← Chapters

: စစ်မှန်သော ခွန်အား၏ ရှေ့တွင်

Vol. 33 Ch. 473

: စစ်မှန်သော ခွန်အား၏ ရှေ့တွင်

Vol. 33 Ch. 473

...

အာရန်သည် ထိုရွှေရောင်ကြိုးလေး၏ တင်းကျပ်စွာရစ်ပတ်ထားမှုကို သူ၏ လက်မောင်းပတ်ပတ်လည်တွင် ခံစားလိုက်ရသည်။

၎င်းဆီမှ ရွှေရောင်များတောက်ပနေသော အလင်းရောင်သည် ပိုမိုပီပြင်လာခဲ့ပြီး အာရန်၏ ခွန်အားကို အနည်းငယ် အားနည်းသွားစေဟန်တူ၏။

သူ၏ သွေးကြောများတစ်လျှောက် ပျံ့နှံ့နေသော အေးခဲထုံကျဥ်မှု တစ်ခုကိုလည်း ခံစားလိုက်ရလေသည်။

အာရန်သည် သူ၏စွမ်းအား လျော့နည်းလာသည်ကိုလည်း ခံစားမိနိုင်ခဲ့သည်။

အာရန်၏ ကိုယ်တွင်းရှိ နဂါး စွမ်းရည်မှန်သမျှသည် ထိုရွှေရောင်ကြိုးဆီမှ သက်ရောက်မှုတစ်ခုကြောင့် တစ်စိတ်တစ်ပိုင်း ဖိနှိပ်ခံထားရလေသည်။

အောက်ရှိ ကာဒီနယ်ရဟန်းအမတ်သည် ကျေနပ်သောအကြည့်ဖြင့် အာရန်အား လှမ်းကြည့်နေခဲ့၏။

သူသည် ဆက်လက်၍ မောက်မာစွာ လှောင်ပြောင်လိုက်သည်။

“မင်းလို ဘာမဟုတ်တဲ့ ပိုးမွှားလေးတွေအသာထားဦး အင်အားအကောင်းဆုံး သူတွေတောင် စစ်မှန်တဲ့စွမ်းအားအောက်မှာ ကျရှုံးကြရတာပဲလေ အခု မင်းအောက်ကို ပြုတ်ကျဖို့ အချိန်တန်ပြီ”

ထို့နောက် ဒုတိယ ကာဒီနယ်ရဟန်းအမတ်သည် ရုတ်တရက် အင်အားအကုန်သုံး၍ ကြိုးကို ဆွဲချလိုက်လေသည်။

သူသည် အာရန်၏အရိုး တစ်ဝက်ကျော်ကို ဖျက်ဆီးပစ်ရန် အာရန်အား သူ၏ ခြေရင်းတွင် ပြုတ်ကျလာစေရန် ကြိုးစားလိုက်ခြင်းဖြစ်၏။

“ဟင်”

သို့သော် သူ၏မျက်နှာအမူအရာသည် မကြာခင်မှာပင် ထူးဆန်းစွာ တွန့်လိမ်သွားခဲ့သည်။

သူသည် ကြိုးကို ဆွဲရန်ကြိုးစားလိုက်သော်လည်း ဆွဲ၍ မရခဲ့ပေ။

ဒုတိယ ကာဒီနယ်ရဟန်းအမတ်သည် တစ်ဖန်ပြန်၍ ကြိုးစားလိုက်သော်လည်း ထိုကြိုးသည် အာရန်အား တစ်လက်မမျှပင် မရွေ့လျားစေခဲ့ပေ။

အာရန်သည် နဂိုနေရာမှာပင် ငြိမ်သက်စွာရှိနေခဲ့ကာ လေးလံသော ကျောက်တုံးကြီးတစ်တုံး ကဲ့သို့ပင် ဖြစ်သည်။

ကာဒီနယ်ရဟန်းအမတ်သည် အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို နားမလည်နိုင်ခဲ့ပေ။

ကြိုးသည် အာရန်ကို အားနည်းစေသည်ဟု သူယုံကြည်ထားသည်။

ဤသို့ဆိုလျှင် အဘယ်ကြောင့် သူသည် အောက်သို့ ပြုတ်ကျမလာရသနည်း။ သူ၏ခွန်အားတစ်ဝက်ကို သူဆုံးရှုံးခဲ့ပြီးမဟုတ်လား....။

ဤသို့ဆိုလျှင် အဘယ်ကြောင့်နည်း။

“သူ့ခွန်အားတစ်ဝက်ကို ဆုံးရှုံးခဲ့ပြီးတာတောင် သူက အားကောင်းနေတုန်းပဲ။ ဒါက တကယ်ပဲ နဂါးပေါက်လေးတစ်ကောင်မှာ ရှိသင့်တဲ့ခွန်အားလား”

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် သည် အခြေအနေများကို ပိုမိုကောင်းမွန်စွာ နားလည်ရန်ကျိုးစားလိုက်သည်။

ထိုအပေါ်ရှိ နဂါးပေါက်၏ ပုံစံသည် အားနည်းနေဟန်ပေါက်နေသော်လည်း တစ်ချိန်တည်းမှာပင် သူ့တွင် အနည်းငယ်မျှပင် ထိတ်လန့်နေဟန်မရပေ။

သူသည် အားနည်းနေသေးသည့်တိုင် မိမိတို့ ကာဒီနယ်ရဟန်းအမတ်များထက် ပို၍ သန်မာနေသေးသည်ဟု ဆိုလိုခြင်းများလား...။

“ပင်လယ်နဂါးဧကရီ တောင် ဒီလောက် ခွန်အားရှိမယ်မထင်ဘူး။ ဒါဆို ခုလို အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကိုတောင် မပြီးပြတ်နိုင်သေးတဲ့ နဂါးတစ်ကောင်က ဘယ်လိုလုပ် ဒီလောက် အားကောင်းနေနိုင်ရတာလဲ။”

အာရန်သည် ကြောက်ရွံ့ပုံမပေါ်ရုံသာမက သူ၏ နှုတ်ခမ်းများတွင် လှောင်ပြုံးအနည်းငယ်ပင် တည်ရှိနေခဲ့သည်။

ကာဒီနယ်ရဟန်းအမတ်များ၏ အမြင်တွင် သူသည် သူ၏ နဂါးပုံစံအပြည့်အဝပင် မနိုးထသေးသော နဂါးတစ်ကောင်ဟု မြင်နေကြဟန်ရ၏။

၎င်းသည် သာမန်ပင်လယ်နဂါးများ၏ နဂါးပုံစံ ထက် များစွာ ပြီးပြည့်စုံသော မူလနဂါးပုံစံ ဖြစ်ကြောင်းကိုမူ အာရန် တစ်ဦးတည်းသာလျှင် အသိဆုံးမဟုတ်ပါလား...။

သူ၏ခွန်အားကို တစ်ဝက်ခန့် ကန့်သတ်လိုက်သည့်တိုင် သူသည် သူ၏ နဂါးအသွင်မပြောင်းလဲ မီကကဲ့သို့ ခွန်အားများရှိနေဆဲပင်။

၎င်းသည် ဤနေရာရှိ ကာဒီနယ်ရဟန်းအမတ်များကို ချေမှုန်းပစ်ရန် လုံလောက်လေသည်။

“ငါ့အလှည့်ရောက်ပီထင်တယ်”

အာရန်သည် ထိုဖြစ်ရပ်ကြောင့် ထိတ်လန့်သွားဟန်ရနေသော အစောပိုင်း ရိုင်းပျသည့် ဒုတိယ ကာဒီနယ်ရဟန်းအမတ်အား မေးလိုက်သည်။

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် သည် ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခုကို ခံစားမိလိုက်၏။

သူသည် ရိုင်းပျသော ကာဒီနယ်ရဟန်းအမတ် ကို ရုတ်တရက် သတိပေးလိုက်သည်။ “တားမြစ်ကြိုးကို ခုချက်ခြင်း လွှတ်လိုက်”

“ဒါ ကျုပ်ရဲ့ အထူးပစ္စည်းပဲ ဘာလို့ လွှတ်ပေးလိုက်ရမှာလဲ။”

ရိုင်းပျသော ဒုတိယ ကာဒီနယ်ရဟန်းအမတ် သည် ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်၏ သတိပေးချက်ကို လျစ်လျူရှုရင်း ထေ့ငေါ့စွာ တုံ့ပြန်လိုက်သည်။

၎င်းသည် သန့်စင်ပရောဟိတ်မ ကိုယ်တိုင် ၎င်းအား ပေးအပ်ထားခဲ့သော အထူးသီးသန့် ရတနာ ပစ္စည်းတစ်ခု ဖြစ်လေသည်။

၎င်းသည် သူ့ထက်ပို၍ ခွန်အားကြီးသော ရန်သူများကို ဖိနှိပ်ရာတွင် သူ့အားအကူအညီများစွာပေးခဲ့သော အရာလည်းဖြစ်နေ၏။

အာရန်ကို သူယူဆထားသကဲ့သို့ အကျိုးသက်ရောက်မှု မရှိနိုင်ဘူးဆိုလျှင်ပင် ၎င်းကို သူသည် အဆုံးရှုံးခံစရာ အကြောင်းတော့မရှိပေ။

“သူက ကျုပ်ထင်ထားသလောက် အားမနည်းရင်တောင် သူက တားမြစ်ကြိုး ရဲ့ အကျိုးသက်ရောက်မှုအောက်မှာ ရှိနေတုန်းပဲ ခုချိန် အတူတူပူးပေါင်းပြီး တိုက်ခိုက်ကြစို့”

ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ်သည် အခြား ကာဒီနယ်ရဟန်းအမတ်များကိုလည်း သူ့နှင့်အတူ ပါဝင်ပူးပေါင်းရန် လှမ်းပြောလိုက်သည်။

ကံမကောင်းစွာဖြင့် သူ၏စကာဆုံသည်နှင့်တစ်ပြိုင်နက် သူသည် အာရန်၏ ရုတ်တရက် ဆောင့်ဆွဲခြင်းကိုခံလိုက်ရလေသည်။

တစ်ခဏတာ အတွင်းမှာပင် သူ၏မျက်နှာအမူအရာများ လုံးဝ မှောင်မိုက်သွားခဲ့ရသည်။

သူသည် ကောင်းကင်သို့ တန်ပြန် အဆွဲခံလိုက်ရပြီဖြစ်သောကြောင့် ကြိုးကို ကိုင်ထားသောလက်ကို လွှတ်ပေးလိုက်လျှင်ပင် များစွာ နောက်ကျသွားခဲ့ပြီဖြစ်၏။

အာရန်သည် ထိုတားမြစ်ကြိုး ကို ကစားစရာတစ်ခုပမာ သက်တောင့်သက်သာပင် ဆွဲတင်ရန် အသုံးပြုလိုက်ခြင်းဖြစ်သည်။

အာရန်သည် ယခုချိန်တွင် ထိုကြိုးကို လွှတ်လိုက်မည်ဆိုလျှင်ပင် အရှိန်အဟုန် ကို နှေးကွေးစေတော့မည် မဟုတ်ပေ။

...

အစပိုင်းတွင် ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ်သည် ထိုဖြစ်ရပ်အတွက် လွန်စွာ ထိတ်လန့်သွားမိခဲ့သည်။

သို့သော်လည်း ၎င်းသည် သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ကြောင်း သဘောပေါက်သွားသောအခါ သူသည် လျှင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့၏။

ပုံမှန်ဆိုလျှင် သူသည် ဤနေရာတွင် မပျံသန်းနိုင်ပေ။

အာရန်မှ သူ့အား ဆွဲတင်လိုက်သောအခါ ၎င်းက ပျံသန်းသွားသကဲ့သို့ ဖြစ်သွားသော်လည်း ထိုသို့သတ်မှတ်၍တော့ မရပေ။

သူသာ အာရန်၏ အနီးသို့ ပိုမိုကပ်နိုင်ခဲ့ပါက တစ်ချက်တည်းဖြင့် သူ၏ခေါင်းကို အမှန့်ချေပစ်လိုက်၍ရနိုင်မည်ဖြစ်သည်။

ထို့နောက် ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ်သည် သူ၏ ဝဲဘက် လက်သီးကို အသင့်ပြင်ထား လိုက်၏။

ကောင်းချီးစွမ်းအင်များကို ထိုလက်သီးတွင် စုဆောင်းလိုက်ပြီး အာရန်အား ထိုးချရန် ချိန်ရွယ်လိုက်သည်။

“သင် ကျုပ်ကို ပိုနီးအောင် ခေါ်လာခဲ့တာ သင့်ရဲ့ မဟာအမှားကြီးတစ်ခုပဲ” သူတို့ နှစ်ဦးကြား အကွာအဝေးသည် မီတာအနည်းငယ်မျှသာ ရှိတော့ချိန်တွင် ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ်မှ အော်ပြောလိုက်ခြင်းဖြစ်သည်။

ထို့နောက် ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ် သည် သူ၏လက်သီးကို အာရန်၏ မျက်နှာဆီသို့ တည့်တည့်မက်မက်ပင် ပင့်ထိုးထည့်လိုက်လေသည်။

၎င်းသည် မြို့တစ်ခုလုံးကိုပင် လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်ရန် လုံလောက်သော ခွန်အားများပါဝင်နေသည့် လက်သီးချက်တစ်ချက်ဖြစ်ပေသည်။

အာရန်သည် ထိုသူထံမှ သူ၏အာရုံကို အနည်းငယ်မျှပင် မခွာခဲ့ချေ။

“မင်းရဲ့ ရည်ရွယ်ချက် ကို ဖုံးကွယ်တာကလည်း တော်တော်ညံ့တာပဲ”

အာရန်သည် ကာဒီနယ်ရဟန်းအမတ်အား အထင်သေးဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ဘာ”

ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ်သည် ပြောစရာ စကားလုံးများ ပျောက်ရှသွားရသည်။

သူ၏လက်သီးကို ထိုလူငယ်နဂါးမှ လုံးဝမယုံနိုင်လောက်အောင် လွယ်ကူစွာဖြင့် ဆုပ်ကိုင်ထားခြင်းကို ခံလိုက်ရလေ၏။

ရိုင်းပျသော ကာဒီနယ်ရဟန်းအမတ် သည် သူ၏ မှင်သက်နေရာမှ နိုးထလာပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

“မဖြစ်နိုင်ဘူး”

သူသည် အော်ဟစ်ပြောဆိုလိုက်ပြီး သူ၏ အစောပိုင်း ဝံ့ကြွားလိုသည့်ဟန်ပန်များ ယူပစ်သလို ပျောက်ကွယ်သွားခဲ့ရသည်။

“သင် ဘယ်လိုလုပ်...။”

သူ၏တိုက်ခိုက်မှု ရပ်တန့်သွားရုံသာမက သူ၏ ကောင်းချီးစွမ်းအင်များသည် သူ၏ လက်သီးဆီမှ လွင့်ပျယ်သွားခဲ့ကြလေသည်။

ထိုလူငယ်နဂါးက ထိုကောင်းချီးစွမ်းအင်များကို စုပ်ယူလိုက်ခြင်းအား သူသတိထားမိလိုက်လေသည်။

“မင်း မှန်တယ်”

အာရန်က ပြောလိုက်ပြီး သူ၏အသံသည် တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“အစစ်အမှန်ခွန်အား ရဲ့ရှေ့မှာ ကျန်တဲ့အရာအားလုံး အသုံးမဝင်တော့ဘူး”

ထို ကာဒီနယ်ရဟန်းအမတ်၏ မျက်နှာအမူအရာများ မဲမှောင်သွားခဲ့ပြီး ဤလူငယ်နဂါးသည် နတ်ဘုရားမနှင့် သက်ဆိုင်သော ကောင်းချီးစွမ်းအင်များကို မည်သို့ စုတ်ယူနိုင်သည်အား သူလုံးဝ နားမလည်နိုင်သေးပေ။

ထိုသို့ဆိုပါက ဤလူငယ်နဂါး၏ မျက်စိထဲတွင် သူတို့သည် ဆော့ကစားစရာ သားကောင်လေးများအဖြစ်သာ ရှိနေခဲ့မည် မဟုတ်ပါလား...။

သူ၏ မျက်နှာသည် ပိုမိုမှောင်မိုက်သွားခဲ့ပြီး အချိန်မနှောင်းမီ အခြားသူများကို သတိပေးရမည်ကို သူသဘောပေါက်လိုက်သည်။

“သတိထားကြ သူက မင်းတို့ရဲ့...”

ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ်သည် သူ၏ လက်သီးကို အာရန်ဆီမှ လွတ်မြောက်အောင် ရုန်းကန်နေစဉ် အခြားသူများကို သတိပေးစကားဆိုရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူ၏စကားမဆုံးခင်မှာပင် ထိတ်လန့်စရာကောင်းသော ပြင်းထန်သည့် နာကျင်မှုတစ်ခုကြောင့် သူ၏ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်မိသည်။

အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေဆဲဖြစ်သည်။

ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ်သည် သူ၏ရင်ဘတ်တွင် ကြီးမားသောအပေါက်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ထို့နောက် အာရန်၏ သွေးစွန်းနေသောလက်သည်းကြားတွင် နှလုံးသားတစ်စုံကို မြင်တွေ့လိုက်ရသည်။

၎င်းက မည်သူ၏ နှလုံးသား ဖြစ်ကြောင်း နားလည်ရန် သူ့အတွက် အချိန်သိပ်မယူခဲ့ရပေ။

“ငါ့အတွက် အချိုပွဲလေးတွေကို မင်းကို ဖျက်ဆီးခွင့်မပေးနိုင်ဘူး”

အာရန် နှုတ်ခမ်းများသည် ကာဒီနယ်ရဟန်းအမတ် ၏ နားများနှင့် ပို၍နီးကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

“ဒါကြောင့် အရင် သေလိုက်တော့”

ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ် ၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။

နဂါးလက်သည်းတစ်ခုသည် သူ၏လည်ပင်းကို တိကနဲဖြတ်လိုက်ကာ သူ၏ခေါင်းသည် ခန္ဓာကိုယ်မှ ခွဲထွက်သွားခဲ့ကာ ကမ္ဘာကြီးသည် သူ့အတွက် ဖြည်းဖြည်းချင်း ပြောင်းပြန်လှန်သွားခဲ့ရတော့သည်။

ရိုင်းပျသော ဒုတိယကာဒီနယ်ရဟန်းအမတ်၏ ဦးခေါင်း အောက်သို့ ပြုတ်ကျသွားခဲ့ပြီး သူ၏အမြင်အာရုံများသည် တဖြည်းဖြည်း မှုန်ဝါးသွားခဲ့၏။

သူနောက်ဆုံးမြင်လိုက်ရသောအရာမှာ အာရန်မှ သူ၏ ခန္ဓာကိုယ်ရှိ ကြိုးကွင်းကို ရယူနေခြင်းပင်ဖြစ်သည်။

ထို့နောက် ကမ္ဘာကြီးတစ်ခုလုံးသည် သူ့အတွက် လုံးဝ မှောင်မိုက်သွားခဲ့တော့သည်။

#Catfoot

All Chapters