← Chapters

ကျုပ်တောင် အဲ့လောက် မမောက်မာဘူး

Vol. 33 Ch. 472

ကျုပ်တောင် အဲ့လောက် မမောက်မာဘူး

Vol. 33 Ch. 472

…

“သူတို့ သေသွားကြပြီလား”

ကောင်းကင်အမြင့်တစ်နေရာတွင် အာရန်သည် ဝင်္ကဘာ လမ်း၏ အလယ်တွင် ရှိနေသော ကျောက်ပြားတုံးကြီးအား စိုက်ကြည့်ရင်း တွေးမိလိုက်သည်။

ဘုရားကျောင်းမှ အဖွဲ့ဝင်များ၏ အရိပ်အယောင်များကို မတွေ့ရှိတော့ဘဲ ၎င်းတို့သည် ကျောက်တုံးအောက်တွင် မြုပ်နှံခံလိုက်ရသကဲ့သို့ပင် ဖြစ်နေ၏။

“ငါ ရမှတ်နဲနဲလေးတောင်မရလိုက်ဘူးဆိုတော့ သူတို့ထဲက တစ်ယောက်မှ မသေကြသေးဘူးနဲ့တူတယ်”

ကာဒီနယ်ရဟန်းအမတ်များသည် သတ်ရန် ဤမျှမလွယ်ကူကြောင်း အာရန်တစ်ယောက် သေခြာ သိနေခဲ့သည်။

သို့သော် ထိုတိုက်ခိုက်မှုသည် ဘုန်းတော်ကြီးတစ်ယောက်ကိုပင် မသတ်ဖြတ်နိုင်ခဲ့သည့်အတွက် မူအတော်လေး အံ့အားသင့်ခဲ့ရသည်။

ထို့နောက် အာရန်သည် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ရှိနေခဲ့သော ကျောက်ပြားတုံးကြီးအား ခေတ္တ စိုက်ကြည့်လိုက်သည်။

ထိုစဥ်မှာပင် ကျောက်ပြားတုံးကြီးသည် တစ်စုံတစ်ဦးမှ ကိုင်မလိုက်သကဲ့သို့ပင် လေထဲသို့ တဖြည်းဖြည်းချင်း မြှင့်တက်လာခဲ့သည်။

ထိုအရာသည် ထိုသို့ အပေါ်သို့ မြောက်တက်လာခဲ့ပြီးနောက် ၎င်းကို လက်တစ်ဖက်တည်းဖြင့် မတင်ရန်ကျိုးစားနေသော ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်ကို မြင်တွေ့လိုက်ရ၏။

၎င်း၏အောက်တွင် ကာဒီနယ်ရဟန်းအမတ်များ နှင့် ဘုန်းတော်ကြီးများ အများအပြား ရှိနေကြလေသည်။

ကာဒီနယ်ရဟန်းအမတ်များသည် အနည်းငယ်မျှပင် အထိအခိုက် ရှိထားပုံမရပေ။

သူတို့၏အဝတ်များတွင် ဖုန်အချို့ ပေပွနေကြရုံသာ ဖြစ်လေသည်။

ပို၍ ဆိုးရွားသောအခြေအနေတွင် ရှိနေသူများမှာ ဘုန်းတော်ကြီး ဆယ့်ခုနစ်ယောက်သာ ဖြစ်လေ၏။

သူတို့သည် ပွန်းပဲ့ပြီး အနည်းငယ်သော ဒဏ်ရာများ ရထားကြသော်လည်း ပြင်းထန်သော ဒဏ်ရာများတော့ မရရှိကြသေးပေ။

သူတို့ထဲမှ အချို့သည် သွေးအနည်းငယ် ထွက်ခြင်းအထိသာ အဆိုးဆုံးကြုံတွေ့ခဲ့ရသည်။

သူတို့သည် ကောင်းချီးအော်ရာကိုယ်စီဖြင့် သူတို့၏ ဒဏ်ရာအချို့ကို ပြန်လည် ကုသနေလိုက်ကြသည်။

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်၏ သူ ငွေရောင်ဆံပင်များတွင် ယခုအခါ ဖုန်မှုန့်များကပ်ငြိနေကြပြီး ကောင်းကင်ပေါ်တွင် ဝဲပျံနေသော အာရန်နှင့် မျက်လုံးချင်းဆုံမိသွားသည်။

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် သည် ဧရာမကျောက်ပြားကို ဘေးသို့ တွန်းထုတ်လိုက်၏။

သူ၏မျက်လုံးများသည် အကြောင်းတစ်စုံတစ်ရာကြောင့် နဂါးတစ်ပိုင်းပုံပေါ်နေသော ထိုထူးဆန်းသည့် လူသားတစ်ဦးအပေါ်တွင် အာရုံစိုက်နေမိခဲ့သည်။

၎င်းသည် ပင်လယ်နဂါးများ ၏ နဂါးပုံစံ နှင့် မတူညီပေ။

မည်သို့ပင်ဆိုစေ နဂါးများ၏ ဧရာမကိုယ်ခန္ဓာများသည် သူတို့အား သတ်ရန် ပို၍ ခက်ခဲစေသောအရာဖြစ်သောကြောင့် ယခုလူသည် ၎င်းတို့ထက် ပို၍ အားနည်းနေပုံရလေ၏။

“အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကိုတောင် လုံးဝမပြီးပြတ်နိုင်သေးတဲ့ ဟိုမ‌ရောက်ဒီမရောက် ပင်လယ်နဂါး တစ်ကောင်လား”

ဒုတိယ ကာဒီနယ်ရဟန်းအမတ် သည် အာရန်အား စိုက်ကြည့်ရင်း ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်အား ပြောလိုက်သည်။

ထို့အထဲတွင် တတိယ ကာဒီနယ်ရဟန်းအမတ်သည် အံ့အားသင့်နေပုံရသော်လည်း ထိုသို့ဖြစ်ရသည့် အကြောင်းရင်းသည် အခြားသူများနှင့် မတူပေ။

“ဒီမြေအောက်ဂူ မှာ လူတွေကို ပျံသန်းခြင်းကနေ တားဆီးထားတဲ့ ကန့်သတ်ချက် တစ်ခုရှိနေတယ် မဟုတ်လား ကျုပ်လည်း ပျံဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒါဆို သူက ဘယ်လိုများ လုပ်ဆောင်နိုင်ရတာလဲ” ဟု မေးခွန်းတစ်ခုကို မေးလိုက်သည်။

“ဘာလို့ ဒီလောက်အတွေးများနေကြရတာလဲ။ ကျုပ်တို့ အဲဒီဟိုမ‌ရောက်ဒီမရောက် နဂါး ကို ဖျက်ဆီးပြီးရင် အဖြေကို အလိုလိုရလာမှာပဲ မဟုတ်ဘူးလား တအောင့်နေ သူ့ရဲ့ အသက်ကိုသာ ချိန်းခြောက်ခံရရင် ဒီ မြေအောက်ဂူ ရဲ့ ကန့်သတ်ချက်ကနေ လွတ်မြောက်တဲ့ နည်းလမ်းကို ပြောပြရုံတင်မကဘူး သူ့ရဲ့ ဆွေစဥ်မျိုးဆက်ခုနှစ်ဆက် အကြောင်းကိုပါ ပြောပြလာလိမ့်မယ်။”

ဒုတိယ ကာဒီနယ်ရဟန်းအမတ် သည် အာရန်အပေါ် အနည်းငယ်မျှပင် အထင်ကြီးခြင်း မရှိခဲ့ပေ။

ပင်လယ်နဂါးဧကရီ ဆိုလျှင်တော့ သူသည် အနည်းငယ် သတိထားနေမိဦးမည်ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့ အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကိုပင် မပြီးမြောက်နိုင်သေးသော နဂါးတစ်ကောင်အတွက်လား... ။

၎င်းသည် ရယ်စရာကောင်းလှပေသည်။

သူသည် ကောင်းကင်ရှိ အာရန်ကို လက်ညှိုးထိုးလိုက်သည်။

“ဟိတ် ပိုးမွှားကောင် ဆင်းလာပြီး မင်းရဲ့အသက်အတွက် လာတောင်းပန်စမ်း အဲ့ဒါဆို နဲနဲပါးပါး သနားမိကောင်း သနားမိလိမ့်မယ်”

အာရန်၏ နှုတ်ခမ်းထောင့်စွန်းများသည် ထိုစကားများကို ကြားသောအခါ အပေါ်သို့ အနည်းငယ် တွန့်သွားခဲ့သည်။

“သူ့စကားတွေက ဒီထက်ပိုပြီး ပုံသေကားချပ် မဆန်နိုင်တော့ဘူးလား။ ငါတောင် ငါ့ရန်သူတွေနဲ့ စကားပြောတဲ့အခါ အဲဒီလောက်ထိ မောက်မာမနေပါဘူး။”

အာရန်သည် သူ၏လက်သည်းများကို ဤတစ်ကြိမ်တွင်မူ သူ့အားပြန်လည် မထိမိစေရန် ဂရုစိုက်ရင်း သူ၏နဖူးကို ပြန်ပွတ်လိုက်၏။

“ကျုပ်ရပ်နေတဲ့နေရာကနေကြည့်မယ်ဆို ခင်ဗျားတို့ကသာ ပိုးကောင်တွေနဲ့ ပိုတူနေသေးတယ်လေ ဘာလို့ ခင်ဗျားလဲ ဒီကိုလာပြီး အသက်အတွက် မတောင်းပန်ရသေးတာလဲ။”ဟု အာရန်သည် အစောက ရိုင်းပျစွာ စကားပြောဆိုတတ်သော ကာဒီနယ်ရဟန်းအမတ် အား တုံ့ပြန်လိုက်သည်။

အာရန်သည် ထိုလူကို လှောင်ပြောင်ရန် သူ၏ လက်ခလယ် ကို ထောင်ပြရန်လည်း မမေ့ခဲ့ပေ။

ကာဒီနယ်ရဟန်းအမတ် သည် လက်ခလယ်ထောင်ပြခြင်း၏ အဓိပ္ပာယ်ကို နားမလည်ခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် ၎င်းသည် သူ့အား စော်ကားနေခြင်း ဖြစ်သည်ဟုမူ ခံစားမိလိုက်သည်။

“သတိထားပါ။ သူက မြင်ရသလောက် မရိုးရှင်းဘူးလို့ ကျုပ်ခံစားမိနေတယ်” ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် သည် အခြား ကာဒီနယ်ရဟန်းအမတ်များ ကို ပြောဆိုသတိပေးလိုက်ပြီး ထိုထူးဆန်းနေသော နဂါးအား ဆက်လက်အကဲခတ်နေလိုက်သည်။

၎င်းသည် အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကိုပင် မအောင်မြင်နိုင်သေးသော သာမန် နဂါးပေါက်လေး တစ်ကောင်ဟုထင်ရသော်လည်း ဤအခြေအနေနှင့် ပတ်သက်၍ အမှန်တကယ် ထူးဆန်းသောအရာတစ်ခု ရှိနေနိုင်သည်ဟု သူခံစားမိနေဆဲပင်။

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်၏မျက်လုံးများသည် သူတို့ထံသို့ အစောပိုင်း ပစ်လွှတ်လိုက်သော အဝေးရှိ ကျောက်ပြားကြီးကို ပြန်လည်စိုက်ကြည့်လိုက်သည်။

ပုံမှန် နဂါး တစ်ကောင်သည် ထိုမျှလောက်လေးလံသော အရာဝတ္ထုမျိုးကို သယ်ဆောင်ရင်း ထိုမျှအရှိန်ဖြင့် ပျံသန်းလာနေရန်မှာ လွယ်ကူသောကိစ္စတော့မဟုတ်နိုင်ပေ။

သူမှတ်မိသလောက်ဆိုလျှင် ထိုသို့လုပ်ဆောင်ရန်မှာ ပြီးပြည့်စုံသော နဂါးအသွင်ပြောင်းလဲခြင်းဖြစ်စဥ်ပြီးမှသာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်လေသည်။

သူတွေ့ရှိခဲ့သော နောက်ထပ်ထူးဆန်းသောအချက်တစ်ချက်မှာ ထိုငယ်ရွယ်သော နဂါး သည် သူတို့အား အနည်းငယ်မျှပင် ကြောက်ရွံ့နေပုံမရခြင်းပင် ဖြစ်၏။

၎င်းသည် သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု အပြည့်အဝရှိနေသကဲ့သို့ပင်။

ထိုနဂါး ဤနေရာတွင် ပျံသန်းနိုင်ခြင်းသည်ကော သာမန်ပဲလား....။

ယခင်က ဤနေရာသို့ မဝင်ရောက်ဘူးသောကြောင့် ဤနေရာ၏ သက်ရောက်မှုသည် နဂါးများအပေါ်တွ င်မည်သို့ရှိနေမည်ကိုမူ သူလည်း သေချာ မသိနိုင်ခဲ့ပေ။

“ဟား... ဒီပိုးကောင်ကို ဒီလောက် ဂရုစိုက် ဆက်ဆံနေဖို့ မလိုပါဘူး။ ကျုပ် သူ့ကို ကိုင်တွယ်ပြီးမှ ပင်လယ်နဂါးဧကရီ ကို သူကနေ တစ်ဆင့် ထပ်ရှာမယ်။”

ရိုင်းပြသော ဒုတိယ ကာဒီနယ်ရဟန်းအမတ်သည် အခြားသူများထံမှ ရရှိသော သတိပေးစကားကို လျစ်လျူရှုလိုက်သည်။

သူသည် ကောင်းကင်တွင် ပေါ့ပေါ့ပါးပါးပျံသန်းနေဟန်ရသော အာရန်အပေါ်သို့ သူ၏အာရုံကို ပြောင်းလဲလိုက်၏။

“ဟေ့ချာတိတ်နဂါး မင်းကိုယ်မင်း ဒီနေရာမှာ ပျံနိုင်နေရုံနဲ့ ကျုပ်တို့က မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ တကယ်ကြီး ထင်နေတာလား။”

သူသည် ထိုသို့ပြောနေစဉ်မှာပင် သူ၏လက်ထဲတွင် ရွှေရောင်ကြိုးတစ်ချောင်း ပေါ်လာခဲ့ပြီး ၎င်းသည် သူ၏ကိုယ်ပိုင် အထူး ရတနာတစ်ခုလည်း ဖြစ်လေသည်။

ကောင်းချီးအော်ရာများအား ၎င်းဆီသို့ ပေးလိုက်သောအခါ ကြိုးသည် ရွှေရောင်အလင်းဖြင့် စတင် တောက်ပလာခဲ့သည်။

“သင့်ရဲ့ ဒီလက်နှက်ကို အသုံးပြုတော့မှာလား။ ဒီတစ်ခါတော့ ဒီနဂါးလေး တကယ်ဒုက္ခရောက်ပြီပဲ”

တတိယ ကာဒီနယ်ရဟန်းအမတ်သည် ထို ရွှေရောင်ကြိုးအား စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

သူပင် ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် သည် အနည်းငယ် သတိထားလွန်းနေသည်ဟု မြင်မိနေသည်။

သူတို့ နောက်ဘက်ရှိ ဘုန်းတော်ကြီးများသည်လည်း ထိုရွှေရောင်ကြိုးလေးကို စိတ်ဝင်စားစွာ ဖြင့် ငေးကြည့်နေမိကြလေသည်။

“ဘာလို့ ကာဒီနယ်ရဟန်းအမတ်တွေက အဲ့ဒီ ရွှေရောင်ကြိုးကို ဒီလောက် သ‌ဘောကျနေရတာလဲ ဒါက တကယ်ပဲ အဲဒီလောက် ထူးခြားတာလား။”

သူတို့ထဲမှ တစ်ယောက်က မေးလိုက်သည်။

“သင်က ငမိုက်သားပဲ ဒီလောက်နာမည်ကြီးတဲ့ ပစ္စည်း ကို မသိဘူးလား။ အဲ့ဒါက ကာဒီနယ်ရဟန်းအမတ် ယဲလ် ကို သန့်စင်ပရောဟိတ်မ ကိုယ်တိုင် ပေးထားခဲ့တာလေ ကြိုးရဲ့တစ်ဖက်ကို တစ်ဦးဦးဆီ ပစ်လိုက်ရင် အဲဒီလူကို မမိဘဲနဲ့ ပြန်မလာဘူး။”

“ဒါ့အပြင် တစ်စုံတစ်ဦးသာ အဲ့ဒီကြိုးနဲ့ချည်နှောင်ခံမိသွားရင် သူတို့ရဲ့ စွမ်းရည်တွေဟာ အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းအထိ အားနည်းသွားရလိမ့်မယ်။”

ထိုရှင်းပြချက်ကို ကြားလိုက်သောအခါ ငယ်ရွယ်သော ဘုန်းတော်ကြီးသည် များစွာ မင်သက်သွားခဲ့ရသည်။

ထိုသို့သော ရတနာမျိုး အမှန်တကယ် ရှိကြောင်းကို သူတစ်ခါမျှ မသိခဲ့ရပေ။

အင်အားအနည်းငယ်မျှသက်‌ရောက်မှုသည်ပင် အရေးပါသောတိုက်ပွဲများတွင် များစွာသက်ရောက်မှုများဖြစ်သွားစေနိုင်ကာ ယခုကဲ့သို့ ရန်သူကို တစ်ဝက်တိတိ အားနည်းစေခြင်းသည် တိုက်ပွဲများအတွင်း အမှန်တကယ် အပြောင်းအလဲကြီးတစ်ရပ်ကို ဖြစ်သွားစေနိုင်လေသည်။

ထိုဘုန်းတော်ကြီးသည် ဤ ရတနာမျိုးကို ပိုင်ဆိုင်ထားခြင်းမရှိသည့်အတွက်ပင် အနည်းငယ် မနာလိုဖြစ်သွားရသည်။

သူ့တွင်သာ ၎င်းရတနာမျိုးရှိနေမည်ဆိုပါက ကာဒီနယ်ရဟန်းအမတ် တစ်ဦးကိုပင် အနိုင်ယူနိုင်ကောင်းယူနိုင်ပေလိမ့်မည်။

ဒုတိယ ကာဒီနယ်ရဟန်းအမတ်သည် ထိုကြိုး၏ တစ်ဖက်ကို အာရန်ဆီသို့ ပစ်လွှတ်လိုက်၏။

ကြိုးသည် အဆိပ်ပြင်းသောမြွေတစ်ကောင်ကဲ့သို့ အာရန်ဆီသို့ တည့်တည့်မက်မက် ပျံသန်းလာနေခဲ့သည်။

အခြားတစ်ဖက်မှာမူ ဒုတိယ ကာဒီနယ်ရဟန်းအမတ် ၏ လက်ထဲတွင် ကျန်ရှိနေဆဲပင်။

မကြာမီ ကြိုး၏ အခြားတစ်ဖက်သည် အာရန်ဆီသို့ ရောက်ရှိသွားခဲ့လေသည်။ ထို့နောက် ထိုကြိုးသည် မြွေတစ်ကောင် ကဲ့သို့ သူ၏ ညာဘက်လက်မောင်းကို ရစ်ပတ်ထားလိုက်၏။

#Catfoot

All Chapters