← Chapters

ရှဲ့လင်ဖုန်း၏ အစွမ်းပြမှု

Vol. 15 Ch. 225

ရှဲ့လင်ဖုန်း၏ အစွမ်းပြမှု

Vol. 15 Ch. 225

ရွှီယန်က ဖူယွင်ထန်းဘက်သို့ လှည့်ကာ ဦးညွှတ်ပြီးပြောသည်။

"အကြီးအမှူး... အခုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်။ အားတဲ့အခါကျရင် ခုနှစ်စင်ကြယ် အကယ်ဒမီကို လာလည်ပါမယ်.."

ထိုစကားကို ပြောပြီးနောက် သူ၏ ခုနှစ်စင်ကြယ်အကယ်ဒမီသို့ လည်ပတ်သည့်ခရီးမှာ ပြီးဆုံးခဲ့ပါပြီ။

ကျမ်းစာအုပ်စု ဆောင်းခြင်း စံအိမ်မှာတော့ နောင်တွင် တစ်ခုခုလိုအပ်သည်ဟု ခံစားရမှသာလျှင် သူ့အနေနှင့် လာရောက်လည်ပတ်မည် ဖြစ်၏။

ပြီးလျှင် သူသည် ချန်းလန်ကျွန်းဆီသို့ သွားရောက်ကာ ယင်ဟုန်၏ ပစ္စည်းများကို လက်ခံမည် ဖြစ်သည်။

ပြီးနောက် စိတ်ဝိဉာဉ်ဆေးပင်များကို ဝယ်ယူပြီး စွန့်ပစ်ဒေသဆီသို့ ပြန်မည် ဖြစ်၏။

"မိတ်ဆွေလေးရွှီရဲ့ လာလည်မှုကို ငါတို့ဘက်က အမြဲတမ်း ကြိုဆိုနေပါတယ်.."

ဖူယွင်ထန်းက အသက်ကို နက်ရှိုင်းစွာရှူပြီး ပြောသည်။

"ဒီနေ့မှာ ကံကောင်းထောက်မပြီး သခင်လေးရွှီရဲ့  စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူမှုကို မြင်တွေ့ခဲ့ရတယ်။ ဝူရွှမ်းစံအိမ်မှာ ကျွန်မတို့တွေ နောက်ဆုံးတွေ့ခဲ့တာ အချိန်ခဏတောင် ကြာပြီးပြီပဲ။ အတူတူသွားကြရင် အဆင်ပြေမလား မသိဘူး.."

ဝတ်စုံပြောင်နှင့် အမျိုးသမီး၏ ကြည်လင်သည့် အသံက ရှိနေကြသည့် လူအားလုံးကို ရွှင်လန်းစွာ ခံစားရစေ၏။

"အိုး.."

ရွှီယန်က ရှဲ့လင်ဖုန်း၏ ပုခုံးကိုပုတ်ကာ ပြောသည်။

"ဒါက ငါပြောတဲ့ မိတ်ဆွေလေ။ သူလည်း စိတ်အခြေအနေကို လေ့ကျင့်ဖို့အတွက် လိုအပ်နေတာ။ ဒီမှာ တွေ့တုန်းလေး အချိန်ခဏလောက်ယူပြီး လေ့ကျင့်ရင် မကောင်းဘူးလား.."

ရှဲ့လင်ဖုန်းက တံတွေးကို မျိုချ၏။ ခြောက်သွေ့စွာ ရယ်ရင်းက ပြောသည်။

"ညီလေးရွှီ... မလိုပါဘူး... ငါ့ရဲ့စိတ်ကို လေ့ကျင့်ပြီးနေပြီ.."

ဝတ်စုံပြောင်နှင့် မိန်းကလေးက ဆက်လက်ပြုံးနေသည့်ကစား သူ့ကိုအေးစက်သည့် အကြည့်တစ်ခုဖြင့် ကြည့်၏။

"သခင်လေးရွှီ... ကြည့်ပါလား ရှဲ့လင်ဖုန်းက မလိုအပ်ဘူးတဲ့.."

သူမက ဆိုသည်။

ရွှီယန်က သူမကို ခဏတာ ကြည့်သည်။ အနည်းငယ် သတိကြီးသွား၏။ ဒီအမျိုးသမီးနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေပါသည်။ ဝူရွှမ်းစံအိမ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကထက် အနည်းငယ် ညင်သာလွန်းနေ၏။

သုယွီယင်းလည်း အလွန် သတိကြီးသွားသည်။

"အဲ့လိုဆိုရင်လည်း ထားလိုက်ပါတော့.."

ရွှီယန်က ဦးညွှတ်ကာ ထွက်ခွာဖို့ လုပ်၏။

ထိုအချိန်၌ ခုနှစ်စင်ကြယ်အကယ်ဒမီရှိ ကျောင်းသားများသည်လည်း သတိပြန်လည်လာကြပုံ ပေါ်သည်။

"သခင်လေးရွှီ... ညီမမှာ သိုင်းပညာနဲ့ပတ်သက်ပြီး မေးခွန်းအချို့ရှိလို့။ ရှင့်ရဲ့ ညွှန်ကြားချက်အချို့ကို တောင်းခံလို့ ရလားမသိဘူး.."

"သခင်လေးရွှီ... ကျွန်မ ဒီအတောအတွင်းမှာ အနည်းငယ် မရေမရာ ဖြစ်နေလို့။ အဲ့ဒါက ကျွန်မရဲ့ ကျင့်စဉ်ကြောင့်လား မသိဘူး။ ကူညီပြီးတော့ ရှင်းပြပေးနိုင်မလား.."

အမျိုးသမီး ကျောင်းသူအုပ်က သူ့ကို ဝိုင်းရံလာခဲ့သည်။

ရှဲ့လင်ဖုန်းက တံတွေးကို မျိုချမိပြန်၏။ ဒီမိန်းကလေးများသည် ရူးသွပ်သွားကြသည်လား။

ဟူရှန်းက ဤသည်ကို အားကျမှုဖြင့် ကြည့်သည်။ အမျိုသား ကျောင်းသားများစွာ တို့တွင်လည်း တူညီသည့် အကြည့်များ ရှိနေကြ၏။

"အကိုရှဲ့...စံအိမ်မှာ တွေ့ကြတာပေါ့.."

ဝိုင်းအုံလာမှုကို တွေ့ရပြီးနောက် ရွှီယန်က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

သူ၏ ထွက်ခွာသွားမှုနှင့်အတူ ခုနှစ်စင်ကြယ် အကယ်ဒမီမှ ကျောင်းသူများ၏ မျက်နှာများက စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်သွား၏။

အချို့ဆိုလျှင် ရှဲ့လင်ဖုန်းကိုတောင် အပြစ်တင်ကြသည်။ ဓားသခင်ချောက်ကမ်းပါး၏ နှစ်၁၀၀အတွင်းတွင် တစ်ယောက်သာ ပေါ်ထွန်းသည့် အနှိုင်းမဲ့သည့် ပါရမီရှင်မှာ ဟာသတစ်ခုသာ ဖြစ်၏ဟု ဆိုကြ၏။

"အတိအကျပဲ... ဒီလို ဂုဏ်သတင်းမျိုးကို သူ့အဖေက စစ်ဘုရင်ရှဲ့ ဖြစ်နေလို့သာ ချဲ့ကားပြီးတော့ ရလာခဲ့တာ.."

ထိုမှတ်ချက်များကို ကြားရပြီးနောက် ရှဲ့လင်ဖုန်းက ဒေါသထွက်သွားသည်။ သူ့အနေနှင့် ရွှီယန်ထက် အားနည်းခြင်းကို လက်ခံနိုင်၏။ သို့ပေမယ့် ဒီလူများတွင် သူ့အပေါ် မေးခွန်းထုတ်ရန် မည်သည့် အရည်အချင်းတို့ ရှိလို့နည်း။

သူ၏မျက်နှာက ရေခဲကဲ့သို့ အေးစက်သွားပြီး ဓားကိုဆွဲထုတ်ကာ စိန်ခေါ်သည်။

"ဒီနေ့မှာ ငါရှဲ့လင်ဖုန်းက ခုနှစ်စင်ကြယ် အကယ်ဒမီမှာရှိတဲ့ ကျောင်းသားတွေထဲက အသက်၃၀အောက်မှာရှိတဲ့ လူအားလုံးကို စိန်ခေါ်တယ်.."

သူက လေထဲသို့ မြင့်တက်သွားပြီး စိန်ခေါ်ခြင်း စင်မြင့်ပေါ်သို့ ဦးတည်လိုက်သည်။

"ဒီနေ့မှာ ငါရှဲ့... ခုနှစ်စင်ကြယ် အကယ်ဒမီက  ကျောင်းသားတွေ ဘယ်လောက်အထိ ထူးချွန်လဲဆိုတာကို ကြည့်ချင်သေးတယ်။ ငါ့မျက်လုံးထဲမှာ မင်းတို့အားလုံးက ဘာမှ အသုံးမကျဘူး.."

ဟူရှန်းက ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့၏။

"ငါ့ရဲ့သခင်လေး ကမ်းပါးဓားသခင် ရှဲ့လင်ဖုန်းက ခုနှစ်စင်ကြယ်အကယ်ဒမီက အသက်၃၀အောက်မှာရှိတဲ့ ကျောင်းသားအားလုံးကို စိန်ခေါ်တယ်.."

"ငါ့ရဲ့ မျက်လုံးထဲမှာလည်း မင်းတို့အားလုံးက ဘာအသုံးမှ မကျဘူး.."

သုယွီယင်း "..."

ဝတ်စုံပြောင်နှင့်မိန်းကလေး "..."

စိန်ခေါ်ခြင်း စင်မြင့်ပေါ်တွင် ရှဲ့လင်ဖုန်းက ဓားကိုကိုင်ကာ မတ်တပ်ရပ်နေ၏။ အစက သူ့တွင် ထိုကဲ့သို့သော အတွေးမျိုး မရှိပေ။ သို့ပေမယ့် ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားများက အထင်သေးစွာ ပြောဆိုလာကြရာ မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။

ဘာပဲဖြစ်ဖြစ် သူသည် ကိုယ့်ကိုယ်ကို ဂုဏ်ယူကာ ပါရမီမြင့်မားသည့် လူငယ်တစ်ယောက် ဖြစ်နေပါသေးသည်။

"ညီလေးရွှီ တစ်ယောက်တည်းနဲ့ ယှဉ်ပြိုင်ခြင်းစင်မြင့်ရဲ့ ၉ဆင့်လုံးကို ချိုးဖျက်ခဲ့တယ်။ ငါအဲ့လို မလုပ်နိုင်ဘူးဆိုတာကို ဝန်ခံတယ်။ ဒါပေမယ့် ခုနှစ်စင်ကြယ်အကယ်ဒမီမှာရှိတဲ့ အသက်၃၀အောက်က ကျောင်းသားအားလုံးကို ဒီနေ့မှာ ငါအနိုင်ယူပြမယ်.."

"ဒီကောင်တွေမှာ ငါ့ကို စော်စော်ကားကားပြောဖို့ ဘာအဆင့်ရှိလို့လဲ.."

ရှဲ့လင်ဖုန်းက ဒေါသထွက်နေ၏။

ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားများအားလုံးလည်း ဒေါသဖြင့် ဆူပွက်လာကြသည်။ အားလုံးတို့က ရှူးရှူးရှဲရှဲ ဖြစ်သွားကြ၏။

မည်မျှ မောက်မာလိုက်သနည်း။ ရှဲ့လင်ဖုန်းက ခုနှစ်စင်ကြယ်အကယ်ဒမီမှ အသက်၃၀အောက် ရှိသည့် ကျောင်းသားအားလုံးကို တစ်ခါတည်း စိန်ခေါ်နေလေသည်။

ဤသည်မှာ မျိုးဆက်တူ ပါရမီရှင်များ အားလုံးကို  ဖိနှိပ့်လိုခြင်း ဖြစ်၏။

ထွက်ခွာသွားပြီးဖြစ်သည့် ရွှီယန်လည်း ပြန်လာခဲ့သည်။

သူက ဟူရှန်း၏ အနားကို တိုးပြီးနောက် မေး၏။

"ဟူရှန်း... ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ ဒီစိန်ခေါ်ပွဲမှာ  ငါတို့တွေ လောင်းကြေးတစ်ခုလောက် ထောင်ရင် မကောင်းဘူးလား.."

"ဟမ်.."

ဟူရှန်းက မှင်သက်သွားသည်။

"ဘာလောင်းကြေးလဲ.."

ရွှီယန်က စိတ်လှုပ်ရှားလာခဲ့၏။ သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲများ ရှာဖွေရန်အတွက် အခွင့်အရေးတစ်ခုကို တွေ့လိုက်ရသည်နှယ် ရှိသည်။

"အကိုရှဲ့နိုင်မလား။ ဒါမှမဟုတ် ခုနှစ်စင်ကြယ်အကယ်ဒမီဘက်က နိုင်မလားဆိုတာကို လောင်းကြေးထပ်မှာပေါ့.."

ဟူရှန်းက ချက်ချင်းပင် နားလည်သွားသည်။ သူ၏ ပါးစပ်က တွန့်ကွေးသွား၏။

"အဲ့ဒါက မသင့်တော်ဘူးမလား.."

"ဒါက ပိုက်ဆံရှာဖို့အတွက် အခွင့်အရေးကြီး တစ်ခုဗျ.."

ရွှီယန်မှာ ရှဲ့လင်ဖုန်းအပေါ် ယုံကြည်ချက်တို့ဖြင့် ပြည့်နက်နေ၏။

"ဒါဆိုလည်း ကောင်းပြီလေ.."

ခဏတာ စဉ်းစားပြီးနောက် ဟူရှန်းက သဘောတူစွာ ခေါင်းငြိမ့်သည်။ ထိုကိစ္စများကို သူက တာဝန်ယူရ၏။

ရွှီယန်သာ ရှဲ့လင်ဖုန်းအပေါ်တွင် ယုံကြည်ချက်ရှိသည်ဟု သိပါက မည်သူက လာရောက် လောင်းကြေးထပ်တော့မည်နည်း။

ထို့ကြောင့် ဟူရှန်းက ကျောက်တုံးကြီး တစ်လုံးပေါ်သို့ တက်ကာ သူ၏ဓားကို ဆွဲထုတ်ပြီး တုံးပေါ်တွင် တင်လိုက်သည်။ ကျယ်လောင်စွာဖြင့် ကြေငြာ၏။

"ဒီနေ့မှာ ငါ့ရဲ့သခင်လေးက ခုနှစ်စင်ကြယ် အကယ်ဒမီရဲ့ ကျောင်းသားအားလုံးကို စိန်ခေါ်တယ်။ ငါက သခင်လေးမှာ ခုနှစ်စင်ကြယ်အကယ်ဒမီက ကျောင်းသားအားလုံးကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိတယ်။ မင်းတို့တွေ ဘယ်သူလောင်းရဲကြလဲ.."

ထိုစကားကို ကြားရပြီးနောက် ကျောင်းသားများက တိုးဝှေ့လာကြသည်။ သူတို့အားလုံးသည် ရွှီယန်၏  မောက်မာမှုမှာ အရည်အချင်းရှိ၍ ဖြစ်သည်ဟု တွေးမိကြ၏။ သို့ပေမယ့် ရှဲ့လင်ဖုန်းတွင်တော့ မောက်မာရန် မည်သည့်အစွမ်းတို့ ရှိနေလို့နည်း။

သူ၏ နာမည်ကျော်ကြားသည့် ပါရမီရှင်ဟူသည့် ဂုဏ်သတင်းမှာ  ချဲ့ကားထားခြင်းသာ ဖြစ်ပါသည်။

"ဘယ်လို လောင်းမှာလဲ.."

ကျောင်းသားတစ်ယောက်က ချက်ချင်းပင် မေးသည်။

"ရှင်းပါတယ်... မင်းတို့ ခုနှစ်စင်ကြယ် အကယ်ဒမီဘက်က နေပြီးတော့ အနိုင်ရရင် ငါ့ရဲ့ဓားကို ခုနှစ်စင်ကြယ်အကယ်ဒမီကို ပေးခဲ့မယ်။ ဒါက‌ ဓားသခင်ချောက်ကမ်းပါးရဲ့ ရှုံးနိမ့်မှုအတွက် သင်္ကေတပဲ။ တကယ်လို့ ငါတို့သခင်လေးက အနိုင်ရမယ်ဆိုရင်  မင်းတို့ရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ အားလုံး ငါ့အပိုင်ပဲ.."

ရှိနေကြသည့် ကျောင်းသားများကို ကြည့်ပြီးနောက် ဟူရှန်းက ထပ်ပေါင်းပြောသည်။

"မင်းတို့က စိတ်ဝိဉာဉ်ပုံဆောင်ခဲပဲ ရှုံးမှာ။ ဒါပေမယ့် ငါကတော့ ဓားသခင်ချောက်ကမ်းပါး တစ်ခုလုံးရဲ့ မျက်နှာပန်းကို ရှုံးရမှာ။ ငါမင်းတို့ကို အခွင့်ကောင်းယူတယ်လို့ မတွေးကြနဲ့။ လောင်းမှာလား။ မလောင်းဘူးလား.."

"ငါဟူရှန်းက ငါတို့ရဲ့ သခင်လေး အနိုင်ရမယ်လို့  ယုံကြည်ချက်ရှိတယ်။ ဒါကြောင့်မို့လို့ ဓားသခင်ချောက်ကမ်းပါးရဲ့ သိက္ခာကိုတောင်မှ လောင်းကြေးထပ်ရဲတယ်။ မင်းတို့မှာ ယုံကြည်ချက်မရှိဘဲနဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ အနည်းငယ် ဆုံးရှုံးရမှာကိုတောင် ကြောက်နေရင် တစ်ခါတည်းပဲ အရှုံးပေးလိုက်တော့.."

ထိုစကားကို ကြားရပြီးနောက် ခုနှစ်စင်ကြယ်အကယ်ဒမီရှိ ကျောင်းသားများက ချက်ချင်းပင်ထကြွလာကြ၏။

All Chapters