← Chapters

စစ်ဘုရင်၏ ရောက်ရှိလာမှု

Vol. 15 Ch. 213

စစ်ဘုရင်၏ ရောက်ရှိလာမှု

Vol. 15 Ch. 213

ရွှီယန်က အဖိုးအိုကို ကြည့်ကာ ခေါင်းညှိတ်ပြီး ပြောသည်။

“ခင်ဗျားက ကျွန်တော့ရဲ့ သာလွန်တဲ့ ပါရမီနဲ့ ခွန်အားကို သိတာပဲ။ ပြီးတော့ စည်းမျဉ်းတွေရဲ့ ချည်နှောင်မှုကို ခံစရာ မလိုဘူးဆိုတာကိုလည်း နားလည်တယ်။ တကယ့်ကို ဉာဏ်ပညာရှိတယ်”

ထိုစကားကို ပြောပြီးနောက် သူက ဆက်လက်တက်သွားတော့မှာပါ။ အဖိုးအိုနှင့် သိုင်းပညာယှဉ်ပြိုင်မည့်ပုံ မရှိပေ။

အဖိုးအိုက မှင်သက်သွား၏။

“လူငယ်.. မင်းငါ့ကို အနိုင်မယူရသေးဘူးလေ”

ရွှီယန်က ရပ်တန့်သွား၏။ သူ၏ပုံစံက စိတ်ပျက်သွားသည်။

“ကျွန်တော်က ခင်ဗျားကို ကျိုးကြောင်းဆီလျော်မှုရှိတဲ့ လူတစ်ယောက်လို့ ထင်သွားတာ။ စည်းမျဉ်းတွေကို လိုက်နာစရာ မလိုလောက်အောင် ပါရမီရှိတယ်လို့ ပြောခဲ့တာကို… ဒါပေမယ့် လက်စသတ်တော့ စည်းမျဉ်းအတိုင်း ခင်ဗျားကို အနိုင်ယူစေချင်သေးတာပဲ”

“ခင်ဗျားသာ တကယ် ကျွန်တော့ကို စည်းမျဉ်းတွေကို ချိုးဖျက်ဖို့ အဆင့်မှီတယ်လို့ တွေးထားရင် တိုက်ခိုက်မခိုင်းသင့်ဘူး။ တစ်ခါတည်း ဖြတ်ကျော်စေပြီး အပေါ်မှာ ပိုသန်မာသူကို ရှာခိုင်းသင့်တယ်”

အဖိုးအို၏ မျက်နှာက ရှုံ့မဲ့သွား၏။ မကျေနပ်စွာ ခံစားလိုက်ရသည်။ ရိုးရှင်းသည့် ချီးကျူးမှုလေး တစ်ခုက တစ်ဖက်လူကို သူ့အပေါ် အထင်သေးစေခဲ့သည်လား။

အသက်ကို နက်ရှိုင်းစွာ ရှူပြီး လက်ထဲရှိ ဓါးရှည်ကို လှုပ်ခါပြကာ လေးနက်စွာ ပြောသည်။

“မင်းလည်းပဲ ဓါးပညာ လေ့ကျင့်တာကို တွေ့ရတယ်။ မင်းရဲ့ ဓါးပညာကို ငါ့ကို သင်ယူခွင့်ပြုပေးပါဦး”

ရွှီယန်က ခေါင်းကိုယမ်း၏။

“ခင်ဗျားရဲ့ ဓါးတာအိုက အရမ်းညံ့ဖျင်းတယ်။ ကျွန်တော့ဓါးကို ထုတ်တာက အနိုင်ကျင့်တာနဲ့ အတူတူပဲ။ စည်းမျဉ်းဟောင်းအတိုင်းပဲ သွားရအောင်။ ခင်ဗျား ကျွန်တော့လက်ဝါးကိုပဲ ခံနိုင်အောင်လုပ်”

‘ငိုးမ..’

အဖိုးကြီး၏ မျက်နှာက ဖြူရော်သွားသည်။ ဒီမောက်မာသည့် လူငယ်သည် မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။

သိုင်းသမားများနှင့် အကယ်ဒမီမှ ကျောင်းသားအုပ်စုတို့လည်း အသက်ကို ရှူသွင်းလိုက်ကြသည်။ ဒီလူသည် အမှန်တကယ်ကို ရဲတင်းလွန်းလှ၏။ ဓါးပညာ၏ ဆရာကြီးတစ်ယောက်ကို နိမ့်ကျသည်ဟု လူပုံအလယ်တွင် စော်ကားနေလေသည်။

ခုနစ်စင်ကြယ် အကယ်ုမီ၏ ဓါးသိုင်းပညာမှာ ဓါးသခင်ချောက်ကမ်းပါးထက် အနည်းငယ် နိမ့်ကျတာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် အတွင်းဘက်နယ်မြေတွင် နံပါတ်နှစ်တော့ ချိတ်သေး၏။

ထို့အပြင် ဒီအဖိုးအိုမှာ သူ၏ တစ်ဘဝလုံးအား ဓါးပညာကို ကျင့်ကြံလေ့လာခြင်း၌ နှစ်မြှုပ်ထားသူ ဖြစ်၏။ သူသည် ဓါးသခင်ချောက်ကမ်းပါးမှ ဓါးပညာရှင် သိုင်းသခင်တစ်ယောက်ကိုပင် အနိုင်ယူခဲ့သေးသည်။

ထိုကဲ့သို့သော ခွန်အားက ဒီလူငယ်၏ မျက်လုံးထဲတွင် ယှဉ်ပြိုင်ရန် ထိုက်တန်ခြင်း မရှိပေဘူးလား။

“မောက်မာတဲ့ကောင်.. ငါ့ရဲ့ဓါးချက်ကို ခံကြည့်”

အဖိုးအို၏ မျက်နှာက ဒေါသဖြင့် နီရဲနေပြီး ပေါက်ကွဲစွာဖြင့် ဓါးရှည်ကို ရေပြင်ညီအတိုင်း ကိုင်လိုက်သည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဓါးချီတို့ ပွင့်လန်းလာပြီး အေးစက်သည့် အလင်းက ထွက်ပေါ်လာခဲ့သည်။

ဓါးအလင်းလွှာများ လိမ့်ဆင်းလာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆက်သွယ်နေသကဲ့သို့ ထွက်ပေါ်လာ၏။

“ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ရေခဲအလင်းမှလား.. ကြည့်ရတာ ဆရာကြီး တကယ် ဒေါသထွက်သွားတာပဲ.. ဒီဓါးသိုင်းနဲ့ တစ်ချိန်က ဓါးသခင်ချောက်ကမ်းပါးက သိုင်းသခင်ကို အနိုင်ယူခဲ့တာ”

“စွမ်းအားကြီးလွန်းတယ်။ ငါလည်း ဓါးသိုင်းပညာကို ကျင့်ကြံတာပဲ။ ဒါပေမယ့် ဒီဓါးကွက်ကိုသာ ရင်ဆိုင်ရရင် ဘယ်လိုတုံ့ပြန်ရမလဲတောင် သိမှာမဟုတ်ဘူး။ အားနည်းချက် လုံးဝ မတွေ့ရဘူး”

ခုနစ်စင်ကြယ် အကယ်ဒမီရှိ ကျောင်းသားများက သူတို့၏ အံ့ဩမှုများကို ဖော်ပြကြသည်။ သူသည် ဓါးပညာအပိုင်းတွင် ဆရာခေါင်းဆောင်တစ်ယောက် ဖြစ်နေတာ အံ့ဩစရာ မရှိပေ။ ဒီဓါးချက်က ထူးကဲလှ၏။

တိုက်ပွဲကို စူးစမ်းနေကြသည့် သိုင်းသမားများတွင်လည်း ဓါးပညာကျင့်ကြံသူ အများအပြား ပါရှိ၏။ သူတို့အားလုံး လေးစားစွာဖြင့် သက်ပြင်းချမိကြသည်။ ခုနစ်စင်ကြယ် အကယ်ဒမီရှိ ဆရာခေါင်းဆောင်သည် ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်လှ၏။

သူ၏ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ရေခဲအလင်း ဓါးကွက်မျာ အံ့ဩစရာ ကောင်းလောက်အောင် ထက်မြလှသည်။ ကြည့်ရတာ အားနည်းချက် မရှိသလို ရှောင်ကျဉ်လို့လည်း မရနိုင်အောင် ရှိ၏။ အတွင်းထဲတွင် ပြောင်းလဲမှုများစွာလည်း ရှိပုံပေါ်သည်။

ကြည့်နေကြသည့် ထိုသိုင်းသမားများ အကြားတွင် အသက်နှစ်ဆယ်ကျော်လောက် ရှိသည့် လူငယ်တစ်ယောက်က အဖိုးအို၏ ဓါးသိုင်းကို စိတ်အားထက်သန်စွာ ကြည့်ရှုနေ၏။ မျက်တောင်ခတ်ခြင်းပင် မရှိပေ။

“ဒါက ငါတို့ ဓါးသခင်ချောက်ကမ်းပါးက သိုင်းသခင်ကို အနိုင်ယူခဲ့တဲ့ ကောင်ကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ရေခဲအလင်းလား.. တကယ့်ကို အံ့ဩစရာကောင်းလောက်အောက် ထက်မြတယ်။ အစ်ကိုရှဲ့သာ ဒီဓါးကွက်ကို ရင်ဆိုင်ရရင် ဘယ်လိုနေမလဲ မသိဘူး”

လန်ချုံးက ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။ ဓါးသခင်ချောက်ကမ်းပါးမှ တပည့်တစ်ယောက်ဖြစ်ကာ ရှဲ့လင်ဖုန်း၏ ဒုတိယသာ ကျသည့် ပါရမီရှင်တစ်ယောက် အနေနှင့် လန်ချုံးသည် ခုနစ်စင်ကြယ် အကယ်ဒမီသို့ လာရောက်ပြီး သူတို့၏ ဓါးပညာကို လာရောက်စိန်ခေါ် လေ့လာလိုခဲ့၏။ သူ၏ သိုင်းသခင်အဆင့်သို့ ချိုးဖျက်ရန် ရည်ရွယ်ခဲ့လေသည်။

“ရှုပ်ရှုပ်ရှပ်ရှပ် အကွက်တွေ”

ရွှီယန်က ခေါင်းကိုယမ်းသည်။ လက်ဝါးကို မြှောက်ကာ ရိုက်ထုတ်လိုက်၏။

ရွှေရောင်နဂါးကြီးက မာန်ဖီကာ ဓါးအလင်းအလွှာများ အတွင်းသို့ ဝင်ရောက်သွားသည်။ ချက်ချင်းပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းခြုံနေသည့် ဓါးအလင်းက ပျက်စီးကုန်ကြ၏။

“လှည့်စမ်း”

အဖိုးအို၏ ပုံစံက လေးနက်သွားသည်။ ကျိုးကြေသွားသည့် ဓါးအလင်းများက ရုတ်တရက် စတင် လည်ပတ်လာ၏။ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ရေခဲအလင်း ဓါးသိုင်း၏ သတ်ကွက်များထဲမှ တစ်ခု ဖြစ်သည်။

သို့ရာတွင် စွမ်းအားကြီးမားသည့် ရွှေရောင် နဂါးကြီးက အဖိုးအို၏ လည်ပတ်နေသည့် ဓါးအလင်းကို အပေါ်မှ ရိုက်ချိုးပစ်၏။ ဓါးအလင်း၏ အရှိန်အဝါတို့ အားတစ်ခုအဖြစ် မပြောင်းလဲခင်တွင် ပြင်းထန်စွာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။

“ဘုန်း”

ဓါးအလင်းတို့ ပေါက်ကွဲထွက်ကာ ပြိုလဲကုန်၏။ ရွှေရောင်နဂါးကြီး၏ အမြီးက အဖိုးအိုကို ဆက်လက် ဖြတ်သန်းသွားသည်။

အားလုံးက တိတ်ဆိတ်သွားကြ၏။ မြင်ကွင်းတစ်ခုလုံးက ထပ်မံ ငြိမ်သက်သွားခဲ့ပြန်သည်။

ယခုကဲ့သို့ အလွန်စွမ်းအားကြီးမားသည့် ဓါးသိုင်းသည် လူငယ်ဆီမှ လက်ဝါးတစ်ချက်ကို မခံနိုင်ပေဘူးလား။ ရွှေရောင်နဂါးကြီးကို ထုတ်လွှတ်သည့် သိုင်းပညာသည့် မည်သည့်သိုင်းပညာဖြစ်၍ အလွန် စွမ်းအားကြီးရသနည်း။

အဖိုးအိုလည်း မြေပြင်ပေါ်တွင် လဲကျကာ မှင်သက်နေပါသည်။ ခဏတာအတွင်း သူသည် မှင်သက်နေမိ၏။ ဂုဏ်ယူရသည့် ဓါးသိုင်းမှာ အလွန် ချိနဲ့လှသည်လား။

ရွှီယန်က လှေကားသို့ ဆက်လက် တက်သွားတော့မှာပါ။ သူက အဖိုးအိုကို ကြည့်ကာ ရပ်တန့်သွာားပြီး ပြော၏။

“ဓါးပညာက ထည်ဝါတဲ့ ဟန်ပန်တွေ(သို့) လှပတဲ့ ဓါးကွက်တွေ မဟုတ်ဘူး။ ဓါးတစ်ချက်ရဲ့ အနှစ်သာရသာ ဖြစ်တယ်။ အဲ့ဒါက စစ်မှန်တဲ့ သတ်ဖြတ်ခြင်း အနုပညာပဲ။ ကျန်တာတွေ အားလုံးက တွဲဖက်ဖြစ်ရုံ သက်သက်ပဲ”

“ခင်ဗျားက ဓါးတာအိုရဲ့ တံခါးဝကို ခြေမချနိုင်သေးတော့ ဓါးဆန္ဒကို နားလည်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အဓိကထားရမယ့် မှန်ကန်တဲ့ လမ်းကြောင်းက မြန်ဆန်ခြင်း၊ ရက်စက်ပြတ်သားခြင်းနဲ့ ထက်မြခြင်းပဲ…”

“ဟန်ပန်တွေကို ချဲ့ကားပြီး ဓါးအားကို အဓိပ္ပာယ်မဲ့စွာ ပြန့်ကြဲနေစေမယ့် အစားပေါ့။ အဲ့ဒါတွေက အားနည်းပြီး ယုတ္တိမတန်ဘူး။ ပြောင်းလဲမှုတွေ ရှိရင်တောင် နှေးကွေးလွန်းတယ်”

“ကျွန်တော့မှာ မိတ်ဆွေတစ်ယောက် ရှိတယ်။ သူက သူ့ရဲ့ ဓါးသိုင်းကို အထွတ်အထိပ်အထိ ကျင့်ကြံထားပြီး ခင်ဗျားထက် အများကြီး ပိုသန်မာတယ်။ သူက ဓါးတာအိုကို ခြေချနိုင်ဖို့ အနီးစပ်ဆုံးလူလည်း ဖြစ်တယ်”

အဖိုးအို၏ ဓါးသိုင်းမှာ စွမ်းအားကြီးမားပုံ ပေါ်ပြီး ဓါးအရှိန်အဝါက ထည်ဝါပေမယ့် ဤသည်မှာ အပေါ်ယံဆန်လှပြီး အဓိပ္ပာယ်အများကြီး မရှိပေ။

သာမန် သိုင်းသမားများကို ရင်ဆိုင်ရာ၌ လုံလောက်ပေမယ့် ရွှီယန်၏ အမြင်တွင်တော့ ဤသည်မှာ ရှဲ့လင်ဖုန်း၏ ဝမ်ဟယ်ဓါးသိုင်းလောက်ပင် မကောင်းပေ။ သက်တန့်ပျံဓါးသိုင်းနှင့်ဆိုလျှင် ပိုတောင် ဝေးသေး၏။

ရှဲ့လင်ဖုန်းကိုသာ ရင်ဆိုင်ပါက ဒီအဖိုးအို၏ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ရေခဲအလင်း ဓါးသိုင်းမှာ သက်တန့်ပျံဓါးချက် တစ်ချက်ဖြင့် ဖြတ်တောက်ခြင်း ခံရမှာ ဖြစ်သည်။

ဒီအချိန်အထိ ရွှီယန် တွေ့ဆုံဖူးသည့် ဓါးပညာ ကျင့်ကြံသူများ အကြားတွင် ရှဲ့လင်ဖုန်းသာလျှင် ဓါးတာအို၏ တံခါးဝကို စစ်မှန်စွာ ထိတွေ့နိုင်၏။ သူသည် သူ၏ဓါးသိုင်းကို အထွတ်အထိပ်အထိ ကျင့်ကြံထားပါသည်။

ဓါးကွက်များ၏ အကန့်အသတ်မှ ခြေဆန့်ထွက်ခွာနိုင်လုနီးပါး ရှိနေ၏။ သို့ရာတွင် ဓါးတာအိုအတွင်းသို့ ခြေချရန်တော့ အနည်းငယ် လိုအပ်နေပါသေးသည်။

“အစ်ကိုရှဲ့. သန့်စင်သော ဓါးနှလုံးသားကို ကျင့်ကြံနိုင်ပြီလား မသိဘူး”

ရွှီယန်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

မကျင့်ကြံနိုင်သေးဟု ထင်၏။ ဘာပဲဖြစ်ဖြစ် သန့်စင်သော ဓါးနှလုံးသားကို ရရှိရန်မှ ထိုမျှ လွယ်ကူခြင်း မရှိပေ။

အဖိုးအိုက ကြောင်တောင်နေ၏။ သူ၏စိတ်က အသံများ မြည်နေပါသည်။ သူ၏ ဘဝတစ်သက်တာ အချိန်အများစုတို့တွင် ဓါးသိုင်းပညာကို ကျင့်ကြံခဲ့၏။ ထိုသို့ဆိုလျှင်တောင် ဓါးတာအို၏ တံခါးဝသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးပေဘူးလား။

သူ့အနေနှင့် ပြန်လည်ချေပ ပြောဆိုလိုပါသည်။ သို့ပေမယ့် အရှုံးသမား တစ်ယောက်တွင် ငြင်းဆန်ရန် မည်သည့်အခွင့်အရေးတို့ ရှိမည်နည်း။ နောက်ဆုံးတွင် သက်ပြင်းကိုသာ ချမိသည်။

“ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်”

လန်ချုံးက ရပ်နေဆဲရှိကာ ရွှီယန်၏ စကားကြောင့် သတိတစ်ခု ဝင်လာခဲ့၏။ ဉာဏ်အလင်းအသစ်တစ်ခု ရရှိလာသည့်ပုံ ရှိသည်။

All Chapters