခုနှစ်စင်ကြယ်အကယ်ဒမီမှ စွမ်းအားကြီး ပုဂ္ဂိုလ်များ ထွက်လာကာ ဒီကိစ္စကို ရှင်းလောက်ပါသည်။
ရလဒ်အနေနှင့် သူ၏ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် အထင်သေးခြင်းကို ခံခဲ့ရ၏။
"တစ်ဝက်မီးဖုတ်ကောင်..."
"စစ်ဘုရင်တစ်ယောက်ကို စော်ကားတာ မင်းကသေသင့်တယ်.."
ထိုအချိန်၌ ယင်ဟုန်၏ အရှိန်အဝါက ထွက်ပေါ်လာခဲ့၏။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကဲ့သို့ ဖိအားက ဖြန့်ကျက်လာခဲ့သည်။
"ဒါက ခုနှစ်စင်ကြယ် အကယ်ဒမီပဲ.."
ရုတ်တရက် အသံတစ်ခု ပျံ့လွှင့်လာခဲ့၏။ ယင်ဟုန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါတို့ ချက်ချင်းပင် ဖိနှိပ့်ခြင်း ခံလိုက်ရသည်။
ယင်ဟုန်၏ နှလုံးသားက တုန်ခါသွားပြီး သူ၏ အရှိန်အဝါတို့ကို လျှင်မြန်စွာ ပြန်လည် ရုတ်သိမ်းလိုက်၏။ ဦးညွှတ်ကာ ပြောသည်။
"မင်္ဂလာပါ။ ကြီးကြပ်ရေးမှူး.."
ဖူယွင်ထန်းက ရွှီယန်ကို ရှုပ်ထွေးသည့် အသွင်ဖြင့် ကြည့်သည်။ သူသည် တစ်ဖက်လူ၏ ဓားသခင်ချောက်ကမ်းပါးမှ ပါရမီရှင်ဖြစ်မှုကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်ဟု ထင်ခဲ့၏။
သို့ပေမယ့် လက်စသတ်တော့ အခြားတစ်ယောက်၏ နာမည်ကို အသုံးပြုထားခြင်း ဖြစ်လေသည်။ မည်မျှ ရဲတင်းလိုက်သနည်း။
"အကြီးအကဲမှူး ဒီလူက..."
ယင်ဟုန်းက ရွှီယန်ကို လက်ညှိုးထိုးကာ နက်ရှိုင်းသည့်အသံဖြင့် စတင်ပြောသည်။
"တစ်ဝက်မီးဖုတ်ကောင်.. မင်းကတော်တော် မောက်မာတာပဲ။ ငါ့ကိုများ လက်ညှိုးထိုးရဲတယ်... ဒီနေ့မှာ မင်းကို လက်ဝါးတစ်ချက်နဲ့ ရိုက်မသတ်ရင် ငါရွှီယန်ရဲ့ မျိုးရိုးအမည်ကို ပြောင်းပစ်လိုက်မယ်.."
ရွှီယန်က ဒေါသတကြီး ပြောသည်။ ဒီလိုကောင်က သူ့ကို ခြိမ်းခြောက်နေသည်လား။ အသက်ရှင်ရတာ မောပန်းနေသည်ပင်။