နူးညံ့သော အထိအတွေ့
Vol. 33 Ch. 466
...
ပင်လယ်နဂါးဧကရီ သည် အာရန်၏ ရှေ့တွင်ပင် ထိုင်ချလိုက်သည်။
စက္ကန့်တိုင်းတွင် သူမ၏နှလုံးခုန်နှုန်းသည် ပိုမို၍မြန်ဆန်လာခဲ့၏။
သူမသည် ယခင်က ယောင်္ကျားများ၏ သွင်ပြင်ကို အာရုံစိုက်ခဲ့ဖူးခြင်းမရှိသော်လည်း ယခုသူမရှေ့ရှိ ယောင်္ကျားသည် အလွန်ပင် ခန့်ညားချောမောလွန်းနေသည်ကိုတော့ သူမ ငြင်း၍မရပေ။
ထို့ကြောင့် သူမအတွက်မူ သူမ၏ခန္ဓာကိုယ်ကို ပေးအပ်ရန် ဤကောင်းကင်နဂါး၏ အမွေကိုဆက်ခံထားသော အမျိုးသားထက် ပို၍ သူမနှင့် သင့်လျော်မည့်သူ ရှိနိုင်တော့မည် မဟုတ်ချေ။
ထို့နောက်ပင်လယ်နဂါးဧကရီသည် သူမ၏မျက်နှာကို အာရန်၏မျက်နှာနှားသို့ ဖြည်းညှင်းစွာ ပိုမိုနီးကပ်စေလိုက်သည်။
သို့သော် ၎င်းတို့၏နှုတ်ခမ်းများကြား အကွာအဝေးသည် လက်မအနည်းငယ်မျှသာ ကွာဝေးတော့ချိန်တွင်မူ သူမသည် ရှက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။
၎င်းက ဤအရာမျိုးကို သူမအနေနှင့် ပထမဆုံးအကြိမ် ကြိုးစားဘူးခြင်းလည်း ဖြစ်နေခဲ့ကာ ၎င်းကို မည်သို့ရှေ့ဆက်ရမည်ကိုပင် သူမ မသိတော့ပေ။
အာရန်သည် ရှုယင်၏ မျက်နှာလေးတစ်ခု သူ၏အနားသို့ ပိုမိုနီးကပ်လာနေသည်ကို သည်အတိုင်း စိုက်ကြည့်နေမိသည်။
စိတ်ထဲတွင်မူ အာရန်သည် ကောင်းကင်နဂါး ၏သွေးများဖြင့် စွန်းထင်းနေကာ ရယ်စရာကောင်းသော အိပ်မက်တစ်ခု မက်နေခြင်းဖြစ်မည်ဟုသာ ယူဆထားလေသည်။
ဤကဲ့သို့သော စိုစွတ်သော အိမ်မက်မျိုးကို မြင်မက်ဖူးခဲ့သည်မှာ မည်မျှကြာပြီဖြစ်ကြောင်းကိုပင် သူ မမှတ်မိတော့ပေ။
ဖြစ်နိုင်သည်မှာ သူ၏ ဆယ်ကျော်သက်ငယ်ဘဝကာလတစ်ခုက ဖြစ်ခဲ့ပေလိမ့်မည်။
ဤအိပ်မက်ကို ခုခံခြင်းထက် သူသည် ၎င်းကို လက်ခံလိုက်လေ၏။
အာရန်သည် သူ၏ လက်တစ်ဖက်ဖြင့် ပင်လယ်နဂါးဧကရီ ၏ ဦးခေါင်းလေးကို ဆွဲယူလိုက်သည်။
နှုတ်ခမ်းနှစ်ခု ထိတွေ့မိသည်အထိ သူမ၏မျက်နှာလေးကို ပိုမိုနီးကပ်အောင် ဆွဲကပ်လိုက်ခြင်းဖြစ်သည်။
ဧကရီ၏မျက်ဝန်းများသည် အနည်းငယ် ထိတ်လန့်စိတ်ဖြင့် ပြူးကျယ်သွားခဲ့ကာ သူမ၏ နှုတ်ခမ်းဖူးဖူးလေးနှစ်ခုကို အနည်းငယ် ဖွင့်ဟမိလိုက်သလိုဖြစ်သွားခဲ့၏။
အာရန်သည် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ သူ၏လျှာဖြင့် သူမ၏ပါးစပ်အတွင်းသို့ စတင် ကျူးကျော်ဝင်ရောက်လိုက်ပြီး သူမ၏လျှာကို ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။
ဧကရီသည် ထိတ်လန့်နေခဲ့သော်လည်း ခုခံခြင်းတော့ မပြုခဲ့ပေ။
သူမသည် မျက်လုံးလေးများကို ပြန် မှိတ်ထားလိုက်ပြီး အာရန်၏ အပြုအမူများကို ကျေနပ်စွာ လက်ခံနိုင်ရန်ကျိုးစားလိုက်၏။
အာရန်သည် သူမကို ပွေ့ဖက်ထားရင်းမှ သူ၏လက်များသည် သူမ၏ ကျောဘက်အောက်သို့ တဖြည်းဖြည်း ရွှေ့လျားသွားခဲ့သည်။
ထို့စဥ် သူမ၏ရင်သားများကို သူ၏ ရင်ဘတ်နှင့် ပိုမိုတင်းကျပ်စွာ ဖိကပ်ထားလိုက်ပြီး သူတို့နှစ်ဦးကြားတွင် မည်သည့်အကွာအဝေးမျှ ခြားနားထားခြင်း မရှိတော့ပေ။
ပင်လယ်နဂါးဧကရီ သည် အာရန်၏ ထိုကဲ့သို့ပွေ့ဖက်နေစဥ်အတွင်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူးဆန်းသောခံစားချက်တစ်ခု စီးဆင်းသွားသည်ဟု ခံစားမိလိုက်၏။
သူမ၏ နှလုံးသည်လည်း ပိုမိုမြန်ဆန်စွာ ခုန်ပေါက်နေခဲ့သည်။
၎င်းသည် သူမ ယခင်က တစ်ကြိမ်တစ်ခါမျှ မခံစားဖူးခဲ့သော လုံးဝအသစ်အဆန်းဖြစ်သည့် ခံစားမှုတစ်ခုပင် ဖြစ်လေသည်။
အချိန်တအောင့်ကြာပြီးနောက် နောက်ဆုံးတွင် အာရန်သည် ဧကရီ၏နှုတ်ခမ်းများကို လွှတ်ပေးလိုက်ကာ သူမအား အမောဖြေခွင့်ပေးလိုက်သည်။
အာရန်သည် ပင်လယ်နဂါးဧကရီ ၏ မျက်နှာလှလှလေးကို စိုက်ကြည့်နေမိသည်။
သူ၏ မျက်လုံးများထဲတွင် ရှုယင် သည် ယခင်ကကဲ့သို့ပင် ဆွဲဆောင်မှုရှိနေဆဲပင်ဖြစ်၏။
သို့သော် ကွဲပြားမှုအချို့ရှိနေခဲ့ကာ ဤတစ်ကြိမ်တွင်မူ သူမသည် အနည်းငယ် ပိုမို၍ ရှက်သွေးကြွနေပုံရလေသည်။
ပုံမှန်ဆိုလျှင် ထိုမိန်းကလေးသည် ထိုကိစ္စများတွင် အမြဲတမ်းလိုလို သူ့ထက်ပင် ပိုမို၍ တက်ကြွလေ့ရှိခဲ့သည်။
ဤတစ်ကြိမ်သည် သူ၏ အတွင်းစိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာသော အိပ်မက်တစ်ခုဖြစ်နေသောကြောင့်ပင်လော...။
အာရန်သည် ရှုယင်အား အနည်းဆုံးတစ်ကြိမ်တစ်ခါလောက် ဤကဲ့သို့ ဖြစ်စေလိုခဲ့ကြောင်း ပြန်လည်အမှတ်ရလိုက်သည်။
“မင်းက တကယ် ချစ်ဖို့ကောင်းတာပဲ”
အာရန်သည် ပင်လယ်နဂါးဧကရီ၏ အငွေ့အသက်များ ရှိနေဆဲဖြစ်သော သူ၏ နှုတ်ခမ်းများကို ပြန်သပ်ရင်း ရေရွတ်လိုက်သည်။
ဧကရီ၏ပါးပြင်နှစ်ဖက်သည် ပန်းနုရောင်သန်းလာခဲ့ပြီး သူမသည် အာရန်၏ အကြည့်ကိုပင် စေ့စေ့မကြည့်ဝံ့အောင် ဖြစ်သွားရသည်။
သူမသည် အဘယ်ကြောင့် ဤသို့ ခံစားနေရသည်ကို သူမကိုယ်သူမပင် နားမလည်နိုင်ခဲ့ပေ။
၎င်းသည် သူမ၏ သွေးမျိုးဆက် လွတ်လပ်ခွင့်နှင့် ပင်လယ်နဂါး များ၏ အနာဂတ်အတွက် သူမလုပ်ကိုလုပ်ရမည့်တာဝန်တစ်ခု ဖြစ်ပေသည်။
ဤသို့ဆိုလျှင်ပင် သူမသည် အဘယ်ကြောင့် ရှက်ရွံ့နေရသနည်း။
ဘာကြောင့် ထိုခံစားချက်သည် သူမအတွက် ချိုမြန်သည်ဟု ခံစားမိနေရသနည်။ သူမ နားမလည်နိုင်ခဲ့ပေ။
ပင်လယ်နဂါးဧကရီ၏ စိတ်အတွင်း၌ အနည်းငယ် ရှုပ်ထွေးနေမှုနှင့်အတူ အသစ်ထပ်မံတွေ့ရှိထားသော ချိုမြန်သည့် ခံစားမှုအသစ်ကြားတွင် ဝေခွဲမရဖြစ်၍ မိန့်မောမိနေဟန်တူ၏။
သူမသည် အမြဲတစေ သူမ၏အေးစက်၍မာနကြီးသော ပုံစံဖြင့်သာ လူအများကို ဆက်ဆံခဲ့သည်။
ယခုတွင်မူ ဤအမျိုးသားရှေ့တွင် သူမ၏ အားနည်းသော သွင်ပြင်ကို ထုတ်ပြမိခဲ့ပြီးဖြစ်နေသည်။
သူမသည် ထိုသို့အတွေးများဖြင့် မိန်းမူးနေမိစဥ်မှာပင် အာရန်သည် သူမ၏ နားရွက်နားရှိ ဆံနွယ်လေး တစ်ချောင်းကို ညင်သာစွာ ပင့်တင့်ပေးလိုက်သည်။
“ကိုယ်မင်းကို ဘယ်လောက်ထိချစ်လဲဆိုတာ ကိုယ့်ကိုကိုယ်တောင် သတိမထားမိခဲ့ဘူးထင်တယ်” အာရန်သည် ဧကရီအား ညင်သာစွာ ပြောလိုက်သည်။
အာရန်သည် သူ့ကိုယ်သူ ရှုယင်အား သူမည်မျှ ချစ်မိထားကြောင်း သတိထားမိခဲ့သော်လည်း ယခုကဲ့သို့ အားအနည်းဆုံး အချိန်တွင်ပင် သူ၏ အိပ်မက်များထဲ၌ သူမအား မြင်မက်မိသည်အထိ သူမအား စွဲလမ်းမိနေကြောင်းကိုမူ သတိမထားမိခဲ့ချေ။
အာရန်သည် ထိုစကားတစ်ခွန်းကို အမှတ်တမဲ့ တိုးတိုးလေး ရေရွတ်မိလိုက်၏။
ထိုစကားကြောင့် ပင်လယ်နဂါးဧကရီသည် သူ၏နားများကိုပင် မယုံကြည်နိုင်ဖြစ်သွားမိခဲ့သည်။
သူမသည် အာရန်ကို လုံးဝမသိသော သူစိမ်းတစ်ဦးအလား စိုက်ကြည့်နေမိလိုက်သည်။
ဤအမျိုးသားသည် သူမကို ချစ်သည်ဟုပြောလိုက်သည်တဲ့လား...။
ထိုအရာသည် ဘယ်အချိန်ကတည်းက စတင်ခဲ့ခြင်းဖြစ်မည်နည်း။
သူသည် သူမအား တစ်ချိန်လုံးနောက်ကွယ်မှ တစ်ဖက်သတ် ကြိတ်၍ကြိုက်နေခဲ့ခြင်းမျိုးလား။
ထို့ကြောင့် သူသည် သန့်စင်ပရောဟိတ်မ ထံမှ သူမအား ကယ်တင်ရန် သူ၏ အသက်ကိုပင် စွန့်စားရန် ဝန်မလေးခဲ့ခြင်းများလား။
ထို့ကြောင့် သူမလိုအပ်သော ကောင်းကင်နဂါး ၏ နှလုံးသားကို ရှာဖွေရာတွင်လည်း သူမအား အန္တရာယ်ကြုံစေမည်စိုး၍ သူတစ်ယောက်တည်းသာ ဤနေရာသို့ အရင်လာရောက်၍ ကိုယ်တိုင် စစ်ဆေးခဲ့ခြင်းများလား...။
သူမသည် အာရန်၏ သွေးစွန်းနေသောအဝတ်အချို့ကို ကြည့်လိုက်မိသည်။
သူမသည် မိုင်နိုတောတစ်ကောင်နှင့် ရင်ဆိုင်တွေ့ခဲ့ပြီး ၎င်း၏စွမ်းအား သက်ရောက်ခြင်းခံခဲ့ရကာ ရုတ်တရက် နံရံတစ်ခုခြားခြင်း ခံလိုက်ရပြီးနောက် အာရန်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ရလေသည်။
ထို့နောက် ဤနေရာသို့ရောက်မှသာ ပြန်တွေ့ရခြင်းဖြစ်၏။
ဤနေရာသို့ ရောက်ရှိရန် သူသည် မည်မျှသော ခက်ခဲမှုများကို ရင်ဆိုင် ဖြတ်သန်းခဲ့ရသည်ကို သူမစိတ်ကူး ကြည့်မိလိုက်သည်။
သူသည် ကောင်းကင်နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်လေသည်။
ဂုဏ်ယူရသော အစစ်အမှန်တိုက်ရိုက်သွေးမျိုးဆက်ပိုင်ရှင် တစ်ဦးအနေဖြင့် သူသည် သူမကဲ့သို့ သွေးမျိုးဆက်အပေါ် ချိတ်ပိတ် ခံထားရခြင်းမျိုးရှိမည်မဟုတ်ပေ။
သူသည် အစောပိုင်းကတည်းကပင် ကောင်းကင်နဂါး ၏ နှလုံးသားကို ဤမျှ အရေးတကြီး လိုအပ်ခဲ့သူတစ်ဦးတော့ မဟုတ်ပေ။
သူလုပ်ရမည့်အရာမှ အခြားလူများ၏ အာရုံစိုက်မခံရအောင် တိတ်တဆိတ်သာနေ၍ သူ၏ကိုယ်ပိုင်ခွန်အားတိုးတက်ရန်ကိုသာ ကျင့်ကြံနေရန်လိုအပ်လေသည်။
အချိန်တစ်ခုကြာသောအခါ သူ၏ကိုယ်ပိုင်ခွန်အားဖြင့်ပင် ဤကမ္ဘာ၏ ထိပ်ဆုံးနေရာကိုရေညက်ရှိ၍ အလိုလို ရပ်တည်သွားနိုင်ပေလိမ့်မည်။
သို့သော်လည်း သူသည် သူမကြောင့် ပုန်းကွယ်နေရာမှ ထွက်လာခဲ့ပြီး သူမအတွက်နှင့် သူ၏ အသက်ကိုပင် စွန့်လွတ်ရနိုင်သော စွန့်စားမှုများတွင် ပါဝင်ခဲ့ရလေ၏။
ထိုအရာများ အားလုံးပြီးသည့် နောက်တွင်ပင် အာရန်သည် သူ့အတွက်သူ မတွေးခဲ့ပေ။
သူက သူမအကြောင်းကို တွေးနေခဲ့သည်တဲ့လား။
အာရန်သည် ထိုသို့ သူမအား ချစ်သည်ဟု ရုတ်တရက်ပြောထွက်သွားသော အခါမှသာ သူမမေ့လျော့နေမိခဲ့သော အရာများကို ဆက်စပ်တွေးမိသွားခြင်းဖြစ်လေ၏။
သူမသည် အာရန်၏အဝတ်များပေါ်ရှိ သွေးများကို မြင်လိုက်ရသောအခါ ထူးဆန်းသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူမ၏ ရင်ဘတ်ကို ပြန်ဖိနှိပ်ထားလိုက်မိသည်။
၎င်းသည် အာရန်၏ သွေးမဟုတ်ကြောင်း သူမ မသိနိုင်ခဲ့ပေ။
အများစုမှာ ကောင်းကင်နဂါး ၏ နှလုံးသားကို သူ ကိုက်ဝါးနေစဉ်က သူ့အပေါ်တွင် စွန်းထင်းသွားခဲ့သော သွေးများဖြစ်ကြလေသည်။
ထိုအချိန်တွင် ပင်လယ်နဂါး ဘုရင်မ၏ မျက်နှာပေါ်ရှိ ချီတုံချတုံဖြစ်နေမှုနှင့် ရှက်ရွံ့မှုများသည် လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။
သူမတွင် ကျန်ရှိနေသည်မှာ ချစ်ခြင်းတရားများဖြင့် ပြည့်နှက်နေသော အာရန်အား စိုက်ကြည့်နေသော အကြည့်များသာဖြစ်လေ၏။
ဤတစ်ကြိမ်တွင် သူမသည် ရှေ့သို့ တိုးလာခဲ့ပြီး အာရန်အား ကိုယ်တိုင်ပင် ဦးဆောင်၍ နမ်းပစ်လိုက်သည်။
သူမသည် အာရန်၏ လက်များကို ဆုတ်ကိုင်လိုက်ပြီး သူမ၏ နောက်ကျောဘက်တွင် တင်ပေးလိုက်ပြီး သူမ၏လက်များမှာမူ အာရန်၏လည်ပင်းကို သိုင်းဖက်ထားလိုက်လေသည်။
အာရန်၏လက်မောင်းများသည် အောက်သို့ ရွေ့လျားသွားပြီး သူမ၏ပါးလွှာသောခါးလေးကို ရစ်ပတ်ထားလိုက်သဖြင့် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပေါင်းစည်းသွားသကဲ့သို့ ခံစားလိုက်ကြရ၏။
တအောင့်ကြာသောအခါ ထိုခန္ဓာကိုယ်နှစ်ခုအကြားတွင် အာရန်၏ လက်တစ်ဖက် ဝင်ရောက်လာသဖြင့် ခန္ဓာကိုယ်ခြင်း အနည်းငယ်ပြန်ခြားသွားခဲ့သည်။
ပင်လယ်နဂါးဧကရီသည် အာရန်တစ်ယောက် သူမ၏ ရင်သားတစ်ဖက်အား ဆုပ်ကိုင်လိုက်သည်ကို ခံစားမိလိုက်သောအခါ သူမ၏ မျက်နှာသည် ပို၍ပင် နီမြန်းလာခဲ့၏။
သူသည် သူမ၏ နှလုံးခုန်သံကို သူ၏ လက်ဖြင့် ကိုယ်တိုင် ခံစားကြည့်ရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်နေသည်။
ထို့နောက် အာရန်သည် အောက်သို့ ဖြည်းညှင်းစွာ ရွေ့လျားပြီး ဧကရီအား မြေပြင်ပေါ်သို့ တဖြည်းဖြည်းချင်း လဲလျောင်းကျသွားစေခဲ့သည်။
ယခုအချိန်ထိပင် အာရန်သည် သူမ၏ ချိုမြိန်သော နှုတ်ခမ်းနှစ်လွှာကို အလွတ်မပေးသေးဘဲ ဆက်လက်၍ မွတ်သိပ်စွာ နမ်းရှိုက်နေခဲ့မိ၏။
ထိုသို့နမ်းရှိုက်နေစဥ်မှာပင် သူ၏ လက်များသည်လည်း အငြိမ်မနေခဲ့ပဲ သူမအား ဆက်လက်ကိုင်တွယ်နေခဲ့ကာ သူမ၏ နှုတ်ခမ်းတစ်စုံသည် မလွတ်လပ် သေးသော်လည်း ညည်းတွားသံတိုးတိုးလေးတစ်ခုကိုမူ ပြုလုပ်မိလိုက်သေးသည်သာ။
အာရန်၏ သွေးမျိုးဆက်သည် ပိုမို၍ပင် လှုံ့ဆော်ခံနေရဟန်တူသည်။
ဧကရီအတွက်လည်း အလားတူပင်ဖြစ်ပြီး သူမ၏ခန္ဓာကိုယ်အတွင်း၌ မမြင်ရသော အတားအဆီးတစ်ခုသည် တုန်ခါလာနေသည်ဟု အလိုလို ခံစားလိုက်ရသည်။
သူတို့နှစ်ဦး၏ နှလုံးသားများ တစ်သားတည်းဖြစ်လာသည်နှင့်အမျှ အာရန်၏ အဆီအနှစ်အချို့သည် သူမ၏ သွေးမျိုးဆက်အတွင်းရှိ အချုပ်အနှောင်များ ကို ဖြည်းညှင်းစွာ ဖြတ်တောက်ရန် ကြိုးစားနေသကဲ့သို့ပင်။
ကောင်းကင်နဂါးအသစ်ဖြစ်လာသော အာရန်သည် ပင်လယ်နဂါးဧကရီအား သူ၏အမျိုးသမီးတစ်ဦးအဖြစ် စတင်လက်ခံလိုက်သည့်အချိန်မှာပင် ပင်လယ်နဂါးဧကရီ၏ သွေးမျိုးဆက် အချုပ်အနှောင်များသည်လည်း တဖြည်းဖြည်း ပိုမို၍ အားနည်းလာခဲ့လေ၏။
အချိန်အတော်ကြာပြီးနောက် အာရန်သည် ပိုမိုနီရဲလာသော ပင်လယ်နဂါးဧကရီ ၏ နှုတ်ခမ်းဖူးဖူးလေးနှစ်လွှာကို လွှတ်ပေးလိုက်သည်။
ထို့နောက် အာရန်သည် တစ်ဆက်တည်း အနားမပေးပဲ သူမ၏လည်တိုင်ကျော့ကျော့လေး
ကို တစ်ဖန် နမ်းရှိုက်လိုက်သဖြင့် သူမသည်လည်း ဆက်လက်၍ တစ်ဖန် မိန့်မောသွားခဲ့ရပြန်လေသည်။
#Catfoot